𝐖𝐞 𝐋𝐨𝐯𝐞-𝐔𝐋𝐀-𝐀𝐀

  • Home
  • Myanmar
  • Sittwe
  • 𝐖𝐞 𝐋𝐨𝐯𝐞-𝐔𝐋𝐀-𝐀𝐀

𝐖𝐞 𝐋𝐨𝐯𝐞-𝐔𝐋𝐀-𝐀𝐀 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐖𝐞 𝐋𝐨𝐯𝐞-𝐔𝐋𝐀-𝐀𝐀, News & Media Website, Sittwe.

25/03/2024

အချုပ်အခြာအာဏာပိုင်နိူင်ငံဖြစ်ဖို့ဘာတွေလိုအပ်သလဲ

24/02/2024

ဘဂ်လားက တင်ရေ
သတင်း
တွအားရစရာ
ဘဂ်လား တနိုင်ငံလုံး ရခိုင်တပ်တော် AA ကို အားပီးဂတ်တေ

AA တိုက်နိန်ရေ တိုက်ပွဲးက လွတ်လပ်ရေး
တိုက်ပွဲးလပ်
ဘဂ်လား နိုင်ငံဖက်ကသော် ၄င်း
မူဆလင် ဘာသာဝင်တိသော် ၄င်း
ရခိုင်တပ်တော်ကို ကူညီပီးသင့်ရေလို့
ကော့မန့်အောက်မှာ မှတ်ချက်ပီးထားဂတ်စွာတိ မြင်ရရေ ရခိုင်တပ်တော် အောင်မြင်မှ
ယင်းဖက်ဒေသ တည်ငြိမ်း အီးချမ်းဖို့လို့
သူရို့ ယူဆ ထားဂတ်တေ

သေချာစွာက ဘဂ်လား တနိုင်ငံလုံး ရခိုင်တပ်တော်ဖက်က ရှိရေ 💪
We Love ULA-AA ရက္ခိုင့်တပ်တော် ချိုက်သူများစုံဆည်းရာ🤝😍?😍

12/02/2024

လေးဝတီက အမျိုးတိ
အထူးသတိထားရဖို့ အခြေအနေ ရောက်လို့လာရေ
သတိဆိုစွာ ပိုရေ မရှိ
မြန်မာ နိုင်ငံ တစ်စီ ပျက်စီးနိန်ရေ အချိန်အခါဖြစ်တေ သီလူမှာ အဆုံးယာ
ဥပဒေ မရှိ

ယင်းနန့် လို့ အကြောင်းကြောင်းကြောင့်
အဖပြည်နန့် ဝီးပြီးကေ ရန်ကုန် မန္တလေး
တခြားတခြားသော့ မြို့ နယ်တိမှာ
ဝမ်းရေး အတွက် လုပ်ကိုင် စားသောက်နိန်ဂတ်တေ အမျိုးတိ အထူးဂရုစိုက်ဂတ်ပါ
စကစ အကြမ်းဖက်ဆိုစွာ စစ်ရှုံးလို့
ကြံရာ မရ ပြာယာ ခက်ပြီးဂေ

အသက်ပြည့်ပြီး ကျန်းမာရေး ကောင်း ရေ ပြည်သူတိုင်း စစ်မူထမ်းရဖို့လို့ ကြော်ညာထားရေ အလားတူ မန္တလေး မြို့
ရခိုင် မုန်းတီးရေး စာတိ လိုက်ကပ် ဖြန့်ဝေ ပနာ ရှိရေ

အဖြည်ပြည်သူပြည်သား အားလုံး ဘေးကင်းဂတ်ပါစီ

စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆ...
12/02/2024

စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ


February 12, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk

03/02/2024

ရခိုင်သံချက်

မင်းအောင်လှိုင် အတွက်

We Love ULA-AA ရက္ခိုင့်တပ်တော် ချိုက်သူများစုံဆည်းရာ🤝😍

02/02/2024

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း ပထမပိုင်း- BBC News မြန်မာ


We Love ULA-AA ရက္ခိုင့်တပ်တော် ချိုက်သူများစုံဆည်းရာ🤝😍

19/01/2024
ပလက်ဝ-ကျောက်တော်အစပ်ရှိ“မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်Border News Agency ကျောက်တော်၊ဇန...
14/01/2024

ပလက်ဝ-ကျောက်တော်အစပ်ရှိ“မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်

Border News Agency
ကျောက်တော်၊ဇန်နဝါရီ ၁၄။

ပလက်ဝ-ကျောက်တော်အစပ်ရှိ“မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA)မှ ဇန်နဝါရီလ ၁၃ရက်နေ့၊ ညနေ ၆ နာရီခန့်အချိန်ကအပြီးသတ်သိ မ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီဖြစ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီမီးဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထိုးစစ်ဆင်တိုက်ခိုက်ရာနေရာတွေဆီစစ်ကောင် စီဟာ ဂျက်တိုက်လေယာဉ်တွေနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေနဲ့နေ့၊ညအချိန်မရွေးပစ်ခတ်တိုက်ခိုက်တာတွေနဲ့အသည်းအသန်ခုခံနေခဲ့တယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့''၁၀၂၇''စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ လ ၁၃ ရက်နေ့စတင်ကာ ရခိုင်မှစစ်ကောင်စီတပ်ရဲ့ရဲ စခန်းတွေ၊စခန်းတွေ၊ဗျူဟာတွေကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းယူနေပါတယ်။

ရခိုင်-အိန္ဒိယနယ်စပ်က ကုလားတန်စီမံကိန်းထိန်းချု ပ်ရေးအတွက်အရေးပါတဲ့ ''တရွန်အိုင်ဗျူဟာ”ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၄ ရက်နေ့ကအပြီးသတ်သိမ်းပို က်ရယူနိုင်ခဲ့သလို''နှုံးဘူးဗျူဟာ”ကိုလည်း ဒီဇင်ဘာ လ ၁၀ ရက်နေ့၊ည ၁၁ နာရီ ၄၅မိနစ်အချိန်မှာ ရက္ခိုင့်တပ်တော် (AA)မှအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

အဲဒီအပြင် ပလက်ဝမြို့ရှိ ခဝဲဗျူဟာကုန်းကို ဒီဇင် ဘာလ ၂၇ရက်နေ့၊နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ်သိမ်းပိုက်ရယူထားနိုင်ခဲ့သလို အိန္ဒိယ-မြန်မာနယ်စပ်၊ပလက်ဝဒေ သရှိ ပွိုင့် ၃၇၇စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကိုလည်း ဒီဇင်ဘာလ ၂၈ရက်နေ့၊နံနက် ၉ နာရီ ၂၀ မိ နစ်အချိန်က ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ်သိမ်းပိုက်ရယူထားနိုင်ခဲ့ပါတယ်။

''ကုလားတန်စီမံကိန်းတလျောက်ကိုအေအေဖက်က အလုံးစုံထိန်းချုပ်ဖို့ကြိုးစားထိုးစစ်ဆင်နေတာတွေ့ရတယ်။အရေးအကြီးဆုံးဗျူဟာအကျဆုံးဗျူဟာ တွေကိုသိမ်းထားပြီဆိုတော့ကျန်တာတွေလည်းသိ မ်းနိုင်တော့မယ်လို့မြင်တယ်။အိန္ဒိယအစိုးရကတော့အေအေနဲ့မဖြစ်မနေစကားပြောရတော့မှာသေချာ နေပြီ''လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီဗျူဟာသိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်က လက်နက်ကြီး၊အတွဲလို က်ဒုံး၊လေကြောင်းပစ်ကူတွေနဲ့အပြင်း အထန်ခုခံခဲ့ပေမယ့် ဗျူဟာကုန်းကိုရ အောင်အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဆိုပါတယ်။

အဲဒီ"နှုံးဘူးဗျူဟာ''က ဗျူဟာမှူးအလောင်းအပါအ ဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအချို့၊လက်န က်ခဲယမ်းအမြောက်အမြားလည်းသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ“နှုံးဘူးဗျူဟာကုန်း”ဟာ ပလက်ဝမြို့နယ်မှာ အခိုင်အမာစခန်းချပြီး ပြည် သူလူထုကို နှစ်ရှည်လ များဒုက္ခပေးနေခဲ့တဲ့စစ်ကောင်စီရဲ့အဓိကနေရာတွေလို့ ဆိုကြပါတယ်။

အဲဒီဗျူဟာသိမ်းတိုက်ပွဲမှာ အသက်၊ခန္ဓာ၊သွေးချွေးများစွာရင်းနှီးပေးဆပ်ခဲ့ရတဲ့​အာရက္ခစစ်သည်တော်တွေနဲ့ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့အာရက္ခစစ်သည်တော်အားလုံးကို ရက္ခိုင့်တပ်တော်(AA) က လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ပါတယ်။

ကုလားတန်စီမံကိန်းထိန်းချုပ်ရေးအတွ က်အရေးပါတဲ့ ပလက်ဝမြို့နယ်ရှိဗျူဟာငါးခုကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းယူထိန်းချုပ်ထားပြီမို့
မကြာခင်ကုလားတန်စီမံကိန်းလမ်းကြောင်းတ လျှောက်လုံးကို ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်နိုင်တော့မယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။

''စစ်ဆင်ရေးစတင်တဲ့နေ့ကစပြီးရခိုင်နဲ့လက်ဝဒေသရှိစစ်ဆင်ရေးပစ်မှတ်တွေကို တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်ပကာအပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သလို တချို့ပစ်မှတ်တွေဟာ တဝက်တပျက်နဲ့အနည်းငယ်သာကျန်ရှိတော့လို့အပြီးသတ်သိမ်း ပို က်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားနေတယ် ။''လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။

အိန္ဒိယ-မြန်မာကုလားတန်မြစ်ကြောင်းစီမံကိန်းတ ည်ရှိရာဒေသတတွေမှာ တိုက်ပွဲပိုဖြစ်ပွားနေပြီး အိန္ဒိ ယနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ရက္ခိုင့်တပ်တော်(AA)က အလုံစုံထိန်းချုပ်မှာကို စစ်ကောင်စီတပ်က ကြေး၊ရေ၊လေပူးပေါင်းစစ်ဆင်ခုခံနေပေမယ့်အရာမထင်တာမို့ ရခိုင်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရပ်တန့်သွားရမယ့်အခြေအနေဖြစ်နေပြီလို့ ရခိုင်အရေးလေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

Photo-AA Info Desk

09/01/2024

😍😍

08/01/2024
အဓိက ဆက်သွယ်ရေး လမ်းကြောင်းတိကိုပိတ်ဆို့ထားရေ ခွီးတိ အယင်ရှင်းရဖို့မအလ ရေယာဥ်ကို ဒေ သေနက်တိနက်ဆိုကေအဆင်ပြေနိုင်ရေ 💪
05/01/2024

အဓိက ဆက်သွယ်ရေး လမ်းကြောင်းတိကို
ပိတ်ဆို့ထားရေ ခွီးတိ အယင်ရှင်းရဖို့

မအလ ရေယာဥ်ကို ဒေ သေနက်တိနက်ဆိုကေ
အဆင်ပြေနိုင်ရေ 💪

ရခိုင်ရှိ စစ်ကောင်စီစခန်းတစ်ခုမကျန် ရက္ခိုင့်တပ်တော်က အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်Border News Agency မြောက်ဦး၊ဇန်နဝါ...
04/01/2024

ရခိုင်ရှိ စစ်ကောင်စီစခန်းတစ်ခုမကျန် ရက္ခိုင့်တပ်တော်က အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်

Border News Agency
မြောက်ဦး၊ဇန်နဝါရီ ၄။

ရခိုင်ရှိ စစ်ကောင်စီစခန်းတစ်ခုမကျန် ရက္ခိုင့်တပ်တော်(AA)မှ အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဇန်နဝါရီလ ၃ရက်၊မနေ့က ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့''၁၀၂၇''စစ်ဆင်ရေးအဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နိုဝင် ဘာလ ၁၃ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်ရဲ့ရဲစ ခန်းတွေ၊စခန်းတွေ၊ဗျူဟာတွေကို ရက္ခိုင့်တပ်တော် (A A)က တိုက်ခိုက်သိမ်းယူနေတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ကျောက်တော်မြို့နယ်၊တင်းမကျေးရွာအနီးရှိစစ်ကောင်စီဘက်မှ နှစ်ရှည် လများ အခိုင်အမာစခန်းချတပ်စွဲထားပြီပြည်သူ လူထုကို လက်နက်အားကိုးနဲ့ကာလရှည်ကြာအနိုင် ကျင့်ဗိုလ်ကျနေတဲ့ “တောင်ရှည်တောင်ဗျူဟာကုန်း” ကိုအပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ဖို့ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

အဲဒီရက္ခိုင့်တပ်တော်(AA)စစ်ဆင်ရေးလှုပ်ရှားရာန ယ်မြေတွေအပါအဝင်ပူးတွဲစစ်ဆင်ရေးတွေဆင်နွှဲနေတဲ့နယ်မြေတွေမှာလည်း စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲတွေဆက်လက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်နဲ့ပလက်ဝရှိစစ်ကောင်စီရဲ့ရဲစခန်း၊အထိုင်စခ န်း၊တပ်ရင်း၊ဗျူဟာအပါအဝင် ၁၄၂ ခုကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားပြီးလို့ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီအပြင်ပလက်ဝမြို့နယ်တစ်ခုလုံးကိုလည်း အ ပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဇန်နဝါရီ လ ၃ ရက်၊မနေ့က ညီနောင်မဟာမိတ်သုံးဖွဲ့မှထုတ်ပြန်ပါတယ်။

အဲဒီပလက်ဝမြို့နယ်မှာကျန်ရှိနေသေးတဲ့စစ်ကောင် စီရဲ့ဗျူဟာကုန်းတွေကို ဇန်နဝါရီလတစ်ရက်နေ့ကစတင်ပြီး“ပလက်ဝ ၂၈၉ ဗျူဟာကုန်း”နဲ့“မီးဝဗျူ ဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲဒီပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ခလရ- ၂၃၃၊ခမရ- ၃၇၄၊ခမရ- ၃၇၆ ၊ခမရ- ၃၀၈၊ခမရ- ၂၁၁၊ခမ ရ- ၂၁၇ ၊ခလရ- ၂၈၉၊ခမရ- ၂၂၀ တို့ကိုလည်း ဇန်နဝါ ရီလတစ်ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ ဆိုပါတယ်။

ပလက်ဝရှိ စစ်ကောင်စီတပ်ရဲ့ချင်းလက်ဝစခန်းကု န်းကို ဇန်နဝါရီလ ၃ ရက်၊မနေ့က ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဇန်နဝါရီလ ၃ ရက်နေ့ထုတ်ပြန်ပါတယ်။

အဲဒီစခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေ၊လက်နက်ခဲယမ်းတွေ၊စစ်အသုံးအဆောင်ပစ္စ ည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တ ယ်လို့ ဆိုပါတယ်။

ပလက်ဝရှိ “ခမောင်းဝစခန်း”ကိုလည်းရက္ခိုင့်တပ်‌ တော်(AA)က ဇန်နဝါရီလ ၂ရက်၊မနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။

အဲဒီအပြင်လက်နက်ချအညံ့မခံသေးတဲ့စခန်းကြီး၊ငယ်တွေနဲ့တဝက်တပျက် (သို့)အနည်းငယ်ကျန်ရှိနေသေးတဲ့စခ န်းတွေကိုလည်း ခုရက်သတ္တတပတ်အ တွင်း အပြီးသတ်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယရဲ့ကုလားတန်စီမံကိန်ထိန်းချုပ်ရေးအတွက်အရေးပါတဲ့ ပလက်ဝမြို့ ရှိ ခဝဲဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ ရက်နေ့၊နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီးလို့ ထုတ်ပြန်ပါတယ်။

အဲဒီအပြင် အိန္ဒိယ-မြန်မာနယ်စပ်၊ပလက်ဝဒေသအ တွင်းရှိ ပွိင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကိုလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့၊နံနက် ၉ နာရီ ၂၀ မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်စခန်းကုန်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအမြောက်အမြား၊လက်နက်ခဲယမ်းတွေ၊စစ်အသုံးအဆောင်ပစ္စည်းအမြောက် အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ပုပ်ပွကာအနံ့အသက်မကောင်းစွာပဲ နေ ရာအနှံ့ပြန့်ကြဲသေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများစွာကိုလည်း ကောင်းစွာမြေမြှုပ်သ င်္ဂြိုဟ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ် မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

''ကုလားတန်စီမံကိန်းတလျောက်ကိုအေအေဖက်က အလုံးသုံထိန်းချုပ်ဖို့ကြိုးစားထိုးစစ်ဆင်နေတာတွေ့ရတယ်။အရေးအကြီးဆုံး၊ဗျူဟာအကျဆုံးဗျူဟာ တွေကိုသိမ်းထားပြီဆိုတော့ကျန်တာတွေလည်းသိ မ်းနိုင်တော့မယ်လို့မြင်တယ်။အိန္ဒိယအစိုးရကတော့အေအေနဲ့မဖြစ်မနေစကားပြောရတော့မှာသေချာ နေပြီ။''လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့''၁၀၂၇''စစ်ဆင်ရေးအဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နိုဝင် ဘာလ ၁၃ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်ရဲ့ရဲစ ခန်းတွေ၊စခန်းတွေ၊ဗျူဟာတွေကို ရက္ခိုင့်တပ်တော် (A A)က တိုက်ခိုက်သိမ်းယူနေပြီလို့ ဆိုကြပါတယ်။

ရခိုင်-အိန္ဒိယနယ်စပ်က ကုလားတန်စီမံကိန်းထိန်းချု ပ်ရေးအတွက်အရေးပါတဲ့ ''တရွန်အိုင်ဗျူဟာ”ကို ဒီဇင်ဘာလ ၄ ရက်နေ့က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သလို''နှုံးဘူးဗျူဟာ”ကိုလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့၊ည ၁၁ နာရီ ၄၅မိနစ်အချိန်မှာ ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ကုလားတန်စီမံကိန်းထိန်းချုပ်ရေးအတွက်အရေးပါတဲ့ ပလက်ဝမြို့နယ်ရှိဗျူ ဟာနှစ်ခုကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းယူထိန်းချုပ်ထားပြီမို့
မကြာခင်ကုလားတန်စီမံကိန်းလမ်းကြောင်းတ လျှောက်လုံးကို ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်နိုင်တော့မယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေ/BNA)

02/01/2024

😀

Breaking News- ကျောက်တော်မြို့နယ် ၊ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က တို...
01/01/2024

Breaking News- ကျောက်တော်မြို့နယ် ၊ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်များ ဖြင့် ဗုံးကျဲနေ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု များပြား

ရန်ကုန်၊ ဇန်နဝါရီ ၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို ရက္ခိုင်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က တိုက် လေယာဉ်များဖြင့် ဗုံးကျဲနေကြောင်း AA သတင်းရင်းမြစ်နှင့်ဒေသပြည်သူများထံမှ သိရှိရသည်။

ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို AAက ဒီဇင် ဘာလအတွင်းမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် တိုက် ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ယနေ့ နံနက် ၆ နာရီမှ စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်တိုက် ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

"အခု စခန်းထဲမှာ AA ဘက်က နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်။ စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ လာပစ်တာတွေလည်းရှိတယ်" ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ပလက်၀မြို့နယ်ရှိ ပွိုင့် ၃၇၇ တပ်စခန်းကို ရခိုင်တပ်တော် AA က သိမ်းပိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


We Love ULA-AA ရက္ခိုင့်တပ်တော် ချိုက်သူများစုံဆည်းရာ🤝😍

အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသရှိ စစ်ကောင်စီ ပွိင့် (၃၇၇) အခြေကုပ်စခန်းကုန်းမှ ရရှိသောလက်နက်ခဲယမ်းများ (ဓာတ်ပုံသတင်း)နိရ...
30/12/2023

အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသရှိ စစ်ကောင်စီ ပွိင့် (၃၇၇) အခြေကုပ်စခန်းကုန်းမှ ရရှိသောလက်နက်ခဲယမ်းများ (ဓာတ်ပုံသတင်း)

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၃

ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ အခြေကုပ်စစ်စခန်း တစ်ခုဖြစ်သော ပွိင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ခဲ့သည်။

၎င်းစခန်းမှ ရရှိသော လက်နက်ခဲယမ်းများအား ဖော်ပြပေးလိုက်ပါသည်။

ခဝဲသီးချက် စားကောင်းစွာ😍


We Love ULA-AA ရက္ခိုင့်တပ်တော် ချိုက်သူများစုံဆည်းရာ🤝😍

Address

Sittwe

Alerts

Be the first to know and let us send you an email when 𝐖𝐞 𝐋𝐨𝐯𝐞-𝐔𝐋𝐀-𝐀𝐀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share