
18/01/2024
မြတ်စွာဘုရားရှင် တဒေသမှတဒေသခရီးသွား
ရာ၌ ကြုံရာလမ်းအနီးအနားအိမ်တအိမ်အိမ်
တွင်ညအိပ်တဲခိုသည့်အခါ၌လည်း အိမ်ရှင်က
လိုက်လျောပေးကမ်းသည့် အကောင်းဆုံးနေ
ရာ အိမ်ဦးခန်းတို့ကိုငြင်းဆန်ကာ အိမ်နောက်ဖက် အရေးမပါလှသော ရုံလွတ်တခုခုကိုသာ
ရွေးချယ်တဲခိုလေ့ရှိကြောင်းလေ့လာဖတ်ရှုဖူး
သည်။ ဆန့်စဥ်းစားကြည့်လျှင် ပေးတိုင်းမယူ
ကျွေးတိုင်းမစား လိုအပ်ရုံ မျှတရုံလောက်
နှင့်နှိမ့်ချခြိုးခြွံ ပြုမူနေထိုင်သွားခြင်းဟုနား
လည်ရပါသည်။ သို့နှင့်ကြည်ညိုလေးစား၍
မကုန်ဖြစ်ရပါသည်။ ဤစံဤပေတံနှင့်ယခု
ခေတ် ဘုန်းကြီး၊သံဃာတို့ကို ယှဥ်ကြည့်သော
အခါ မှီသောပုဂ္ဂိုလ်များရှားပါးနေသည်။
ပေါများစေလိုပါသည်။
ဆရာတော် သက်တော် ၇၄နှစ် ရှိပြီ။ ပြောရရင် တနိုင်ငံလုံးကလေးစားကြည်ညိုနေတဲ့အချိန်
wwwwwwwwwwwwwwwwwwwwwwwwwww
ဆရာတော်က ကိစ္စတခုနဲ့ ရန်ကုန်ကို ရောက်လာတယ်။ အလာတုန်းကတော့ လေယာဥ်နဲ့ လာခဲ့တယ်။ ကိစ္စပြီးတော့ အပြန်မှာ ပြွန်တန်ဆာနဲ့ တောင်ငူကို ဝင်စရာ ရှိတာနဲ့ ရထားနဲ့ သွားဖို့ စီစဥ်ခိုင်းတယ်။
သူ့ ဒကာတွေက “ရထားနဲ့ မသွားပါနဲ့ ဘုရား၊ ပင်ပန်းပါတယ်၊ ကားစီစဥ်ပေးပါ့မယ်” လို့ လျှောက်ကြတယ်။
သူက သူချမ်းသာဖို့ အတွက် အကုန်အကျ မခံနဲ့လို့ တားတယ်။ ဒကာတွေကလည်း မလျှော့ဘူး။ အကုန်အကျနည်းအောင် အစိုးရဆီကနေ ကားကြီးငှားမယ်၊ သူတို့လည်း လိုက်မယ်၊ ဒါဆိုရင် ကုန်ကျစရိတ်လည်း သက်သာမယ်၊ ဆရာတော်လည်း မပင်ပန်းဘူး ဆိုပြီး လျှောက်ပြန်တယ်။
အဲဒီအခါမှာ သူက အကုန်အကျ ထက် အရေးကြီးတဲ့ အကြောင်းတခု ရှိတယ် ဆိုပြီး ဒီလိုပြောတယ်။
“ယခုခေတ်မှာ ဒကာ - ဒကာမ အသိုင်းအဝိုင်းပြပြီး လူပြိန်းတွေ အထင်ကြီးအောင် ဟန်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အတော်များနေတယ်။ သူတို့ ရောက်တဲ့ နေရာမှာ အကြိုအဆို မများ-များအောင် ကိုယ်တိုင်ရော၊ အတွင်း ဒကာ - ဒကာမ များရော အလွန် ကြိုးစားကြတယ်။ ထို အသိုင်းအဝိုင်း ကြီးကျယ်မှုကြောင့် ပညာနည်းတဲ့ လူတစုကလဲ ရောယောင်လိုက်လာကြတယ်။
တပည့်တော် ကိုယ်တိုင် အဲဒီပုဂ္ဂိုလ်မျိုး ဖြစ်သွားရင်၊ နောင်လာ နောက်သားတို့ တချို့က တပည့်တော် အလုပ်ကို အတုလိုက်ပြီး အဲဒီလို အသိုင်းအဝိုင်း များအောင် လုပ်ရစ်ကြလိမ့်မယ်။ အဲဒီ နောင်လာ နောက်သားတို့ အတုလိုက် မှားမှာ စိုးတာကြောင့် အခုလို ခမ်းခမ်းနားနား စီစဥ်မှုကို မလိုက်လျောနိုင်ကြောင်း ပြောရပါတယ်။” တဲ့။
အဲလို ငြင်းပြီး ဆရာတော်နဲ့ သူ့ကပ္ပိယ ရထားနဲ့ လိုက်သွားတယ်။ ရထားကလည်း နေရာ မရတော့ စာတိုက်တွဲမှာ စာတိုက်ဗိုလ်ကို အကူအညီတောင်းပြီး လိုက်ရတယ်။ စာတိုက်တွဲကလည်း ရေနံဆီဗုံးတွေ မှောင်ခိုသယ်လာတော့ ဆရာတော်မှာ ရေနံဆီဗုံးတွေ အလယ်မှာ ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီး ကို ခုံလေးပေါ် ခင်းပြီး ထိုင်ရတယ်။ အဲဒီမြင်ကွင်းကို စိတ်ကူးနဲ့ တွေးကြည့်ပါ။
မြန်မာပြည်မှာ အကျော်ကြားဆုံး ဆရာတော်ကြီးတပါးက နောင်လာနောက်သားတွေ အတုခိုးမှားမှာ စိုးလို့ ခမ်းခမ်းနားနား လိုက်ပို့တာကို ငြင်းပြီး ရေနံဆီဗုံးတွေကြားမှာ ထိုင်လိုက်သွားတာ။
အခုနေများ ဆရာတော်ကြီး သက်ရှိထင်ရှားရှိခဲ့ရင် ဘာလိုများ မိန့်တော်မူမလဲလို့ တွေးမိတယ်။
နောက်ဆုံးတော့ ဝယဓမ္မ သင်္ခါရာ လို့ပဲ ဆိုရတော့မှာပဲ။
အဲ့တာကတော့ မဟာဂန္ဓာရုံဆရာတော်ကြီးပါပဲ ၊
crd