Sagaing Network News - SNN

Sagaing Network News - SNN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sagaing Network News - SNN, Broadcasting & media production company, Sagaing.

SNN is a Myanmar-based media outlet established after the Feb1,2021 military coup,dedicated to reporting and exposing human rights violations.We advocate for freedom and justice,covering civil,women’s, and along with key political developments in Myanmar.

27/11/2025

SNN | KNU ထိန်းချုပ်ထားသော မင်းလက်ပံ ကျားဖြန့်ရုံထဲက ငွေအတုများ အသုံးပြုနေမှု စစ်ဆေးတွေ့ရှိ

မြ၀တီ၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသည့် မင်းလက်ပံ ဒေသရှိ ကျားဖြန့်ရုံတစ်ခုတွင် ငွေစက္ကူ အတုများ ပလဲနေသည့် ရုပ်သံဖိုင်များ ထွက်ပေါ်လာခဲ့တာကြောင့် ဒေသခံများအကြား စိုးရိမ် မူဖြစ်ပေါ်စေခဲ့ပါတယ်။

အဆိုပါ ငွေစက္ကူများသည် ပြင်ပဈေးကွက်တွင် အသုံးမပြုနိုင်သည့် “ငွေအတု” လို့ သိရပြီး၊ ကျားဖြန့်ဒေသ ငွေလိမ်ဂိုဏ်း အလုပ်ရုံမှ လိမ်လည်သူများ အချင်းချင်း အသုံးပြုတာဖြစ်တယ်လို့ နီးစပ်သူတွေ ပြောဆိုချက် အရ သိရပါတယ်။

ဒေသတွင်း ကျားဖြန့် လုပ်ရပ်များကို အနီးကပ်သိကြသူထဲမှ တစ်ဦးက “ငွေတွေအတု ပလဲနေတာ မြင်လို့ မကောင်းဘူး။ သူတို့အချင်းချင်း အလုပ်ရုံအတွင်း သုံးကြတာလို့ ဆိုပေမယ့် ဒီငွေတွေကို အပြင်လောက ရောက် လာမှာစိုးရိမ် မိတယ်။ သူတို့ထဲက လိမ်ပြီး သုံးတတ်ကြတာ” ဟု ပြောပါတယ်။

အဆိုပါ ကျားဖြန့်ကမ္ဘာမှာတော့ သူတို့ အတွက် ဒီငွေတွေက စိန်၊ရွှေ၊ငွေ၊ကား မိန်းမ အကုန်ဝယ်လို့ ရတယ် လူတွေဆီက လိမ်ပြီး ရလာတဲ့ အကျိုးအမြတ်တွေပဲ ဖြစ်တယ် ဆိုပြီး AAC ကိုရဲမင်းက ၎င်းရဲ့ လူမူကွန်ရက်စာမျက်နှာက တဆင့် ထုတ်ဖော် ပြောဆိုထားပါတယ်။

ဤအမှုနှင့် ပတ်သက်ပြီး နောက်ထပ် ထူးခြားသတင်း အချက်အလက်များ ထုတ်ဖော်မည့် အကြောင်းအရာ များကိုလည်း ၎င်းက “နောက်ဆက်တွဲတွေ ထွက်မယ်” ဟု ရေးသားထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအနီးရှိ DKBA ၏ ဗိုလ်သခွားသီးပိုင် ကျားဖြန့်ငွေလိမ်ဂိုဏ်း အလုပ်ရုံကို KNLA မဟာမိတ်တပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီးအလုပ်ရုံကို လုံခြုံရေးပေးထားသည့် DKBA အဖွဲ့ဝင် တပ်သား ၂၀ ဦးကို ထိန်းသိမ်းခဲ့သလို လက်နက် စုစု‌ ပေါင်း ၁၇၆ လက်ကိုလည်း KNLA ဖက်က သိမ်းဆည်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံ-ရဲမင်း(A A C)

# KNU #ထိန်းချုပ် #မင်းလက်ပံ # ကျားဖြန့်ရုံ #ငွေအတုများ # အသုံးပြုနေမှု #စစ်ဆေး #တွေ့ရှိ # ゚viralシalシ

SNN | NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ နုတ်ထွက်ရန်ကုန်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။ အမျိုးသားညီညွတ်ရေ...
27/11/2025

SNN | NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ နုတ်ထွက်

ရန်ကုန်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာသည် NUG အစိုးရမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သူနှင့်နီးစပ်သူတဦးထံက သိရပါတယ်။

နုတ်ထွက်ခြင်းအကြောင်းအရင်းအရ တရားဝင်ထုတ်ဖော်ပြောကြားချက် မရှိသော်လည်း၊ ဒေါက်တာဆာဆာသည် စက်တင်ဘာလကတည်းက နုတ်ထွက်စာတင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

သူနှင့်နီးစပ်သူတဦးကလည်း ဒေါက်တာဆာဆာသည် NUG ၏ ပြင်ဆင်ပြောင်းလဲဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ပါဝင်မည် မဟုတ်ကြောင်း ထပ်မံအတည်ပြုထားပါတယ်။

လက်ရှိ NUG အစိုးရတွင် ဝန်ကြီးဌာန ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး၊ ဝန်ကြီး ၁၆ ဦးနှင့် ဒုဝန်ကြီး ၁၇ ဦး ပါဝင်ကြောင်း သိရပါတယ်။

မကြာမီကာလအတွင်း NUG က အချို့ဝန်ကြီးဌာနများကို ဦးစီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမည်ဟု ထုတ်ဖော်ထားပြီး၊ ထိုအတွင်း လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပါဝင်ကြောင်း သိရပါတယ်။

# NUG # အပြည်ပြည်ဆိုင်ရာ # ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး #ဒေါက်တာဆာဆာ #နုတ်ထွက် #ဒေါက်တာဆာဆာ ゚ ゚viralシalシ

SNN | အင်းစိန်ထောင်မှ ပုဒ်မ ၅၀၅ အရ ပြစ်ဒဏ်ကျခံနိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်ရန်ကုန်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။ နိုဝင်ဘ...
27/11/2025

SNN | အင်းစိန်ထောင်မှ ပုဒ်မ ၅၀၅ အရ ပြစ်ဒဏ်ကျခံနိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်

ရန်ကုန်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။

နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးကြည်တိုး၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုဖိုးသား၊ စီးပွားရေးလုပ်ငန်းရှင် ဦးခန့်နိုင် အပါအဝင် ပုဒ်မ ၅၀၅-(က) အရ ဖမ်းဆီးထားရသူ ၁၉၂ ဦး ပြန်လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

အင်းစိန်ထောင်မှ လွတ်မြောက်သူများအနက် အမျိုးသား ၁၁၄ ယောက်၊ အမျိုးသမီး ၇၈ ယောက် ဖြစ်ကြောင်း သက်ဆိုင်ရာရင်းမြစ်များက ဖော်ပြထားပြီး၊ NLD ပါတီဝင် ဦးကြည်တိုးကလည်း “ကျန်းမာရေးကောင်းမွန်ပြီး အန်တီနဲ့အတူ အသက် ၉၀နှစ် အထိ အလုပ်လုပ်ဖို့ အားတင်းထားတယ်။ ဆက်လုပ်နိုင်ဖို့ ကျန်းမာရေး ဂရုစိုက် ထားတယ်နော်” ဟူ၍ ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင်များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ CDM အဖွဲ့ဝင်များ
အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံခဲ့ရပြီး၊ အခုချိန်ထိ ထောင်ထဲတွင် အကျဥ်းကျခံ နေဆဲ သူ များနှင့် လွတ်မြောက်သူများအပြင် တိမ်းရှောင်နေသူများအပါအဝင် အကျဉ်းသူ ၅၅၈၀ ဦး၏ အမှုများကို စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

အင်းစိန်ထောင်မှ လွတ်မြောက်သူများထဲတွင် သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခင်ပွန်း၊ စီးပွားရေးလုပ်ငန်းရှင် ဦးခန့်နိုင်လည်း ပါဝင်ပြီး၊ သူမကလည်း လူမှုကွန်ရက်တွင် “မျှော်လင့်နေသောနေ့ ရောက်လာပါပြီ၊ မိသားစု ပြန်ဆုံနိုင်ပြီ” ဟု ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဤလွတ်မြောက်မှုသည် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၅၀၅-(က) အရ ပြစ်ဒဏ် ကျခံသူ ၃၀၈၅ ဦးအတွက် အမိန့်အမှတ် ၁၀/၂၀၂၅ နှင့် ၁၁/၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်များ ချမှတ် ထားတာပါ။

လက်ရှိ ထောင်ထဲတွင် နေဆဲ ၅၅၈၀ ဦးအမှုများကိုလည်း အစိုးရက ပိတ်သိမ်းထားပြီး၊ အခြားပုဒ်မများဖြင့် တရားစွဲခံထားသူများအတွက်တော့ လွတ်မြောက်ခွင့်မရနိုင်သေးကြောင်း သိရပါတယ်။

အမေရိကန်အစိုးရနှင့် အမိမြေ လုံခြုံရေးဌာနက မြန်မာနိုင်ငံသားများအတွက် ပေးထားသည့် TPS (Temporary Protected Status) ယာယီအကာအကွယ်ကို ရပ်ဆိုင်းသွားပြီးနောက် အဆိုပါ လွတ်ငြိမ်းခွင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အင်းစိန်အကျဉ်းထောင်မှ ထွက်လာတဲ့ အမည်မဖော်လိုသူတစ်ဦးက “ဒီကနေ့ ထောင်ထဲကနေ လွတ် လာသူ ၂၀၀ ဝန်းကျင်ရှိတယ်” ဟု ပြောကြားထားပါတယ်။

အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးနိုင်ရန် အာဏာသိမ်း စစ်တပ်က ပုဒ်မ ၅၀၅-(က) အရ ဖမ်းဆီး ထားပြီး အမှုဖွင့်ထားသူ ၃၀၈၅ ဦးအား လွတ်ငြိမ်းခွင့်ပြုမည်ဟု မနေ့က ကြေညာပြီးနောက်၊ ဒီကနေ့ အင်းစိန် အကျဉ်းထောင်မှ အယောက် ၂၀၀ ကျော် ပြန်လွတ်မြောက်လာကြောင်း သိရပါတယ်။

#အင်းစိန်ထောင် #ပုဒ်မ ၅၀၅ # ပြစ်ဒဏ် #ကျခံ #နိုင်ငံရေး #အကျဉ်းသား # ၂၀၀ ကျော် #လွတ်မြောက် ゚ ゚viralシalシ ゚

SNN | မန္တလေး အိုးဘိုထောင်မှ ၅၀၅ အရ ပြစ်ဒဏ်ကျခံသူ ၂၆၅ ဦး လွတ်မြောက်မန္တလေး၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။ ပြည်ထောင်စုသမ္မတ မြန်မာနို...
27/11/2025

SNN | မန္တလေး အိုးဘိုထောင်မှ ၅၀၅ အရ ပြစ်ဒဏ်ကျခံသူ ၂၆၅ ဦး လွတ်မြောက်

မန္တလေး၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၅ နှင့် ၁၁/၂၀၂၅ အရ၊ ပုဒ်မ ၅၀၅ အရ ပြစ်ဒဏ်ကျခံခဲ့သူ ၃၀၈၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့၍ လွတ်မြောက်ခွင့် ပြုခဲ့ကြောင်း သိရပါတယ်။

ဤအမိန့်အရ မန္တလေးတိုင်းရှိ အိုးဘိုအကျဉ်းထောင်နှင့် အခြားအကျဉ်းစခန်းများမှ ၂၆၅ ဦးသည် နိုဝင်ဘာ ၂၆ ရက်နေ့ လွတ်မြောက်ခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်က ဖော်ပြခဲ့ပါတယ်။

ထို့အပြင် ပုဒ်မ ၅၀၅ အရ စစ်ဆေးမှုဆဲ ဖြစ်နေသူ ၅၅၈၀ ဦးအတွက် အမှုများကို တရားရုံးက ပိတ်သိမ်းပြီး လွှတ်မြောက်ခွင့်ရမှသာ လွတ်မြောက်နိုင်မည်ဖြစ်ပြီး၊ အချိန်အရင်ညနေပိုင်းတွင်သာ လွတ်မြောက်လာနိုင်ကြောင်း သိရပါတယ်။

# မန္တလေး #အိုးဘိုထောင် # ၅၀၅ # ပြစ်ဒဏ် #ကျခံသူ #၂၆၅ ဦး # လွတ်မြောက် ゚ ゚viralシalシ

SNN | အကျဥ်းထောင်က လွတ်မြောက်လာသူ ဦးကြည်တိုးက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အလုပ်လုပ်ရန် အားတင်းထားဟုပြောရန်ကုန်၊နိုဝင်ဘာ ...
27/11/2025

SNN | အကျဥ်းထောင်က လွတ်မြောက်လာသူ ဦးကြည်တိုးက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အလုပ်လုပ်ရန် အားတင်းထားဟုပြော

ရန်ကုန်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုပြန်ကြားရေးမှူးအဖြစ် လူသိများထင်ရှားခဲ့သူ ဦးကြည်တိုးသည် နိုဝင်ဘာ ၂၇ ရက်နေ့ အင်းစိန်ထောင်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဆက်လက်အလုပ်လုပ်နိုင်ရန် အားတင်းထားကြောင်းနဲ့ မိမိကျန်းမာရေးကို ဂရုစိုက်ကာ နေထိုင်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ လှည်းတန်းတွင် ဖမ်းဆီးခံခဲ့ရပြီး အတွင်းရေးမှူးများနှင့်အတူ အကျဉ်းထောင် ချထားခံခဲ့သူ ဦးကြည်တိုးသည် ပုဒ်မ ၅၀၅ အရ ထောင်ဒဏ်ကျခံခဲ့ရသူ ၇၂၄ ဦးနှင့် ကျန်ရှိပြစ်ဒဏ်များကို လျော့ပေါ့၍ လွတ်မြောက်ခွင့်ရသူ ၂၃၆၁ ဦးအပါအဝင် ထောင်မှ လွတ်မြောက်သူများထဲတွင် ပါဝင်ခဲ့ပါတယ်။

ထိုထဲတွင် CDM လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသားဟောင်းများ၊ အလွတ်တန်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသားလည်း ရှိကြောင်း သိရပါတယ်။

စစ်ကော်မရှင်က ဖော်ပြထားသည့်အရ ပုဒ်မ ၅၀၅ အရ ဖမ်းဆီးခံခဲ့ရသူများကို ၃ နှစ်ထိ အကျဉ်းထောင် ပြစ်ဒဏ် သတ်မှတ်ခဲ့ပြီး တရားစွဲခံသူ ၅၅၈၀ ဦးကို သက်ဆိုင်ရာအမှုများ ပိတ်သိမ်းခဲ့ကြောင်းလည်း သိရပါတယ်။

ပုဒ်မ ၅၀၅ အရ လွတ်မြောက်ခွင့်ရသူများသည် နိုင်ငံရေးဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဆန္ဒပြပွဲများ၊ ဆိုရှယ် မီဒီယာတွင် အဆိုပြုချက်များရေးသားခြင်းနှင့် သတင်းအချက်အလက်များမျှဝေခြင်းတို့အတွက် ဖမ်းဆီးခံခဲ့ရ သူများဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ လွတ်မြောက်သူများသည် အခြားပုဒ်မများဖြင့် တရားစွဲခံထားလျှင် ထိုပြစ်ဒဏ်များမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း စစ်ကော်မရှင်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

# အကျဥ်းထောင် #လွတ်မြောက်လာ #ဦးကြည်တိုး #ဒေါ်အောင်ဆန်းစုကြည် #အလုပ်လုပ်ရန် # အားတင်းထား # #ဦးကြည်တိုး ゚viralシalシ ゚

27/11/2025

"ဘေးလေးကိုကပ်လိုက်… မင်းကိုကြီးလာတယ် 💗"

27/11/2025

SNN | ဟောင်ကောင် Tai Po Wang F*k Court မီးလောင်မှု ၃၆ ဦးသေ၊ ၂၇၉ ဦး ရှာမတွေ့

ဟောင်ကောင်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။

Tai Po မြို့နယ်ရှိ Wang F*k Courtတွင် နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လည် ၂နာရီ ၅၁မိနစ် တွင် မီးလောင်မှု စတင်ခဲ့ပြီး၊ bamboo scaffolding နှင့် အပြင်ခြံ wrap များကြောင့် မီးက အလျင်အမြန် ပြန့်ထွက်ခဲ့ပါတယ်။

မီးအခြေအနေကို မွန်းလွဲ ၃နာရီ ၃၄မိနစ် တွင် အရေးကြီးအဆင့် No. 4 alarm ထိမြှင့်တင်ပြီး ည ၆နာရီ ၂၂ မိနစ် အထိ No. 5 alarm အဆင့်တွင် လောင်နေခဲ့ပါတယ်။

အနည်းဆုံး ၃၆ ဦး သေဆုံးပြီး၊ ၂၇၉ ဦး မတွေ့ကြောင်း သိရပါတယ်။ ဒဏ်ရာရသူများလည်း အများအပြားရှိပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ကူညီနေပါတယ်။

Wang F*k Court သည် အစိုးရထောက်ပံ့အိမ်ရာစနစ် ဖြစ်ပြီး အဆောက်အအုံများတွင်renovation အတွက်
bamboo scaffolding နှင့် mesh wrap များ အသုံးပြု ထားခြင်းကြောင့် မီးလောင်မှုအန္တရာယ်များစွာ ရှိခဲ့ပါတယ်။

မီးလောင်မှုကြောင့် အဆောက်အအုံအတွင်း အန္တရာယ်နှင့် ပြည်သူလုံခြုံရေးအတွက် လုံခြုံမှု ခက်ခဲစေခဲ့ပါတယ်။

ဒါ့အပြင် မီးလောင်မှုကြောင့် လမ်းများ ပိတ်ထားပြီး လူများကို ယာယီလုံခြုံစခန်းများသို့ စုစည်းထားကာ အထူး ကယ်ဆယ်ရေး စခန်းများနှင့် မီးသတ်ဌာနများက အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်နေပါတယ်။

အစိုးရက စစ်ဆေးမှုများစတင်ပြီး အဆောက်အအုံ လုံခြုံရေးစံနှုန်းများကို ပြန်လေ့လာနေပြီး သေဆုံးထိခိုက် ဒဏ်ရာရမှု အခြေအနေများကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref: Associated Press, Reuters,The Sun,Huffington Post
ရုပ်သံ-လူမူကွန်ရက်

# ဟောင်ကောင် # #မီးလောင်မှု #၃၆ ဦးသေ # ၂၇၉ ဦး #ရှာမတွေ့

SNN | အမေရိကန် TPS ရပ်ဆိုင်းမှုကြောင့်  ပြန်လာမည့် မြန်မာတွေကို ကြိုဆိုကြောင်း၊ ပြစ်မှုကြီး ကျူးလွန်သူများ တရားရင်ဆိုင်ရ...
26/11/2025

SNN | အမေရိကန် TPS ရပ်ဆိုင်းမှုကြောင့် ပြန်လာမည့် မြန်မာတွေကို ကြိုဆိုကြောင်း၊ ပြစ်မှုကြီး ကျူးလွန်သူများ တရားရင်ဆိုင်ရမည်ဟု စစ်ကော်မရှင်ပြော

ရန်ကုန်၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။

အမေရိကန်က မြန်မာအပါအဝင် နိုင်ငံများ၏ Temporary Protected Status (TPS) ကို အဆင့်လိုက် ရပ်ဆိုင်းချိန်တွင် ပြန်လာမည့် မြန်မာနိုင်ငံသားများကို ကြိုဆိုမည်ဖြစ်ပြီး၊ ပြစ်မှုကြီး ကျူးလွန်ထားသူ များကိုတော့ တရားဥပဒေအရ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောပါတယ်။

အဆိုပါထုတ်ပြန်ချက်သည် အမေရိကန်ဘက်က TPS ရပ်ဆိုင်းလိုက်မူ သတင်းထုတ်ပြန်မှုနဲ့ ဆက်စပ်ပြီး နို၀င်ဘာ ၂၆ရက် ရက်စွဲနဲ့ စစ်ကောင်စီဝါဒဖြန့် ပြန်ကြားရေးကနေ သတင်းထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ အမိမြေကို ပြန်လာလို့ ရပါတယ်၊ ကြိုဆို ပါတယ်။ ပြန်လာပြီး ရွေးကောက်ပွဲမှာလည်း မဲပေးနိုင်ပါတယ်” လို့ ပြောပါတယ်။

သူက ဆက်ပြီး “လူသတ်မှု၊ မုဒိမ်းမှုလို ပြစ်မှုကြီးတွေ ကျူးလွန်သူများအတွက်တော့ တရားဥပဒေအရ တရား ရင်ဆိုင်ရမယ့်အချက်ဟာ ၂၀၂၁ ခုနှစ်က ထုတ်ပြန်ထားခဲ့တဲ့ ကြေညာချက်နဲ့အတူ သတ်မှတ်ထားပြီးသားပါ” လို့ ထပ်မံပြောပါတယ်။

ယာယီကာကွယ်ခွင့် (Temporary Protected Status-TPS) ရပ်ဆိုင်းခြင်းကို အမေရိကန် ဘက်က မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်လာမှုကြောင့် ဆောင်ရွက်လိုက်ပြီဟု ထုတ်ပြန်ထားကာ ထိုအပေါ် မှာလည်း အပြုသဘောဆောင်သည့် ထုတ်ပြန်ချက်အဖြစ် မှတ်ယူနိုင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါ တယ်။

၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက် အာဏာသိမ်းချိန်ကစပြီး ယနေ့အချိန်ထိ ပြည်ပသို့ ထွက်ပြေးသွားသူ အများ စုဟာ အဲဒီကြေညာချက်ကြောင့် ပြန်လည်ဝင်ရောက်လာတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင်လည်း PDF အဖွဲ့များကို တရားဥပဒေဘောင်အောက် ဝင်ရောက်ဖို့ ဖိတ်ခေါ်မှုကြောင့် အဖွဲ့ဝင်အရေအတွက် တော်တော်များစွာ ပြန်လည်ဝင်ရောက်လာကြောင်းလည်း သူက ထပ်မံ ပြောပါတယ်။

စစ်ကော်မရှင် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အဲဒီလို သတင်းထုတ်ပြန်ထား သော်လည်း၊ သက်ဆိုင်ရာ PDF အဖွဲ့များအနက် တချို့ကလွဲလျှင် သူပြောသလို စစ်ကော်မရှင်ဘက်ကို ဝင်ရောက်
တာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

အမေရိကန် DHS က မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ စီးရီးယား၊ ဗင်နေဇွဲလာနဲ့ တောင်ဆူဒန်တို့အတွက် TPS ကို ၂၀၂၅–၂၀၂၆ အတွင်း အဆင့်လိုက် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး၊ TPS ရပ်ဆိုင်းခြင်းကြောင့် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်၊ ပြန်ပို့ခြင်းကာကွယ်မှုတွေ ကုန်ဆုံးသွားမယ့်အခြေအနေ ဖြစ်လာမယ်လို့ သိရပါတယ်။

ရုပ်သိမ်းရက်တွင် မြန်မာ ၂၀၂၅ နိုဝင်ဘာ ၂၄၊ အာဖဂန်နစ္စတန် ၂၀၂၅ မေ ၁၂၊ ကင်မရွန်း ၂၀၂၅ ဩဂုတ် ၄၊ စီးရီးယား ၂၀၂၅ စက်တင်ဘာ ၁၉၊ ဗင်နေဇွဲလာ ၂၀၂၅ စက်တင်ဘာ ၃ နှင့် တောင်ဆူဒန် ၂၀၂၆ ဇန်နဝါရီ ၅ တို့ ပါဝင်ပါတယ်။

ဒီရပ်ဆိုင်းမှုတွေက မြန်မာနိုင်ငံသား လေးထောင်ခန့်အထိ သက်ရောက်နိုင်ပြီး၊ အခြားနိုင်ငံသားအုပ်စုများလည်း TPS သက်တမ်းနဲ့ ခွင့်ပြုချက်တွေ ပြီးဆုံးသွားမယ့်အခြေအနေ ဖြစ်လာမယ်လို့ သိရပါတယ်။

# အမေရိကန် #ရပ်ဆိုင်း #ပြန်လာ #မြန်မာတွေ #ကြိုဆို #ပြစ်မှုကြီး #ကျူးလွန်သူများ # တရား #ရင်ဆိုင်ရမည် #စစ်ကော်မရှင် #ပြော #စစ်ကော်မရှင် ゚viralシalシ

SNN | ချောင်းဦးမြို့တွင် လူငယ်များကို စစ်တပ်က နေအိမ်အတွင်းအထိ ဝင်ရောက်ကာ ပေါ်တာဆွဲဖမ်းဆီးချောင်းဦး၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။ စစ...
26/11/2025

SNN | ချောင်းဦးမြို့တွင် လူငယ်များကို စစ်တပ်က နေအိမ်အတွင်းအထိ ဝင်ရောက်ကာ ပေါ်တာဆွဲဖမ်းဆီး

ချောင်းဦး၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့တဝှမ်းတွင် စစ်ကော်မရှင်တပ်က ရပ်ကွက်အတွင်း လူနေအိမ်များထဲအထိ လူငယ်များကို ဝင်ရောက်ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရွှေတောင်ကွက်သစ်မှာ လူငယ် ၆ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်နေ့ ၂၄ ရက်တွင် နေအရှင်ကွက်သစ်ဘက်အထိ ဖြန့်ကျက်ကာ ပြည်သူ ၃၀ ကျော်ကိုလည်း ပေါ်တာဆွဲ သွားတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးမှုများဟာ လမ်းပေါ်သာမက အိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးတာတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူများထဲမှ လူငယ်အချို့ကို စစ်ကိုင်းတပ်မ ၃၃ ဖက်သို့ ပို့ဆောင်ပြီး ရှေ့တန်းစစ်မြေပြင်များသို့ ထပ်မံ ပို့ခဲ့တာ ဖြစ်တယ်လို့ မိဘများက ပြောကြပါတယ်။

ဖမ်းဆီးခံရသူတစ်ဦး၏ မိဘက “သူတို့သားသမီး မဟုတ်တော့ လူတွေကို စစ်သား လိုအပ်ချက်ထည့်ဖို့ လိုသလို ဖမ်းနေကြတာ” ဟု ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း “ချောင်းဦး ထွေအုပ်ရုံးအတွင်းက စခတွေကပဲ ပေါ်တာဆွဲနေတာ။ ကျန် ရပ်ကွက်တွေမှာလည်း ဆက်လက် ဖမ်းမယ့် သဘောတွေ ကြားနေကြရတယ်။ အသက် ၅ဝ ဝန်းကျင်အပါဝင် လူငယ်တွေကိုလည်း ဖမ်းဆီးနေကြတယ်” ဟု ဆက်ပြောပါတယ်။

အမျိုးသမီးတွေပါ ဖမ်းဆီးခံနေရသော်လည်း ဒေသခံတွေ အမြင်အရ ငွေညှစ်ရေးနဲ့ ဆက်နွယ်နိုင်ကြောင်း သံသယ ရှိကြပါတယ်။ ဖမ်းဆီးထားသူများအားလုံးကို ထွေ့အုပ်ရုံးနှင့် တရားရုံးအနီးရှိ ယာယီအကျဉ်းစခန်းများတွင် ချုပ်နှောင်ထားတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဖိအားပေး ပေါ်တာဆွဲ ဖမ်းဆီးမူတွေ များလာတာကြောင့် မြို့ထဲမှာ ပြည်သူတွေ နေအိမ် အပြင်မထွက်ရဲကြဘဲ တော့ဘူးလို့လည်း သိရပါတယ်။

# ချောင်းဦး #လူငယ်များ #စစ်တပ် #နေအိမ် #ဝင်ရောက် #ပေါ်တာဆွဲ #ဖမ်းဆီး # #ချောင်းဦး ゚ ゚viralシalシ

SNN | စစ်အုပ်စုက ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရသူ ၈၆၆၅ ဦးကို လွတ်ငြိမ်းခွင့်ပေးရန်ကုန်၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။ အာဏာသိမ်း စစ်အုပ်စုက...
26/11/2025

SNN | စစ်အုပ်စုက ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရသူ ၈၆၆၅ ဦးကို လွတ်ငြိမ်းခွင့်ပေး

ရန်ကုန်၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။

အာဏာသိမ်း စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နှင့် အမှုရင်ဆိုင်နေသူများ၊ ဖမ်းဆီးခံထားသူများ စုစုပေါင်း ၈၆၆၅ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု ယနေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါတယ်။

ဒီကနေ့ နို၀င်ဘာ ၂၆ ရက်ည ၈နာရီ သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အရ တရားစွဲဆိုခံထားရသူများကို ဖမ်းဆီးထားသည့်အတွက် ပုဒ်မ ၅၁၂ အရ တရားစွဲဆိုခံရသူ ၅၅၈၀ ဦးအမှုကို ပိတ်သိမ်းပြီး၊ ၅၀၅(က) အရ ဖမ်းဆီးထားသူ ၃၀၈၅ ဦးကို စစ်ကော်မရှင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

စစ်အုပ်စု၏ ပြောကြားချက်အရ အမှုများကို ပိတ်သိမ်း၍ လွတ်ငြိမ်းခွင့်ပေးခြင်းသည် လာမည့် ဒီဇင်ဘာ ၂၈ ရက်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားပါတယ်။

သို့သော် စစ်အုပ်စုသည် နိုင်ငံတော်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLDပါတီ ထိပ်ပိုင်း ခေါင်းဆောင်များအား နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ တောင်းဆိုမှုများရှိနေသော်လည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည့်အတွက် လွတ်ငြိမ်းခွင့်ပေးခြင်း မရှိသေးပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် အပေါ်လွှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ သုံးသောင်းကျော်ကို ဖမ်းဆီးထားခဲ့ပြီး လက်ရှိတွင် ၂၂၀၀၀ ကျော် အကျဉ်းသားများ ရှိနေကြောင်း၊ စစ်အုပ်စု သတ်ဖြတ်မှုကြောင့် ၇၅၀၀ နီးပါး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ သိရပါတယ်။

# စစ်အုပ်စု # ၅၀၅(က) #ဖမ်းဆီးခံ #အကျဥ်းသား #၈၆၆၅ ဦး #လွတ်ငြိမ်း #ခွင့်ပေး #စစ်တပ် #အကျဥ်းသား ゚ ゚viralシalシ

SNN | NUG က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၁၄ ဦးကို ‘အကြမ်းဖက်သမားများ’ ဟု သတ်မှတ်ကြေညာရန်ကုန်၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။...
26/11/2025

SNN | NUG က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၁၄ ဦးကို ‘အကြမ်းဖက်သမားများ’ ဟု သတ်မှတ်ကြေညာ

ရန်ကုန်၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါ အဝင် စစ်အုပ်စုနှင့် ဆက်စပ်သူ ၁၄ ဦးကို “အကြမ်းဖက်သမားများ” ဟု တရားဝင် သတ်မှတ်ကြေညာ လိုက်ပါတယ်။

NUG ကြေညာချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ ၆(င)နှင့် ပုဒ်မ ၇၂(ခ)တို့အောက်တွင်သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်များကို အသုံးပြုကာ ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်အရ ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

NUG က နောက်ထပ်ဖော်ပြချက် တစ်ခုအဖြစ် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)” နှင့် ၎င်းက တာဝန်ပေးဖွဲ့စည်းလာသော အစိုးရ အဖွဲ့များ၊ သာမန်အားဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့လည်း“အကြမ်းဖက်အဖွဲ့အစည်း” ဟု သတ်မှတ်ထားပြီး ထိုကော်မတီအဖွဲ့ဝင်များအားလုံးကို အကြမ်းဖက်သမားစာရင်းတွင် ထည့်သွင်းလိုက်ကြောင်းလည်း ဆိုထားပါတယ်။

အကြမ်းဖက်သမားများဟု သတ်မှတ်ခဲ့သော ၁၄ ဦးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ထွန်းထွန်းနောင် ၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦး၊ ဒေါက်တာ သီတာဦး၊ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်မှူး ကြီး ရာပြည့်တို့ ပါဝင်ပါတယ်။

NUG ၏ အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီသတ်မှတ်ချက်က တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား ပူးပေါင်းတက်ကြွစွာ ဆောင်ရွက်နိုင်ရေးကို ထောက်ကူပေးမည်ဟု ပြောထားသော်လည်း၊ လက်တွေ့အသုံးချမည့် အရေးယူနည်းလမ်းများအကြောင်းကိုတော့ ထုတ်ပြန်ချက်ထဲမှာ အသေးစိတ် မဖော်ပြ ထားပါဘူး။

စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်နီးပါးရှိလာချိန်မှာ အခုလို စစ်အုပ်စုခေါင်းဆောင်များကို တရားဝင် “အကြမ်း ဖက်သမား” ဟု ပြန်လည်သတ်မှတ်ကြေညာလိုက်တာပါ။

မြန်မာစစ်အုပ်စု ခေါင်းဆောင်များကို “အကြမ်းဖက်သမားများ” ဟု ပြန်လည်သတ်မှတ်ကြေညာခဲ့သော်လည်း ထုတ်ပြန်ချက်တွင် လက်တွေ့အရေးယူဆောင်ရွက်မှု မဖော်ပြထားသဖြင့် တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေး သုတေသီများနှင့် ပြည်သူများက ဝေဖန်မှုတွေ ထွက်ပေါ်နေကြတယ်။

သုတေသီများက ဒီသတ်မှတ်ချက်ကို သင်္ကေတပြု ကြေညာချက်တစ်ရပ်သာဖြစ်ပြီး လုပ်ဆောင်ချက်မပါတာကို ကန့်ကွက်ကြပြီး၊ တော်လှန်ရေး အင်အားစုများကလည်း စစ်ခေါင်းဆောင်များကို ပြစ်မှုတွေ အတွက် တကယ့် အရေးကြီး အချက်ဖြစ်တဲ့ ပြစ်မူထင်ရှား စီရင် နိုင်ခြင်းမရှိသေးဘူးလို့ ထောက်ပြနေကြပြီး ပြည်သူအချို့ကလည်း လက်တွေ့ တာဝန်ခံမှု မရှိသေးခြင်းအပေါ် ဆိုရှယ်မီဒီယာမှာ ဆက်လက် ဝေဖန်နေကြပါတယ်။

# NUG #စစ်ခေါင်းဆောင် # မင်းအောင်လှိုင် #အပါအဝင် #၁၄ ဦး #အကြမ်းဖက်သမားများ #ဟု သတ်မှတ် #ကြေညာ # #မင်းအောင်လှိုင် ゚viralシalシ ゚

Disclaimer: The term “terrorist” is from the NUG’s official statement and is reported for informational purposes only; it does not endorse or promote terrorism.

SNN | စစ်ကော်မရှင်က တိုင်းနှင့်ပြည်နယ် ၆ ခုမှ ပြည်သူများအား ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးနေပြည်တော်၊နိုဝင်ဘာ ၂...
26/11/2025

SNN | စစ်ကော်မရှင်က တိုင်းနှင့်ပြည်နယ် ၆ ခုမှ ပြည်သူများအား ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

နေပြည်တော်၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။

အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးသည်ဟုဆိုကာ တိုင်းနှင့်ပြည်နယ် ခြောက်ခုတို့မှ ပြည်သူများကို ရွေးကောက်ပွဲ ဥပဒေတို့ဖြင့် ထပ်မံအမှုဖွင့် ဖမ်းဆီးထားပါတယ်။

တိုင်းနှင့် ပြည်နယ်ခြောက်ခုမှာ တနင်္သာရီ၊ ရန်ကုန်၊ ကရင်၊ ပဲခူး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ပါ၀င်ပြီး ယင်းတို့ထဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု PDF အပါအဝင် ပြည်သူများကို ဖမ်းဆီးထားတယ်လို့ ဒီကနေ့ ၂၆ရက်ထုတ် စစ်အစိုးရ ဝါဒဖြန့် သတင်းစာမှတဆင့် ထုတ်ပြန်လာတာပါ။

စစ်ကော်မရှင်က ဗုဒ္ဓဟူးနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ထုတ်ပြန်ချက်အရ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ယခုကျင်းပမည့် ရွေးကောက်ပွဲကို “အတုအယောင်” ဟု သတ်မှတ်ပြီး လက်မခံသဖြင့် ဇူလိုင်လ ၂၉ ရက်တွင် ဥပဒေသစ် ထုတ်ပြန်ကာ EROs၊ PDF တချို့၊ သတင်းသမားများနှင့် အနုပညာရှင်များအပါအဝင် ပြည်သူများကို အမှုဖွင့်လာခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။

နောက်ထပ် ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်း ပုလောမြို့နယ် ဘုတ်ခြံရွာ၌ ကြံ့ခိုင်ရေးပါတီ (USDP)၏ မဲဆွယ် ဆိုင်းဘုတ်ကို နိုဝင်ဘာ ၁၉ ရက်က ဖျက်ဆီးသူ (စိစစ်ဆဲ) နှင့် ကျွန်းစု PDF၊ သရက် PDF တို့အား သက်ဆိုင်ရာ ဥပဒေခွဲများဖြင့် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်တွင်တော့ တွံတေး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်းမြို့နယ်များမှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် လှိုင်၊ မြောက်ဥက္ကလာပမြို့နယ်မှ (စိစစ်ဆဲ) များကို ပါတီဆိုင်းဘုတ် ဖျက်ဆီးမှုများနှင့် ရွေးကောက်ပွဲ ပျက်ပြားအောင် အွန်လိုင်းမှ ဆန့်ကျင်လှုံ့ဆော်ရေးသားချက်များကြောင့် ဟုဆိုကာ ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ထို့အတူ ကရင်ပြည်နယ် မြဝတီမြို့၊အမှတ် (၄) ရပ်ကွက်နှင့် ဘားအံမြို့၊ အမှတ်(၆) ရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဆိုင်းဘုတ်ဖျက်သူများကို စိစစ်ဖော် ထုတ်လျှက်ရှိရာ အမှတ် (၉) ရပ်ကွက်နေ ကိုထက်နေလင်း (၂၇)နှစ်ကို ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိသူများကို ဆက်လက် စုံစမ်းဆဲအဖြစ် ထုတ်ပြန်ထားပါတယ်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့တွင်လည်း လှုံ့ဆော်စာကပ်သူများကို စိစစ်ဆဲဖြစ်ပြီး ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်မှ USDP မဲဆွယ် ဆိုင်းဘုတ်ဖျက်သူ အမျိုးသား ၂ ဦးအပြင် မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ်၌ ဖြစ်ပွားသည့် ဆိုင်းဘုတ်ဖျက်သူ(စုံစမ်းဆဲ)တို့ကိုပါ စစ်ကော်မရှင်က အမူဖွင့်ထားတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကြံ့ဖွံ့ပါတီ မဲဆွယ်စည်းရုံး ဟောပြောနေသော မှတ်တမ်း ဓာတ်ပုံများ အသုံးပြု၍“လူထုသတင်းစာတိုက်”အမည်ရှိ Facebook အကောင့်တစ်ခုမှ မဟုတ်မမှန် ရေးသားဖြန့်ဝေသည်ဆိုကာ အွန်လိုင်းတွင် ဖြန့်ချီသူကိုပါ ပြင်ဦးလွင် မြို့မရဲစခန်းတွင် ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ထို့နောက် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှ ဦးဆန်းလင်း(၆၀)နှစ်ကိုလည်း လမ်း၌စစ်ဆေးရာမှ ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်းအတွင်း Tiktok တွင် ရွေးကောက်ပွဲဆန့်ကျင် သုံးသပ်ချက်များ ပါဝင်သည့် စာနှင့် ဓာတ်ပုံများ တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထားပြီး ရွှေဘိုမြို့မရဲစခန်း၌ ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင် ထုတ် သတင်းစာက ဆိုပါတယ်။

မကြာသေးမီက ရွေးကောက်ပွဲဆန့်ကျင်စာများ ကပ်သည်ဟုဆိုပြီး အမျိုးသားနှစ်ဦးအား ထောင်ဒဏ် ၄၇ နှစ်အထိ ချမှတ်ကာ အမျိုးသမီးတစ်ဦးအား ၁၇ နှစ်ချမှတ်ခဲ့ပါတယ်။

#တိုင်း #ပြည်နယ် #၆ခု #ပြည်သူ #ရွေးကောက်ပွဲ #ဥပဒေ #အမှုဖွင့် # ဖမ်းဆီး # #ရွေးကောက်ပွဲ #စစ်ကော်မရှင် ゚ ゚

Address

Sagaing
02374

Alerts

Be the first to know and let us send you an email when Sagaing Network News - SNN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sagaing Network News - SNN:

Share

Welcome MICTV

Welcome MICTV