24/11/2025
ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စကမ ၏ စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ရာ၊ အကြမ်းဖက် စကမ တပ်များ အများအပြား သေဆုံးပြီး၊ စစ်ကြောင်း တပ်ပျက်ကာ ကစဥ့်ကလျားဖြင့် ထွက်ပြေး၊ အင်အားစုများဘက်မှ ထိခိုက်မှုမရှိ၊ ရန်သူ့ လက်နက်များ သိမ်းဆည်းနိုင်ခဲ့၊
=====================================
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်
၂၃.၁၁.၂၀၂၅ ရက်နေ့, နေ့လည် (၁၂)နာရီ အချိန်ခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း (၄)ရက်အကြာ ယာယီ တပ်အထိုင်ချပြီး ပျဥ်ထောင် (ပျူရွာ)သို့ ထွက်လာသော ကန့်ဘလူမှ နည်းဗျူဟာ (၃၃၂) + ခမရ(၁၁၁) + ကဘလ ပျူစောထီး စုစုပေါင်း ခန့်မှန်းအင်အား (၁၈၀) ခန့်ကို မုံလှ မှ ပျဥ်ထောင် (ပျူရွာ)သို့ အသွား လမ်းခုလတ် တစ်နေရာမှ စောင့်ကြို၍၊
အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅)ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ ပူးပေါင်းအင်အားတို့ဖြင့် အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ၊
အကြမ်းဖက် ရန်သူ့ဘက်မှ အများအပြား သေဆုံး၊ စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်ကာ၊ Death Bodyများ ချန်ထားခဲ့၍၊ နောက်ကြောင်းသို့ ကစဥ့်ကလျား ဆုတ်ပြေးသွားပြီး၊ ၎င်း အကြမ်းဖက်များ (ယာယီ) အထိုင်ချရာ မုံလှရွာထဲသို့ ထွက်ပြေးသွားကြောင်း၊
တော်လှန်ရေး အင်အားစုများဘက်မှ ထိခိုက်မှု (လုံးဝ) မရှိပါပဲ အကြမ်းဖက် ရန်သူ့တပ်၏ လက်နက်၊ ကျည်၊ ခဲယမ်း အများအပြားကို သိမ်းဆည်း၍ အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့၊
အဆိုပါ ထိတွေ့ တိုက်ပွဲတွင် ရန်သူဘက်မှ ငါးကြင်းမှီး(၁)လက်၊ MA-1(၁၀)လက်၊ MA-2(၃)လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ MA-3(၃)လက်၊ MA-4(၁)လက်၊ G-3(၄)လက်၊ MAS Sniper(၁)လက်၊ M1-(၅)လက်နှင့် ဆက်စပ် ကျည် ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရမိခဲ့ပါသည်။
ပူးပေါင်းစစ်ဆင်ရေး တပ်ဖွဲ့များ -
~ အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊
~ ခင်ဦးမြို့နယ် ပကဖ၊
~ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ၊
~ ခင်ဦးမြို့နယ် ပလဖ
မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ခင်ဦးမြို့နယ်