IBEC TVnews

IBEC TVnews မလုပ်မပြော လုပ်မှပြောသည် IBEC TV

၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းသား၊ကျောင်းသူများအား  IBEC ဆရာတော်ဘုရားမှ နွေးနွေးထွေးထွေးကြိုဆိုရုပ်သံ YouTube တွင်ကြည့်ရှ...
02/06/2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ကျောင်းသူများအား IBEC ဆရာတော်ဘုရားမှ နွေးနွေးထွေးထွေးကြိုဆို

ရုပ်သံ YouTube တွင်ကြည့်ရှုရန် - https://youtu.be/-xIkvcTGBXY

12/04/2025

ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်း မှ ငလျင်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်း/သီလရှင်ချောင်များအား တစ်ကျောင်းတိုက်လျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျောင်းတိုက်ပေါင်း ၅၀ အား ကျပ်သိန်းငါးထောင်လှူဒါန်းခဲ့ပေသည်။
◾အဆိုပါ လှူဒါန်းငွေများအား IBEC ဆရာတော်မှ ကမကထပြုပြီး ကျောင်းတိုက်ပေါင်း ၅၀ အား ကိုယ်တိုင်ကိုယ်ကျ ဆပ်ကပ်လှူဒါန်းပေးခဲ့လေသည်။
ဧပြီ ၁၂၊ စစ်ကိုင်း။
ဧပြီ လ ၁ ရက်နေ့က IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်း မှ ဒေါ်ခိုင်နှင်းဝေကိုယ်တိုင်လာရောက်၍ ငလျင်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်း/သီလရှင်ချောင်များအား တစ်ကျောင်းတိုက်လျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျောင်းတိုက်ပေါင်း ၅၀ အား ကျပ်သိန်းငါးထောင်လှူဒါန်းခဲ့ပေသည်။
၂၀၂၅ ခုနှစ်၊ မတ် လ (၂၈) ရက်နေ့တွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် ဘုန်းကြီးကျောင်း၊ သီလရှင်ချောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပြီး အဆိုပါပျက်စီးဆုံးရှုံးမှုများ ပြန်လည်ကုစားထူထောင်ရေးအတွက် လာရောက်လှူဒါန်းခြင်းဖြစ်ပေသည်။ အဆိုပါ လှူဒါန်းမှုအစီအစဥ်ကို ယနေ့တွင် IBEC ဆရာတော်ဘုရားမှ ကမကထပြုပြီး ကျောင်းပေါင်း (၅၀) အား လှူဒါန်းခဲ့ခြင်းဖြစ်ပေသည်။
ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သော ဘုန်းကြီး ကျောင်း/သီလရှင်ချောင်များအား IBEC ဆရာတော်ကိုယ်တိုင် သေချာစွာ စိစစ်စာရင်းပြုစု၍ ယနေ့တွင် ကျောင်းပေါင်း (၅၀) ၏ ဆရာတော်များ နှင့် ချောင်ဆရာကြီးများ လက်ဝယ်အရောက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ အား လှူဒါန်းခြင်းဖြစ်ပေသည်။
IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာအား IBEC ဆရာတော်ဦးဆောင်မှုဖြင့် တည်ထောင်ထားပြီး ငလျင်ဒဏ်
သင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းစဥ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များအား နေ့ရောညပါ ဆောင်ရွက်လျက်ရှိပေသည်။
မတ်လ ၂၈ ရက်နေ့တွင် ပြင်းထန်စွာ လှူပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်တွင် စစ်ကိုင်းမြို့၏ ၈၆.၇ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရသည်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

09/04/2025

UNOCHA မှ ဦးဆောင်သော ကမ္ဘာ့ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းများမှ စစ်ကိုင်းငလျင်ဘေးဒဏ်သင့် ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးအားပေး၍ ရှေ့ဆက်လုပ်ဆောင်မည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဥ်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအစီအစဥ်

ဧပြီ ၉၊ စစ်ကိုင်း။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

UNOCHA မှ ဦးဆောင်သော ကမ္ဘာ့ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းများမှ စစ်ကိုင်းငလျင်ဘေးဒဏ်သင့် ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးအားပေ...
09/04/2025

UNOCHA မှ ဦးဆောင်သော ကမ္ဘာ့ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းများမှ စစ်ကိုင်းငလျင်ဘေးဒဏ်သင့် ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးအားပေး၍ ရှေ့ဆက်လုပ်ဆောင်မည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဥ်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအစီအစဥ်အား ယနေ့တွင် ဆောင်ရွက်ခဲ့လေသည်။

◾IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာတွင် လာရောက်ဆောင်ရွက်ခြင်းဖြစ်။

ဧပြီ ၉၊ စစ်ကိုင်း။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မှ ဦးဆောင်သော ကမ္ဘာ့ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းများမှ စစ်ကိုင်းငလျင်ဘေးဒဏ်သင့် ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးအားပေး၍ ရှေ့ဆက်လုပ်ဆောင်မည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဥ်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအစီအစဥ်အား ယနေ့မနက်ပိုင်းတွင် ဆောင်ရွက်ခဲ့လေသည်။

အဆိုပါအစီအစဥ်ကို IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ဆောင်ရွက်ခဲ့ပြီး IBEC ဆရာတော်ဘုရား၊ UNOCHA မှ အကြီးအကဲများ၊ ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ UNOCHA မှ အကြီးအကဲများ နှင့် ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များက ငလျင်ဒဏ်သင့်ပြည်သူများအား နှစ်သိမ့်ဆွေးနွေးစကားပြောပြီးနောက် ရှေ့ဆက်လုပ်​ဆောင်မည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသော ငလျင်ဘေးဒဏ်သင့်ပြည်သူများက ၎င်းတို့တွေ့ကြုံခံစားခဲ့ရသော ငလျင်ဘေးအတွေ့အကြုံများ၊ ယခုလက်ရှိခံစားနေရသော စိန်ခေါ်မှူများ နှင့် ပြန်လည်ထူထောင်ရေးအစီအစဥ်နှင့်ပတ်သက်သော ကိစ္စရပ်များဆောင်ရွက်ရာတွင် ကူညီဆောင်ရွက်ပေးစေလိုမှုများအား ပြန်လည်တင်ပြဆောင်ရွက်ခဲ့သည်။

၎င်းနောက် IBEC ဆရာတော်မှ ပြည်သူတို့၏အခက်အခဲများ တင်ပြလာမှုအပေါ် ကုလသမဂ္ဂမှ တာဝန်ရှိလူကြီးမင်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့လေသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးသည့်အစီအစဥ်ကို မွန်းလွဲပိုင်းတွင် ရပ်တန့်ခဲ့ပြီး ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များ နှင့် ပတ်သက်၍ UNOCHA မှ အကြီးအကဲများ နှင့် ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များက IBEC ဆရာတော်နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

" မွတ်ဆလင်ဘာသာအဖွဲ့အစည်း နှင့် ခရစ်ယာန်ဘာသာအဖွဲ့အစည်းများအား IBEC ဆရာတော်ဦးဆောင်သော IBEC FOUNDATION မှ ငွေကျပ်သိန်း (၂၅...
08/04/2025

" မွတ်ဆလင်ဘာသာအဖွဲ့အစည်း နှင့် ခရစ်ယာန်ဘာသာအဖွဲ့အစည်းများအား IBEC ဆရာတော်ဦးဆောင်သော IBEC FOUNDATION မှ ငွေကျပ်သိန်း (၂၅၀) လှူဒါန်း "

◾မိမိဗုဒ္ဓဘာသာအဖွဲ့အစည်းသာမက မတူကွဲပြားသော အခြားဘာသာဝင်များကိုပါ မေတ္တာဖြင့်ကူညီစောင့်ရှောက်ပေးလျက်ရှိ။

ဧပြီ ၈၊ စစ်ကိုင်း။

IBEC ဆရာတော်ဦး​ဆောင်သော IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးစင်တာ (IBEC FOUNDATION) မှ ငလျင်ဘေးဒဏ်သင့်ခဲ့သော မွတ်ဆလင်ဘာသာအဖွဲ့အစည်း နှင့် ခရစ်ယာန်ဘာသာအဖွဲ့အစည်းများအား လူသားချင်းစာနာထောက်ထားမှူအကူအညီအဖြစ် ကျပ်သိန်း (၂၅၀) အား ယနေ့မွန်းလွဲပိုင်းတွင်သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဗလီ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့အား ဆရာတော်ကိုယ်တိုင်ကြွရောက်၍ သွားရောက်ကူညီလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ငလျင်ဒဏ်ကြောင့် အလုံးစုံပျက်သုဥ်းပြီး ထိခိုက်ခဲ့ရသော မိုးကျဗလီ မှ (၄၂) ဦးအတွက် (၄၅) သိန်းကျပ်၊ မြို့တော်ဗလီ (၃၇) ဦးအတွက် ကျပ်သိန်း (၄၀)၊ မြို့မဗလီ (၅၉) ဦးအတွက် ကျပ်သိန်း (၆၀)၊ ခရစ်ယာန်ဘာသာဝင်များအတွက် (၄၅) သိန်းကျပ်တို့အပြင် အခြားသော ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြားဘာသာဝင်များအတွက် စုစုပေါင်း ကျပ်သိန်း (၆၀)၊ အားလုံးစုစုပေါင်း ကျပ်သိန်း (၂၅၀) တို့အား ကြွရောက်ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ဆရာတော်ဘုရားသည် မိမိဗုဒ္ဓဘာသာအဖွဲ့အစည်းများကို ဦးစွာထောက်ပံ့ကူညီဆောင်ရွက်ပေးပြီးသည့်နောက် ယခုကဲ့သို့ မတူကွဲပြားသောအခြားဘာသာဝင်များကိုပါ မေတ္တာရှေ့ထား၍ ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ပေသည်။

IBEC FOUNDATION သည် အမှန်တကယ်ထိခိုက်ခဲ့ရသည့် ပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေး IBEC ဆရာတော်ဦးဆောင်၍ ကိုယ်တိုင်ကိုယ်ကျ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

IBEC ဆရာတော်မှ ငလျင်ဘေးဒဏ်သင့် ရဟန်းရှင်လူပြည်သူလူထုအား သက်ဆိုင်ရာပရဟိတ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငွေကြေးထောက်ပံ့သည...
07/04/2025

IBEC ဆရာတော်မှ ငလျင်ဘေးဒဏ်သင့် ရဟန်းရှင်လူပြည်သူလူထုအား သက်ဆိုင်ရာပရဟိတ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငွေကြေးထောက်ပံ့သည့်အစီအစဥ်များအား ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
◾အမှန်တကယ် ငလျင်ဘေးဒဏ်သင့် ပြည်သူများ လက်ထဲသို့ ရောက်ရှိစေရေး ဆရာတော်ကိုယ်တိုင် စိစစ်ဆောင်ရွက်လျက်ရှိ။
ဧပြီ ၇၊ စစ်ကိုင်း။
IBEC ဆရာတော်ကိုယ်တိုင်ဦး​ဆောင်၍ IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် စစ်ကိုင်းငလျင်ဘေးဒဏ်သင့်ရဟန်းရှင်လူပြည်သူလူထုအား သက်ဆိုင်ရာပရဟိတ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ငွေကြေးထောက်ပံ့သည့်အစီအစဥ်များအား ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ထောက်ပံ့ပေးနိုင်သော သတ်မှတ်ချက်ချက်များနှင့် ကိုက်ညီသည့် ရဟန်းရှင်လူပြည်သူလူထုအား နေ့စဥ်ကွင်းဆင်းစစ်ဆေးခြင်း၊ ထောက်ပံ့​ကြေးများအား IBEC စင်တာတွင် ပေးအပ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ပေးအပ်ရာတွင် အမှန်တကယ် ငလျင်ဘေးဒဏ်သင့် ပြည်သူများ လက်ထဲသို့ ရောက်ရှိစေရေး ဆရာတော်ကိုယ်တိုင် စိစစ်ဆောင်ရွက်လျက်ရှိပြီး ထောက်ပံ့ကြေးပေးအပ်သည့်နေရာကိုလည်း IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ဆောင်ရွက်လျက်ရှိပါသည်။
IBEC ကျောင်းတော်ကြီးသည် ရဟန်းရှင်လူပြည်သူလူထုအတွက် သာသနာတော်အရေး၊ ပညာရေးများသာမက ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင်ပါ တတ်စွမ်းသမျှ ဆောင်ရွက်ဝန်းရံလျက်ရှိသည့် ကျောင်းတော်ကြီးဖြစ်ပေသည်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

စစ်ကိုင်းမြို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းလျှက်ရှိသောကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် မိုးကာများအရေးပေါ်လိ...
06/04/2025

စစ်ကိုင်းမြို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းလျှက်ရှိသောကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် မိုးကာများအရေးပေါ်လိုအပ်လျက်ရှိ။

ဧပြီ ၆၊ စစ်ကိုင်း။

ငလျင်ဘေးဒဏ်အား တွေ့ကြုံခံစားခဲ့ရသော စစ်ကိုင်းမြို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းလျှက်ရှိသောကြောင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် မိုးကာများအရေးပေါ်လိုအပ်လျက်ရှိပေသည်။

ငလျင်ဒဏ်သင့်ပြည်သူများသည် တိုက်တာအဆောက်အဦးများပြိုကျသည့်အတွက်လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် တိုက်တာအဆောက်အဦးများခိုင်ခံ့မှုမရှိတော့သည်ကြောင့်လည်းကောင်း အပြင်ဘက်သို့ထွက်၍ လမ်းမများပေါ်တွင် ထွက်အိပ်၊ ထွက်နေကြရခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလို မိုးရွာသွန်းသည့်အခါတွင် မိုးလုံမှုရှိစေရန် မိုးကာများအရေးပေါ်လိုအပ်နေရခြင်းဖြစ်သည်။

IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာတွင်လည်း မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိသကဲ့သို့ အခြားသောမြို့နေ ရဟန်းရှင်လူပြည်သူလူထုတို့သည်လည်း လိုအပ်လျက်ရှိပေသည်။ ထို့ကြောင့် ယခုအခါ ကျန်သည့် အစားအသောက်ရိက္ခာများထက် မိုးကာများမှာ အမှန်တကယ်အရေးပေါ်လိုအပ်နေရခြင်းဖြစ်သည်။

မိုးကာများ အရေးပေါ်ဆက်သွယ်လှူဒါန်းလိုပါက

IBEC ဆရာတော်

ဖုန်း - 09 759 003562, 09 400 447473

ဆရာတော်အနီးကပ်ရုံးအဖွဲ့

ဖုန်း - 09 798716259, 09 797 840 197, 09 775 284 633, 09 780 283 453 များသို့ ဆက်သွယ်နိုင်ပါကြောင်း စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်သင့် ရဟန်းရှင်လူပြည်သူလူထုကိုယ်စား သတင်းထုတ်ပြန်အပ်ပါသည်။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

05/04/2025

IBEC Foundation မှ IBEC ဆရာတော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အာရုဏ်ဦး ပရဟိတအဖွဲ့မှ ဦးဆောင်၍ ပညာမောင် ပရဟိတအဖွဲ့တို့၏ ငွေကြေးထောက်ပံ့မှုအစီအစဉ်

IBEC TV News

English-မြန်မာStarting from March 31, 2025 to April 5, 2025, SMART TEAM, a resuce team from MALAYSHIA, carried out findi...
05/04/2025

English-မြန်မာ

Starting from March 31, 2025 to April 5, 2025, SMART TEAM, a resuce team from MALAYSHIA, carried out finding and saving earthquake victims in Sagaing, Myanmar. Their mission came to the end in the evening on 5 April, 2025. Some teachers from IBEC (International Buddhist Education Centre) served as interpreters for SMART TEAM and cooperated with the local rescue teams and local authority to find and rescue victims. Therefore, IBEC thankfully honour SMART TEAM, the teachers from IBEC, local rescue teams and local authority for their great effort and kind work.

၃၁-၃-၂၀၂၅ ရက်နေ့မှစ၍ ၅-၄-၂၀၂၅ ရက်နေ့အထိ ၅ ရက် ဆက်တိုက် စက်ယန္တရားအပြည့်စုံဖြင့် စစ်ကိုင်းမြို့အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သော မလေးရှားနိုင်ငံမှ SMART TEAM ကယ်ဆယ်ရေးအဖွဲ့သည် ၄င်းတို့၏ ကယ်ဆယ်ရေးလုပ်ငန်းတာဝန်များကို ၅-၄-၂၀၂၅ ညနေပိုင်းတွင် ပြီးဆုံးသွားပါပြီ။ နောက် တစ်ရက် နှစ်ရက်နေရင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်တော့မည်ဖြစ်ပါသည်။ မလေးရှားနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ SMART TEAM အတွက် စကားပြန်အဖြစ် IBEC မှ ဆရာ၊ ဆရာမများကလည်း တတ်စွမ်းသမျှဝိုင်းဝန်းအားဖြည့်ခဲ့ပါသည်။ မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့သို့ ကယ်ဆယ်ရေးလုပ်ငန်းများလာရောက် ကူညီဆောင်ရွက်ခဲ့ပါသော မလေးရှားနိုင်ငံမှ SMART TEAM ကယ်ဆယ်ရေးအဖွဲ့နှင့် ဘာသာပြန်အဖြစ် ဝိုင်းဝန်းကူညီအားဖြည့်ပေးခဲ့ပါသော IBEC မှ ဆရာ၊ ဆရာမများကိုလည်းကောင်း၊ ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးလုပ်ငန်းတွင် ကူညီဆောင်ရွက်ကြသူများအားလုံးကို IBEC ကျောင်းတိုက်ကြီးက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

05/04/2025
IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာတွင် ရဟန်းရှင်လူပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရ...
05/04/2025

IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာတွင် ရဟန်းရှင်လူပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိပေသည်။

◾မန္တလေးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကျော်လင်းဦးဆောင်သော ဆေးအဖွဲ့မှ ဇီဝိတဒါနအဖြစ် အခမဲ့ လာရောက်ကုသပေးလျက်ရှိ။

ဧပြီ ၅၊ စစ်ကိုင်း။

IBEC ဆရာတော်ဦးဆောင်မှုဖြင့်ဖွင့်လှစ်ထားသော IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာတွင် ရဟန်းရှင်လူပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိပေသည်။

မန္တလေးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကျော်လင်းဦးဆောင်သော ဆေးအဖွဲ့မှ ဇီဝိတဒါနအဖြစ် အခမဲ့ လာရောက်ကုသပေးခြင်းဖြစ်ပြီး ရဟန်းရှင်လူမိဘပြည်သူများလည်း လာရောက်ကုသမှုပြုလျက်ရှိကြပေသည်။

မနက်ပိုင်း ၉:၃၀ နာရီမှ ညနေ ၄ နာရီအချိန်အထိ IBEC ကျောင်းတိုက်ကြီးတွင် လာရောက်စမ်းသပ်ကုသပေးလျက်ရှိပြီး ရဟန်းရှင်ပြည်သူများအားလုံး အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ပါကြောင်း သတင်းထု​တ်ပြန်အပ်ပါသည်။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

Address

Taungyoe Street, Sagaing Hills
Sagaing
02371

Alerts

Be the first to know and let us send you an email when IBEC TVnews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share