28/02/2026
ဒီနေ့ကိုဖိုးချစ်ရဲ့ ပြန်လည်ဖြေရှင်းတဲ့ အင်တာဗျူးလေးကိုကြည့်လိုက်ရတော့ သူ့ကိုသနားလိုက်တာဗျာ နှစ်ပေါင်းများစွာ ပေးဆပ်လုပ်ကိုင်လာခဲ့တာ သူ့ရဲ့စိတ်ထားကလဲ အမြဲတမ်းဖြူစင်ခဲ့တာ နာမည်ပျက်လဲလုံးဝမရှိခဲ့ဖူး ခု ပွဲပိတ်တဲ့ကိစ္စနဲ့ သူ့ကိုဝိုင်းဆဲ ဝိုင်းပြောနေကြတာကို မဆိုင်ပဲခံနေရသလို ဖြစ်နေတော့ သူလဲ အတော်စိတ်ထိခိုက်နေတာပေါ့ 😞 ဒီကြားထဲပြောလိုက်သေးတယ် မနာလို လို့တဲ့ ဒီစကားကြားတော့ရီချင်လိုက်တာ ကျနော်ကဇာတ်ပွဲတွေလဲကြိုက်တတ်သူမဟုတ်ပါဘူး ဒါပေမယ့် သူကြိုးစားခဲ့ပုံ အောင်မြင်ခဲ့ပုံတွေကို ဟိုးအရင်ကတည်းကမမြင်ချင်မကြားချင်မှ အဆုံး တကယ်တော်တဲ့သူပါ စန်းဆိုတာထက် သူ့ရဲ့ကြိုးစားအားထုတ်မှု့ကပိုများပါတယ် ဒါကိုမနာလိုလို့ဆိုတာကတော့တကယ်ရီစရာပါ ဦးကျော်ပြောသလိုဆို ဆယ်နှစ်ဆယ်နှစ်လိုက်တောင် ယှဥ်လို့မရပါဘူး မတူပါဘူး။ ကိုယ်နဲ့မဆိုင်သော်လဲ ကိုဖိုးချစ်အတွက်စိတ်မကောင်းလို့ရေးလိုက်ပါသည် ဒီနေ့ပြောပုံဆိုရင် သူသဘင်ဥက္ကဋ္ဌရာထူးကနားတော့မယ်လို့ထင်တယ်။