17/09/2024
မရေးတော့ဘူးနေတာ ခံရခက်လို့ ရေးအုံးမယ်
PDF ဆိုတဲ့ဟာတွေက အလှူခံတာလား အေးဓြ ပ တိုက်နေတာလား
မနေ့ကသွားတာ အဖွဲ့၂၀ ကျော်တယ် ရွှေဘိုနဲ့ဆားတောင်းကြားနော် မန်းလေးထိလို့ မထင်နဲ့
ကားနဲ့သွားတာ အလှူခံပါတယ်ဆိုလို့ ၅၀၀ လှူတာလေ
ဒါတောင် လှူတာမဟုတ်ဘူးနော်
လက်န က်နဲ့မို့ အစာမကျွေးရင် အကိုက်ခံရမှာကြောက်လို့ ခွေးစာဖိုးသဘောထားပီးပေးတာ
အဲ့ကောင်တွေက တဖွဲ့တည်းလဲမဟုတ်
ကိုပေးချင်သလောက်ပေးမှာပေါ့ ဒါကို ၁၀၀၀ တော့ လှူဗျာတဲ့
ရွာသာရွာမရောက်ခင်အဖွဲ့ကဆို ကျ ည်ဖိုးပေးရတော့မှာမို့ ထပ်လှူအုံးတဲ့ တယောက်က သေနတ်ကြီးတကားကားနဲ့ ၁၀၀၀ ဆိုတော့ ၅ထောင်တော့ပေးခဲ့အရမ်းလိုနေလို့တဲ့
ဒင်းတို့က ပြောတော့အလှူခံတာ
လာသမျှ အကုန်တားတဲ့ သူတောင်းစားတွေ
အလှူခံတာဆို မတားနဲ့ တကယ်လှူချင်တဲ့သူ ကားရပ်ပီးပေးလိမ့်မယ်
ဇရှိရင် အဲလိုအလှုခံရတယ် ခုက အေးဓ ပြ တိုက်နေတာ
ရုပ်တွေကြည့်လိုက်ရင် အရင်ကဆို တောထဲတနေကုန် ကူလီလုပ်မှ ၅၀၀၀ လောက်ရတဲ့ဟာတွေက
ခုကျ လက် န က် တကားကားနဲ့ ၃ ယောက်တဖွဲ့လိုလို မိသားစုလိုက်လိုလိုနဲ့တောင်းစားနေတာက တရက် သိန်းချီရနေတော့ အစာဝတဲ့ ေခွေးလိုပဲ ကျွေးတဲ့လက်ကိုပြန်ကိုက်ချင်နေကြပီ
ဒါကိုဓ ပြ တွေဘက်က ထောက်ခံနေတဲ့ သူတွေ ရွှေဘို မန်းလေးလမ်းကို ကိုယ်တိုင်သွားပီးမှ ဟုတ်မဟုတ် ပြန်ပြော