23/09/2025
Speakingလေ့ကျင့်ရင်း အထွေထွေဗဟုသုတလဲရ
Intermediate နဲ့ Upper Intermediate Level ကျောင်းသားများအတွက် နိုင်ငံခြားသွားရောက်ရာတွင်အထောက်အကူပြုစေဖို့ Talking Social Studies ဆိုတဲ့အတန်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
Social Studies ဆိုတာက ဘာလဲ?
Social Studies ဆိုတာ လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ ပထဝီဝင်၊ သမိုင်း၊ နီတိ (Civics) နဲ့ ကျင့်ဝတ်(Ethics) အကြောင်းကို လေ့လာတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။
သင်ကြားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က လူမှုအဖွဲ့အစည်းနဲ့ လူ့အသိုင်းအဝိုင်းကို နားလည်စေပြီး မိမိ လူမှုပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးပြုမှုများ ရရှိစေဖို့ဖြစ်ပါတယ်။
ဘယ်လိုကျောင်းသားတွေ တက်ရောက်သင့်လဲ...
English Language နဲ့အတူ ပိုမိုကျယ်ပြန့်တဲ့ Social Skills အပြင် ဗဟုသုတ အသစ်သစ်များ လေ့လာသင်ယူလိုသူတွေ၊ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရောက်လိုသူတွေ၊ အထက်တန်း သို့မဟုတ် အထက်တန်းအောင်မြင်ပြီးသူတွေ၊ GED Exam အတွက် ပြင်ဆင်နေသူတွေ အတွက်သင့်တော်ပါတယ်။
Social Studies အတန်းသစ်လေးကတော့ October လ ၄ ရက်နေ့မှာ စတင်ပါမယ်။
Speaking လဲတိုးတက်မယ်၊ စီးပွါးရေး၊လူမှု့ရေးနဲ့ အထွေထွေဗဟုသုတတွေလဲရမှာမို့အခုပဲစာရင်းပေးသွင်းလိုက်ပါ။