
27/09/2023
မင်းလှမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်သူ၁၀၀၀ကျော် စစ်ဘေးရှောင်နေရပြီး ကူညီသူမရှိဖြစ်နေ
စက်တင်ဘာ ၂၇ ၂၀၂၃ MinhlaThadin
ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်သူ၁၀၀၀ကျော် စစ်ဘေးရှောင်နေရပြီး ကူညီသူမရှိဖြစ်နေပါသည်။
စက်တင်ဘာလဆန်းကစပြီး စစ်ကောင်စီတပ်နဲ့ PDFတွေ တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်က ၄၀ကျော်သေပြီး အထိနာတဲ့အတွတ် ရိုးမထဲက ရွာတွေကို စက်တင်ဘာ၂၈ရက်မှာ လေယာဥ်ပျံနဲ့ ဗုံးကြဲမယ်ဆိုပြီး ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက မောင်းချနေခြင်း ဖြစ်သည်။
လက်ရှိမှာတော့ ပဲခူးရိုးမအတွင်းရှိ ဟိုင်းရူး၊ ပျဥ်းကတိုးခင်း၊ ဟိုင်းရူးလမ်းပေါက်၊ ဗိုလ်ရုံ၊ ဝါးယား စတဲ့ ရွာငါးရွာက ပြည်သူ ၁၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရပြီး အနည်းစုမှာ နီးစပ်ရာ ဆွေးမျိုးတွေဆီ သွားရောက် ခိုလှုံနေကြပေမယ့် အများစုကတော့ ရိုးမအစပ်နဲ့ ရိုးမထဲမှာ ဖြစ်သလို နေထိုင်နေကြရတဲ့အတွတ် အမိုးအကာနဲ့ ရိက္ခာတွေလိုအပ်နေကြတယ်လို့ သိရပါသည်။
ယခုလို အခက်အခဲဖြစ်နေတဲ့ စစ်ရှောင်တွေကို ဘယ်အဖွဲ့အစည်းကမှ လာရောက်ထောက်ပံ့တာ မရှိသေးသလို တချို့အဖိုးအဖွားတွေဆို အစာရေစာပြတ်ပြီး ကျန်းမာရေးလည်း ဆိုးဝါးနေကြပါသည်။