The Myanmar Times

The Myanmar Times Leading news & analysis from Myanmar's only award-winning daily newspaper. News, business, politics, Myanmar Consolidated Media Co., Ltd.

"စာဖတ်ပရိသတ်များနှင့် ကြော်ငြာရှင်များသို့ အသိပေးကြေညာချက်"==============================
23/02/2021

"စာဖတ်ပရိသတ်များနှင့် ကြော်ငြာရှင်များသို့ အသိပေးကြေညာချက်"
==============================

‘’ကမ္ဘာကြီးကို ရှင်းလင်းပြတ်သားတဲ့ စကားတစ်ခွန်း ပြောချင်ပါတယ်။ အမေရိကန် ပြန်လာပါပြီ။ အတ္တလန္တိတ်မဟာမိတ် ဆက်ဆံရေး ပြန်လာပ...
21/02/2021

‘’ကမ္ဘာကြီးကို ရှင်းလင်းပြတ်သားတဲ့ စကားတစ်ခွန်း ပြောချင်ပါတယ်။ အမေရိကန် ပြန်လာပါပြီ။ အတ္တလန္တိတ်မဟာမိတ် ဆက်ဆံရေး ပြန်လာပါပြီ။ အမေရိကန်ဟာ ဥရောပနဲ့အတူ ပြန်လည်စေ့စည်ညှိနှိုင်းရေးတွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ခင်ဗျားတို့နဲ့ တိုင်ပင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ စိတ်ချယုံကြည်ရနိုင်တဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုကို တစ် ဖန်ပြန်ရဖို့အတွက် စိတ်ပိုင်းဖြတ်ထားပါတယ်’’ ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်ပထမ မူဝါဒကိုကျင့်သုံးခဲ့ခြင်းကြောင့် မဟာမိတ်များနှင့် ဆက်ဆံရေး မပြေလည်မှု များရှိခဲ့ပြီးနောက် အပြန်အလှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်မှုအပေါ် တွင် ကြိုဆိုထောက်ခံကြောင်း ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ပြောကြားခဲ့သည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151541.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်ရန်အတွက် အမေရိကန်ပြန်လာပြီဖြစ်ကြောင်းနှင့် အတ္တလန္တ...

‘’အဲဒီကုမ္ပဏီက ကျွန်တော်တို့နဲ့ မိတ်ဖက်ပြန်လုပ်ဖို့ ရှိနေပါတယ်။ ဆွေးနွေးမှုဆီ ပြန်လည်ဦးတည်လာတဲ့ ဖေ့စ်ဘွတ်ခ်ကြောင့် ကျွန်...
21/02/2021

‘’အဲဒီကုမ္ပဏီက ကျွန်တော်တို့နဲ့ မိတ်ဖက်ပြန်လုပ်ဖို့ ရှိနေပါတယ်။ ဆွေးနွေးမှုဆီ ပြန်လည်ဦးတည်လာတဲ့ ဖေ့စ်ဘွတ်ခ်ကြောင့် ကျွန်တော် ကျေ နပ်ရပါတယ်’’ ဟု မောရစ်ဆင်က ဆစ်ဒနီရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

သို့သော် ဖေ့စ်ဘွတ်ခ်သည် သတင်းဖော်ပြမှုနှင့်ပတ်သက်၍ သတင်းမီ ဒီယာအဖွဲ့အစည်းများအား ငွေကြေးပေးဆောင်ရန် ညွှန်ကြားသည့် ဥပဒေ ကို လိုက်နာရန်ရည်ရွယ်ချက်မျိုးမရှိကြောင်း သတင်းများက ဖော်ပြနေသည်။ ယင်းအချက်နှင့် ပတ်သက်၍မူ မောရစ်ဆင်က မှတ်ချက်ပြု ပြောကြားခြင်း မရှိပေ။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151543.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

နိုင်ငံတွင်း၌ သတင်းအကြောင်းအရာဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်သော ....

သို့သော် ‘’ ကျွန်မအနေနဲ့ ကြားဖြတ်ပြောလိုတာကတော့ ကမ္ဘာတစ် ဝန်းလုံးမှာရှိတဲ့ လူတွေအားလုံးကို ကာကွယ်ဆေး ထိုးနှံပြီးသွားပြီ ...
21/02/2021

သို့သော် ‘’ ကျွန်မအနေနဲ့ ကြားဖြတ်ပြောလိုတာကတော့ ကမ္ဘာတစ် ဝန်းလုံးမှာရှိတဲ့ လူတွေအားလုံးကို ကာကွယ်ဆေး ထိုးနှံပြီးသွားပြီ ဆိုရင်တောင် ဒီရောဂါကြီးက ပျောက်ကွယ်သွားမှာတော့ မဟုတ်ပါဘူး’’ ဟု မာကယ်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်ဆွေးနွေးခဲ့သော အဆိုပါ G-7 အစည်းအဝေးတွင် COVID-19 ကပ်ရောဂါဆိုင်ရာ ပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်များ၊ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ သဘောတူညီချက်များ နှင့် အီရန်နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးပေး ဆွေးနွေးသွားခဲ့ကြသည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151549.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

ကမ္ဘာတစ်ဝန်းလုံးတွင် COVID-19 ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်း စဉ်များ ပြီးဆုံးအောင်မြင်သည့်တိုင်အောင် ယင်းကပ်ရော....

-“မန္တလေးတွင် လုံခြုံရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး၊ဒဏ်ရာရသူ ဖမ်းဆီးခံရသူအများအပြားရှိ”-ဒီမိုကရေစီလှုပ်ရှားမှု ...
21/02/2021

-“မန္တလေးတွင် လုံခြုံရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး၊ဒဏ်ရာရသူ ဖမ်းဆီးခံရသူအများအပြားရှိ”
-ဒီမိုကရေစီလှုပ်ရှားမှု ကာလအတွင်း ရှမ်းပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရထားရသူ ၈ဝကျော် အထိရှိလာဟုဆို
-နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းထားမည်ဟု NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆုံးဖြတ်
-မြန်မာပြည်သူများနှင့်အတူရပ်တည်၍ ပြည်သူ့အသံကို လျစ်လျူမရှုဟု ဂျပန်သံအမတ်ကြီး ကတိပြု
စတဲ့သတင်းများအပြင် ပြည်တွင်း၊ပြည်ပ သတင်းထူးများ၊ကလောင်ရှင်များ၏ စိတ်ဝင်စားဖွယ် ဆောင်းပါးများ၊ သုတ၊ရသ စုံလင်စွာပါဝင်သည့် ဖေဖော်ဝါရီ ၂၁ ရက်ထုတ် မြန်မာတိုင်းမ်နေ့စဉ် သတင်းစာကို ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
မြန်မာတိုင်းမ်နေ့စဉ် သတင်းစာကို PDF Version အဖြစ်လည်း Subscribe ပြုလုပ်ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သတင်းဦး၊သတင်းထူးတွေ သိရဖို့ ယခုပဲ Subscribe ပြုလုပ်လိုက်ကြရအောင်....။
မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံးအတွက် PDF e-Newspaper တွေကို လူကြီးမင်းတို့ရဲ့ အီးမေးလ်ကို တိုက်ရိုက်ပို့ပေးမှာဖြစ်ပါတယ်။
သတင်းစာကိုထိုင်ရာကနေမထဘဲ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။ Myanmar Times ရဲ့ e-Newspaper PDF ဖိုင်ကို Subscribe ပြုလုပ်ဖို့ [email protected] နဲ့ ဖုန်း ၀၉ ၅၅၀၂၅၃၉ ကိုဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အာဂျင်တီးနား၏ နာမည်ကျော် သတင်းစာဆရာတစ်ဦးဖြစ်သော ဟိုရာစီယိုဗာဘစ်စကီးက ကျန်းမားရေးဝန်ကြီးအား ချဉ်းကပ်ခဲ့ပြီးနောက် ကာကွယ်ဆေ...
20/02/2021

အာဂျင်တီးနား၏ နာမည်ကျော် သတင်းစာဆရာတစ်ဦးဖြစ်သော ဟိုရာစီယိုဗာဘစ်စကီးက ကျန်းမားရေးဝန်ကြီးအား ချဉ်းကပ်ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံခွင့် ရရှိခဲ့ပြီးဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။

‘’ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကြီးဖြစ်တဲ့ ကျန်းမာရေးဝန်ကြီး ဂါစီယာ ဆီကို ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီနောက် ပိုဆာဒက်ဆေးရုံကို သွားလိုက်ပါလို့ သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်’’ ဟု ဟိုရာစီယိုဗာဘစ်စကီးက ပြောကြား ခဲ့သည်။

ယခုလအစောပိုင်းတွင် ပီရူးနိုင်ငံ၌လည်း အမျိုးသားကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်များ မစတင်မီ ပီရူးအစိုးရ အဆင့်မြင့်အရာရှိများသည် ကာကွယ်ဆေးများ ထိုးနှံခဲ့ပြီးဖြစ်ကြောင်း သတင်းများ ပေါ်ထွက်လာခဲ့သဖြင့် နိုင်ငံခြားရေးဝန်ကြီးလည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151545.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

COVID-19 ကာကွယ်ဆေး ထိုးနှံရာတွင် အလွတ်သဘော ဦးစားပေး အခွင့်ထူးခံလူတန်းစားများ ရှိနေကြောင်း သတင်းထွက်ပေါ်လာပြီးန...

၂၀၁၇ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာခဲ့ပြီးနောက် မာခရွန်သည် လုံခြုံရေးကဏ္ဍ၌ ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ အကူအညီယူနေခဲ့ရသည့် အ...
20/02/2021

၂၀၁၇ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာခဲ့ပြီးနောက် မာခရွန်သည် လုံခြုံရေးကဏ္ဍ၌ ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ အကူအညီယူနေခဲ့ရသည့် အမေရိကန်အပေါ် အားထားမှီခို နေခြင်းမရှိဘဲ မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ရန် ဥရောပသမဂ္ဂအနေဖြင့် ကြိုးစားအားထုတ် သင့်ကြောင်း ပြောဆိုခဲ့သူဖြစ်သည်။

ထို့ပြင် ဥရောပ၏ မဟာအင်အားကြီး နိုင်ငံတစ်ခုဖြစ်သော ရုရှားနှင့် လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် တွန်းအားပေးခဲ့သော ၎င်း၏ ပြောစကားကြောင့် ဥရောပ မဟာမိတ် နိုင်ငံအများစုအကြား အံ့သြမှုများ ရှိခဲ့ရပြီး အထူးသဖြင့် ရုရှားနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်နေသည့် အရှေ့ဥရောပနိုင်ငံများက မာခရွန်၏ မှတ်ချက်ပြုမှု အား အံ့အား သင့်ခဲ့ကြသည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151547.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

နေတိုးမဟာမိတ်နိုင်ငံအဖွဲ့ဝင်များအတွင်း နိုင်ငံရေးအရှိန်အဟုန် သစ်တစ်ခုနှင့် ရှင်းလင်းပြတ်သားသော မဟာဗျူဟ.....

လူတိုင်းလူတိုင်းသည် စိတ်ချမ်းသာမှုကို လိုလားကြသူချည်းသာ ဖြစ်သည်။ သို့သော်လည်း စိတ်ချမ်းသာမှုချည်း အစဉ်အမြဲ မရနိုင်။ စိတ်...
20/02/2021

လူတိုင်းလူတိုင်းသည် စိတ်ချမ်းသာမှုကို လိုလားကြသူချည်းသာ ဖြစ်သည်။ သို့သော်လည်း စိတ်ချမ်းသာမှုချည်း အစဉ်အမြဲ မရနိုင်။ စိတ်ဆင်းရဲမှုများစွာ ကြုံဆုံကြရသည်။ ယင်းစိတ်ဆင်းရဲမှုများကို အတိုင်းအဆမရှိ လက်ခံရယူသူမှာ မိမိသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ရင်ထဲသို့ ဝင်လာတတ်သည့် လောဘ၊ ဒေါသ၊ ဣဿါမစ္ဆရိယ၊ ရာဂ၊ တဏှာ စသည်တို့ကို လွယ်လွယ်ကူကူ ရယူတတ်သောကြောင့်ပင် ဖြစ်သည်။ ဆိုရလျှင် အယောနိသော မနသီကာရ ဖြစ်လျှင် အကုသိုလ်စိတ်ဖြစ်၍ ယောနိသော မနသီကာရဖြစ်လျှင် ကုသိုလ်စိတ် ဖြစ်လေသည်။

လောကတွင် လူသုံးမျိုးရှိကြောင်း မှတ်သားရသည်။ ပထမတစ်မျိုးမှာ ပင်ကိုပါရမီဓာတ်ခံ အားကောင်းသူဖြစ်၏။ မည်သို့သောအဆိုးများနှင့် တွေ့ကြုံစေကာမူ နှလုံးသွင်းမှန်သည့်အတွက် လောကကို အပြုံးနှင့် ရင်ဆိုင်နိုင်သူ ဖြစ်သည်။ ဒုတိယ လူတစ်မျိုးမှာ ပင်ကိုစိတ်ခံအားနည်းသူဖြစ်၍ အာရုံဆိုးတစ်ခုနှင့် တွေ့လိုက်သည့်အခါ နှလုံးသွင်းမှား၍ အကုသိုလ်စိတ် ချက်ချင်းဖြစ်လေသည်။ သို့သော် ထိုသူမှာ နှလုံးသွင်းမှားခြင်းကို ချက်ချင်းသိ၍ မိမိကိုယ်မိမိ နှလုံးသွင်းမှန်အောင် ဆင်ခြင် ပြုပြင်ပြီးယူပါသည်။ ထို့ကြောင့်ဖြစ်လာသည့် ကုသိုလ်စိတ်မှာ ခဏပင်ဖြစ်လိုက်လေသည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151529.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

မဟာဂနာရုံဆရာတော်ကြီး မြွက်ကြားခဲ့သည့်တရားတို့တွင် စိတ်ထားကောင်းဖို့က ပထမဟူသည်မှာ လူသိအများဆုံးဖြစ်သည်။

ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် မြန်မာစစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေမှုမျာ...
20/02/2021

ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် မြန်မာစစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေမှုများကို ကိုင် တွယ်ရာတွင် အကြမ်းဖက်မှုများ ရှောင်ရှားရန် တိုက်တွန်းကြောင်း အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ပြော ကြားခဲ့သည်။

‘’မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြနေသူတွေအပေါ်မှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ရှောင်ရှားပေးဖို့ ကျွန်တော်တို့ ထပ်လောင်း ပြော ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ လက်ရှိဆောင်ရွက်ချက်တွေ နောက်ဆုတ်သွား စေဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းပြီး ဖိအားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု နက်ဒ်ပရိုက်စ်က ပြောဆိုခဲ့ကြောင်း ရိုက် တာသတင်းဌာနက ဖော်ပြသည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151542.html
Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

ငြိမ်းချမ်းစွာစုဝေးဆန္ဒပြနေသူများအပေါ်တွင် အကြမ်းဖက်ဖြိုခွင်းမှုများ ရှောင်ရှားရန်နှင့် မြန်မာစစ်ကောင်...

အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ စစ်ဆင်ရေးများ၊ဒေသတွင်းမိတ်ဖက်များနှင့် ထုတ်ကုန်များမှတစ်ဆင့် ဒေ...
20/02/2021

အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ စစ်ဆင်ရေးများ၊ဒေသတွင်းမိတ်ဖက်များနှင့် ထုတ်ကုန်များမှတစ်ဆင့် ဒေသခံအလုပ်အကိုင်ပေါင်းတစ်သိန်းကျော်ကို ကူညီပံ့ပိုးပေးနေကြောင်းနှင့် ၎င်းတို့ အလုပ်ခန့်ထားသော အလုပ်သမားအားလုံး၏ လုံခြုံရေးနှင့် မြန်မာပြည်သူများအတွက် မရှိ မဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးအပ်ရန်တို့ကို ဆောင်ရွက်နေသည်ဟု ဆိုသည်။

“အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်တွင်းက လက်ရှိအခြေအနေတွေကို အနီးကပ် စောင့်ကြည့် နေပြီး ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ ကန်ထရိုက်တွေရဲ့ ဘေးကင်းရေးနဲ့ အန္တရာယ်မရှိရေး၊ ကျန်းမာရေးတွေအတွက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေတွေကို သူတို့စိုးရိမ်နေပြီး မြန်မာပြည်သူတွေရဲ့လိုလားတဲ့ တောင်းဆိုချက်တွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဆွေးနွေးညှိနှိုင်းပြီး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတယ်”ဟု ပြင်သစ်ကုမ္ပဏီ Total က ဆိုသည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151540.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြသော အမေရိကန် ကုမ္ပဏီများ၊ ရေနံကုမ္ပဏီ Total နှင့် Woodside တို့အပါအဝင် နို.....

“ သင်္ဘောလာယူတာ ဒါပေမယ့် စခန်းကတာဝန်ရှိသူတွေကို မပြောဘဲ သော့ဖျက်ယူကြလို့ ဝန်ထမ်းတွေက တားကြတာပေါ့ ။ ကျွန်တော်တို့က ဝန်ထမ်...
20/02/2021

“ သင်္ဘောလာယူတာ ဒါပေမယ့် စခန်းကတာဝန်ရှိသူတွေကို မပြောဘဲ သော့ဖျက်ယူကြလို့ ဝန်ထမ်းတွေက တားကြတာပေါ့ ။ ကျွန်တော်တို့က ဝန်ထမ်းဆိုတော့ ဒီပစ္စည်းက ကျွန်တော်တို့ ပိုင်တာမဟုတ်ဘူး လူကြီးကပေးဆိုရင် ကျွန်တော်တို့ကပေးရမယ် ကျွန်တော်တို့ကလုပ်တာက စီဒီအမ်ဖြစ်တဲ့အတွက် သင်္ဘောပေါ်မလိုက်ဘူး။ အခုလာယူတာက ၃၅ လမ်းပေါ်က သယ်ယူပို့ဆောင်ရေးရုံးကလာယူတာ သင်္ဘောထွက်ဖို့ လာယူတာ ဝန်ထမ်းတွေက မလိုက်ဘူး ယူချင်ယူသွား အခုက သော့တွေကို ဖျက်ယူလို့ အခုလိုတွေဖြစ်ကြတာပေါ့ ” ဟု ယင်းသင်္ဘောကျင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြည်သူလူထုက ကမ်းနားလမ်းတစ်လျှောက်တွင် ကြွေးကြော် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး နေ့ခင်းပိုင်းအချိန်တွင် ရဲတပ်ဖွဲ့နှင့် အတူ စစ်တပ်ပါ ပူးပေါင်းလုံခြုံရေး ရယူခဲ့ကြပြီးနောက်ပိုင်းတွင် ဆန္ဒပြလူထုကို သေနတ်ရေ အချက်ပေါင်းများစွာ ပြစ်ဖောက်လူစုခွဲပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151551.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

မန္တလေးမြို့ ကမ်းနားလမ်း ၃၇လမ်းနှင့် ၄၁ လမ်းကြားရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေက....

RCEP စာချုပ်တွင် မြန်မာနိုင်ငံလည်း ပါဝင်လက်မှတ်ရေးထိုး နိုင်ခဲ့မှုကြောင့် မိမိနိုင်ငံ၏ ပို့ကုန်များ မြှင့်တင်နိုင်ခြင်း၊...
20/02/2021

RCEP စာချုပ်တွင် မြန်မာနိုင်ငံလည်း ပါဝင်လက်မှတ်ရေးထိုး နိုင်ခဲ့မှုကြောင့် မိမိနိုင်ငံ၏ ပို့ကုန်များ မြှင့်တင်နိုင်ခြင်း၊ သွင်းကုန်အစားထိုး လုပ်ငန်းများကို ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံ၍ ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ခြင်းဖြင့် နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အဆင့်မြင့် နည်းပညာများရရှိခြင်း စသည့် အကျိုး ခံစားခွင့်များကို ပိုမိုရရှိမည်ဖြစ်သည်။

RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေး အမျိုးသားအဆင့်လုပ်ငန်းအစီအစဉ် ရေးဆွဲ နိုင်ရေးနှင့် အကောင်အထည်ဖော်မည့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးတို့ကို အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြအတည်ပြုချက်ရယူ၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ဟုဆိုသည်။

Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151539.html

Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ဖတ်ရှုရန်>> https://apple.co/2XzSAaS

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဖြစ်လာမည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု(RCEP) သဘော.....

Address

Sanchaung

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 12:00

Website

https://myanmar.mmtimes.com/

Alerts

Be the first to know and let us send you an email when The Myanmar Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Myanmar Times:

Share

Category

Our Story

A Division of Myanmar Consolidated Media Co., Ltd.