J E S U S

J E S U S Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from J E S U S, Rowlett, TX.
(1)

ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။
၁ တိ 1:15
ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။
၁ ယော 4:8

07/27/2025
07/27/2025

ယုံကြည်ရမည့် အချက်

07/27/2025

ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။
-ဟေ​ဗြဲ 11 : 1

ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
-ဟေ​ဗြဲ 11 : 2

ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။
-ဟေ​ဗြဲ 11 : 3

အာဗေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။
-ဟေ​ဗြဲ 11 : 4

ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
-ဟေ​ဗြဲ 11 : 5

ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။
-ဟေ​ဗြဲ 11 : 6

07/26/2025

ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။
-၁ ယော 5 : 14

ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။
-၁ ယော 5 : 15

ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်းရမည်ဟုငါမဆို။
-၁ ယော 5 : 16

မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။
-၁ ယော 5 : 17

ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။
-၁ ယော 5 : 18

ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။
-၁ ယော 5 : 19

ဘုရားသခင်၏သားတော်သည်ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။ရှင်ယောဟန်ဩဝါဒစာပဌမစောင်ပြီး၏။
-၁ ယော 5 : 20

07/25/2025

ကျမ်းစာ နေ့တိုင်းဖတ်ကြပါ

07/25/2025

ကျမ်းစာ နေ့တိုင်းဖတ်ကြနော်
မှားယွင်းတဲ့ ဩဝါဒ မှားယွင်းတဲ့ အတွေး အခေါ်
မဖြစ်ဖို့ ကျမ်းစာ ဖတ်ဖို့ လိုတယ်
တစ်ချို့က ကျမ်းစာဖတ်ပြီး
လမ်းလွဲ မှာ ကြောက်လို့ ကျမ်းစာ မဖတ်တဲ့
လူတွေ လဲ ရှိကြပါတယ်
ဖတ်ပြီး လွဲ တာ နဲ့ မဖတ် ပြီး လွဲ တာ က ကွာခြားပါတယ်
ဖတ်ပြီး လွဲလာ ရင် မှားယွင်းတဲ့
ခေါင်းဆောင် ဖြစ်တာ များပါတယ်
မဖတ်ပဲ လွဲ ရင်တော့ လွဲ​နေ တဲ့ မှားယွင်းတဲ့
ဆရာနောက်လိုက်တွေ ပဲ ဖြစ်လာပါတယ်
သင်ကိုယ်တိုင် ကျမ်းစာဖတ် ပြီး မှ
သမ္မာတရားနဲ့ ချိန်ထိုးပါ
စဉ်းစားပါ တွေးခေါ်ပါ လေ့လာပါ
ကျမ်းစာနဲ့ ပါတ်သတ်တဲ့ စာပေတွေလေ့လာ ပါ
ဆုတောင်းပါ မှားယွင်းတဲ့ ဩဝါဒတွေ ထဲ မှာ ပိတ်မမိဖို့ နဲ့ သမ္မာတရားစစ်ကို သိနားလည်ဖို့ အမြဲ ဆုတောင်းပါ
သမ္မာတရားက ယေရှုခရစ်တော်ဆိုတာ မမေ့ပါနဲ့
လူသား ဆရာတွေက မှားဟောတတ်တယ် သူတို့ တပည့်မွေးတတ်တယ် ခရစ်တော်ရဲ့တပည့်တော်နောက်လိုက် ဖြစ်ဖို့ထက် သူတို့ နောက်လိုက်ဖြစ်အောင် လုပ်တတ်တယ်
ဒါ့ကြောင့် ကျမ်းစာဖတ်ပါ..

07/24/2025

ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သူတို့ပြု လျှင်၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို ပေးတော် မူမည်။
-ဆာ​လံ 37 : 4

ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန်၏။
-၁ တိ 6 :

အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။
-၁ တိ 6 : 7

သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။
-၁ တိ 6 : 8

အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။
-လုကာ 11 : 3

အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။
-သုတ္တံကျမ်း။ 30 : 8

Address

Rowlett, TX

Alerts

Be the first to know and let us send you an email when J E S U S posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to J E S U S:

Share