Hi Moms

Hi Moms မိခင်တွေနဲ့ အတူတူရှိနေမယ့် Hi Moms! ကို Follow & Subscribe လုပ်လိုက်ပါ Hi Moms! You can track your pregnancy and baby's growth everyday.

we are the parenting channel on Facebook and YouTube created by moms, for moms, our content and tips to take care of themselves and their baby & kids with love. We committed to providing the most helpful and trustworthy pregnancy and parenting information. Please follow us on Facebook and Subscribe on YouTube.

Hi Mom … ပျော်ရွှင်စရာ အမေများနေ့ ဖြစ်ပါစေမေမေတို့ရေ 🎉🎉🎊🎊♥️ဒီနေ့လေးကတော့ မိသားစုလေးကို အမြဲချစ်ခြင်းမေတ္တာ၊ အနစ်နာခံမှုတ...
14/05/2023

Hi Mom … ပျော်ရွှင်စရာ အမေများနေ့ ဖြစ်ပါစေမေမေတို့ရေ 🎉🎉🎊🎊♥️

ဒီနေ့လေးကတော့ မိသားစုလေးကို အမြဲချစ်ခြင်းမေတ္တာ၊ အနစ်နာခံမှုတွေ ဖြည့်ဆည်းပေးနေတဲ့မေမေစူပါဟီးရိုးများကို ဂုဏ်ပြုသတ်မှတ်ပေးထားတဲ့ ‘အမေများနေ့ ‘ ဖြစ်တဲ့အတွက် မေမေများအားလုံး ဒီနေ့မှာလဲ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ♥️

ကလေးနို့တိုက်နေချိန်အတွင်း စားသင့်တဲ့ သစ်သီးများ 🍎🍏🍊🍌🫐🍓🍒🍇  ဟိုင်း မေမေရေ . . . မေမေက ကလေးနို့တိုက်နေတဲ့နေတဲ့ မိခင်လား? ဒ...
28/04/2023

ကလေးနို့တိုက်နေချိန်အတွင်း စားသင့်တဲ့ သစ်သီးများ 🍎🍏🍊🍌🫐🍓🍒🍇

ဟိုင်း မေမေရေ . . . မေမေက ကလေးနို့တိုက်နေတဲ့နေတဲ့ မိခင်လား? ဒါဆိုရင်တော့ မေမေနို့တိုက်နေတဲ့ ကာလအတွင်း ခနွာကိုယ်မှာ အာဟာရတွေ စုံလင်နေစေဖို့အတွက် စားပေးရမဲ့ သစ်သီးတွေ ရှိပါတယ်။

🍎🍏 သစ်သီးတွေက မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များရဲ့အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး ဗီတာမင် A နှင့် C ချို့တဲ့ခြင်းမှ ကာကွယ်ပေးပါတယ်နော်။ သစ်သီးများက ပိုတက်စီယမ်၊ ဖောလိတ်နဲ့ antioxidants စတဲ့အရေးကြီးအာဟာရဓာတ်များ ကြွယ်ဝတာကြောင့် နို့တိုက်မိခင်များရဲ့ အစားအသောက်များထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖြည့်စွက်စာများလဲ ဖြစ်ပါတယ် ။ ဒါကြောင့် မေမေတို့ နို့တိုက်နေချိန်မှာ စားသင့်တဲ့ အကောင်းဆုံး အသီးအနှံတွေအကြောင်း တစ်ပုံချင်းစီ ပြောပြပေးချင်ပါတယ်နော်။

ဟိုင်း မေမေတို့ရေ … မွေးကင်းစကလေးငယ်အတွက် နေ့တိုင်း (၁)နာရီမှ (၃)နာရီ တစ်ကြိမ် နို့တိုက်ကျွေးဖို့ လိုအပ်ပါတယ်နော်။ ဒီလို...
19/04/2023

ဟိုင်း မေမေတို့ရေ … မွေးကင်းစကလေးငယ်အတွက် နေ့တိုင်း (၁)နာရီမှ (၃)နာရီ တစ်ကြိမ် နို့တိုက်ကျွေးဖို့ လိုအပ်ပါတယ်နော်။ ဒီလို လိုအပ်တာကြောင့် နို့တိုက်တဲ့အခါ ပထမဆုံးရက်တွေမှာ ခါးနာတာ အဖြစ်များပါတယ်။ ပထမဆုံး ကလေးမွေးထားတဲ့ မေမေအသစ်တွေဆိုရင် နို့တိုက်တာကို ပုံစံတကျ သိသေးမှာ မဟုတ်တဲ့အတွက် မကြာခဏ ခါးနာတတ်ပါတယ်။ ဒီလို ဖြစ်တာဟာ နို့တိုက်မိခင်များအတွက် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပြီး နာတာရှည်ရောဂါအနေနဲ့တောင် ဖြစ်သွားနိုင်ပါတယ်။

နို့တိုက်နေတဲ့အခါ ခါးနာတာကို ဖြစ်စေနိုင်ပေမဲ့လည်း သေချာဂရုတစိုက်နဲ့ စနစ်တကျနဲ့ တိုက်ပေးသွားရင်တော့ ခါးနာခြင်းကို သက်သာစေမှာလဲ ဖြစ်ပါတယ်။ တခါတလေ ခါးနာတာနဲ့အတူ ကျောနာတာပါကိုပါ တွဲပြီး ခံစားရလေ့ရှိလဲ ရှိတာကြောင့် ဒီလို နာတာတွေ သက်သာစေဖို့အတွက် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

နို့တိုက်နေတဲ့အချိန် ခါးနာခြင်းကို ဘာလို့ဖြစ်စေတာလဲ❓❓❓

ပြောရရင်တော့ ပုံစံမကျတဲ့ နို့တိုက်ခြင်းတို့ကြောင့်ပါ။ ဥပမာ- ခါးကုန်းပြီး နို့တိုက်တာတို့၊ ကလေးကို ချီပြီး နို့တိုက်တာတို့၊ တခါတလေ တွေ့ရာနေရာမှာ ထိုင်ပြီး နောက်က အခုအခံမပါပဲ နို့တိုက်တာတို့ စတာတွေကို လုပ်ပါများတဲ့အခါ ကျောအနောက်ဘက်မှာ ရှိတဲ့ ကြွက်သားတွေဟာ တောင့်တင်းလာပြီး ခါးနာတာ၊ ကျောနာတာတွေကို ခံစားလာစေပါတယ်။

နို့တိုက်နေချိန်အတွင်း ခါးနာတာကို သက်သာစေဖို့အတွက် 🤱🤱🤱

✅ မှန်ကန်တဲ့ ကိုယ်နေဟန်ထားပုံစံနဲ့ နို့တိုက်ပေးပါ။ ဥပမာ- နို့ထိုင်တိုက်မဲ့ ခုံပေါ်မှာ ကျောနောက်မှာ ခေါင်းအုံးခံထားပြီး ကလေးကိုလဲ နို့တိုက်တဲ့အခါ မေမေက အောက်အရမ်းငုံ့ပြီး မတိုက်ရအောင် လက်ပေါ်မှာ ခေါင်းအုံးထားပြီး ကလေးကို တင်ထားပြီး နို့တိုက်ပါ။

✅ ဘယ်မှာပဲထိုင်တိုက်တိုက် မေမေသက်တောင့်သက်သာရှိမဲ့ နေရာမျိုးမှာသာ တိုက်ပါ။
ကလေးကို အိပ်ရာထဲမှာ ထားပြီး မေမေတို့အနေနဲ့ လှဲလျောင်းပြီးလဲ တိုက်နိုင်ပါတယ်။

✅ အိပ်ရေးဝဝ အိပ်ပါ။ ကလေးအိပ်တဲ့အချိန် မေမေတို့လဲ ခဏတာ လိုက်အိပ်ပျော်အောင် ကြိုးစားဖို့လိုပါတယ်။ ဘာကြောင့်လဲ အိပ်ရေးမဝတာကလဲ ခါးနာခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။

ဒါကြောင့် နို့တိုက်မေမေများအနေနဲ့ နို့တိုက်နေတဲ့အချိန်အတွင်း ခါးနာခြင်းကို ရေရှည်ကို မပါသွားကြစေဖို့ ပြောပြခဲ့တဲ့ အချက်လေးတွေကို
သတိထားပြီး နို့တိုက်ပေးကြပါလို့
ပြောပြပေးလိုက်ပါတယ်နော်။

👩‍👧👩‍👦👩‍👧👩‍👦 ကလေးမွေးပြီးနောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုကို အာရုံစိုက်တဲ့အခါ ကိုယ်အလေးချိန် လျော့ကျစေရုံသာမက ခ...
31/03/2023

👩‍👧👩‍👦👩‍👧👩‍👦 ကလေးမွေးပြီးနောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုကို အာရုံစိုက်တဲ့အခါ ကိုယ်အလေးချိန် လျော့ကျစေရုံသာမက ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် မေမေ့ရဲ့တိုးတက်မှုကို သိသိသာသာ ပြောင်းလဲသွားစေနိုင်တဲ့ စားသောက်မှု အလေ့အထငါးခုကို ပြောပြပေးထားပါတယ် 💁🏻‍♀️💁🏻‍♀️💁🏻‍♀️

✅ ဗိုက်ဆာတဲ့အခါတိုင်း စားပါ။
✅ အလယ်အလတ်ပမာဏနဲ့ ဖြည်းဖြည်းချင်းစားပါ။
✅ ကျန်းမာသောအဆီများ စားပါ။
✅ အစားအစာတိုင်းတွင် ပရိုတင်းဓာတ် ပါဝင်ပါ။
✅ အစားအစာတိုင်းတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ထည့်သွင်းပါ။

👩‍👧👩‍👦👩‍👧👩‍👦ဒီအရာများအားလုံးက အလွန်ကြီးကျယ်ပြီး ခက်တယ်လို့ ထင်ရပေမဲ့လည်း ဒါတွေက ခန္ဓာကိုယ်အတွက် အကောင်းဆုံး ကျန်းမာရေးအလေ့အကျင့် ဖြစ်ပြီး အရေးအကြီးဆုံးက ကလေးရဲ့ ကျန်းမာရေးလဲ ဖြစ်ပါတယ်။ ဒီလိုအချက်တွေမှာ ကျန်းမာပျော်ရွှင်တဲ့မိခင်ဆိုတာ ကျန်းမာပျော်ရွှင်တဲ့ကလေးငယ်လို့လည်း ဆိုလိုပါတယ်။

👩‍👧👩‍👦👩‍👧👩‍👦မိခင်ဘဝက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကြီးမားစွာထိခိုက်စေတာကြောင့် မေမေ့ခန္ဓာကိုယ်က ပုံမှန်ကျန်းမာတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုနဲ့အတူ ကိုယ်ဝန်မဆောင်ခင် အခြေအနေကို ပြန်သွားဖို့ နေ့စဉ် လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ အရေးကြီးပါတယ်နော်။

ဟိုင်း ... မေမေတို့ရေ ကိုယ်ဝန်အစောပိုင်းအချိန်မှာ မေမေတို့အတွက် မိခင်နို့ရည် ထွက်ရှိလာနိုင်ဖို့အတွက် စတင်ပြင်ဆင်လာတဲ့ ဟေ...
30/03/2023

ဟိုင်း ... မေမေတို့ရေ ကိုယ်ဝန်အစောပိုင်းအချိန်မှာ မေမေတို့အတွက် မိခင်နို့ရည် ထွက်ရှိလာနိုင်ဖို့အတွက် စတင်ပြင်ဆင်လာတဲ့ ဟော်မုန်းများ မြန်စွာများပြားလာတာကြောင့် မေမေတို့ရဲ့ ရင်သားတွေက နူးညံ့လာတာ၊ လေးလာတာ၊ တင်းကျပ်တာနဲ့ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ နို့သီးခေါင်းလေးတွေအနေနဲ့ကတော့ ထိခိုက်မခံနိုင်လောက်အောင် ပိုပြီးနာကျင်တတ်ကြပါတယ်။

ဒီလိုဖြစ်တာက ရာသီမလာခင်အချိန်မှာ ခံစားရလေ့ရှိတဲ့ နာကျင်ခြင်းထပ် ပိုများနိုင်ပါတယ်။ ဒါမဲ့ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဒီလိုရင်သားနာတာတွေကလဲ ပျောက်သွားနိင်ပါတယ်။

ကိုယ်ဝန်ရှိပြီး ၁ပတ်ကနေ နှစ်ပတ်အတွင်း ရင်သားနဲ့ နို့သီးခေါင်းတို့ကနေ နာကျင်လာပါတယ်။ ဒီလိုဖြစ်တာက ကိုယ်ဝန်သုံးလအထိ ဖြစ်နေနိုင်ပါတယ်။
ကိုယ်ဝန်ရှိလာတဲ့အခါ မေမေတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲနေတာကြောင့် ပြင်းထန်ဆိုးရွားတဲ့ ပင်ပန်းနွမ်းနယ်တာတွေကိုလဲ မေမေတို့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ရင်သားနာကျင်တာတွေနဲ့ ပင်ပန်းနွမ်းနယ်တာတွေကလဲ ပျောက်သွားတတ်ပါတယ်နော်။
ဒုတိယသုံးလပတ်အတွင်းမှာ မေမေတို့ရင်သားတွေက ပိုကြီးပြီး ပိုလေးလာပါတယ်။ ဒါကြောင့် ပိုကြီးပြီး ပံ့ပိုးပေးမယ့် ဘရာစီယာတွေကို ဝယ်ယူဖို့ လိုအပ်ပါတယ်နော်။

(၁၆) ပတ်ကနေ (၁၉) ပတ်အတွင်း မေမေတို့ရင်သားကနေ နို့ရည်ကြည်များ စိမ့်ထွက်ပြီး အဝါရောင်ရှိတဲ့ နို့ရည်လေးတွေ စတင်ထွက်လာနိုင်ပါတယ်။ မထွက်လာရင်လဲပဲ စိုးရိမ်စရာတော့ မရှိပါဘူးနော်။ နေ့တိုင်း ပုံမှန်လုပ်ပေးရမှာကတော့ ကလေးလေးမွေးလာရင် မိခင်နို့တိုက်ဖို့အတွက် ရေချိုးတိုင်း ရင်သားနဲ့ နို့သီးခေါင်းလေးတွေကို သန့်ရှင်းပြီး ချေးညှော်ကင်းနေအောင် သေချာသန့်စင်ဖို့ အရေးကြီးလှပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာက ပုံမှန်ဖြစ်ပေမဲ့ နို့သီးခေါင်းမှ သွေးထွက်တာ ဒါမှမဟုတ် အနံ့ဆိုးတဲ အရည်များထွက်လာတာ၊ ရင်သားမှာ အဖုကို စမ်းမိတာ၊ ရင်သားက နီပြီး ယားယံလို့ မေမေတို့မှာ အဖျားတွေတက်လာတာ စတာတွေဖြစ်လာရင်ခဲ့တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်တယ်လို့ အကြံပေးလိုက်ပါတယ်နော်။



Photo: verywell

29/03/2023

ကလေးလေးတွေရဲ့ အာဟာရပြည့်စုံလုံလောက်စေဖို့အတွက် အစားစကျွေးတဲ့အခါမှာ မပါမဖြစ်
ထည့်ကျွှေးပေးရမဲ့ အစားအစာတွေကို video လေးထဲမှာ ဖော်ပြပေးထားပါတယ်နော် 🥬🥒🥐🥚🫕🍚

ဟိုင်း … မေမေတို့ရေ ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးပေါင်ကျတာတွေ၊ သွေးပေါင်တက်တာတွေ ကတော့ ရှိနေမှာပါနော်။ ဒါမဲ့ သွေးပေါင်အတက...
29/03/2023

ဟိုင်း … မေမေတို့ရေ ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးပေါင်ကျတာတွေ၊ သွေးပေါင်တက်တာတွေ ကတော့ ရှိနေမှာပါနော်။ ဒါမဲ့ သွေးပေါင်အတက်အကျ ရှိခြင်းကို ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ရမှာပါ။ သွေးတိုးတာ သွေးပေါင်တက်တာဟာ ပုံမှန်အချိန်မှာတောင် အန္တရာယ်ရှိနိုင်တာကို မေမေလောင်းတို့ သိထားပြီး ဖြစ်မှာပါနော်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးမတိုးအောင်၊ သွေးပေါင်ချိန် တက်မလာဘဲ ပုံမှန်လေး ဖြစ်နေအောင် လုပ်ဆောင်ရပါမယ်။

❌❌❌ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးတိုး၊ သွေးတက်စေမယ့် အစားအစာတွေကို ရှောင်ရပါမယ်။ ဒူးရင်းသီးလိုမျိုး သွေးတက်စေတဲ့ အစားအစာတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝ စားလို့ မရတာမျိုး မဟုတ်ပေမယ့် သတိထားစားရမှာပါ။ သွေးဖိအားများစေတဲ့ အစားအစာတွေ စားမယ်ဆိုရင် မေမေလောင်းတို့မှာ ခေါင်းမူးတာတွေ ရှိလာနိုင်တဲ့အပြင် ခြေလက် ဖောယောင်တာတွေလည်း ဖြစ်တတ်ပါတယ်။သွေးတိုးလို့ မူးလဲတာကလည်း ဆိုးပါတယ်နော်။ သန္ဓေသားကို ထိခိုက်သွားစေနိုင်ပါတယ်။

💦💦💦ရေဓါတ်ပြည့်နေအောင်လဲ ကြိုးစားနေရပါမယ်။ ရေဓါတ်က သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အပူချိန်ကိုလည်း မျှတစေပါတယ်။ ဒါကြောင့် ရေသောက်ပါ။ ရေဓါတ်များများ ရတဲ့ အစားအစာတွေ စားပါ။

🩸🩸🩸ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးတိုးတာက သန္ဓေသားလေး ဖွံဖြိုးတာကို မမျှမတ ဖြစ်စေနိုင်ပြီးကောင်းစွာ ဖွံ့ဖြိုးဖို့ ခက်နိုင်ပါတယ်တဲ့။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးမယ်ဆိုရင် သန္ဓေသားလေးရဲ့ အသက်ရှူခြင်းဆိုင်ရာတွေမှာ ပြသနာရှိနိုင်တာမို့ ဂရုစိုက်ပါနော်။

🙋🏻‍♀️🙋🏻‍♀️🙋🏻‍♀️ခန္ဓာကိုယ်အလေးချိန်ထိန်းထားရပါမယ်နော်။သွေးမလေးစေဖို့အတွက် တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေပေးပြီး စိတ်ဖိစီးမှုတွေပါ လျှော့ချရမယ်နော်။ သွေးတိုးလို့ လုံးဝမဖြစ်ဘူးနော်။ 🙋🏻‍♀️🙋🏻‍♀️🙋🏻‍♀️

ဟိုင်း မေမေတို့ရေ … ချက်ကြိုးဆိုတာ မေမေနဲ့ ကလေးလေးရဲ့ ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော သံယောဇဉ်ကြိုးလေးပါ။ မေမေတို့ ကိုယ်ဝန်ဆေ...
28/02/2023

ဟိုင်း မေမေတို့ရေ … ချက်ကြိုးဆိုတာ မေမေနဲ့ ကလေးလေးရဲ့ ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော သံယောဇဉ်ကြိုးလေးပါ။ မေမေတို့ ကိုယ်ဝန်ဆောင်နေချိန်မှာ သန္ဓေသားလေးရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးတာကလည်း ချက်ကြိုးပါပဲ။ သန္ဓေသားလေးကာလမှာ အောက်ဆီဂျင်နဲ့ အာဟာရတွေကို ချက်ကြိုးဆီကပဲ ရတာပါ။

ကလေးမွေးပြီးတဲ့အခါမှာတော့ ဒီချက်ကြိုးကို ဖြတ်ပစ်ရပါပြီ။ ချက်ကြိုးဖြတ်ပြီးတဲ့အခါမှာ ချက်ငုတ်လေးတွေ ကျန်ခဲ့နိုင်ပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ခြောက်ပြီးကြွေကျသွားတာပါ။ ဒီလိုအချိန်တွေမှာ ချက်ကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။

ချက်ငုတ်ကို ဂရုမစိုက်ဘူးဆိုရင် ဝမ်းဗိုက်နံရံမှာ ဘက်တီးရီးယားတွေကြောင့် ယောင်ရမ်းလာနိုင်ပြီး ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ချက်ငုတ်ကို သန့်ရှင်းနေအောင်ထားဖို့ လိုပါတယ်။ သေးခံလဲလှယ်ပြီးတဲ့အခါမှာ အစိုဓါတ်တွေ မကျန်စေဖို့နဲ့ ချက်ငုတ်နေရာကို နူးညံံ့ခြောက်သွေ့တဲ့ အဝတ်စနဲ့ ဂရုတစိုက် သန့်ရှင်းပေးဖို့ လိုပါတယ်။ အရက်ပြန် သုံးတာက အနာပျောက်ကင်းစေတဲ့ အချိန်ကို ပိုကြာစေတာမို့ ချက်ငုတ်ပေါ်မှာ အသုံးမပြုဖို့ အကြံပြုထားပါတယ်။ ချက်ငုတ်ကို ဟိုဟာလိမ်း၊ ဒါလိမ်းတွေ လုံးဝမလုပ်ရပါဘူး။

ချက်ငုတ်မကြွေခင်အချိန်တွေမှာ အင်္ကျီဝတ်ပေးတာမျိုးတွေ မလုပ်တာ ကောင်းပါတယ်။ ရေချိုးတဲ့အခါမှာလဲ ရေထဲနှစ်ပြီးချိုးပေးတာထက် ရေမြှုပ်၊ဖော့ စတာတွေနဲ့ချိုးပေးတာက ပိုပြီးသင့်လျော်ပါတယ်။ ချက်ငုတ်ကို ပျောက်ချင်ဇောအားကြီးပြီး ဆွဲနှုတ်တာ ဆွဲထုတ်တာ ဖဲ့တာမျိုးမလုပ်ပါနဲ့။ ချက်ကြိုးကို သဘာဝအတိုင်းကြွေကျစေတာဟာ ကလေးငယ်ရဲ့ဘေးကင်းလုံခြုံမှုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။

မေမေတို့ နောက်ထပ်သတိပြုရမယ့် အချက်ကတော့ ချက်ငုတ်ကနေ အဖြူရောင်၊ အဝါရောင် ပြည် ရည်တွေ ထွက်လာခြင်း၊ နီရဲပြီး ယောင်ရမ်းနေခြင်း၊ အနံ့ဆိုး ပြင်းပြင်းထန်ထန် ရခြင်း၊ သွေးအဆက်မပြတ်ထွက်တာတွေ ရှိလာခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်နော်။

ဟိုင်း မေမေတို့ရေ . . . ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားရှောင်ခြင်းက သားအိမ်အတွင်းမှာ ရှိနေတဲ့ ကလေးအပေါ် ဘယ်လိုအကျိုးသက်ရော...
20/02/2023

ဟိုင်း မေမေတို့ရေ . . . ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားရှောင်ခြင်းက သားအိမ်အတွင်းမှာ ရှိနေတဲ့ ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေတာလဲဆိုတာလေး Himoms မှမျှဝေပေးချင်ပါတယ်🤰🏻🤰🏻🤰🏻🤰🏻

ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားရှောင်ခြင်းက သားအိမ်တွင်းရှိ ကလေးငယ်ကို ချက်ချင်း မထိခိုက်စေသော်လည်း ရေရှည်မှာတော့ အကျိုးသက်ရောက်မှုလေးတွေ ရှိနေတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားရှောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ အာဟာရချို့တဲ့ခြင်းက သန္ဓေသားကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးနေတဲ့ ကိုယ်တွင်းအင်္ဂါများကလည်း အာဟာရဓာတ်မလုံလောက်မှုကြောင့် အမြဲတမ်း ချို့ယွင်းသွားတတ်ပါတယ်။ နောက်အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ကျောက်ကပ်ဆိုင်ရာ ပြဿနာများနှင့် ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အစားရှောင်လိုက်တာကြောင့် အာဟာရကန့်သတ်ချက်များက ကော်တီဆောဟော်မုန်းအဆင့်ကို မြင့်တင်ပေးနိုင်ပြီး ကလေးများတွင် မှတ်ဥာဏ်ချို့ယွင်းမှုဖြစ်စေနိုင်တယ်လို့လဲ ဆိုပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ တားမြစ်ထားတဲ့အစားအစာတွေက လွဲလို့ ကျန်တဲ့အစားအစာများကို သင့်တင့်မျှတစွာ အကုန်စားပေးပါလို့ မျှဝေပေးလိုက်ပါတယ်နော်။

ကလေးများအတွက် ကြက်သားရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ 🍗🍗🍗🍗🍗ဟိုင်း မေမေတို့ရေ …. ကြက်သားမှာ  များပြားလှတဲ့ အာဟာရဓါတ်တွေ ပ...
17/02/2023

ကလေးများအတွက် ကြက်သားရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ 🍗🍗🍗🍗🍗

ဟိုင်း မေမေတို့ရေ …. ကြက်သားမှာ များပြားလှတဲ့ အာဟာရဓါတ်တွေ ပါဝင်တာကြောင့် ကလေးတွေအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်ပါတယ်နော်။ ဒါကြောင့် ဘာကြောင့် ကလေးကို ကြက်သားကျွေးသင့်တာလဲဆိုတာကို Himoms မှပြောပြပေးချင်ပါတယ်။

🍗 ကြွက်သားတွေကို ကောင်းမွန်စွာ ကြီးထွားစေခြင်း

ကြက်သား 100 ဂရမ်မှာ ပရိုတင်း 18.6 ဂရမ် ပါဝင်ပြီး ချက်ပြုတ်တဲ့အ‌ပေါ် မူတည်ပြီး ပမာဏတိုးလာပါတယ်။ ပရိုတင်းက ကြွက်သားကြီးထွားမှုကို လွယ်ကူချောမွေ့စေတာကြောင့် ကလေးကြီးထွားမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

🍗 သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေခြင်း
ကြက်သားမှာ သွေးနီဥများ ကြီးထွားဖို့အတွက် လိုအပ်တဲ့ သံဓာတ်ပါဝင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်ပြီး သွေးကြောများကို ကောင်းမွန်စေပါတယ်။

🍗 အရိုးများအတွက် အထူးကောင်းမွန်ခြင်း

ကြက်သား 100 ဂရမ်မှာ ကယ်လ်စီယမ် 15mg နှင့် phosphorus 182mg ပါဝင်ပါတယ်။ ဒီသတ္တုဓာတ်နှစ်မျိုးလုံးက အရိုးများသန်မာစေရန်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

🍗 ဗီတာမင်များက ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း

ကြက်သားမှာ ဗီတာမင် C နှင့် A အပါအဝင် ဗီတာမင် B12 ကြွယ်ဝစွာ ပါဝင်ပြီး မွေးကင်းစကလေးငယ်များရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ cobalamin လို့ခေါ်တဲ့ ဗီတာမင် B12 လည်း ပါဝင်ပါတယ်။

🍗 ကျန်းမာတဲ့ ကိုယ်ခံစွမ်းအားအတွက် အာဟာရဓာတ်များခြင်း

ကြက်သားမှာ ဇင့်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရဓာတ်များ ပါဝင်ပြီး ကျန်းမာတဲ့ ကိုယ်ခံအားကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

ကိုယ်ဝန် (၄)လမှာ ဘယ်အစားအစာတွေ ရှောင်သင့်လဲ ???❌❌❌မေမေတို့ရေ . . . ကိုယ်ဝန်လေးလ ထဲရောက်လာပြီလား။ ဒါဆိုရင်တော့ ပြီးခဲ့တဲ့...
09/02/2023

ကိုယ်ဝန် (၄)လမှာ ဘယ်အစားအစာတွေ ရှောင်သင့်လဲ ???❌❌❌

မေမေတို့ရေ . . . ကိုယ်ဝန်လေးလ ထဲရောက်လာပြီလား။ ဒါဆိုရင်တော့ ပြီးခဲ့တဲ့ သုံးလထပ် ပိုပြီး နေလို့ ထိုင်လို့ ကောင်းလာမှာ ဖြစ်သလို အစားအသောက်လဲ စားရတာ ပိုအရသာ ရှိလာမှာပါနော်။
ကိုယ်ဝန်က လေးလပိုင်းထဲ ရောက်တာနဲ့အမျှ ပျို့ချင်တာ၊ ဝမ်းပျက်တာ၊ အော့အန်တာ စတာတွေကနေ ကင်းဝေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ပြီးခဲ့တဲ ကိုယ်ဝန်သုံးလတုန်းက မေမေ စားချင်ခဲ့တဲ့ အစားအစာတွေကိုလဲ အရမ်းစားချင်နေပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာပြီး ဘေးကင်းလုံခြုံတဲ့ ကိုယ်ဝန်ရဖို့အတွက် ဘာတွေလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ကိုယ်ဝန်လေးလထဲ ရောက်လာတဲ့အခါမှ ရှောင်စားသင့်တဲ့ အစားအစာတချို့ကို ဖော်ပြပေးချင်ပါတယ်နော်။

❌ ချိစ်များက ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာကြောင့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များကို ခိုအောင်းစေနိုင်စေနိုင်တာမို့ ချိစ့်ပျော့ပျော့ စားတာကို ရှောင်ဖို့ လိုအပ်ပါတယ်။ အရမ်းစားချင်နေရင်တော့ ချိစ့်အမာကိုတော့ စားပေးနိုင်ပါတယ်။

❌ ပင်လယ်ငါးတွေမှာ သန္ဓေသားရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်စေနိုင်တဲ့ methylmercury ဒြပ်ပေါင်းပါဝင်တာကြောင့် ပင်လယ်ငါးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်နော်။ ငါးစားချင်လာရင် ပင်လယ်ငါးအစား ရေချိုငါးတွေကို စားပေးလို့ ရပါတယ်။

❌ လမ်းဘေးအစားအစာတွေက အရမ်းစားချင်စရာပုံစံတွေ ဖြစ်နေပေမဲ့ အစားအစာတွေရဲ့ သန့်ရှင်းမှုနဲ့ လတ်ဆတ်မှုတို့ကို အာမခံလို့ မရပါဘူး။ လမ်းဘေးအစားအစာများက တခါတလေမှာ အစာအဆိပ်သင့်တာနဲ့ အူရောင်ငန်းဖျားစတဲ့ အခြားရေမှတစ်ဆင့် ကူးစက်သောရောဂါများကို ဖြစ်စေနိုင်တာမို့ လမ်းဘေးအစားအစာ စားခြင်းကိုလဲ တားမြစ်ထားပါတယ်။

❌ ကိုယ်ဝန်ဆောင်မေမေတွေကို ကဖိန်းဓါတ်ပါတဲ့ အရည်များ သောက်တာကို ‌လျှော့ဖို့ ဒါမှမဟုတ် တတ်နိုင်ရင် မသောက်ဖို့ အားလုံးက အကြံပြုထားပါတယ်။ ဘာလို့လဲဆိုတော့ ကလေးရဲ့ ခန္ဓာကိုယ်က ကဖိန်းဓာတ်ကို အပြည့်အဝ မလုပ်ဆောင်နိုင်သေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကဖိန်းဓါတ်က အချင်းအတွင်းရှိ သွေးကြောများကို ကျဉ်းစေခြင်းဖြင့် သန္ဓေသားထံသို့ လုံလောက်တဲ့ သွေးများ ပေးပို့ခြင်းကို လျော့နည်းစေတယ်လို့ သိရပါတယ်။

ကိုယ်ဝန်လေးလရောက်တဲ့အခါ ကိုယ်စားမဲ့ အစားအစာက ကလေးရဲ့ ကြီးထွားမှုကို သိသိသာသာ ထိရောက်မှု ပေးပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးပိုမို ကြီးထွားလာဖို့အတွက် အာဟာရဓာတ်များကြွယ်ဝပြီး မျှတတဲ့ အစားအစာကို ဆက်လက်စားသုံးပေးဖို့ လိုအပ်လှပါတယ်။ ကိုယ်ဝန်လေးလမှာ စပြီး ကောင်းမွန်စာ စားပေးတာက ကလေးရဲ့ ကျန်းမာရေးကို အာမခံပေးနိုင်ပြီး နောက်ထပ် ကျန်ရှိတဲ့ ကိုယ်ဝန်ဆောင်ကာလများအတွက် ကလေးရဲ့ ကြံ့ခိုင်ဖွံဖြိုးဖို့အတွက် အကောင်းဆုံးအုတ်မြစ်တစ်ခုလဲ ဖြစ်ပါတယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

☘️☘️ ကလေးများအတွက် ဟင်းနုနွယ်ရွက် ☘️☘️☘️မေမေတို့ရေ . . . ဟင်းနုနွယ်ရွက်က ကယ်လ်စီယမ်နှင့် ပိုတက်စီယမ် အပါအဝင် သတ္တုဓာတ်မျ...
01/02/2023

☘️☘️ ကလေးများအတွက် ဟင်းနုနွယ်ရွက် ☘️☘️☘️

မေမေတို့ရေ . . . ဟင်းနုနွယ်ရွက်က ကယ်လ်စီယမ်နှင့် ပိုတက်စီယမ် အပါအဝင် သတ္တုဓာတ်များစွာ ကြွယ်ဝတဲ့ အာဟာရဓာတ်များစွာ ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဗီတာမင် C များစွာ ပါဝင်တာမို့ ခန္ဓာကိုယ်အတွင်း သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ ဒါကြောင့် ကလေးများအတွက် ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများအကြောင်းကို ပြောပြပေးပါမယ်နော်။☘

️☘️☘️ ကလေးငယ်များ ဟင်းနုနွယ်ကို ဘယ်အချိန်မှာ စားနိုင်မလဲ?

ဟင်းနုနွယ်ရွက်ကို ကျွေးပေးဖို့အတွက် မေမေ့ကလေး အသက်ခြောက်လအထိ စောင့်ရပါမယ်နော်။ အရွက်မှာ နိုက်ထရိတ်လို့ ခေါ်တဲ့ ဒြပ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်တာမို့ မွေးကင်းစကလေးငယ်များရဲ့ အစာခြေစနစ်မှ မချေဖျက်နိုင်ဘူးလို့လဲ သိရပါတယ်။

☘️☘️☘️ ကလေးငယ်များအတွက် ဟင်းနုနွယ်ရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့ -

☘️ အရိုးတွေကို သန်မာစေတယ် ☘️

ဟင်းနုနွယ်ရွက်မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ်စ်တို့လို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပြီး ကျန်းမာဖွံဖြိုးမှုကို အထောက်အကူပြုပါတယ်။

☘️ ကြွက်သားများအတွက် ကောင်းမွန်စေတယ် ☘️

ဟင်းနုနွယ်ရွက် 100 ဂရမ်ခန့်မှာ ပရိုတင်းဓာတ် 2.14 ဂရမ် ပါ၀င်တာကြောင့် ဒီဟင်းနုရွယ်ရွက်က သက်သတ်လွတ်စားသူများအတွက် ကောင်းတဲ့ အမိုင်နိုအက်ဆစ်အရင်းအမြစ်တစ်ခု ဖြစ်ပြီး အသားများ၊ အိမ်တွင်းဒိန်ခဲနှင့် ပဲပင်များကဲ့သို့သော ပရိုတင်းဓာတ် မြင့်မားတဲ့ အစားအစာများနှင့် ကောင်းစွာ ပေါင်းစပ်ထားပါတယ်။

☘️ ကျန်းမာသော သွေးလည်ပတ်မှုစနစ်ကို ရရှိစေတယ် ☘️

ပရိုတင်းဓာတ်နဲ့အတူ သံဓာတ် ပေါင်းစပ်မှုကြောင့် ဟေမိုဂလိုဘင်ပရိုဖိုင်ကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေတာကြောင့် ခန္ဓာကိုယ်အတွင်း မှန်ကန်သောလည်ပတ်မှုကို ကူညီပေးပါတယ်။

☘️ ရေဓာတ်ကို အထောက်အကူပြုပေးတယ် ☘️

ဟင်းနုနွယ်ရွက်မှာ ရေဓာတ် 90% ကျော် ပါဝင်တာကြောင့် ကလေးရဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးဖို့အတွက် သဘာဝအတိုင်း နည်းလမ်းကောင်းလဲ ဖြစ်ပါတယ်။

☘️ မျက်စိအမြင်အာရုံကို အားကောင်းစေတယ် ☘️

ဟင်းနုနွယ်ရွက်မှာ beta carotene i (ဗီတာမင် A) ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံကို ထိန်းသိမ်းဖို့နဲ့ တိုးတက်ကောင်းမွန်အောင် ကူညီပေးပါတယ်။

☘️ သဘာဝ ဝမ်းနုတ်ဆေးအဖြစ် လုပ်ဆောင်စေတယ် ☘️

မကြာခဏ ဝမ်းချုပ်တတ်တဲ့ ကလေးငယ်များကို ဟင်းနုနွယ်ရွက်ကို ကျွေးပေးနိုင်ပါတယ်။

☘️ အူလမ်းကြောင်းရှိ သန်ကောင်များကို ဖယ်ရှားပေးတယ် ☘️

ဟင်းနုနွယ်ရွက်ကို အမြဲ စားသုံးခြင်းက အူအတွင်းမှ ကလေးငယ်များကို မကြာခဏ အားနည်းစေပြီး ဖျားနာစေတတ်တဲ့ ပိုးမွှားများကို ဖယ်ရှားပေးပါတယ်။

ဒါကြောင့် မေမေတို့ကလေးတွေရဲ့ အစားအစာတွေထဲမှာ ဟင်းနုနွယ်ရွက်လေးတွေ ပါအောင်‌ေကျွးပေးပါလို့ မျှဝေပေးလိုက်ပါတယ်နော်။

Address

Sanchaung
11111

Website

Alerts

Be the first to know and let us send you an email when Hi Moms posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share