
12/11/2024
အလိမ်ညာမခံရစေဖို့ ကားအုံနာဘုတ်
ဝှီးတတ် အတုအစစ် လက်တွေ့ခွဲနည်း
============================
က.ည.န မှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်
တစ်စီးဖြစ်ကြောင်း မှန်ကန်ဖို့ဆိုရင် ကမ-၃ ( ခေါ် ) Car Owner Book နှင့် မော်တော်ယာဥ် နှစ်မျိုးစလုံး မှန်ကန်ဖို့ အဓိက လိုအပ်ပါတယ်။
တစ်ခုမေတ္တာရပ်ခံထားချင်တာက ဒီအကြောင်း
အ ရာတွေကို သိရှိနားလည်ပြီးတဲ့ လူကြီးမင်း
များလည်း များစွာရှိမှာပါ။ ဆိုလိုတာက လေ့လာသိရှိသလောက်လေးကို နားလည်သလိုလေး
မှီငြမ်းပြီး ရေးသားမျှဝေပေးခြင်းဖြစ်ပါတယ်။
Car Owner Book မှန်ကန်ဖို့ဆိုရင်
အကြမ်းဖျင်းတော့ အောက်ပါအချက်များနှင့်
ကိုက်ညီဖို့ လိုအပ်ပါတယ်.....
၁။ Car Owner Book စာအုပ် အဖုံး (cover) ၏ အသားအရောင်၊ အရွယ်အစား၊ ဒီဇိုင်း တွေကို
အရင်ဆုံး ကြည့်ရပါမယ်။ အခြေခံအားဖြင့်
စာအုပ်အချင်းချင်း ယှဥ်ပြီးကြည့်လျှင်
(အတု နဲ့ အစစ်)က ပိုပြီးသိသာပါတယ်။
စာအုပ်အရွယ်အစား တူ/မတူ၊ ဒီဇိုင်း တူ/မတူ၊ အရောင်ကာလာ တူ/မတူ၊ အသား တူ/မတူ
တွေကြည့်ရပါမယ်။ စာအုပ်အသား ဒီဇိုင်းကို
ကြည့်ခြင်းအားဖြင့်လည်း အထူအပါး အပျော့
အမာ ချောမွေ့မှု နူးညံ့မှုတွေကအစ အသေးစိတ်
ကြည့်ရင် (အတု နဲ့ အစစ်)ကွာခြားမှုကို
တွေ့နိုင်ပါတယ်။ မှ ဓာတ်ပုံ နှင့်တကွ ယှဥ်တွဲဖော်ပြပေးထားပါတယ်။
၂။ Car Owner Book စာအုပ်အဖုံး၏
အတွင်းစာမျက်နှာမှာ ကားတွင်ပါရှိသည့်
ဘောင်အမှတ်ကို ခဲခြစ်ထားသည့်
ဘောင်အမှတ်ခဲခြစ်လေး ပါရှိရပါမယ်။
အဲ့ဒါလေးက ကားမှာပါရှိတဲ့ ဘောင်အမှတ် နှင့် တူညီရပါမယ်။ နောက်တစ်ခုက ဟိုလိုဂရမ်လို့
ခေါ်တဲ့ ရွှေရောင်အရွက်လေး (V 19..) စသည်ဖြင့်ကပ်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။
၃။ Car Owner Book စာအုပ်၏ ပထမ
စာမျက်နှာမှာ ပါရှိတဲ့ ယာဥ်နှင့် သက်ဆိုင်တဲ့ အချက်အလက်များ၊ အတည်ပြုသူတို့၏
လက်မှတ်များ ကိုလည်းကြည့်ရပါမယ်၊
အောက်နားမှာလည်း ဟိုလိုဂရမ် တစ်ခု
ပါရှိပါသေးတယ်။ ပထမ ဟိုလိုဂရမ်က
( V 19..) ဆိုတော့ ဒီဟိုလိုဂရမ်နံပါတ်က
(V 20..) ဖြစ်နေမှာပါ။
( ပထမ ဟိုလိုဂရမ်နံပါတ်ထက်အမြဲတမ်း
တစ်ခုပိုတဲ့သဘောပါ )
၄။ Car Owner Book စာအုပ်၏ ရှေ့/နောက် အဖုံးအတွင်းကို အနက်ရောင် စက္ကူသားစာရွက်လေးပါရှိ ပါတယ်။ ( စာရွက် အထူ အပါး အရည်အသွေးကို ကြည့်ရပါမယ် )
၅။ Car Owner Book စာမျက်နှာများ၏ အလယ်ရှိ ကြိုးလေးသည် လေစာဓာတ်မီးနှင့် ထိုးကြည့်လျှင် အဏုဖြူရောင်လေး တွေ့မြင်ရပါမယ်။
၆။ နောက်တစ်ခုကတော့ ကားနှင့်တပါတည်းပါဆောင်ရမည့် CVR (ခေါ်) ကားဝှီးတက်/ အဝိုင်း ပါရှိရပါမယ်။ CVR မှာ ယာဥ်ဓာတ်ပုံ ၊ ဟိုလိုဂရမ် နှင့် ဘားကုတ်တို့ကို ကြည့်ရပါမယ်။ လေစာဓာတ်မီးနှင့် ထိုးကြည့်လိုက်လျှင် အဏုဖြူရောင် ကညန Logo ကိုတွေ့မြင်ရမှာပါ။ ဟိုလိုဂရမ်ကို မီးထိုးကြည့်လျှင်လည်း ကညန Logo ကို တွေ့မြင်ရမှာပါ။ ဘားကုတ် ကတော့ ဆော့ဝဲလ်ရှိရင် Scan ဖတ်ကြည့်လို့ရပါတယ်။
အထက်ဖော်ပြပါ အချက်အလက်တွေကို ကြည့်ရင် သာမန်အားဖြင့်တော့ လုံလောက်ပြီလို့ ထင်ပါတယ်။ အထူးသဖြင့် ကားလောကမှာက အားလုံးသိတဲ့အတိုင်းပဲ အသေးစိတ်ကအစ ကြည့်နိုင် လေ့လာနိုင်မှ တော်ကာကျတာပါ။ ထို့ကြောင့် လိုအပ်ချက်များရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျာ။ လူကြီးမင်းတို့ရဲ့ အသိအမြင်၊ အတွေ့အကြုံများကိုလည်းလေးစားပါကြောင်း နှင့် ရောင်းမှား/ ဝယ်မှား အန္တရာယ်မှ ကင်းဝေးကြပါစေ.....🙏🙏🙏
crd