Myint Myat Thu Computer Basic Training Center

Myint Myat Thu Computer Basic Training Center Knowledge Sharing / Computer Class

အခုနောက်ပိုင်း မိတ္တူဆိုင် ဖွင့်ချင်လို့ မေးမြန်းတဲ့ သူတွေ များလာလို့ ဒီစာလေးကို ရေးတာဖြစ်ပါတယ် မိမိအတွေ့အကြုံနဲ့ ရေးတာဖ...
13/01/2024

အခုနောက်ပိုင်း မိတ္တူဆိုင် ဖွင့်ချင်လို့ မေးမြန်းတဲ့ သူတွေ များလာလို့ ဒီစာလေးကို ရေးတာဖြစ်ပါတယ် မိမိအတွေ့အကြုံနဲ့ ရေးတာဖြစ်လို့ အမှားပါရင် အားမနာတမ်းထောက်ပြ နိုင်ပါတယ်
၁) ဘယ်ကစရမလဲ
အဓိက ကတော့ မိမိ လုပ်မယ့် အလုပ်ကို မိမိ အထိုက်အလျောက် နားလည်ထားဖို့ လိုအပ်ပါတယ် မိတ္တူဆိုင်ဆိုရင်လည်း မိတ္တူအပြင် computer အခြေခံနဲ့ တခြား ဖိတ်စာ ယပ်တောင် ဆေးရိုက်နဲ့ တံဆိပ်တုံး စတာတွေကို နားလည် ထားဖို့ လိုအပ်ပါတယ်
၂) အသစ်ဝယ်ရမလား အဟောင်းဝယ်ရမလား
မိမိမှာ ရှိတဲ့ budget နဲ့ ချိန်ပါ မလိုတာ မဝယ်ပါနဲ့ လိုလား မလိုလား ဆိုတာ အတွေ့အကြုံက စကားပြောပါလိမ့်မယ် နောက်ပီး တချို့ စက်တွေက project ရှိမှ ဝယ်လိုက်တာ ပိုကောင်းပါတယ်
၃) မိတ္တူအပြင်ဘာတွေလုပ်လဲ
မိတ္တူဆိုင်မှာ မိတ္တူတစ်ခုတည်း ဆိုရင်တော့ ရပ်တည်ဖို့ အနည်းငယ်ခက်ခဲနိုင်ပါတယ် ဒါကြောင့် ဆက်စပ်လုပ်ငန်းများကို လေ့လာထားသင့်ပါတယ်
ဉပမာ - ပုံနိုပ်လုပ်ငန်း ဆေးရိုက်လုပ်ငန်း ဆိုင်းဘုတ်လုပ်ငန်း ဗီနိုင်းလုပ်ငန်း ဖိတ်စာလုပ်ငန်း နှင့ တခြားသော ဆက်စပ်လုပ်ငန်းများကို အလျင်းသင့်သလို လေ့လာ ထားဖို့ လိုအပ်ပါတယ်
၄) ဈေးဘယ်လိုယူကြလဲ
online မှာ လိုက်မေးနေတာထက်စာရင် မိမိပါတ်ဝန်းကျင်က ဆိုင်တွေကို အရင်ဆုံး survey ဆင်းကြည့်ပါ ဒါဆို သူတို့ထက် မနည်းရင်တောင် များလို့မရဘူး ဆိုတာ တွေ့နိုင်ပါတယ်
၅) computer ပိုင်း
ဒါကတော့ သိကို သိထားသင့်တဲ့ အပိုင်းပါ မိတ္တူတစ်ခုတည်း တစ်နေကုန် ထိုင်ဆွဲနေရမှာ မဟုတ်တဲ့ အတွက် သိသင့်သိထားသင့်တာ တွေကို အချိန်ရရင် ရသလို လေ့လာပါ (excel, word, PageMaker, power point, photoshop, illustrator, CorelDRAW, InDesign, PremierePro, နဲ့ အခြား ဆက်စပ် ပညာရပ်များကို သိထား မှတ်သားထားသင့်ပါတယ်)
၆) အရင်းအနှီး
အရှေ့မှာပြောခဲ့သလိုပဲ လိုအပ်သလောက်ကို အရင်ဆုံး သုံးပါ
နောက်မှ တဖြေးဖြေး လိုတာတွေထပ်ဖြည့်ပါ
ဆိုင်က ဝင်ငွေကို ဆိုင်မှာပြန် ရင်းနှီးမြှုပ်နှံပါ
အမောင့် ထက် အရေအတွက်ကိုကြည့်ပါ
သူများဆိုင်မှာ riso ရှိလို့ ငါ့ဆိုင်မှာ ရှိမှ ဆိုတာမျိုးထက်
ကိုယ့်မှာရှိတဲ့ job တဲ့ တိုင်းပြီးမှ ဝယ်သင့် မဝယ်သင့် စဉ်းစားပါ
၇) မကြောက်နဲ့
လူတိုင်းမှားမှာ ကြောက်ကြတယ် ဖြစ်ပါ့မလားပေါ့
အခု အောင်မြင်နေတဲ့ ဆိုင်တွေလည်း နေ့တိုင်း သေးသေးလေးကနေ အကြီးကြီးတွေ အထိ အမှားတွေရှိနေကြတာပဲ
ဒီအမှားတွေကနေပဲ သင်ခန်းစားမျိုးစုံနဲ့ အတွေ့အကြုံမျိုးစုံကို ပေးသွားတာြဖစ်လို့ သိပ်ပြီးတွေးပူမနေပါနဲ့
မိတ်တွေ
fighting . . .

Shwe Myint Mo

#မောင်မင်းကြီးသားရဲထက်

-Batch - 6 class အတွက် အပ်နှံ နိုင်ပါပြီ😍😍Computer နဲ့ ပတ်သက်သည်များကို နားလည်သဘောပေါက်သည်အထိ စိတ်ရှည်ရှည် သင်ကြားပေးသော...
18/12/2023

-Batch - 6 class အတွက် အပ်နှံ နိုင်ပါပြီ😍😍
Computer နဲ့ ပတ်သက်သည်များကို နားလည်သဘောပေါက်သည်အထိ စိတ်ရှည်ရှည် သင်ကြားပေးသော သင်တန်းဆရာ အပြင်၊ နောက်မှ အားဖြည့်ပေးသော Guideများ ထားရှိခြင်း၊ လေ့ကျင့်မှု စွမ်းရည် လိုအပ်ပါက အချိန်ပို ခေါ်ယူ လေ့ကျင့်ပေးသည့် အပြင် သင်တန်းပြီးဆုံးပြီးနောက်ပိုင်းလည်း လိုအပ်ပါက ပြန်လည်လေ့ကျင့်ပေးပါသည်။
***နယ်ဝေးမှ သင်တန်းသူ/သားများအတွက်လည်း အဆောင်နေလက်ခံပါသည်။***
***သင်တန်းပြီးနောက် မန္တလေးမှာ အလုပ် အကိုင်ရှာဖွေလိုပါက အလုပ်ချိတ်ဆက်ပေးပါသည်။***
#ကွန်ပျူတာနဲ့အထိအတွေ့မရှိလို့ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေပါသလား ...?
#ယခုဘဲ Myint Myat Thu Computer Basic Training Center မှာသင်တန်းအပ်နှံနိုင်ပါပြီ...
🔶 ယနေ့တိုးတက်‌ နေတဲ့ခေတ်ကြီးမှာ အလုပ်လျှောက်တာဖြစ်ဖြစ်၊ ရုံးပိုင်းဆိုင်ရာအလုပ်လုပ်တာဖြစ်ဖြစ် ကွန်ပျူတာအခြေခံတတ်ကျွမ်းဖို့ဆိုတာ မရှိမဖြစ်ကိုဖြစ်နေကြပါပြီ။
🔶 ဘာလို့လဲဆိုတော့ အစိုးရရုံးတွေက အစ လူနေမှုအဆင့်တန်းထိ Computer ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာကို တွေ့မြင်ရမှာပါ။
🔶 စာရွက်စာတမ်းတွေအသုံးပြုတာထက် Computer စာရင်းတွေက ပိုပြီး အချိန်ကုန်သက်သာ၊ Data သိမ်းဆည်းရလွယ်ကူတာမို့ Computer တွေကို အစားထိုးအသုံးပြုလာနေကြပါပြီ။
♦️ ကွန်ပျူတာကိုမိမိကိုယ်တိုင်တတ်မြောက်ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်...
♦️ လူနေမှုဆိုင်ရာ သင်ကြားရေးနည်းပညာ အ‌ထောက်အကူစနစ်များတွင် ထည့်သွင်းဆောင်ရွက်နိုင်ရန်အတွက် လေ့လာသင်ယူလိုသည်ဖြစ်စေ...
♦️ စီးပွားရေးဆိုင်ရာ ၊ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန်ဖြစ်စေ...
♦️ တဆင့် ပြန်လည်သင်ကြားလိုသောသူများအတွက်လည်း ကျွမ်းကျင်စွာတတ်မြောက်စွာ သင်ပေးမည်ဖြစ်ပါသည်။
♦️ ပြီးဆုံးကြောင်း Certificate ကို စာမေးပွဲဖြေဆိုရမည်ဖြစ်၍ 80%‌ အောင်မြင်မှ ထုတ်ပေးပါမည်။
♦️ လူကြီးလူငယ်မရွေး တက်‌မြောက် ထားသင့်သော သင်တန်းဖြစ်ပါတယ်...
Courses
- Introduction to Computer
- (English & Myanmar ကီးဘုတ်ရိုက်နည်း)
- Using draw with MSPaint
- Using Files and Folders
- Software Install and Uninstall
- Microsoft Word
- Microsoft Excel
- Microsoft PowerPoint
- Adobe PageMaker 7.0
- Using Internet and email
- အလုပ်လျောက်လွှာရေးနည်း၊ အလုပ်လျောက်နည်း
✅ သင်ကြားပေးမည့်ပုံစံ
🔳 သင်ပေးမည့်သင်ရိုးများကို သင်ယူလိုစိတ်၊ လိုချင်စိတ်တစ်ခုထဲဖြင့် တတ်မြောက်သည်အထိ သင်ကြားပေးပါသည်။
🔳 သင်ပေးမည့် သင်ခန်းစာများကိုလည်း တစ်နေ့စာ တစ်နေ့ လေ့လာ မှတ်ယူရမည်။
🔳 သင်ခန်းစာများကို နားမလည်သည့်အခါ နားလည်သည်အထိ ပြန်လည်‌ မေးမြန်း‌ ဖြေဆို‌ ပေးပါမည်။
🔳 သင်ခန်းစာ တစ်ခုပီးတိုင်း Revision ပြန်လည် သင်ကြား ပေးပါမည်။
🔳 သင်တန်းအချိန်ကိုလဲ မိမိအဆင်ပြေသည့် အချိန်ကို ညှိနှိုင်းပီး သင်ကြားပေးသွားပါမည်။
---------
♦️Certificate (လက်မှတ်)
သင်တန်းပြီးဆုံးကြောင်းလက်မှတ် "Certificate of Completion" ကိုလည်း 80% ပြည့်အောင်‌ဖြေဆိုပီးမှထုတ်ပေးပါမည်။
♦️ယခုသင်တန်းအပ်နိုင်ပါပြီ
( Batch -6) Computer Basic အတန်းကို (25.12.2023 ) တနင်္လာနေ့တွင် စတင်သင်ကြားပါမည်။
♦️တည်နေရာ
ပြည်စိုးအောင်ရပ် ၊ လက်ပန်လှ ၊ Myint Myat Thu Education Center သို့...
----------
♦️Contact
- ☎️ 09942197179 / 09775960620

Batch - 4Congratulations!👏🎉🎉သင်ယူစရာတွေများတဲ့ IT နည်းပညာ နယ်ပယ်ကြီးမှာ စိတ်သွားတိုင်းကိုယ်ပါ.. ပျော်ရွှင်စရာအလုပ်အကိုင်...
23/09/2023

Batch - 4
Congratulations!👏🎉🎉
သင်ယူစရာတွေများတဲ့ IT နည်းပညာ နယ်ပယ်ကြီးမှာ
စိတ်သွားတိုင်းကိုယ်ပါ.. ပျော်ရွှင်စရာအလုပ်အကိုင်များ
လုပ်ကိုင်နိုင်ပါစေကြောင်း မှ MMT Computer Basic Training Center မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...
တော်၍ ထက်မြတ်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ...



HDD နဲ့ SSD ဘာကွာလဲ ?Computer Drive တွေကို Price to Performance ဖြစ်လား၊ မဖြစ်လား ဆိုတာကို Speed နဲ့ဘဲ ဆုံးဖြတ်ကြပါတယ်။C...
13/09/2023

HDD နဲ့ SSD ဘာကွာလဲ ?
Computer Drive တွေကို Price to Performance ဖြစ်လား၊ မဖြစ်လား ဆိုတာကို Speed နဲ့ဘဲ ဆုံးဖြတ်ကြပါတယ်။
Computer တွေကို Professional လုပ်ငန်းတွေအတွက် အသုံးချကြတာကြောင့် Data သိမ်းဆဲ နိင်တဲ့ ပမာဏ များများလိုအပ်ပါတယ်။ Storage တွေ အများကြီး ပေးလာပေမယ့် 1Gb ကနေ 100Gb လောက်အထိ Transfer လုပ်ရတဲ့ အခါ DDR 3 နဲ့ DDR 4 မှာပါ Data Transfer လုပ်ရတဲ့ အချိန်က အရမ်းကြာတဲ့ အတွက် HDD ထက် ပိုမြန်တယ် ထင်ရတဲ့ SSD တွေသုံးလာကြပါတယ်။
1Mb ကနေ 1Gb လောက်ထိကိုတော့ Data Transfer လုပ်တဲ့ အခါမှာ DDR 2 လောက်ကနေ ကြာချိန်အရမ်း နည်းလာပါတယ်။
HDD ဆိုတာ Hard Disk ဖြစ်ပြီးတော့ SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။
နှစ်ခုစလုံးက Storage Device တွေပဲ ဖြစ်ပါတယ်။
HDD ဟာ 3.5 inch (Desktop) နဲ့ 2.5 inch (laptop) ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပါတယ်။
HDD အားသာချက်က ဈေးသက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏများပါတယ် ( ယခုဆိုရင် Hard Disk 12 TBထိတောင် သိမ်းဆည် လာနိုင်ပါပြီ)။
HDD ရဲ့ အားနည်းချက်တွေက အကြမ်းမခံပါဘူး ။ရွေ့လျားနေတဲ့ အစိတ်အပိုင်းတေ ပါဝင်တာကြောင့် လွတ်ကျတာနဲ့ ပျက်စီးနိုင်ပါတယ်။
ပါဝါစားမှုက SSD ထက်များပါတယ် ။ 6 Watt ကနေ 15 Watt လောက်ထိ ပါဝါစားပါတယ်။
HDD ရဲ့ Data ကူးပြောင်းနှုန်းက 200 Mbps အောက်မှာသာ Read/Write လုပ်နိုင်ပါတယ်။
HDD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 5.5s ကနေ 8.0 Ms အချိန်ထိကြာပါတယ်။
Computer Drive တွေကို Price to Performance ဖြစ်လား၊ မဖြစ်လား ဆိုတာကို Speed နဲ့ဘဲ ဆုံးဖြတ်ကြပါတယ်။
Computer တွေကို Professional လုပ်ငန်းတွေအတွက် အသုံးချကြတာကြောင့် Data သိမ်းဆဲ နိင်တဲ့ ပမာဏ များများလိုအပ်ပါတယ်။ Storage တွေ အများကြီး ပေးလာပေမယ့် 1Gb ကနေ 100Gb လောက်အထိ Transfer လုပ်ရတဲ့ အခါ DDR 3 နဲ့ DDR 4 မှာပါ Data Transfer လုပ်ရတဲ့ အချိန်က အရမ်းကြာတဲ့ အတွက် HDD ထက် ပိုမြန်တယ် ထင်ရတဲ့ SSD တွေသုံးလာကြပါတယ်။
1Mb ကနေ 1Gb လောက်ထိကိုတော့ Data Transfer လုပ်တဲ့ အခါမှာ DDR 2 လောက်ကနေ ကြာချိန်အရမ်း နည်းလာပါတယ်။
HDD ရဲ့ Data Transfer Speed
5400 RPM(1 စက္ကန့်တွင် အပတ်ရေ 5400 လည်ပတ်နေခြင်း) ရှိတဲ့ HDD တစ်ခုရဲ့ Read Speed နဲ့ Write Speed ဟာ ပုံမှန် တစ်စက္ကန့်တွင် 75Mb ကနေ 100Mb ထိရှိတာကြောင့် CPU က Data Transfer လုပ်ဖို့တွက် Core တစ်ခုတည်း သုံးပြီးလုပ်နေတဲ့ အခါ 1 စက္ကန့်မှာ 50Mb လောက်သာပြီးစီးနိင်နိင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် Data Transfer လုပ်ဖို့ အတွက် Core နစ်လုံး အသုံးပြုသော အခါ ပျှမ်းမျှအနည်ဖြင့် 1 စက္ကန့်မှာ 100Mb ထိ ပြီးစီးနိင်မှာ ဖြစ်ပါတယ်။
7200 RPM ရှိတဲ့ HDD တစ်လုံးရဲ့ Data Transfer Speed ကလည်း Core နစ်လုံး နဲ့ လုပ်နေရင် ပျှမ်းမျှအားဖြင့် 1 စက္ကန့်တွင် 80Mb ကနေ 160Mb လောက်ထိ ပြီးစီးပါတယ်။
10000 RPM, 15000 RPM စသည်ဖြင့်ရှိပြီး 2022 တွင်ထွက်သော Samsung T5 HDD ဆိုလျှင် 1 စက္ကန့်တွင် 520Mb မှ 560Mb ထိ Data Transfer လုပ်နိင်တယ်။
CPU Core က Core များပြီး Process များ ခွဲပေးနိင်သေး Function ပါလျှင် Data ပမာဏ ပိုမိုများပြားစွာ Transfer လုပ်နိင်မှာဖြစ်ပါတယ်။
SSD ရဲ့ Data Transfer Speed
SSD ဆိုတာ Micro SD နည်းပညာကို သုံးထားပြီး လျှပ်သို ပါရှိသောကြောင့် Data များကို အသင့်အနေအထားနဲ့ သုံးရန်အဆင်သင့်ရှိနေပါတယ်။
(HDD တွင် သံလိုက်နဲ့ ဓတ်ပြားလည်ပတ်မှုဖြင့် လျှပ်စီးပတ်နေခြင်းပေါ်တွင် ဖလင်ဖြင့် Data ဖမ်းယူကို သိမ်းဆည်းခြင်းကြောင့် Data Transfer ပြုလုပ်ရန် အဆင်သင့် ဖြစ်မနေပါ၊ ဓတ်ပြားလည်ပတ်နုန်း ပုံမှန် RPM ကိုရောက်မှသာ အဆင်သင့်ဖြစ်သည်။ ထို့ကြောင့် Window Boot တက်လျှင် Data အဆင်သင့်ဖြစ်နေသော SSD က ပိုမြန်ခြင်းဖြစ်သည်။)
HDD တွင် Sata တစ်မျိုးတည်းရှိပြီး RPM များလေ ပိုမြန်လေ ဖြစ်သော်လည်း SSD တွင် Better Version များအဖြစ် SataM2, SataM2PCLe, NVMe, NVMeM2, NVMePCLe ဆိုပြီးထွက်လာပါတယ်။ Sata က ဈေး အနည်းငယ် နည်းပြီး NVMe က ဈေးအနည်းငယ်များကာ Data ပမာဏများများ Transfer လုပ်နိင်ပါတယ်။
Sata SSD ရိုးရိုးတွေ က 1 စက္ကန့်မှာ 300Mb လောက် Transfer လုပ်နိင်ပြီး M2, PCLe တွေက Core များပြီး Brand ကောင်းတဲ့ Computer တွေမှာ ဆိုရင် Maximum 3000Mb/4000Mb လောက်ထိ Transfer လုပ်နိင်ပါတယ်။
SSD မှာတော့ 2.5 inch အရွယ်အစားတစ်မျိုးပဲ လာပါတယ်။
2.5 inch Drive အတွက် နေရာမပါတဲ့ Desktop တွေမှာ တပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီး တပ်ဆင်ရမှာပါ။ Motherboard ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။
SSD ရဲ့ အာသာချက်က Data ကူးပြောင်းနှုန်းမှာ 200 Mbps ကနေ 25000 Mbps ကြား မှာ Read/Write လုပ်နိုင်တဲ့ အတွက် HDD ထက် ၁၀ ဆမက ပိုမြန်ပါတယ်။
SSD တွေက အကြမ်းခံပါတယ်။ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတေ မပါဝင်တဲ့ အတွက် တော်ရုံ ပြုတ်ကျတာ၊ ထိခိုက်မိတာ လောက်နဲ့ Data တေ မပျက်စီးနိုင်ပါဘူး။
SSD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 0.5s အချိန်ထိ သာကြာပါတယ်။ ပါဝါစားမှု က 2 Watt ကနေ 5 Watt လောက်ထိပဲစားပါတယ်။
စက်ဖွင့်တာဖြစ်ဖြစ် ၊ File တွေကူးတာဖြစ်ဖြစ် SSD သုံးထားရင် သိသိသာသာမြန်ဆန်နေမှာပါ။
SSD မှာ မော်ဒယ် နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအလိုက် အမြန်နှုန်း ကွာခြားပါတယ်။
အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။
အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
SSD ရဲ့ အားနည်းချက်က ဈေးကြီးပါတယ်။ HDD နဲ့ SSD Storage ပမာဏတူရင်တောင် SSD က ဈေးနှစ်ဆလောက် ပိုပါတယ်။
SSD တေရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏက 1 TB ကနေ 4 TB သာရှိပါတယ်။ Hight-End ကွန်ပျူတာတေမှာ သာ 8TB တွေ့ရတာပါ။
SSD မှာ SSD, M.2 SSD (SATA) နဲ့ M.2 SSD (PCIE) ဆိုပြီး လာပါတယ်။
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
⏺ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။
SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။
⏺သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?
ဒါဆို အဖြေက ရှင်းပါတယ်။
ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။
ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။
Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။
Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။



All in one PC ဆိုတာ?All in one pc ဆိုတာ Desktop ကွန်ပျူတာ တစ်မျိူးပါပဲ။ ဒါပေမယ့် တစ်ခြား Desktop ကွန်ပျူတာတွေနဲ့တော့ မတူ...
09/09/2023

All in one PC ဆိုတာ?
All in one pc ဆိုတာ Desktop ကွန်ပျူတာ တစ်မျိူးပါပဲ။ ဒါပေမယ့် တစ်ခြား Desktop ကွန်ပျူတာတွေနဲ့တော့ မတူပါဘူး။ ဒီ All in one pc ကတော့ ရိုးရိုး Desktop တွေလိုမျိုး System ပုံးကသတ်သတ်၊ Monitor ကသတ်သတ်စီ မဟုတ်ပါဘူး။
Monitor မှာပဲ အားလုံးကို ပေါင်းစပ်ထားတာ ဖြစ်တယ်။ All in one ဆိုတော့ အားလုံးကို ပစ္စည်းတစ်ခုတည်းပေါ်မှာပဲ ပေါင်းစပ်ထားတယ် ဆိုပြီးတော့ အဓိပ္ပာယ်ရပါတယ်။ ဥပမာပြောရရင် ကွန်ပျူတာထဲမှာ CPU ကို ပေါင်းစပ်ထားသလိုပဲ ဖြစ်တယ်။ ကြည့်လိုက်ရင် Monitor ရယ်၊ Keyboard ရယ်၊ Mouse ရယ်ပဲတွေ့ရတယ်။ System ဆိုပြီးတော့ သတ်သတ်စီရှိနေတာမျိုး မဟုတ်ပါဘူး။
Monitor ထဲမှာပဲ အားလုံးတပ်ဆင်ထားတာ ဖြစ်တယ်။ ဒီအတွက် နေရာစားလည်း သက်သာသွားစေပါတယ်။ Mouse ကလည်း တစ်ခြား PC ကွန်ပျုူတာတွေမှာလို System ပုံးမှာ တပ်ထားတာ မဟုတ်ဘူး။ keyboard မှာ တပ်ထားတာ ဖြစ်တယ်။
နောက်ပြီး CD Rom တွေဟာလည်း Monitor ထဲမှာ တွဲပါတတ်တယ်။ တစ်ချို့ ကွန်ပျူတာတွေမှာတော့ CD Rom ဟာ Keyboard ထဲမှာ ရှိတတ်တယ်။ တစ်ချို့ All in one PC ကွန်ပျူတာတွေမှာတော့ Keyboard တို့၊ Mouse တို့ကို တပ်ဆင်ဖို့ရန်အတွက် Wire ကြိုးတွေ လိုတယ်။
Model နိမ့်တဲ့ All in one PC ကွန်ပျူတာတွေမှာပဲ ဒီလို Keyboard, Mouse တပ်ဆင်ဖို့အတွက် Wire ကြိုးတစ်ကြိုး လိုတယ်။ အားလုံးပေါင်း Wire ကြိုး နှစ်ကြိုးပါတတ်တယ်။ ဒါပေမယ့် လုံးဝ High-end ဖြစ်တဲ့ Model မြင့်တဲ့ All in one PC ကွန်ပျူတာတွေမှာဆိုရင် Power ယူဖို့ wire ကြိုးတစ်ကြိုးပဲပါတာ ဖြစ်တယ်။ ဒါကြောင့်လည်း All in one PC လို့ခေါ်တာ ဖြစ်တယ်။
ဥပမာနေနဲ့ ပြောရရင် Wire ကြိုးတစ်ကြိုးသာပါသော All in one PC ကွန်ပျူတာ ထုတ်လုပ်ခဲ့သော ကုမ္ပဏီတစ်ခုရှိတယ်။ Dell ကွန်ပျူတာကုမ္ပဏီက Wire ကြိုးတစ်ကြိုးတည်းသာပါသော All in one PC ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။ Studio One 19 ဆိုတဲ့ All in one PC ပဲ ဖြစ်တယ်။
အဲ့ဒီ ကွန်ပျူတာဟာဆိုရင် Keyboard, Mouse တပ်ဆင်ဖို့အတွက်တောင်မှ Wire ကြိုးမလိုပါဘူး။ ကွန်ပျူတာကို Power ပေးဖို့ရန်အတွက်ပဲ Power ကြိုးတစ်ကြိုးတည်းပါတာဖြစ်တယ်။ ကြိုးတွေများပြီးတော့ ရှုပ်တာမျိုး မဖြစ်တော့ဘူး။ Dell က ထုတ်လုပ်လိုက်သော Studio One 19 All in one PC ကို ၂၀၀၉ ခုနှစ်၊ မတ်လ၊ ၁၃ ရက်နေ့ မှာ ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ Studio One 19 All in one PC ကွန်ပျူတာသည် ၁၈ လက်မခွဲလောက် ရှိတယ်။ သူက Multi-Touch Screen လည်း ဖြစ်တယ်။
All in one PC တွေဟာ အမှန်တကယ်ကိုပဲ တစ်ခြား Desktop ကွန်ပျူတာတွေထက် ပိုပြီးတော့ Portable ဖြစ်ပါတယ်။ သယ်ယူရ လွယ်ကူပါတယ်။ ရွေ့ပြောင်းရ လွယ်ကူတယ်။ Monitor တစ်ခုတည်း မှာပဲ များစွာသော Device တွေကို Integrated ပူးတွဲပြီးတော့ ပြုလုပ်ထားတာ ဖြစ်တယ်။ ၎င်း All in one PC ကွန်ပျူတာတွေကို အလွယ်တကူ ဖြုတ်ယူ သယ်ဆောင်သွားပြီးတော့ တစ်ခြားတစ်နေရာမှာ အလွယ်တကူအသုံးပြုလို့ရနိုင်တယ်။ Portable ဖြစ်ပါတယ်။
All In One PC ကွန်ပျူတာတွေမှာ အားသာချက်တွေ ရှိတယ်။ All in one ဖြစ်တဲ့အတွက် နေရာစားသက်သာတယ်။ Power Consumption လည်း သက်သာတယ်။ ပေါ့ပါးမှုလည်း ရှိတယ်။ ရွေ့ပြောင်းရတာလည်း လွယ်ကူတယ်။ သယ်ယူရလည်း လွယ်ကူမှုရှိတယ်။ ချပ်ချပ်ရပ်ရပ်နဲ့ သပ်သပ် ရပ်ရပ်ရှိတယ်။ Upgrade လုပ်ရတာလည်း လွယ်ကူမှုရှိပါတယ်။ Modernize လည်း ဖြစ်တယ်။
Apple ကုမ္ပဏီကဆိုရင် များစွာသော All in one PC ကွန်ပျူတာတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Apple က ထုတ်လုပ်သော All in one PC တွေဟာ လူကြိုက်များတယ်။ ပေါ်ပြူလာလည်း ဖြစ်ပါတယ်။ Apple က ၁၉၈၀ ခုနှစ်အလယ်လောက်က ထုတ်လုပ်ခဲ့သော Macintosh ကွန်ပျူတာ၊ ၁၉၉၀ ခုနှစ်နှောင်းပိုင်း နှင့် ၂၀၀၀ ခုနှစ်တွေ မှာထုတ်လုပ်ခဲ့သော iMac ကွန်ပျူတာတို့မှာ All in one PC ကွန်ပျူတာတွေပဲ ဖြစ်တယ်။
ဟိုးအရင်က ထုတ်လုပ်ခဲ့ကြသော အချို့ 8 Bit ရှိသော ကွန်ပျူတာ တွေရှိတယ်။ Commodore PET 2001 သို့မဟုတ် Kaypro II တို့လို ကွန်ပျူတာတွေပါ။ ၎င်းတို့ဟာလည်း All in one PC ကွန်ပျူတာတွေပဲ ဖြစ်တယ်။
All in one PC Desktop ကွန်ပျူတာ တွေဟာ Laptop ကွန်ပျူတာတွေလိုပဲ ကျန်တဲ့ Hardware ပစ္စည်းတွေကို Monitor ရဲ့နောက်ဘက် အတွင်းပိုင်းမှာ ထားပြီးတော့ တပ်ဆင်ထားတာ ဖြစ်တယ်။
၂၀၀၂ ခုနှစ်လောက်တုန်းကဆိုရင် Apple က ထုတ်လုပ်ခဲ့သော iMac line ကွန်ပျူတာတွေမှာ CPU နှင့် တစ်ခြား အတွင်းပိုင်းဆိုင်ရာ Internal Hardware ပစ္စည်းတွေကိုကြီးကြီးသေးသေးပစ္စည်းအားလုံးကို နေရာအခက် အခဲကြောင့် Motherboard ပေါ်မှာပဲ တပ်ဆင် ပြုလုပ်ထားကြတာကိုတွေ့ရပါတယ်။



Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Comp...
08/09/2023

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်
Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Computer ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Laptop ဖြစ်ဖြစ် Desktop ဖြစ်ဖြစ် PC တစ်လုံးပဲ ဖြစ်ပါတယ်။ Laptop ဝယ်တာနဲ့ Desktop ဝယ်တာနဲ့ သိပ်တော့ ကွာဟချက်မရှိပါဘူး။
PC ဝယ်မယ်ဆိုရင် PC အကြောင်းလေးတော့ သိထားသင့်ပါတယ်။ ဒါမှ ကိုယ်စီးတဲ့မြင်း အထီးလား အမလား ခွဲခြားနိုင်မှာပါ။ ဒါကြောင့် Laptop ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲဆိုတာ တင်ပြလိုက်ရပါတယ်။
Brands အမှတ်တံဆိပ်များ
Laptop ထုတ်လုပ် တပ်ဆင်ရောင်းချတဲ့ ကုပ္မဏီအမှတ်တံဆိပ်တွေကတော့ အများကြီးပါ။ ဒါပေမယ့် ပြည်တွင်းမှာတော့ Dell, Lenovo, Acer, MSI, Asus, hp, Toshiba နဲ့ Samsung တို့သာ ရရှိနိုင်ပါတယ်။ အခြား Brand တွေကိုတော့ အနည်းအကျဉ်းသာ ရရှိနိုင်ပါတယ်။ Brand တွေတိုင်းမှာ Series တွေ ရှိပါတယ်။ အဲဒီ Series တွေက Brand တစ်ခုတည်းမှာကိုပဲ အရည်အသွေးတွေ ကွာခြားသွားပါတယ်။
ဥပမာ – Dell မှာဆိုရင် Inspiron series တွေဟာ ဘတ်ဂျတ်သက်သာလိုသူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းနဲ့ အကြမ်းခံမှုတွေမှာ အရမ်းကို အားနည်းတာတွေ့ရပါတယ်။ အခြား Brand တွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် Brand ကို ရွေးချယ်တဲ့အခါမှာ Series အလိုက် ကြည့်ရှု ဝယ်ယူဖို့ လိုအပ်ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်ဆိုပြီး ပုံအပ်ပြီး ဝယ်ယူလို့ မရနိုင်ပါဘူး။
Processor (CPU)
CPU ဆိုတာ Central Process Unit ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ Computer ဝယ်တော့မယ်ဆိုရင် Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် Processor ကို အဓိကထားပြီး ရွေးချယ်ရပါတယ်။ လက်ရှိမှာ အများဆုံး အသုံးပြုနေတဲ့ Computer CPU တွေကတော့ Intel CPU နဲ့ AMD CPU ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီ CPU နှစ်မျိုးမှာ Intel ကို အသုံးပိုများပြီး AMD ကိုလည်း သုံးကြပါတယ်။ Intel နဲ့ AMD နဲ့ ဘာကွာသလဲဆိုရင် Intel က ပါဝါစားသုံးမှု AMD ထက်ပိုနည်းပါတယ်။
ဒါပေမယ့် ဈေးနှုန်းအရဆိုရင် Intel က AMD ထက်ပိုများပါတယ်။ CPU တွေမှာ Core ဘယ်လောက်ပါတယ်ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။ Core များရင် ပိုကောင်းပါတယ်။ နောက်တစ်ခုက Clock speed ပါ။ Clock speed များရင် ပိုကောင်းပါတယ်။ Clock speed ကို Hertz နဲ့ ဖော်ပြတာ ဖြစ်ပြီး ယူနစ်အနေနဲ့ Hz ဆိုပြီး တွေ့နိုင်ပါတယ်။ နောက်တစ်ခုက Generation ပါ။ 1 generation ကနေ 7 generation အထိ ရှိပါတယ်။ 7 Generation ကတော့ အကောင်းဆုံးပါပဲ။
Memory (RAM)
Memory ဆို Computer ရဲ့ ဒုတိယ အသက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု CPU ဆီကိုရောက်ဖို့ Memory ပေါ်ကနေ ဖြတ်သန်းလုပ်ဆောင်ရပါတယ်။ CPU လိုအပ်တာတွေကို Storage ကနေပြီး Memory ပေါ်ကို တင်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Memory ပမာဏနဲ့ Memory speed များလေ CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ အသုံးချနိုင်လေ ဖြစ်ပါတယ်။ CPU များပြီး Memory နည်းနေမယ်ဆိုရင် CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ ခံစားရနိုင်မှာ မဟုတ်ပါဘူး။ Memory များလေ ကောင်းလေပဲ ဖြစ်ပါတယ်။ Memory အနည်းဆုံး 4 GB ရှိသင့်ပါတယ်။
Storage
Storage မှာ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ Hard Disk Drive (HDD) နဲ့ Solid State Drive (SSD) တို့ပဲ ဖြစ်ပါတယ်။ HDD နဲ့ SSD မှာ HDD က အစစ အရာရာမှာ အားနည်းတယ်လို့ ဆိုရမှာပါ။ အားသာချက်အနေနဲ့ ဈေးသက်သာတာ တစ်ခုပဲ ရှိပါတယ်။ HHD က Data input/output transfer လုပ်တဲ့အခါမှာ 200 MB/s ပဲ ရရှိပါတယ်။ SSD ကတော့ 200 MB/s ကနေ 2500 MB/s အထိ ရရှိနိုင်တဲ့အတွက် HHD ထက် ဆယ်ဆကျော် မြန်တယ်လို့ ဆိုရမှာပါ။
Power မရှိပဲ Data သိမ်းတဲ့အခါမှာတော့ HDD က SSD ထက်ပိုပြီး ကြာကြာသိမ်းနိုင်ပါတယ်။ SSD ကတော့ Power မရှိပဲ သိမ်းမယ်ဆိုရင် ၁ နှစ်ကနေ ၂ နှစ်အတွင်းပဲ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Power ရှိတယ်ဆိုရင်တော့ ၁၀ နှစ်အထိ သိမ်းဆည်းနိုင်ပါတယ်။ HHD ကတော့ တစ်နေရာတည်းမှာ Data တွေကို ဖျက်လိုက် သိမ်းလိုက် လုပ်တာ များလာတဲ့အခါမှာ Data ပျက်တတ်ပါတယ်။ SSD မှာတော့ အဲဒီ ပြဿနာမရှိပါဘူး။ ဒီတော့ ကိုယ့်လိုအပ်ချက်နဲ့ ဘတ်ဂျတ်အပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။
Display
Display ဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကြီးတာ သုံးမလား၊ သေးတာ သုံးမလား ဆိုတာပါပဲ။ များသောအားဖြင့် Display တွေက Full HD တွေ ပါပဲ။ နောက်တစ်ချက်က LED လား၊ LCD လား ဆိုတာ ရွေးချယ်ရမှာပါ။ LED ဆိုတာ Light Emitting Diodes ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ LCD ဆိုတာ Liquid Crystal Display ကို အတိုကောက်ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးကတော့ Liquid Crystal Display တွေပဲ ဖြစ်ပါတယ်။
LED နဲ့ LCD ဘာကွာသလဲဆိုတော့ LCD က Fluorescent lights ကို အသုံးပြုပြီး LED ကတော့ Light emitting diodes ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် LED က LCD ထက် ပါဝါပိုသုံးပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကို ပေးပါတယ်။ နောက်တစ်ကတော့ Display ဟာ ရှေ့တည့်တည့်ကြည့်မှ မြင်ရတာလား ထောင့်စုံက ရှင်းရှင်းလင်းလင်း မြင်ရလားဆိုတာပါပဲ။
Graphic
Graphic ကတော့ ပိုကောင်းတဲ့ 3D ရုပ်ထွက်ကို ရရှိစေ ဖြစ်ပါတယ်။ Graphic card ပါတာနဲ့ Onboard graphic ပါတာကို ဒီဇိုင်းလုပ်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှသာ သိသိသာသာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Graphic card သီးသန့်ထည့်ထားတာနဲ့ Onboard graphic နဲ့ ဘာကွာသလဲဆိုရင်တော့ Onboard graphic က Graphics Processing Unit (GPU) အတွက် PC ရဲ့ Memory (RAM) ကို အသုံးပြုရပါတယ်။
ဒီတော့ Memory ကို မျှသုံးရတဲ့အတွက် PC ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းစေပါတယ်။ Graphics card သီးသန့်ထည့်သုံးတာကတော့ Graphics card မှာ GPU အတွက် သီးသန့် Memory ပါပြီးသား ဖြစ်တဲ့အတွက် GPU ကလည်း သီးသန့်၊ Memory ကလည်း သီးသန့်ဆိုတော့ PC ရဲ့ လုပ်ဆောင်ချက်ကို မထိခိုက်စေပဲ Graphics အတွက် သီးသန့် အလုပ်လုပ်ခိုင်းသလို ဖြစ်စေပါတယ်။ ဒါကို ဂိမ်းကြီးတွေနဲ့ ဒီဇိုင်းကြီးတွေ လုပ်တဲ့အခါမှာ သိသာစေပါတယ်။
Battery
Laptop ဝယ်တော့မယ်ဆိုရင် ဘက်ထရီကိုလည်း မေ့ထားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Laptop ဝယ်ပြီဆိုကတည်းက အလွယ်တကူ သယ်ယူပြီး ရောက်တဲ့နေရာ မီးရှိရှိ မရှိရှိ ပါဝါဖွင့် သုံးဖို့အတွက်ပါ။ ဒါကြောင့် Laptop ရဲ့ ဘက်ထရီ ဘယ်လောက်ကြာကြာခံတယ်ဆိုတာလည်း Laptop ဝယ်ယူရာမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Laptop battery ရွေးချယ်တဲ့အခါမှာ Battery cell ဘယ်လောက်ပါလည်းဆိုတာ ကြည့်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။
ဥပမာ – Battery ဆိုတဲ့နေရာမှာ Li-ion 4 Cells သို့မဟုတ် 3 Cells battery ဆိုပြီး ဖော်ပြတတ်ကြပါတယ်။ Cell များလေ ကြာကြာအသုံးခံလေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီရဲ့ အမျိုးအစားနဲ့ mAh အပေါ်လည်း မူတည်ပါသေးတယ်။ ဘက်ထရီမှာ mAh များများပါတာက ပိုပြီးကြာကြာ အသုံးခံပါတယ်။ ဒါကြောင့် mAh များပြီး Cell များများပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Network
Network မှာ Wireless နဲ့ Cable ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Wireless မှာတော့ Laptop တော်တော်များများ အတူတူပါပဲ။ Cable မှာဆိုရင်တော့ Data transfer rate နှစ်မျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ Gigabyte LAN နဲ့ 100 Megabyte LAN ဆိုပြီး ဖြစ်ပါတယ်။ သာမန်အသုံးပြုဖို့လောက်ဆို 100 Megabyte LAN နဲ့ အဆင်ပြေပေမယ့် Network မှာ အလုပ်ကြီးကြီးမားမား ခိုင်းဖို့ဆိုရင် Gigabyte LAN ကို ရွေးချယ် ဝယ်ယူရမှာ ဖြစ်ပါတယ်။
Optional
ရွေးချယ်စရာ သိပ်မလိုတာတွေလည်း ရှိပါတယ်။ Bluetooth, DVD Drive, Card Reader စသည်တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဘာလို့ရွေးချယ်စရာမလိုဘူးလည်းဆိုရင် သိပ်ပြီး အသုံးမတည့်တော့လို့ပါပဲ။ Bluetooth မှာ 3.0, နဲ့ အထက် ရှိပါတယ်။ မြင့်တာ ပိုကောင်းတာပေါ့။ Bluetooth ကိုပဲ မြင့်တာကိုလိုက်ရွေးဝယ်နေမှာ မဟုတ်ပါဘူး။ DVD Drive ဆိုရင်လည်း ပါတာ မပါတာကိုပဲ ရွေးချယ်စရာလိုပါတော့တယ်။ DVD Drive ပါတယ်ဆိုရင် Super Multi Read/Write ရပြီးသားပါ။ Card Reader ကလည်း အရေးကြီးတဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။ မပါရင် External ဝယ်သုံးလို့ရနိုင်ပါတယ်။
အချုပ်အားဖြင့် Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘတ်ဂျတ် ဘယ်လောက်သုံးမှာလဲ။ ကိုယ်သုံးမယ့် ဘတ်ဂျက်နဲ့ ကိုယ်လုပ်ခိုင်းရမယ့် အလုပ်နဲ့ ကိုက်ညီမလားဆိုတာ ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ ငွေရှင်းကောင်တာမှာ သုံးဖို့၊ အင်တာနက် သုံးဖို့လောက်ဆိုရင် Celeron, Pentium 2.4 GHz မြန်နှုန်းလောက်ဆိုရင် အဆင်ပြေပါတယ်။
ရုံးသုံးဖို့ဆိုရင်တော့ အနည်းဆုံး Pentium 2.4 GHz ကနေ Core i3 2.4 လောက်ကို သုံးသင့်ပါတယ်။ ရုံးသုံးက Excel တွေ သုံးမှာ ဖြစ်တဲ့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ ရုံးသုံးကိုမှ ဖိုင်တွေအများအပြားဖွင့်ပြီး အလုပ်လုပ်ဖို့လိုတယ်ဆိုရင်တော့ Memory ကို 8 GB ထားရှိပြီး OS ကို 64 bit အသုံးပြုဖို့ လိုအပ်မှာပါ။
IT သမားတစ်ယောက်အနေနဲ့ Network တွေ စမ်းဖို့ Programming တွေ ရေးဖို့ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz လောက်ကို Gigabyte LAN နဲ့ သုံးသင့်ပါတယ်။ Laptop ကို ရွေးချယ်ရာမှာလည်း OS တစ်ခုတည်းအတွက် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေကို မရွေးချယ်သင့်ပါဘူး။ Lenovo မှာ Windows အတွက် သီးသန့် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေ ရှိပါတယ်။ အဲဒါမျိုး ဝယ်မိလို့ Linux ကို သုံးချင်တဲ့အခါ Driver ပြဿနာတွေ ရှိပါတယ်။ ဒါကြောင့် Computer နဲ့ အရင်းနှီးဆုံးနေရမယ့် IT သမားတစ်ယောက်အတွက် Computer ဟာ အရာအားလုံးအတွက် Free ဖြစ်နေဖို့ လိုအပ်ပါတယ်။
ဒီဇိုင်းသမားတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကို Graphics card နဲ့ အနည်းဆုံး Memory 8 GB သုံးနိုင်ရင် အဆင်ပြေပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီဇိုင်းက ရုပ်ပိုင်းကိုသာ အဓိက အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ Storage ကို SSD သုံးမယ်ဆိုရင် ဒီဇိုင်းဖိုင်တွေ ဖွင့်တဲ့အခါမှာ စောင့်ဆိုင်းချိန်ကို လျော့ချပေးမှာ အသေအချာပါပဲ။
ဂိမ်းမာတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကနေ အမြင့်ဆုံးတွေကိုပဲ ညွှန်းလိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ဂိမ်းအသစ်အသစ်တွေက ပိုမိုကောင်းမွန်အောင် ဖန်တီးလာကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဂိမ်းတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးလာသလို အဲဒီ ဂိမ်းတွေကို ပံ့ပိုးပေးတဲ့ Device တွေကိုလည်း ပိုမိုစွမ်းဆောင်ရည်ရှိအောင် ဖန်တီးလာကြပါတယ်။ ဒါကြောင့် ဂိမ်းကစားဖို့ဆိုရင်တော့ အမြင့်ဆုံးတွေသာ သုံးရမှာပါ။ အနည်းဆုံးအနေနဲ့ ပြောရရင်တော့ Core i3 2.4 GHz, Graphic 2 GB card, Memory 8 GB, Storage 1 TB (HDD), Gigabyte Network တို့ကို သုံးနိုင်ပါတယ်။



Desktop နှင့် Laptop ဘာတွေကွာခြားလဲ ? *******ကွန်ပျူတာအသုံးပြုနေတဲ့သူတွေကြားထဲမှာ Desktop User နဲ့ Laptop User တွေအနေနဲ့...
07/09/2023

Desktop နှင့် Laptop ဘာတွေကွာခြားလဲ ?
*******
ကွန်ပျူတာအသုံးပြုနေတဲ့သူတွေကြားထဲမှာ Desktop User နဲ့ Laptop User တွေအနေနဲ့ ဘယ်ဟာကပိုကောင်းတယ်ဆိုတာအခုအချိန်ထိငြင်းခုန်နေကြပါတယ်။ အက်ဒ်မင်က Desktop ရော Laptop ရော အသုံးပြုဖူးတာကြောင့် ဘယ်သူပိုကောင်းတယ်ဆိုတာထက် ဘာတွေကွာခြားသွားလဲဆိုတာကို အချက်လေးတွေနဲ့ ဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။
ကုန်ကျစရိတ်
****
ကုန်ကျစရိတ်ပိုင်းမှာတော့ Desktop နဲ့ Laptop ဟာ စျေးနှုန်းကွာဟချက်အရမ်းကြီးမရှိဘဲ Desktop ကအဓိကသာတဲ့အချက်က ကိုယ့်သုံးမယ့် Performance ကိုချိန်ဆပြီး Hardware ပိုင်းကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
ရုံးသုံး၊ အိမ်သုံးဖို့အတွက် ကွန်ပျူတာတစ်လုံးကို (CPU- i3, Ram - 4GB, HDD 1TB, . . .)ဆို ရပါတယ် ။ ဒါပေမယ့် Performance ပိုင်းမြင့်မားတဲ့ ကွန်ပျူတာတစ်လုံးကိုလိုချင်တယ်ဆိုရင်တော့ Desktop က Laptop ထက်အနည်းငယ်စျေးနှုန်းသက်သာပါတယ်။ Desktop က ကွန်ပျူတာတစ်လုံးကို စိတ်ကြိုက် Processor, GPU စတဲ့ Hardware တွေနဲ့ဖွဲ့စည်းနိုင်ပြီး Hardware တွေကလည်း Brand ပေါ်မူတည်ပြီး စျေးနှုန်းကို ချိန်ဆနိုင်တာကြောင့် Hardware ပိုင်း Build-in ပါတဲ့ Laptop ထက်စျေးနှုန်းပိုသက်သာရတာပဲဖြစ်ပါတယ်။
စွမ်းဆောင်ရည်
*****
Desktop နဲ့ Laptop ကို စွမ်းဆောင်ရည်ပိုင်းယှဉ်မယ်ဆိုရင် Desktop ကအသာရတယ်လို့ပဲပြောချင်ပါတယ်။ Processor, GPU, Ram တူညီတဲ့ Desktop နဲ့ Laptop ကို ယှဉ်ပြီးအသုံးပြုတဲ့အခါမှာ Desktop က Laptop ထက် ပိုမိုမြန်ဆန်ပြီး စက်ထစ်တာတို့ကိုလည်းမဖြစ်စေပါဘူး။ အခုလိုဖြစ်ရတဲ့ အဓိကအချက်ကတော့ အပူထိန်းချုပ်နိုင်မှုပဲဖြစ်ပါတယ်။ Laptop တွေမှာ fan အရေအတွက် အကန့်အသတ်နှင့်ပါဝင်တာကြောင့် အသုံးပြုချိန်ကြာလာတာနှင့်အမျှ CPU ကထုတ်လွှတ်တဲ့ အပူနှုန်းကို fan က ကောင်းမွန်စွာ မထိန်းချုပ်နိုင်တာကြောင့် စက်ထစ်တာတွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ Desktop တွေဟာ Laptop တွေမှာလို fan ကိုအကန့်အသတ်နဲ့ထားရှိတာမျိုးမဟုတ်ဘဲ မိမိစိတ်ကြိုက် fan ကိုတပ်ဆင်အသုံးပြုနိုင်တာကြောင့် CPU ရဲ့ထုတ်လွှတ်တဲ့ အပူနှုန်းကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။
Hardware ပိုင်း
*****
Desktop တွေရဲ့ အဓိက အားသာချက်က Hardware ပိုင်း (Processor, GPU, Ram, HDD) ကို စိတ်ကြိုက် Upgrade မြှင့်နိုင်တာပဲဖြစ်ပါတယ်။ Laptop တစ်လုံးကို Desktop တစ်လုံးမှာလို Hardware ပိုင်းကို စိတ်ကြိုက် Upgrade လုပ်နိုင်မှာမဟုတ်ဘဲ Ram, HDD တွေကိုပဲ Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Laptop တစ်လုံးမှာ Build-in ပါဝင်တဲ့ Processor နှင့် GPU တွေကို Upgrade လုပ်လို့ရမှာမဟုတ်ပါဘူး။
ပါဝါအသုံးပြုမှု
******
Desktop တွေက ပါဝါအသုံးပြုမှုနှုန်းမှာ Laptop တွေထက်ပိုပြီးများပါတယ်။ Desktop တွေမှာ Battery မရှိတာကြောင့် Wattage အားများတဲ့ Power Supply တွေကို UPS တွေနဲ့တွဲဖက်အသုံးပြုရပြီး Power Supply မှတစ်ဆင့် Motherboard, HDD . . စတဲ့ Hardware ပိုင်းတွေကို ပါဝါပြန်လွှတ်ပါတယ်။ (Power Supply ကထုတ်လွှတ်တဲ့ Watt နဲ့လိုက်ဖက်မယ့် Motherboard တွေကိုအသုံးပြုဖို့လိုအပ်ပြီး Power Supply ကထုတ်တဲ့ Watt ကအရမ်းများနေရင်လည်း သင့်ကွန်ပျူတာရဲ့ Motherboard ကိုပျက်စီးစေပါတယ်။) Laptop တွေမှာတော့ Battery ပါတာကြောင့် အားကုန်သွားချိန်မှာ အလွယ်တကူအားပြန်သွင်းနိုင်ပြီး ကွန်ပျူတာနဲ့လိုက်ဖက်မယ့် Watt ကိုအသုံးပြုထားတာကြောင့် ဒီအချက်မှာတော့ Laptop က Desktop ကိုအသာရပါတယ်။
သယ်ဆောင်ရလွယ်ကူမှု
******
Laptop တွေက ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် သွားလေရာကို အလွယ်တကူယူသွားနိုင်ပါတယ်။ Desktop တွေကတော့ နေရာပြောင်းရွှေ့မယ်ဆိုရင် Casing၊ Monitor, UPS တွေကိုသယ်ရမှာဖြစ်ပြီး အိမ် (သို့) ရုံးမှာပဲ အထိုင်ချပြီးအသုံးပြုတာအသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီအချက်မှာတော့ Laptop က Desktop ကို အပြတ်အသတ်အသာရပါတယ်။
ပြန်လည်ပြုပြင်နိုင်မှု
*****
Laptop တွေမှာ Error တစ်ခုခုဖြစ်ခဲ့ရင် Service ပို့ရတာများပါတယ်။ ဘာလို့လဲဆိုတော့ Laptop တိုင်းနီးပါးမှာ စက်ဖွင့်ရင် Warranty ပျက်တယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ပဲဖြစ်ပါတယ်။ Desktop မှာတော့ Error တက်ရင်တော့ Casing ကိုအလွယ်တကူဖွင့်ကာ Error တက်တဲ့အပိုင်းကိုရှာဖွေလို့ရပြီး အလွယ်တကူဖြုတ်လဲနိုင်ပါတယ်။
Features စုံလင်
*****
နောက်ဆုံးပေါ် Features တွေကို Laptop တွေမှာသာ ဦးစွာပါဝင်လေ့ရှိပြီး ဒီအချက်မှာတော့ Desktop တွေက Laptop တွေထက်နောက်မှာကျန်နေခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ Security ပိုင်း Features တွေဖြစ်တဲ့ Fingerprint, Face Recognize စတဲ့ Features တွေကို Laptop တွေမှာပဲ တွေ့ရပါတယ်။ (Desktop တွေမှာ Fingerprint ကို USB နဲ့တွဲပြီး အသုံးပြုလို့ရတဲ့ Fingerprint Scanner လေးတွေရှိနေပါပြီ။) အဲ့တာအပြင် နောက်ပိုင်းထွက်တဲ့ Laptop တွေတိုင်းမှာ Window License တွေပါဝင်လာပြီး Desktop တွေမှာတော့ Window License မပါဝင်ပါဘူး။
အခု အက်ဒ်မင်ပြောတဲ့ အချက်လေးတွေက Desktop နဲ့ Laptop တွေအဓိကကွာခြားတဲ့အချက်လေးတွေဖြစ်ပြီး အားလုံးလဲနားလည်ကြမယ်လို့ထင်ပါတယ်။ Desktop မှာရော Laptop မှာပါ ကောင်းတဲ့အချက်တွေရော၊ မကောင်းတဲ့အချက်တွေရော ကိုယ်စီရှိကြပြီး ဘယ်ဟာပိုကောင်းတယ်ဆိုတာထက် ကိုယ်နဲ့ဘယ်အရာက ပိုသင့်တော်တယ်ဆိုတာကို အကောင်းဆုံးရွေးချယ်တတ်ဖို့ Admin အကြံပြုလိုက်ပါတယ်။



-Batch - 5 class အတွက် အပ်နှံ နိုင်ပါပြီ😍😍Computer နဲ့ ပတ်သက်သည်များကို နားလည်သဘောပေါက်သည်အထိ စိတ်ရှည်ရှည် သင်ကြားပေးသော...
06/09/2023

-Batch - 5 class အတွက် အပ်နှံ နိုင်ပါပြီ😍😍
Computer နဲ့ ပတ်သက်သည်များကို နားလည်သဘောပေါက်သည်အထိ စိတ်ရှည်ရှည် သင်ကြားပေးသော သင်တန်းဆရာ အပြင်၊ နောက်မှ အားဖြည့်ပေးသော Guideများ ထားရှိခြင်း၊ လေ့ကျင့်မှု စွမ်းရည် လိုအပ်ပါက အချိန်ပို ခေါ်ယူ လေ့ကျင့်ပေးသည့် အပြင် သင်တန်းပြီးဆုံးပြီးနောက်ပိုင်းလည်း လိုအပ်ပါက ပြန်လည်လေ့ကျင့်ပေးပါသည်။
***နယ်ဝေးမှ သင်တန်းသူ/သားများအတွက်လည်း အဆောင်နေလက်ခံပါသည်။***
***သင်တန်းပြီးနောက် မန္တလေးမှာ အလုပ် အကိုင်ရှာဖွေလိုပါက အလုပ်ချိတ်ဆက်ပေးပါသည်။***
#ကွန်ပျူတာနဲ့အထိအတွေ့မရှိလို့ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေပါသလား ...?
#ယခုဘဲ Myint Myat Thu Computer Basic Training Center မှာသင်တန်းအပ်နှံနိုင်ပါပြီ...
🔶 ယနေ့တိုးတက်‌ နေတဲ့ခေတ်ကြီးမှာ အလုပ်လျှောက်တာဖြစ်ဖြစ်၊ ရုံးပိုင်းဆိုင်ရာအလုပ်လုပ်တာဖြစ်ဖြစ် ကွန်ပျူတာအခြေခံတတ်ကျွမ်းဖို့ဆိုတာ မရှိမဖြစ်ကိုဖြစ်နေကြပါပြီ။
🔶 ဘာလို့လဲဆိုတော့ အစိုးရရုံးတွေက အစ လူနေမှုအဆင့်တန်းထိ Computer ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာကို တွေ့မြင်ရမှာပါ။
🔶 စာရွက်စာတမ်းတွေအသုံးပြုတာထက် Computer စာရင်းတွေက ပိုပြီး အချိန်ကုန်သက်သာ၊ Data သိမ်းဆည်းရလွယ်ကူတာမို့ Computer တွေကို အစားထိုးအသုံးပြုလာနေကြပါပြီ။
♦️ ကွန်ပျူတာကိုမိမိကိုယ်တိုင်တတ်မြောက်ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်...
♦️ လူနေမှုဆိုင်ရာ သင်ကြားရေးနည်းပညာ အ‌ထောက်အကူစနစ်များတွင် ထည့်သွင်းဆောင်ရွက်နိုင်ရန်အတွက် လေ့လာသင်ယူလိုသည်ဖြစ်စေ...
♦️ စီးပွားရေးဆိုင်ရာ ၊ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန်ဖြစ်စေ...
♦️ တဆင့် ပြန်လည်သင်ကြားလိုသောသူများအတွက်လည်း ကျွမ်းကျင်စွာတတ်မြောက်စွာ သင်ပေးမည်ဖြစ်ပါသည်။
♦️ ပြီးဆုံးကြောင်း Certificate ကို စာမေးပွဲဖြေဆိုရမည်ဖြစ်၍ 80%‌ အောင်မြင်မှ ထုတ်ပေးပါမည်။
♦️ လူကြီးလူငယ်မရွေး တက်‌မြောက် ထားသင့်သော သင်တန်းဖြစ်ပါတယ်...
Courses
- Introduction to Computer
- (English & Myanmar ကီးဘုတ်ရိုက်နည်း)
- Using draw with MSPaint
- Using Files and Folders
- Software Install and Uninstall
- Microsoft Word
- Microsoft Excel
- Microsoft PowerPoint
- Adobe PageMaker 7.0
- Using Internet and email
- အလုပ်လျောက်လွှာရေးနည်း၊ အလုပ်လျောက်နည်း
✅ သင်ကြားပေးမည့်ပုံစံ
🔳 သင်ပေးမည့်သင်ရိုးများကို သင်ယူလိုစိတ်၊ လိုချင်စိတ်တစ်ခုထဲဖြင့် တတ်မြောက်သည်အထိ သင်ကြားပေးပါသည်။
🔳 သင်ပေးမည့် သင်ခန်းစာများကိုလည်း တစ်နေ့စာ တစ်နေ့ လေ့လာ မှတ်ယူရမည်။
🔳 သင်ခန်းစာများကို နားမလည်သည့်အခါ နားလည်သည်အထိ ပြန်လည်‌ မေးမြန်း‌ ဖြေဆို‌ ပေးပါမည်။
🔳 သင်ခန်းစာ တစ်ခုပီးတိုင်း Revision ပြန်လည် သင်ကြား ပေးပါမည်။
🔳 သင်တန်းအချိန်ကိုလဲ မိမိအဆင်ပြေသည့် အချိန်ကို ညှိနှိုင်းပီး သင်ကြားပေးသွားပါမည်။
---------
♦️Certificate (လက်မှတ်)
သင်တန်းပြီးဆုံးကြောင်းလက်မှတ် "Certificate of Completion" ကိုလည်း 80% ပြည့်အောင်‌ဖြေဆိုပီးမှထုတ်ပေးပါမည်။
♦️ယခုသင်တန်းအပ်နိုင်ပါပြီ
( Batch -5) Computer Basic အတန်းကို (18.9.2023 ) တနင်္လာနေ့တွင် စတင်သင်ကြားပါမည်။
♦️တည်နေရာ
ပြည်စိုးအောင်ရပ် ၊ လက်ပန်လှ ၊ Myint Myat Thu Education Center သို့...
----------
♦️Contact
- ☎️ 09942197179 / 09775960620

Address

Let Pan Hla , Pyi Soe Aung
Singu

Telephone

+959775960620

Website

Alerts

Be the first to know and let us send you an email when Myint Myat Thu Computer Basic Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myint Myat Thu Computer Basic Training Center:

Share