20/07/2023
ဇူလှိုင်၊၂၀.၇.၂၀၂၃ (၀၇:၅၀)am
စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်
မိဘပြည်သူများခင်ဗျာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာသို့ရောက်ရှိနေသော အကြမ်းဖက်စစ်ခွေးများသည် စိုင်နိုင်ကွေ့ သို့ရောက်ရှိနေပြီး ယမန်နေ့ညနေက ရွှေဘိုမြို့ထဲမှထွက်လာသည့် အကြမ်းဖက်စစ်ခွေးများမှာလဲ ရှားတောရွာနှင့်တဂဏန်းရွာ အနီးတဝိုက် ညအိပ် ကင်းပုန်းဝတ်နေရာယူထားသောကြောင့် အရေးပေါ်မြေပြင်စစ်ရေးအခြေအနေအရ အချိန်မရွေး တိုက်ပွဲဖြစ်ပေါ်လာနိုင်ပါသဖြင့်
ရွှေဘို-မန္တလေးလမ်းပိုင်းအား ယခုအချိန်မှစ၍ လုံးဝသွားလာအသုံးပြုခြင်းမပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည် အရေးပေါ်မဖြစ်မနေ သွားလာလိုလျှင် ယခု page တွင်ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံတွင်ဖြစ်စေ တိတိကျကျ အသိပေးအကြောင်းကြားပြီးသွားလာနိုင်ပါသည်ခင်ဗျား။
ပြည်သူမှပြည်သူသို့သတင်းများအား ပြန်လည်မျှဝေခြင်းဖြင့် ကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။
https://t.me/SBONew
#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး