IBEC TVnews

IBEC TVnews မလုပ်မပြော လုပ်မှပြောသည် IBEC TV

ဘယ်နေရာကိုသွားသွား ဓမ္မနှလုံးသားလေး ယူသွားပါ  - IBEC ဆရာတော် ဟတ်ယိုင်မြို့ တရားပွဲ ၊ ထိုင်းနိုင်ငံ။YouTube=>>
07/06/2026

ဘယ်နေရာကိုသွားသွား ဓမ္မနှလုံးသားလေး ယူသွားပါ - IBEC ဆရာတော် ဟတ်ယိုင်မြို့ တရားပွဲ ၊ ထိုင်းနိုင်ငံ။
YouTube=>>

...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ မင်္ဂလာရှိသော အစပြုခြင်း နှင့် အနာဂတ်အတွက် ခိုင်မာသော ခြေလှမ်းများBy IBEC Mediaမကြာမီ နွေဦးကာလကို ...
05/05/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ မင်္ဂလာရှိသော အစပြုခြင်း နှင့် အနာဂတ်အတွက် ခိုင်မာသော ခြေလှမ်းများ

By IBEC Media

မကြာမီ နွေဦးကာလကို ကျော်လွန်၍ မိုးဦးစ လေဦးစတွင် ပညာသင်နှစ်သစ်၏ ခေါင်းလောင်းသံများဟာ မြန်မာ့ပညာရေးလောကထဲကို တိုးဝင်လို့ လာတော့မည်ဖြစ်သည်။ ပညာဗဟုသုတဟူသည် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သကဲ့သို့ ဘာသာသာသနာ တည်တံ့ပြန့်ပွားဖို့အတွက်လည်း အဓိကကျတဲ့ မဏ္ဍိုင်တစ်ခုပဲ ဖြစ်ပေသည်။

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သစ်တွင် ကျွန်ုပ်တို့၏ ပရိယတ္တိဌာန၊ ဗုဒ္ဓတက္ကသိုလ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း အားလုံး စနစ်တကျ လည်ပတ်နိုင်စေရန် ပထမဦးဆုံး ခြေလှမ်းကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်လိုက်ပြီ ဖြစ်ပါသည်။

ညီညွတ်ခြင်း၏ အင်အား၊ အစီအစဉ်တကျ ပြင်ဆင်မှုများ၊ ပညာသင်နှစ်သစ်ကို စိတ်ဓာတ်သစ်၊ အားမာန်သစ်တွေနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ထိပ်ပိုင်းဦးဆောင်ကြသည့် Board of Directors (BOD) လူကြီးမင်းများ၊ ယခုနှစ်တွင် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံး စုံစုံလင်လင်ဖြင့် (၅) ရက်တိုင်တိုင် အထူးညှိနှိုင်း အစည်းအဝေးပွဲကြီးများကို ကျင်းပခဲ့ပါသည်။

ဤအစည်းအဝေးများသည် သာမန်အစည်းအဝေးတစ်ခုထက်ပိုပြီး မိမိတို့၏ ဌာနအလိုက် တာဝန်ရှိသူများမှ ရှေ့ဆက်ရမည့် လမ်းပြမြေပုံတွေကို တိုင်ပင်ဆွေးနွေးခြင်း၊ စိန်ခေါ်မှုများကို အဖြေရှာခြင်းနဲ့ စုပေါင်းအင်အားကို တည်ဆောက်ခြင်းတို့ပဲ ဖြစ်ပါသည်။

မျှော်မှန်းချက် (Vision) နှင့် ရည်မှန်းချက် (Mission) များအား ရှင်းလင်းချပြခြင်းဖြင့်
အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုဟာ တူညီတဲ့ ပန်းတိုင်ကို သိရှိခြင်းကနေ စတင်ပေသည်။

ထို့ကြောင့် ကျောင်းရဲ့ Vision (ရည်မှန်းချက်) နဲ့ Mission (မျှော်မှန်းချက်) များကို ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၏ ရင်ထဲကို စိမ့်ဝင်သွားအောင် IBEC ဆရာတော်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျွန်ုပ်တို့ ဘာကြောင့် လုပ်ဆောင်နေသလဲ၊ ဘယ်ကို သွားနေသလဲဆိုတာကို အတိအကျ သိမြင်ခြင်းဖြင့် ပိုမိုခိုင်မာတဲ့ ပညာရေးယန္တရားကို တည်ဆောက်နိုင်မှာ ဖြစ်ပါသည်။

" ပရိယတ္တိ နှင့် ခေတ်ပညာ၊ ယှဥ်တွဲကာသင်ကြား၊ အနာဂတ်သာသနာတော်အတွက်ခွန်အား " ဟူသည် ကျောင်းတိုက်ကြီး၏ ပရိယတ္တိစာသင်သား ရှင်သာမဏေများအတွက် ၊ ဗုဒ္ဓတက္ကသိုလ်ကျောင်းသားများအတွက် ပရိယတ္တိဆိုင်ရာ ဆောင်ပုဒ်ဖြစ်ပေသည်။

" ဓမ္မနှင့် ခေတ်ပညာ ယှဥ်တွဲကာ သင်ကြား၊ အနာဂတ်မြန်မာနိုင်ငံတော်၏ ခွန်အားဖြစ်စေရမည် " ဟူသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် အခြေခံပညာသင်ကြားနေကြသော လူပုဂ္ဂိုလ်ကျောင်းသား၊ ကျောင်းသူအတွက် ဆောင်ပုဒ်ဖြစ်ပေသည်။

ဤစကားလုံးတွေများထဲတွင် အနှစ်သာရများ အများကြီး ပါဝင်လျက်ရှိပေသည်။

ပရိယတ္တိ နှင့် ခေတ်ပညာ ဟူသည် ဘာသာရေး အခြေခံကောင်းများဖြင့် ခေတ်မီ နည်းပညာ၊ ပညာရပ်များကို ပေါင်းစပ်ပေးခြင်းဖြစ်ပေသည်။

ဓမ္မနှင့် ခေတ်ပညာ ဟူသည် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး အသိပညာ ကြွယ်ဝတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပေသည်။

သာသနာနှင့် နိုင်ငံတော်၏ ခွန်အား ဆိုသည် ကျွန်ုပ်တို့ ကျောင်းတော်သားများသည် သာသနာကို အလင်းဆောင်မည့်သူများ ဖြစ်သလို၊ အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို ပခုံးပြောင်း တာဝန်ယူမည့် ခွန်အားဗလများ ဖြစ်လာစေရမည်ဟူသည့် ရည်ရွယ်ချက်များဖြစ်ပေသည်။

ထို့ကြောင့် ယခုပညာသင်နှစ်သစ်တွင် သင်ကြားရေးပိုင်းသာမက၊ စီမံခန့်ခွဲမှုပိုင်းမှာပါ စံနမူနာပြ ဖြစ်စေဖို့အတွက် Board of Director များမှစ၍ အရာထမ်း၊ အမှုထမ်းများအထိ တစ်စိတ် တစ်ဝမ်းတည်း ကြိုးပမ်းသွားကြရန်လိုအပ်မည်ဖြစ်ပေသည်။ မျိုးဆက်သစ် လူငယ်မောင်မယ်တွေအတွက် အကောင်းဆုံးသော ပညာရေး ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ အဆင်သင့်ရှိနေပြီဖြစ်သည်။

သို့ဖြစ်ပါ၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သည် ကျွန်ုပ်တို့အားလုံးအတွက် အောင်မြင်မှု သီးပွင့်တဲ့ နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် သန်မာသောခြေလှမ်းများဖြင့် စတင်လိုက်ရပါသည်။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန

#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း

" May 2 "**စစ်ကိုင်း၊ မင်းကွန်းဒေသသို့ IBEC နှင့် Taiwan Nibbâna Society တို့၏ စုပေါင်းမေတ္တာအလှူ **ပြည်တွင်းပဋိပက္ခများ...
02/05/2026

" May 2 "
**စစ်ကိုင်း၊ မင်းကွန်းဒေသသို့ IBEC နှင့် Taiwan Nibbâna Society တို့၏ စုပေါင်းမေတ္တာအလှူ **

ပြည်တွင်းပဋိပက္ခများကြောင့် ​ အခက်အခဲဖြစ်နေသော စစ်ကိုင်းမြို့၊ မင်းကွန်းဒေသရှိ ဘုန်းတော်ကြီးကျောင်း(၁၀၁) ကျောင်း နှင့် သီလရှင်ကျောင်း(၅၄)ကျောင်း စုစုပေါင်း (၁၅၅) ကျောင်း အတွက် Taiwan Nibbâna Society နှင့် IBEC ကျောင်းတို့ ပူးပေါင်းကာ တစ်ကျောင်းလျှင် ဆန် (၁)အိတ်နှင့်ဆီ(၁)ပုံးစီ လက်ဝယ်အရောက် စနစ်တကျ စီမံဆောင်ရွက်၍ လှူဒါန်းပေးခဲ့ပါသည်။
​ဘေးဒုက္ခတွေကြားမှာ သာသနာတော်အရှည်တည်တံ့ဖို့နဲ့ ရဟန်းသံဃာတော်များ ဆွမ်း၊ ခဲဖွယ် အခက်အခဲမရှိစေဖို့အတွက် လှူဒါန်းပေးပါသော IBEC ဆရာတော်ကြီးနဲ့ Taiwan Nibbâna Group တို့ရဲ့ မွန်မြတ်လှတဲ့ စေတနာကို အားလုံးက သာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။


#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး
#စစ်ကိုင်းမြို့

"ဒုက္ခကြားက သာသနာ့အရိပ်ကို မေတ္တာဖြင့် ဖေးမခြင်း"ပြည်တွင်းပဋိပက္ခများကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရှမ်းပြည်န...
29/04/2026

"ဒုက္ခကြားက သာသနာ့အရိပ်ကို မေတ္တာဖြင့် ဖေးမခြင်း"

ပြည်တွင်းပဋိပက္ခများကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုဒေသရှိ သံဃာတော်များနဲ့ သာသနာ့အနွယ်ဝင်များအတွက် ​မြန်မာနိုင်ငံ၏ ပညာရေး၊ငြိမ်းချမ်းရေးနှင့် ဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်‌ဆောင်ရွက်လျက်ရှိသော IBEC ဆရာတော်ဘုရားသည် Taiwan Nibbâna Group မှ လှူဒါန်းပေးပါသော အလှူငွေ ကျပ်သိန်း (၆၀၀) ကို နောင်ချိုဒေသရှိ စစ်ဘေးဒဏ်ခံစားနေရသော ဘုန်းတော်ကြီးကျောင်း (၂၀) ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ကာ လှူဒါန်းပေးခဲ့ပါတယ်။
​ဘေးဒုက္ခတွေကြားမှာ သာသနာတော်အရှည်တည်တံ့ဖို့နဲ့ ရဟန်းသံဃာတော်များ ဆွမ်း၊ ခဲဖွယ် အခက်အခဲမရှိစေဖို့အတွက် ခုလိုအလှမ်းဝေးတဲ့နေရာအထိ သွားရောက်ကူညီပေးခဲ့တဲ့ IBEC ဆရာတော်ကြီးနဲ့ Taiwan Nibbâna Group တို့ရဲ့ မွန်မြတ်လှတဲ့ စေတနာကို အားလုံးက သာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။


#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး
#စစ်ကိုင်းမြို့

အထက်တန်းဆင့်ပညာရေး Grade-9-10-11 အဆင့် ရှင်သာမဏေအပါး(၅၀)နှင့်သီလရှင်အပါး(၅၀) အခမဲ့စရိတ်ငြိမ်းပညာသင်ဆုလျှောက်လွှာခေါ်ယူခြ...
23/04/2026

အထက်တန်းဆင့်ပညာရေး Grade-9-10-11 အဆင့် ရှင်သာမဏေအပါး(၅၀)နှင့်သီလရှင်အပါး(၅၀) အခမဲ့စရိတ်ငြိမ်းပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်း။

ကောဇာသက္ကရာဇ် ၁၃၈၈ခုနှစ်ကဆုန်လဆန်း(၃)ရက်
၂၀၂၆ ခုနှစ်ဧပြီလ(၁၈)ရက်

၁။ အထက်တန်းအဆင့်Grade (9) Grade(10) Grade(11) ပညာသင်ကြားရန်အခက်အခဲရှိသောရှင်သာမဏေများ သီလရှင်ဆရာလေးများအတွက်ပညာသင်ဆုပေးမည့်အစီအစဉ်ကိုIBEC ကျောင်းတော်ကဖိတ်ခေါ်အပ်ပါသည်။

၂။ IBEC ကျောင်းသားဟောင်းများကိုဦးစားပေးမည်။

၃။ မည်သူမဆိုလျှောက်ထားနိုင်သည်။

၄။ကိုရင်ဝတ်၊ သီလရှင်ဝတ်များသာသီးသန့်ဖိတ်ခေါ်သည်။

၅။မည်သည့်စားစရိတ်အဆောင်ခပညာသင်စရိတ်မျှပေးသွင်းရန်မလိုပါ။

၆။ IBEC ပညာရေးဌာနခွဲအဖြစ်မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့နယ် ဓမ္မဇာလကျောင်းတော်(ရှိုင်းဟုတ်ဒကာမကြီးဆောက်လုပ်လှူဒါန်းသည့်) တွင်သီတင်းသုံးပညာသင်ကြားရမည်။

၇။ ပရိယတ္တိစာပေပူးတွဲသင်ကြားရမည်။

၈။ပညာသင်ကြားခဲ့မှုအထောက်အထားပါဝင်ရမည်။

၉။ရှင်သာမဏေ(ကိုရင်) များကိုIBEC ဆရာတော်ဦးဆောင်မည်။

၁၀။ သီလရှင်ဆရာလေးများကို ဆေကဝတီဗုဒ္ဓတက္ကသိုလ်ဒေါ်ဆေကဝတီ ဦးဆောင်မည်။

လျှောက်လွှာပိတ်ရက်(၁၅-၅-၂၀၂၆)

လျှောက်ထားလိုသူရှင်သာမဏေများ သီလရှင်များအောက်ပါဖုန်းနံပါတ်​များကိုဆက်သွယ်၍ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေဆက်သွယ်လျှောက်ထားနိုင်သည်။

09 797 840197, 09 797 778535, 09 403041909, 09 400452163,09 754 916569, 09 44316 8036

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း@

[ဓာတ်ပုံသတင်း] ဂျပန်နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ (Ninth World Buddhist Supreme Summit) သို့ မြန်မာ...
06/04/2026

[ဓာတ်ပုံသတင်း]

ဂျပန်နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ (Ninth World Buddhist Supreme Summit) သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကြွရောက်တော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီး ဒေါက်တာ
ဘဒ္ဒန္တစန္ဒိမာဘိဝံသအား နယ်သာလန်နိုင်ငံကိုယ်စားပြုအဖြစ် ကြွရောက်တော်မူသော IBEC ဆရာတော်
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်သောဘိတ မှ ဂျပန်နိုင်ငံတွင် ရောက်ရှိခိုက် သွားရောက်ဖူးမြော်စဥ်မှတ်တမ်း။



#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း

ဂျပန်နိုင်ငံတွင်ကျင်းပမည့် ​ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အထိပ် ညီလာခံကြီးဆီသို့ IBEC ဆရာတော်ဘုရားတက်ရောက်မည်။By Informat...
05/04/2026

ဂျပန်နိုင်ငံတွင်ကျင်းပမည့် ​ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အထိပ် ညီလာခံကြီးဆီသို့ IBEC ဆရာတော်ဘုရားတက်ရောက်မည်။

By Information Centre

ဂျပန်နိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၉) ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံ နှင့် ဗုဒ္ဓနေ့အခမ်းအနား (Ninth World Buddhist Supreme Summit - 2026)
သို့ IBEC ဆရာတော်အပါအဝင် နိုင်ငံအသီးသီးမှ သံဃာတော်များ တက်ရောက်ကြမည် ဖြစ်ပါသည်။

နိုင်ငံတကာသံဃာတော်များ စုံညီစွာတက်ရောက်မည့် ဤညီလာခံကြီးတွင် IBEC ဆရာတော် က နယ်သာလန်နိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ဆွေးနွေးသွားမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်လည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌဆရာတော်ကြီးကိုယ်တိုင် တက်ရောက်မှာဖြစ်သည့်အတွက် မြန်မာ့သာသနာပြုလောကအတွက် အင်မတန် ကြည်ညိုပီတိဖြစ်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပေသည်။

​သာသနာ့အလင်းရောင် ကမ္ဘာအနှံ့ ထွန်းလင်းစေဖို့ ကြိုးပမ်းတော်မူကြတဲ့ ဆရာတော်သံဃာတော်များအတွက် IBEC ကျောင်းတော်ကြီးမှ "သာဓု" ခေါ်ဆိုပါသည်။


#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း

၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းသား၊ကျောင်းသူများအား  IBEC ဆရာတော်ဘုရားမှ နွေးနွေးထွေးထွေးကြိုဆိုရုပ်သံ YouTube တွင်ကြည့်ရှ...
02/06/2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ကျောင်းသူများအား IBEC ဆရာတော်ဘုရားမှ နွေးနွေးထွေးထွေးကြိုဆို

ရုပ်သံ YouTube တွင်ကြည့်ရှုရန် - https://youtu.be/-xIkvcTGBXY

12/04/2025

ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်း မှ ငလျင်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်း/သီလရှင်ချောင်များအား တစ်ကျောင်းတိုက်လျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျောင်းတိုက်ပေါင်း ၅၀ အား ကျပ်သိန်းငါးထောင်လှူဒါန်းခဲ့ပေသည်။
◾အဆိုပါ လှူဒါန်းငွေများအား IBEC ဆရာတော်မှ ကမကထပြုပြီး ကျောင်းတိုက်ပေါင်း ၅၀ အား ကိုယ်တိုင်ကိုယ်ကျ ဆပ်ကပ်လှူဒါန်းပေးခဲ့လေသည်။
ဧပြီ ၁၂၊ စစ်ကိုင်း။
ဧပြီ လ ၁ ရက်နေ့က IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်း မှ ဒေါ်ခိုင်နှင်းဝေကိုယ်တိုင်လာရောက်၍ ငလျင်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်း/သီလရှင်ချောင်များအား တစ်ကျောင်းတိုက်လျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျောင်းတိုက်ပေါင်း ၅၀ အား ကျပ်သိန်းငါးထောင်လှူဒါန်းခဲ့ပေသည်။
၂၀၂၅ ခုနှစ်၊ မတ် လ (၂၈) ရက်နေ့တွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် ဘုန်းကြီးကျောင်း၊ သီလရှင်ချောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပြီး အဆိုပါပျက်စီးဆုံးရှုံးမှုများ ပြန်လည်ကုစားထူထောင်ရေးအတွက် လာရောက်လှူဒါန်းခြင်းဖြစ်ပေသည်။ အဆိုပါ လှူဒါန်းမှုအစီအစဥ်ကို ယနေ့တွင် IBEC ဆရာတော်ဘုရားမှ ကမကထပြုပြီး ကျောင်းပေါင်း (၅၀) အား လှူဒါန်းခဲ့ခြင်းဖြစ်ပေသည်။
ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သော ဘုန်းကြီး ကျောင်း/သီလရှင်ချောင်များအား IBEC ဆရာတော်ကိုယ်တိုင် သေချာစွာ စိစစ်စာရင်းပြုစု၍ ယနေ့တွင် ကျောင်းပေါင်း (၅၀) ၏ ဆရာတော်များ နှင့် ချောင်ဆရာကြီးများ လက်ဝယ်အရောက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ အား လှူဒါန်းခြင်းဖြစ်ပေသည်။
IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာအား IBEC ဆရာတော်ဦးဆောင်မှုဖြင့် တည်ထောင်ထားပြီး ငလျင်ဒဏ်
သင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းစဥ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များအား နေ့ရောညပါ ဆောင်ရွက်လျက်ရှိပေသည်။
မတ်လ ၂၈ ရက်နေ့တွင် ပြင်းထန်စွာ လှူပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်တွင် စစ်ကိုင်းမြို့၏ ၈၆.၇ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရသည်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

09/04/2025

UNOCHA မှ ဦးဆောင်သော ကမ္ဘာ့ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းများမှ စစ်ကိုင်းငလျင်ဘေးဒဏ်သင့် ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးအားပေး၍ ရှေ့ဆက်လုပ်ဆောင်မည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဥ်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအစီအစဥ်

ဧပြီ ၉၊ စစ်ကိုင်း။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ

Address

Taungyoe Street, Sagaing Hills
Sagaing
02371

Alerts

Be the first to know and let us send you an email when IBEC TVnews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share