07/06/2025
“မြစ်ဆုံ စီမံကိန်း နှင့် စစ်ကိုင်းပြတ်ရွေ့ကြောအန္တရာယ်”
🔴(အချိန်မီ သတိပြုကြပါ)🔴
တရုတ် နဲ့ အကြမ်းဖက် စစ်ကောင်စီအုပ်စုက မြစ်ဆုံ ဆည် တည်ဆောက်မည့် အစီစဉ်ကို ယ္ခု ပြန်လည်စတင်ဖို့ လုပ်နေကြပါပြီ၊ အားလုံး သတိပြုကြပါ။
မြန်မာနိုင်ငံ အထက်ပိုင်းမှာ တရုတ်တို့ လက်ဝါးကြီးအုပ် လုပ်ချင်နေတဲ့ မြစ်ဆုံစီမံကိန်းဟာ လုံးဝကို မလုပ်သင့်ပါဘူး၊ လုပ်လိုက်တာနဲ့ မြန်မာနိုင်ငံဟာ ဒုက္ခပင်လယ် ဝေသွားပါလိမ့်မယ်။
တရုတ်ကြီးတို့ လုပ်ချင်နေကြတဲ့ မြစ်ဆုံစီမံကိန်း လုပ်မည့် နေရာနှင့် မလှမ်းမကမ်း ၅၅မိုင် ခန့် အကွာဝန်းကျင်မှာ မြန်မာနိုင်ငံကို မြောက်ဘက်အဖျားမှ တောင်ဘက်အစွန်သို့ ဖြတ်သွားတဲ့ ကမ္ဘာမြေကြီးရဲ့ အက်ကြောင်းကြီး တစ်ကြောင်း ရှိနေတာကို ဘူမိဘေဒ ပညာရှင်များနှင့် ဗဟုသုတရှိကြတဲ့ ကမ္ဘာ့လူဦးရေများစွာကပါ သိရှိကြပြီး ဖြစ်ပါတယ်။
၎င်းအက်ကြောင်းကြီးကတော့ ရှေးအခေါ် နှင်းဆီ ပြတ်ရွေ့အမည်တွင်ပြီး ယခုအခါ စစ်ကိုင်း ပြတ်ရွေ့ကြောဆိုသည့် အက်ကြောင်းကြီး ဖြစ်ပါတယ်၊ ၎င်း အက်ကြောင်းကြီးဟာ ငြိမ်သက်နေမှာ မဟုတ်ဘဲ ယခုတိုင်အောင် ရွေ့လျားဆဲ အသက်ရှိဆဲ ဖြစ်တာကို စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့တွေကို အဆိုးရွားဆုံး အပျက်အဆီးဖြစ်စေခဲ့တဲ့ လက်တွေ သက်သေ သာဓကကြီး ရှိနေပါတယ်။
ရေအားလျှပ်စစ်ရဲ့ဖိအား သဘောအရ ပြောပြရလျှင်တည်ငြိမ်တဲ့ရေ ၁ကုဗမီတာဟာ အလေးချိန်အားဖြင့် တစ်တန် အလေးချိန်ရှိပါတယ်။
မြစ်ဆုံဆည် တည်ဆောက်ပြီး ရေသိုလှောင်မည့် ဧရိယာ ပမာဏ ခန့်မှန်းခြေကို ကျွန်တော်တို့ မြန်မာ ပြည်သူတွေရဲ့ မျက်စိထဲ ထင်သာ မြင်သာအောင်ပြောပြရလျှင် စင်္ကာပူနိုင်ငံထက် ကျယ်ပြန့်တယ်လို့ ပြောချင်ပါတယ်၊ စင်္ကာပူနိုင်ငံရဲ့ စုစုပေါင်း ဧရိယာ အကျယ်အဝန်း ပမာဏဟာ ခန့်မှန်းခြေအားဖြင့် ၇၃၅.၇ စတုရန်းကီလိုမီတာ (၂၈၄.၁ စတုရန်းမိုင်) ရှိပါတယ်၊ မြစ်ဆုံဆည် စီမံကိန်းဟာ စင်္ကာပူနိုင်ငံရဲ့ ဧရိယာထက်ကို ကျော်လွန်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
အဲ့သည့်ပမာဏဧရိယာမှာ သိုလှောင်မည့် ရေဟာ ကုဗမီတာ သန်းပေါင်း တစ်သိန်းကျော် နှစ်သိန်းနီးပါး ပမာဏ ရှိမယ်လို့ ယူဆလို့ ရပါတယ်။
ရေအပြည့်အလျှံ သိုလှောင်ပြီးမှသာ ရေအားလျှပ်စပ် စီမံကိန်းက အကောင်အထည် ဖော်လို့ရမှာ ဖြစ်ပါတယ်၊ အဲ့သည့်အချိန်မှာ ၎င်းမြစ်ဆုံ တည်နေရာရှိ မြေကြီးပေါ်ကို သိုလှောင်မည့် ရေ၏ အလေးချိန် တန်ချိန်ပေါင်း သန်းပေါင်း တစ်သိန်းကျော် နှစ်သိန်းလောက် တင်ပေးလိုက်တဲ့သဘော ဖြစ်သွားပါလိမ့်မယ်။
နှင်းဆီ ပျက်ရွေ့(ခေါ် )စစ်ကိုင်း ပြတ်ရွေ့ကြီးဟာ အကြီးစား အဆိုးရွားဆုံးသော ကီလိုမီတာ ၁၂၀၀ ရှည်လျားသော ကမ္ဘာမြေအက်ကြောင်းကြီးသာ ဖြစ်ပြီး ရွေ့လျှား အသက်ရှိနေဆဲ ဖြစ်ပါတယ်၊ ၎င်းပြတ်ရွေ့ကြီးအပေါ်ကို အင်မတန်များပြားတဲ့အလေးချိန်နဲ့ ဖိလိုက်လျှင် အလိုလျှောက် နေ့စဉ် လှုပ်ရှားနေတဲ့ မြေထုလွှာကြီးဟာ အင်အားအပြင်းအထန်ဆုံး ရွေ့လျားတော့မည်သာဖြစ်ပြီး ကြီးမားဆိုးရွားတဲ့ ငလျှင် လှုပ်ခတ်မှုကြီးတွေ ဖြစ်ပေါ်လာမှာကတော့ မလွှဲ ဧကန်ပင်။
မြစ်ဆုံဆည်ကြီးသာ တကယ် လုပ်ဖြစ်သွားလျှင်း ၎င်းစီမံကိန်းရဲ့ ဆိုးကျိုးအဖြစ် ဘေးကြီး ၂ ခုကို မြန်မာပြည်သူတွေ ဆင့်ပွါး ဆင့်ပွါး ဆက်တိုက် မလွှဲဧကန် ကြုံရပါလိမ့်မယ်။
အဲ့သည်ဘေးတွေက…
(၁)လှုပ်ခပ်လျှင်တောင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့ခဲ့သည့် ၇.၇ ထက် ပြင်းအား ပိုလွန်မည့် ၈ဒသမ နှင့် ၉ ဒသမ အထက် ကျော်တဲ့ ငလျှင်ကြီးတွေသာ လှုပ်ခတ်နိုင်ခြေ များပြီး ၉၉ဒသမ ၉၉ ရာခိုင်နှုန်း သေချာသလောက် ရှိပါတယ်၊ ဒါက သာကောတို့ မြစ်ဆုံဆည် တည်ဆောက်ခြင်းကြောင့် ပထမဆုံး ဘေးဆိုး ဖြစ်လာမည့် “သဘာဝ မကျ တကျ”ဘေးကြီးပါ။
(၂)ဒုတိယဘေးအနေနဲ့ ငလျှင်ကြောင့် မြစ်ဆုံဆည်ကြီး ကျိုးပဲ့ ပျက်စီးလျှင် ရေအားဟာ မြစ်ကြီးနားမြို့လို အနီးနားမြို့များကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးပြီး ပျက်စီးပျောက်ကွယ်သွားစေမှာပါ၊ ကုန်းတွင်း ဆူနာမီ အကြီးစားကြီးကို မြစ်ဆုံအနီးနားရှိဒေသ နှင့် မြစ်ဆုံအောက်ကြော တစ်ကြောလုံး ကြုံတွေ့ကြရမှာပါ၊ရေလွှမ်းမိုးခံရပြီး မြန်မာ တစ်နိုင်ငံလုံး ရေဘေးဒုက္ခ အဆိုးရွားဆုံး ဖြစ်လာပါလိမ့်မည်၊ ဒါက သဘာဝဘေး မဟုတ်တဲ့ ၁+ယု+တ်ကြီးတို့ ပေးတဲ့ ဒုတိယမြောက် “အသဘာဝ”ဘေးပါဘဲ။
၎င်းမြစ်ဆုံ စီမံကိန်းကြောင့် ငလျှင်ဘေးဆိုးကြီးရော ရေးဘေးဆိုးကြီးပါ မလွှဲမသွေ ခံစားရနိုင်ပါတယ်၊ ၎င်းဘေးနှစ်ခုကြောင့် ဆင့်ပွါးအနေနဲ့ အစာရေစာ ရှားပါးခြင်း ဒုဗ္ဘိက္ခန္တရကပ်နှင့် ရောဂါဘေး ဖြစ်ခြင်း ရောဂန္တရကပ်ပါ ဆိုက်ရောက်နိုင်ပါတယ်။၊
အဆိုပါ မြစ်ဆုံဆည်စီမံကိန်းကြီး လုပ်ခွင့်ပြုခဲ့လျှင် အဆိုပါ မြစ်ဆုံနှင့် ပက်သက်သမျှ အုပ်ချုပ်မှု အပါအဝင် စက်လည်ပတ်မှုအဆုံး သာကောတို့က အပိုင်ယူထားမှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ တာဝန်ရှိသူတွေ ဝင်စွက်ဖက်လို့ မရနိုင်တဲ့ အခြေနေထိ ရောက်သွားပါမည်။
မြန်မာပြည်ရဲ့ထိပ်ဖျား အမြင့်ဆုံးနေရာမှာ အတိုင်းအဆပမာဏ အလွန်ကြီးမားတဲ့ ရေလှောင်တမံ ဆည်ကြီးရဲ့ထိန်းချုပ်မှုအဝဝဟာ အမိမြန်မာလက်ထဲမှာ မရှိပဲ သာကောတို့လက်ထဲမှာ ရှိတာဟာ မြန်မာနိုင်ငံကို အချိန်မရွေးဒုက္ခပေးဖို့ ခြိမ်းခြောက်ဖို့အတွက် အချိန်ကိုက် ဗုံးကြီးတစ်လုံးလို ဖြစ်သွားစေပြီး မြန်မာနိုင်ငံဟာ သာကောတို့လက်ခုပ်ထဲက ရေလို ဖြစ်သွားနိုင်တာကို မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေနဲ့ မြန်မာပြည်သူတွေ အကုန် သိထားကြဖို့ အထူးလိုအပ်ပါတယ်။
နိုင်ငံပိုင် မြေ သယံဇာတတွေကို ငွေရဖို့အရေး ရောင်းစားနေကြတဲ့ စစ်အုပ်စုအနေနဲ့ အမှားတွေ အများကြီး လုပ်ခဲ့ပြီးပြီမို့ ထပ်မမှားဖို့အတွက် ၎င်း စစ်အုပ်စုကို ဖျောင်းဖျလို့ မရနိုင်တာကြောင့် တားမြစ်ဖို့ တာဝန်ရှိသူ ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ပြဖို့ သိပ်ကို လိုအပ်ပါတယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် သက်မဲ့ သဘာဝတရားကြီးက အမိနိုင်ငံအတွင်းမှ သက်ရှိလူသားတွေကို အားကိုးတကြီး မျှော်လင့်နေပါတယ်၊ သဘာဝတရားကြီးကို ပစ်မထားကြဖို့ တိုက်တွန်း ပါရစေ။
သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြတဲ့သူတွေကို သက်ရှိလူသားတွေက တားမြစ်ပေးရမှာပါ၊ ဒါက နိုင်ငံသားတိုင်းရဲ့ တာဝန်ပါ၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် မပျက်စီးအောင် သက်ရှိလူသားတွေက တားမြစ် မပေးလျှင် မိမိနှင့် မဆိုင်သလို မျက်ကွယ်ပြု့ခဲ့လျှင်သဘာဝတရားကြီးကလည်း သူကိုယ်တိုင် ပါဝင်ပြီး သင်္ခန်းစာပေးတတ်တာကို ၇.၇ ငလျှင် လှုပ်ခတ်ပြီး ဧရာဝတီ မြစ်ကြောင်းကြီးအပေါ် ရှိ ရေတွေ ခမ်းခြောက်စေပြီး သတိပေးပြခဲ့ပါပြီ၊ ဒါကိုမှ သတိမမူ မဆန့်ကျင် မတားမြစ်ကြလျှင်တော့ ဘယ်သူကောင်းတယ် မကောင်းဘူး ဆိုတာကို သဘာဝတရားကြီးက ငဲ့ကွက် မနေပဲ သူလုပ်စရာရှိတာကို သူ့ဘာသာ လှုပ်ရှားချိန်ကျမှ
“ငါတို့တွေ ကုသိုလ်ကောင်းမှု လုပ်နေတာပဲ၊ စိတ်ကောင်းထားနေတာပဲ၊ ဘာလို့ သဘာဝဘေးဆိုးကြီးနဲ့ ကြုံပြီး ဒုက္ခရောက်'ရတာလည်း”လို့ တွေးလည်း သက်မဲ့ သဘာဝတရားကြီးက ဘယ်သူသော ဘယ်ဝါသော ငဲ့ကွက်နေမည် မဟုတ်ပါ၊ သက်ရှိလူတွေက သူ့ကို မသိကျိုးကျွံ ပြုခဲ့လျှင် သူကလည်း မသိကျိုးကျွံ ပြန်ပြုပြီး သူလုပ်စရာရှိတာကို လုပ်မှာပါ။
၎င်းမြစ်ဆုံစီမံကိန်းမှ ရမည့် လျှပ်စစ် ခွဲဝေမှု အချိုးဟာ သာကောတို့က ၉၀ ရာခိုင်နှုံးဖြစ်ပြီး မြန်မာဘက်က ၁၀ ရာခိုင်နှုံး ဆိုလျှင် ကိုယ့်နိုင်ငံရဲ့ ဂေဟ စနစ်တွေ အပျက်အစီးခံပြီး သူများနိုင်ငံ ကို အလုပ်အကျွေးပြုသလိုဖြစ်နေခြင်းက မတရားဘူး မဖြစ်သင့်ဘူးဆိုတာကို သိကြပါ၊ ဒါ လုံးဝ လက်မခံသင့်တဲ့ ကိစ္စ၊ မဖြစ်သင့်တဲ့ ကိစ္စ။
စင်္ကာပူနိုင်ငံလောက်ကျယ်ဝန်းတဲ့ ရေပြင်ကြီးသာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ် ဖြစ်ပေါ်လာရင် အဲဒီဒေသ နဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ မူလရာသီဥတုဟာ အကြီးအ
ကျယ်ပြောင်းလဲ ပျက်စီးပြီး တစ်တိုင်းပြည်လုံး ဒုက္ခရောက်သွားမှာကို ငဲ့ကွက် ထည့်တွက်ပြီး တားလို့ရတဲ့ နည်းပေါင်းစုံနဲ့ တားမြစ်ကြဖို့ သဘာဝတရားကြီးကိုယ်စား ကျွန်တော်မျိုး တောင်းဆိုပါရစေ။
မြစ်ဆုံစီမံကိန်းသာ အကောင်အထည့် ဖော်ဖြစ်ခဲ့လျှင် သဘာဝအလျှောက် သူ့အလိုလို အမြဲဖြစ်ပေါ်နေမည့်သယံဇာတတွေလည်း ဆုံးရှုံးသွားပါမယ်၊ မဆုံးရှုံးရသေးခင် သတိဝင် အသိယှဉ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ပေးကြပါ။
မြစ်ဆုံဆည် စီမံကိန်းဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။
တရုတ်ကြီးက ဒီနိုင်ငံကို မြစ်ချောင်း ဆည်တွေ ဖြစ်အောင် ဖန်တီးခြင်းဖြင့် နိုင်ငံပိုင် ကုန်းမြေကို ရေပြင်ဖြစ်အောင်လုပ်ပြီး နယ်ချဲ့ ဝါးမျိုဖို့ လုပ်နေတာကို သိကြပါ၊ သတိပြုကြပါ။
တခြားနေရာ တခြားနည်းတွေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်ဓါတ်အား ရအောင်လုပ်နိုင်တဲ့ အခြေအနေတွေ အများကြီး အများကြီး ရှိတဲ့အတွက် မြစ်ဆုံ ရေအားလျပ်စစ်စီမံကိန်းကို လုံးဝ အကောင်အထည် မဖော်သင့်ကြောင်း ပြောရင်း နိဂုံးချုပ်ချင်ပါတယ်။
်မင်
#ရွှေဘိုခရိုင်
#ရွှေဘို
#မြစ်ဆုံ
#မေခ
#မလိခ
#မြစ်
#ငလျှင်ဘေး
#ရေဘေး