Lay Wadi Media

Lay Wadi Media အာရက္ခဒေသ၌ ဖြစ်ပေါ်နေသည့် လတ်တစ်လောသတင်းများကို ကြိုးစား​ပြီး ဖော်ပြပေးနေပါတယ်
https://www.youtube.com/ https://t.me/laywadimedia

မောင်တောမြို့နယ်မှာ စစ်သွေးကြွ ARSA အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားသော  ကလေး( ၁ )ဦး နှင့် အရပ်သား( ၂ )ဦး ပျောက်ဆုံနေဆဲ၂...
24/10/2025

မောင်တောမြို့နယ်မှာ စစ်သွေးကြွ ARSA အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားသော ကလေး( ၁ )ဦး နှင့် အရပ်သား( ၂ )ဦး ပျောက်ဆုံနေဆဲ

၂၄ အောက်တိုဘာ ၂၀၂၅ Lay Wadi Media

အာရက္ခပြည် ၊မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်းကျေးရွာမှ ကလေး ၁ ဦးနှင့် အမျိုးသား ၂ ဦးကို ဒီကနေ့ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်း ၇ နာရီ ကျော်လောက်မှာ အစွန်းရောက်စစ်သွေးကြွ ARSA အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်အထိ သတင်း အစအန မရရှိသေးကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

စစ်သွေးကြွ ARSA အကြမ်းဖက်ထံ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ မငြိမ်းစန္ဒာ ( ၁၀) နှစ်၊ မောင်ထွန်းအေး (၂၂) နှစ်၊ ဦးဘထွန်း (၄၁) နှစ်တို့ ဖြစ်တယ်လို့ ကင်းချောင်းရွာသား တစ်ဦးက Lay wadi media ကို ပြောဆိုပါသည်။

" ကင်းချောင်းရွာ အရှေ့ဘက် မယူတောင်( မေယုတောင်) အနီးအနားမှာ နွားတွေ သူဟာနဲ့သူ အစာရှာစားပါစေဆိုပြီး သူတို့ပိုင်တဲ့ နွားတွေကို မယူတောင်အနားကို သွားလွှတ်တာ မနက်ပိုင်း ၇ နာရီ ကျော်လောက်မှာ ကင်းချောင်းရွာက ကိုကျော်ခိုင်၊ ဦးပန်ချေ၊ ဦးဘထွန်း ၊ မငြိမ်းစန္ဒာ၊ မောင်အေးထွန်းနှင့် နောက်တစ်ယောက်နာမည်ကိုတော့ စုံစမ်းနေဆဲ သူတို့ ၆ ယောက်ကို ARSA အာဆာ အကြမ်းသမားတွေက ဖမ်းခေါ်သွားတာ ကိုကျော်ခိုင်က ထွက်ပြေးလွတ်လာပြီးရွာကလူတွေ လိုက်ရှာတယ် နောက်ထပ် ၂ ယောက်ကိုတွေ့တယ် ကျန်တဲ့ ၃ ယောက်က အခုထိရှာမတွေ့သေးဘူး" လို့ ကင်းချောင်းရွာသား တစ်ဦးက ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်နိုဘာ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာကနေ စျေးဝယ်ပြီး မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာသို့ အိမ်ပြန်လာကြတဲ့ ခရီးသည် ကားတစ်စီးကို အစွန်းရောက် စစ်သွေးကြွ အာဆာARSA အကြမ်းဖက်အဖွဲ့မှခြုံခိုပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီး ၂ ဦးသေဆုံးပြီး၊ သုံးနှစ်အရွယ် ကလေး ၁ ဦး နှင့် ဒေသခံ အရပ်သား၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO အဖွဲ့ဝင်များသည် အာရက္ခ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ မိဘပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာသည့်အချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမည့် အရေးကြီးကိစ္စများရှိပါကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန် အာရက္ခတပ်တော်AA မှ သတိပေးပြောဆိုထားပါတယ်။

ပုံစာ/ ပျောက်ဆုံးနေသော မငြိမ်းစန္ဒာ နှင့် မောင်အေးထွန်း (ဓာတ်ပုံ / ပေးပို့)

#အာရက္ခပြည် #အစ္စလာမ်မစ်စစ်သွေးကြွ #ကင်းချောင်း

Breaking News..မောင်တောမြို့နယ်  ကင်းချောင်းကျေးရွာက နွားကျောင်းနေတဲ့ကလေးအပါအဝင်  ဒေသခံ ၆ ဦးကို  ဒီကနေ့ အောက်တိုဘာ ၂၄ မ...
24/10/2025

Breaking News..

မောင်တောမြို့နယ် ကင်းချောင်းကျေးရွာက နွားကျောင်းနေတဲ့ကလေးအပါအဝင် ဒေသခံ ၆ ဦးကို ဒီကနေ့ အောက်တိုဘာ ၂၄ မနက်ပိုင်းတွင် စစ်သွေးကြွ ARSA အကြမ်းဖက် အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။

အဆိုပါ ၆ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်လာပြီး
အသက် ၁၂ နှစ် ဝန်းကျင် မငြိမ်းစန္ဒာ အပါအဝင် ၃ ဦးပျောက်ဆုံးနေ......

အသေးစိတ် ဆက်လက်ဖော်ပြပါမည်။

23/10/2025

ဖုန်းလိုင်း နှင့် အင်တာနက်ကွန်ရက် များရရှိနေတဲ့
မောင်တောမြို့နယ်မှာ စစ်သွေးကြွ ARSA၊RSO အကြမ်းဖက်လှုပ်ရှားမှု ပိုမိုတိုးလာနေပါတယ်။

#အစ္စလာမ်မစ်စစ်သွေးကြွ #ကျောက်ပန္ဒူကျေးရွာ #အာရက္ခပြည်

အစွန်းရောက်စစ်သွေးကြွ ARSA အကြမ်းဖက်အဖွဲ့ ခြုံခို ပစ်ခတ်၍ မောင်တောမြို့နယ်မှာ အမျိုးသမီး ၂ ဦးသေဆုံး၊ အမျိုးသား ၂ ဦးဒဏ်...
22/10/2025

အစွန်းရောက်စစ်သွေးကြွ ARSA အကြမ်းဖက်အဖွဲ့ ခြုံခို ပစ်ခတ်၍ မောင်တောမြို့နယ်မှာ အမျိုးသမီး ၂ ဦးသေဆုံး၊ အမျိုးသား ၂ ဦးဒဏ်ရာရ

၂၂ အောက်တိုဘာ ၂၀၂၅ Lay Wadi Media

အာရက္ခပြည် ၊မောင်တောမြို့နယ် တောင်ပိုင်းမှာ စျေးဝယ်ပြီး အိမ်ပြန်လာသည့် အရပ်သားယာဥ် တစ်စီးကို အစွန်းရောက် စစ်သွေးကြွ အာဆာARSA အကြမ်းဖက် အဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁ နာရီကျော် အချိန်ခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့တာကြောင်း အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ အာရက္ခတပ်တော်AA က ထုတ်ပြန်ပါတယ်။

သေဆုံးသွားသည့် အမျိုးသမီး ၂ ဦးမှာ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာနဲ့ အင်းဒင်ကျေးရွာက မဝေဝေစိုး(၃၀) နှစ်နှင့် ဒေါ် နိုင်နိုင်ဆွေ (၄၀) နှစ် တို့ နှစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၂ ရက်တွင် ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏ သား ကိုထွန်းဝင်း (၃၀)နှစ် ၏ ယာဥ်တစ်စီးနဲ့ အတူ စျေးဝယ်ခရီးသည် ကလေးအပါဝင်အရပ်သား ၅ ဦးမှာ ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိတဲ့ အခြေခံစားသောက်ကုန်များ ဝယ်ယူ၍ ကျောက်ပန္ဒူရွာသို့ အိမ်ပြန်လာစဥ် မောင်တောမြို့နယ်၊ မြိုယုရွာ၏အရှေ့ဘက်ရှိတံတားအနီးတွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ကားပေါ်၌ပါလာသော ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များအားလုံးကို ယူဆောင်ကာ ကလေးနှင့် အရပ်သား ၅ ဦးကိုလည်း ARSA အကြဖမ်းဖက်အဖွဲ့မှဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

အဆိုပါ အခင်းဖြစ်ပျက်ရာနေရာသို့ အာက္ခတပ်တော်AA တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်ကာ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်ပွားသည့် နေရာနှင့်မလှမ်းမကမ်း၌ ခရီးသည် (၅)ဦးထဲမှဝေဝေစိုး ၊အသက်(၃၀) နှစ်နှင့် နိုင်နိုင်ဆွေ၊ အသက်(၄၀) နှစ် တို့နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံထားသော သေဆုံးသွားသည့် မဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန်အသက်(၃)နှစ်ကို သေဆုံးနေသည့်မိခင်၏ အလောင်းဘေးတွင်အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ အာရက္ခတပ်တော်AA က ဆိုပါတယ်။

ထို့အပြင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာသောကားမောင်းသူ ကိုထွန်းဝင်းနဲ့ လုပ်ဖော်ကိုင်ဖက် မောင်သန်းထွီး(၂၅)နှစ် တို့မှာလည်းဒဏ်ရာဖြင့် ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ / ဒီကနေ့ အောက်တိုဘာ ၂၂ ရက်တွင် ARSA အကြမ်းဖက်အဖွဲ့ မှသတ်ဖြတ်ခဲ့သော အမျိုးသမီး ၂ ဦး

https://t.me/laywadimedia

#အစ္စလာမ်မစ်စစ်သွေးကြွ #ကျောက်ပန္ဒူကျေးရွာ

မောင်တောမြို့နယ်မြောက်ပိုင်းတွင်  စစ်သွေးကြွ ARSA အကြမ်းဖက်အဖွဲ့မှ  ပစ်ခတ်၍ အရပ်သား ၁ ဦးသေဆုံး၂၂ အောက်တိုဘာ  ၂၀၂၅ Lay Wa...
22/10/2025

မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်သွေးကြွ
ARSA အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်၍ အရပ်သား ၁ ဦးသေဆုံး

၂၂ အောက်တိုဘာ ၂၀၂၅ Lay Wadi Media

အာရက္ခပြည် ၊မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ အောက်တ်ိုဘာ ၂၁ ရက် မနက် ၈ နာရီခွဲအချိန်ခန့်တွင် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ ARSAအကြမ်းဖက်အဖွဲ့မှ ခြုံခိုပစ်ခတ်၍ အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မောင်တောမြို့နယ်၊ နံသာတောင်ရွာ၌ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ရွာက ကိုကျော်စိုးဝင်း(၂၅နှစ်) ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖြစ်စဥ်မှာ မနေ့က မနက် ၈ နာရီကျော်အချိန်လောက်မှာ နံသာတောင်ကျေးရွာက အသိမိတ်ဆွေတစ်ဦးနဲ့အတူ ဆိုင်ကယ်စီးပြီးသာယာကုန်းကျေးရွာမှ အထွက် ရွာနဲ့ မီတာ ၈၀၀ ခန့်အကွာတွင် အစွန်းရောက် စစ်သွေးကြွ ARSA အကြမ်းဖက်အဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

ARSA အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ကိုကျော်စိုးဝင်း ၏ရင်ဘတ်နဲ့ ဝမ်းဗိုက်တွင် ကျည်ထိမှန် ဒဏ်ရာဖြင့်
သီဆုံးလားခဲ့တယ်။ ၎င်းနှင့် အတူပါလာသည့် တစ်ဦးမှာတော့
ထိခိုက်ဒဏ်ရာဖြင့် လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်" နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏ သား ကိုထွန်းဝင်း (၃၀)နှစ် သည် ၎င်း၏ ခရီးသည်တင်ကားဖြင့်ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး များကို ဝယ်ယူ၍ ပြန်လာသည့် ခရီးသည်(၅)ဦးကိုတင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက်သို့ ထွက်ခွာလာခဲ့သည်။

အဆိုပါ ခရီးသည်တင်ကားသည် မောင်တောမြို့နယ်၊ မြိုယုရွာ၏အရှေ့ဘက် တံတားအနီးတွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ကားပေါ်၌ပါလာသော ခရီးသည်(၅) ဦးနှင့် ကားမောင်းသမားများအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များအားလုံးကို ယူဆောင်သွားခဲ့သည်။

အာရက္ခတပ်တော်မှ အခင်းဖြစ်ပျက်ရာနေရာသို့သွားရောက်ပြီး အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေလျက်ရှိရာ အခင်းဖြစ်ပွားသည့် နေရာနှင့် မလှမ်းမကမ်း၌ ခရီးသည် (၅)ဦးထဲမှဝေဝေစိုး ၊အသက်(၃၀) နှစ်နှင့် နိုင်နိုင်ဆွေ၊ အသက်(၄၀) နှစ် တို့နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သေဆုံးသူ ဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန် အသက်(၃)နှစ်ကို မိခင်၏ အလောင်းဘေးတွင်အသက်ရှင်လျက် တွေ့ရှိခဲ့ရသည်။

ထို့နောက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာသောကားမောင်းသူ ကိုထွန်းဝင်း ၊ ခရီးသည် မောင်သန်းထွီး(၂၅)နှစ် တို့ကိုလည်းဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့သည်။" လို့ အာရက္ခတပ်တော်AA က ထုတ်ပြန်ပါတယ်။

News Source / APM and AA Info Desk

Photo- Cj

ထန်းရှောက်ခံရွာအမှုကို မြေပြင်အထိ လာရောက်စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တ...
22/10/2025

ထန်းရှောက်ခံရွာအမှုကို မြေပြင်အထိ လာရောက်စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် ကို AA စစ်ဦးစီးချုပ် ဖိတ်ခေါ်

၂၂ အောက်တိုဘာ ၂၀၂၅

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၊ အတွင်းငှက်သေကျေးရွာ အုပ်စု ထန်းရှောက်ခံကျေးရွာ ဖြစ်စဥ်အမှုအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှုများရှိကြောင်း သံသယဖြင့် စွပ်စွဲပြောဆိုမှုများအပေါ် မြေပြင်အထိ လာရောက်စုံစမ်းစစ်ဆေးနိုင်တယ်လို့ အာရက္ခတပ်တော်AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က အား ဖိတ်ခေါ်ခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် ၊ ထန်းရှောက်ခံကျေးရွာက မွတ်ဆလင် အရပ်သား ၆၀၀ ကျော်ကို ၂၀၂၄ ခုနှစ် ၊မေလ ၂ ရက်နေ့မှာ အာရက္ခတပ်တော်AAက သတ်ဖြတ်ခဲ့တယ်လို့ ပြည်ပနေ မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများ စွပ်စွဲ ပြောဆိုချက်များနှင့် ပတ်သက်၍ ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ကာ အာရက္ခတပ်တော်AA ထိပ်ပိုင်းခေါင်းဆောင် တာဝန်ရှိသူများနှင့်လည်း အကြိမ်ကြိမ် ပြောဆိုခဲ့တယ်လို့ အောက်တိုဘာ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းမည့် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထန်းရှောက်ခံကျေးရွာက မွတ်ဆလင် အရပ်သားများမှာ သတ်ဖြတ်ခံရခြင်းမရှိ ဒီအခြေအနေအမှန်ကို အသေးစိတ် သေရှာစိစစ် လေ့လာစုံးစမ်းနိုင်ခြင်းမရှိဘဲ အာရက္ခတပ်တော်AA အား ကျူးလွန်သူအဖြစ် စွပ်စွဲပုံဖော်ပြောဆိုနေခြင်းကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့တယ်လို့ တွမ်အင်ဒရူးက ဆိုရာတယ်။

" အခုလို့ အာရက္ခတပ်တော်AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် ကို ရက္ခိုင်ပြည်နယ်သို့ လာရောက် စုံစမ်းဖို့ ဖိတ်ခေါ်တာက ပိုကောင်းပါတယ်။ အဝေးက စိုးရိမ်တာထက် ကုလသမဂ္ဂကိုယ်စားလှယ်ကိုယ်တိုင်မြေပြင်အထိ လာရောက်စိစစ်မှသာ သူတို့ရဲ့ သံသယစိတ်တွေလည်းရှင်းရှင်းလင်းလင်း ဖြစ်သွားတာပေါ့" လို့ ဘူးသီးတောင်မြို့နယ်ဒေသခံ လူငယ်တစ်ဦးကလည်း ပြောဆိုပါတယ်။

အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်၊ အ...
22/10/2025

အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်၊ အကြမ်းဖက်သတ်ဖြတ်၊ ဖမ်းဆီးခေါ်ဆောင်သွားသော လုပ်ရပ်များနှင့်ပတ်သက်၍ ကနဦး AAက ထုတ်ပြန်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏ သား ကိုထွန်းဝင်း (၃၀)နှစ် သည် ၎င်း၏ ခရီးသည်တင်ကားဖြင့်ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး များကို ဝယ်ယူ၍ ပြန်လာသည့် ခရီးသည်(၅)ဦးကိုတင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက်သို့ ထွက်ခွာလာခဲ့သည်။

အဆိုပါ ခရီးသည်တင်ကားသည် မောင်တောမြို့နယ်၊ မြိုယုရွာ၏အရှေ့ဘက် တံတားအနီးတွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ကားပေါ်၌ပါလာသော ခရီးသည်(၅) ဦးနှင့် ကားမောင်းသမားများအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များအားလုံးကို ယူဆောင်သွားခဲ့သည်။

အာရက္ခတပ်တော်မှ အခင်းဖြစ်ပျက်ရာနေရာသို့သွားရောက်ပြီး အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေလျက်ရှိရာ အခင်းဖြစ်ပွားသည့် နေရာနှင့် မလှမ်းမကမ်း၌ ခရီးသည် (၅)ဦးထဲမှဝေဝေစိုး ၊အသက်(၃၀) နှစ်နှင့် နိုင်နိုင်ဆွေ၊ အသက်(၄၀) နှစ် တို့နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သေဆုံးသူ ဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန် အသက်(၃)နှစ်ကို မိခင်၏ အလောင်းဘေးတွင်အသက်ရှင်လျက် တွေ့ရှိခဲ့ရသည်။

ထို့နောက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာသောကားမောင်းသူ ကိုထွန်းဝင်း ၊ ခရီးသည် မောင်သန်းထွီး(၂၅)နှစ် တို့ကိုလည်းဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့သည်။

အကြမ်းဖက်သတ်ဖြတ်သွားသော ARSA တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိပြီး အသေးစိတ်နှင့် နောက်ဆက်တွဲသတင်းများကိုထပ်မံတင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

photos - လူမှုကွန်ရက် (ပုံဟောင်း)

နတ်မြစ်အတွင်း စစ်လှေမှောက် ရေနစ်သေဆုံးတဲ့ စစ်သွေးကြွ ARSA အာဆာ အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်းကို  တောတောင်များ၌ ဝှက်ထားခဲ့...
21/10/2025

နတ်မြစ်အတွင်း စစ်လှေမှောက် ရေနစ်သေဆုံးတဲ့ စစ်သွေးကြွ ARSA အာဆာ အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်းကို တောတောင်များ၌ ဝှက်ထားခဲ့

၂၁ အောက်တိုဘာ ၂၀၂၅ Lay Wadi Media

အာရက္ခပြည်၊မောင်တောမြို့နယ်မြောက်ပိုင်း အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်၌ အကြမ်းဖက်လှုပ်ရှားနေတဲ့ အစွန်းရောက် စစ်သွေးကြွ ARSA အကြမ်းဖက်အဖွဲ့ ကော့ဘဇားခရိုင် ဘာလုခါလီဒုက္ခသည်စခန်းသို့ ထွက်ပြေးလာချိန် ၎င်းတို့၏လက်နက်ခဲယမ်းများကို တောတောင်များနှင့် ယုံကြည်ရလောက်သည့် နေရာအချို့တွင် ဝှက်ထားခဲ့ကြောင်း ဘာလုခါလီ ဒုက္ခသည်စခန်း Camp -15 မှ အမည်မဖော်လို့သည့် အမျိုးသားတစ်ဦးက Lay wadi media ကို ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်နှင့် အောက်တိုဘာ ပထမ အပတ်အထိ မောင်တောမြောက်ပိုင်း အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို အာရက္ခတပ်တော်AA လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး အရှိန်မြင့် လုပ်ဆောင်တဲ့အတွက် အာဆာARSA အကြမ်းဖက်အဖွဲ့ဝင် အချို့ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့သလို့ အချို့သော ARSA အကြမ်းဖက်အဖွဲ့ မှာ မောင်တောမြောက်ပိုင်း မယူတောင်နှင့် ဆက်စပ်နေတဲ့ တောတောင်နေရာများ၌ရှိနေခဲ့တယ်လို့ဆိုပါတယ်။

" AAဘက်က နယ်စပ်တလျှောက်ကို ပိတ်ပြီး လိုက်ရှင်းတာ ဒီဘက်က အစားအသောက်တွေ သွားပို့တဲ့ လူတွေကလည်း မှိုင်းနင်းပြီး ဒဏ်ရာနဲ့ပြန်လာကြတယ် သွားလို့မရဘူး အဲဒီဘက် တောင်ပြိုဘက်ကို ဝင်လို့မရတာ အဲဒီဘက်က ရွာတွေမှာလည်းAAက ရွာတိုင်းမှာရှိတယ်လို့ပြောတယ်။ ရိက္ခာလာပို့ပေးတဲ့လူတွေ မရောက်တော့ ရိက္ခာပြတ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၆ နာရီနဲ့ ၆ နာရီကျော်ဝန်းကျင်ခန့်လောက်မှာ အရပ်သား အင်္ကျီတွေ ဝတ်ပြီး စက်လှေနဲ့ ဒီဘက်ကို ကူးလာတဲ့အချိန် နတ်မြစ်ထဲ စက်လှေမှောက်ပြီး ရေနစ်သေဆုံးကြတာ လက်နက်တွေ မယူလာဘူး ဟိုဘက်မှာထားခဲ့တယ်။ ARSA အလောင်း တချို့ကို နတ်မြစ်ထဲမှာ အရင်တစ်ရက် နှစ်ရက်ကတွေ့တယ်လို့ ပြောတယ် ကျွန်တော်လည်း ကြားမိတာပါ ကိုယ်တိုင်မြင်ခဲ့တာတော့မဟုတ်ဘူး" လို့ ဘာလုခါလီ ဒုက္ခသည်စခန်း Camp -15 မှ အမည်မဖော်လို့သည့် မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက် နတ်မြစ်ထဲ မျောပါနေတဲ့ စစ်သွေးကြွ အာဆာARSA အကြမ်းဖက် အလောင်း ၃ လောင်းထက်မနည်း ဆယ်ယူခဲ့ပြီး ကျန်အလောင်းများမှာ
နတ်မြစ်အတွင်း မျောပါနေဆဲဖြစ်တယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့က တက္ကနက်ရဲစခန်းမှူး Abu Zayed Mohammad Nazmun Nur က ဒေသတွင်း သတင်းဌာနတွေကိုလည်း အတည်ပြုပြောဆိုထားပါတယ်။

#အစ္စလာမ်မစ်စစ်သွေးကြွ #နတ်မြစ်

မိုးကုတ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် ကလေး ၃ ဦးသေဆုံးပြီး  ကလေးအပါအဝင်  ပြည်သူ ၁၂ ဦးအထိ  ထိခိုက်ဒဏ်ရာရ TNLA ထိန်းချု...
21/10/2025

မိုးကုတ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် ကလေး ၃ ဦးသေဆုံးပြီး ကလေးအပါအဝင် ပြည်သူ ၁၂ ဦးအထိ ထိခိုက်ဒဏ်ရာရ

TNLA ထိန်းချုပ်ထားသည့် နယ်မြေကို ရက် (၂၀) အတွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု (၃၁) ကြိမ်အထိ ပြုလုပ်

၂၁ အောက်တိုဘာ ၂၀၂၅ Lay Wadi Media

မန္တလေးတိုင်း ၊မိုးကုတ်မြို့ကို အာဏာသိမ်း အကြမ်းဖက်မြန်မာ စစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၁ ရက်တွင် လေကြောင်းကနေ ဗုံးကြဲတ်ိုက်ခိုက်ခဲ့တာကြောင်း ကလေး ၃ ဦး ပွဲချင်းပြီးသေဆုံးကာ နောက်ထပ်ကလေးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ယနေ့တွင် ထုတ်ပြန်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA
ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်သည် ယနေ့ နေ့လယ် (၂:၅၈)နာရီအချိန်ခန့်တွင် ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးကြဲချတိုက်ခိုက်ခဲ့ကာ အဆိုပါဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂)နှစ်အရွယ် မမွန်သူ၊ အသက်(၆)နှစ် အရွယ် မခူသာနှင့် အသက် (၁၀)နှစ်အရွယ် မချာရှီးတို့ ၃ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေးအပါဝင် အရပ်သား ပြည်သူ (၁၂)ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် (၁၁)အိမ်နှင့် ဖူဆယ်ကွင်း (၁ ) ကွင်း ပျက်စီးသွားကြောင်းသိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်သည် အောက်တိုဘာ (၁)ရက်မှ (၂၀)ရက်ထိ ရှမ်းပြည်နယ်၊မြောက်ပိုင်းရှိ မန်တုံမြို့ကို(၂)ကြိမ်၊ ကျောက်မဲမြို့ကို (၂)ကြိမ်၊ သီပေါမြို့ကို (၅)ကြိမ်၊ မိုင်းငေါ့မြို့ကို (၃)ကြိမ်၊ မိုင်းလုံမြို့ကို (၃)ကြိမ်၊ နမ့်ဆန်မြို့ကို (၆)ကြိမ်၊ နမ္မတူမြို့ကို (၅)ကြိမ်၊ မိုးမိတ်မြို့ကို (၃)ကြိမ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့ကို (၂)ကြိမ် စုစုပေါင်း (၃၁)ကြိမ်အထိ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ကာ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတွင် ကလေးငယ် (၇)ဦး၊ အမျိုးသား (၁၃)ဦး၊ အမျိုးသမီး (၂၁)ဦးသေဆုံးခံရပြီး သံဃာတော် (၂)ပါး၊ ကလေး (၁၁)ဦး၊ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၁၇)ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၁၄၃) လုံး စာသင်ကျောင်း (၄)ကျောင်း၊ဘုန်းကြီးကျောင်း (၄)ကျောင်း၊ ကျောင်းဆောင် (၈)ဆောင်၊အဆောက်အဦး (၃)ဆောင်၊ ကြက်မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ဆိုင်ကယ် (၄)စီး ၊ကား (၁)စီးတို့ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLAရဲ့ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

အာဏာသိမ်းအကြမ်းဖက် မြန်မာစစ်ကော်မရှင်တပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေဒေသအတွင်းရှိ အရပ်သားပြည်သူလူထုအား ဦးတည်၍ လေကြောင်းတိုက်ခိုက်မှု နေ့စဥ်နှင့်အမျှ လုပ်ဆောင်နေတာကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်
ကြဖို့ TNLA မှသတိပေး တိုက်တွန်း ပြောဆိုထားသည်။

Photo / PSLF/TNLA

21/10/2025

မိုးကုတ်မြို့ကို အာဏာသိမ်း အကြမ်းဖက် မြန်မာစစ်တပ်လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ကလေး ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

#မန္တလေးတိုင်း #မိုးကုတ် #မြမ်မာစစ်တပ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

21/10/2025

အာရက္ခတပ်တော်AA ကင်းစခန်းတစ်ခုကို အစွန်းရောက် စစ်သွေးကြွ RSO အကြမ်းဖက်အဖွဲ့က ညအချိန်
ပစ်ခတ် ခဲ့ဟုဆို

၂၁ အောက်တိုဘာ ၂၀၂၅ Lay Wadi Media

အာရက္ခပြည် ၊မောင်တောမြို့နယ် မြောက်ပိုင်းက အာက္ခတပ်တော်AA စခန်းတစ်ခုကို လျှပ်တပြက် သွားရောက် ပစ်ခတ်ခဲ့တယ်လို့ မွတ်ဆလင်လက်နက်ကိုင် အစွန်းရောက်စစ်သွေးကြွ RSO အကြမ်းဖက်အဖွဲ့က ဆိုပါတယ်။

ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ ည ၈ နာရီ ၅ မိနစ်ကနေ ၉ နာရီအထိ တောင်ပြိုဘက်မှာရှိတဲ့ အာရက္ခတပ်တော်AA စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အာရက္ခတပ်တော်AA တပ်ဖွဲ့ဝင် ၇ ဦးခန့်ကျဆုံးကြောင်း၊ ၂ ဦးမှာ ဒဏ်ရာအပြင်းထန်ရသွားကြောင်း၊ ၎င်းတို့၏ RSO တပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုးရိမ်ရ အသေးစား ဒဏ်ရရှိခဲ့ကြောင်း ကျည်သွားရာ ရိုက်ကူးထားသည့် တစ်မိနစ်နှင့် ၂၄ စက္ကန့် ရှိ ရုပ်သံတစ်ခုဖြင့် RSO အကြမ်းဖက်အဖွဲ့ က ဒီကနေ့ အောက်တိုဘာ ၂၁ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

အလားတူ ဘင်္ဂလားဒေ့ရှ် မီဒီယာအချို့ဝင်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် ၃၆၊ ၃၇၊ ၅၆ အနီးတွင် အာက္ခတပ်တော်AA နှင့် RSO တို့အကြား ညလုံးပေါက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး နယ်စပ်တလျှောက်တွင် ပေါက်ကွဲသံများကျယ်ကျယ်လောင်လောင်ကြားရပြီး အထိတ်တလန့် ဖြစ်ခဲ့ရသလို တိုက်ပွဲများအတွင်း အနည်းဆုံး လူ ၂၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

အစ္စလာမ်မစ် စစ်သွေးကြွ RSO အကြမ်းဖက်အဖွဲ့သည်
အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့မှလည်း မောင်တောမြို့နယ် လိပ်ရကျေးရွာ အနီးပတ်ဝန်းကျင်ရှိ အာရက္ခတပ်တော်AA ကင်းစခန်းအချို့ကို ဘင်္ဂလားဒေ့ရှ် နယ်မြေပိုင်နက်အတွင်း ကနေ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအပြီး နောက်တစ်နေ့တွင် အာရက္ခတပ်တော်AA စခန်း၃ ခုထက်မနည်းဝင်တိုက်ခဲ့ကြောင်း လက်နက်ခဲယမ်းအချို့ကိုလည်း ရရှိခဲ့ကြောင်း တစ်မိနစ်စာ ရုပ်သံတစ်ခုဖြင့် လူမှုကွန်ရက်အင်တာနက်စာမျာနှာတွင် ဖြန့်ဝေခဲ့သည်။

ရုပ်သံ -RSO

#အစ္စလာမ်မစ်စစ်သွေးကြွ #ဘင်္ဂလားဒေ့ရှ်

နတ်ရေကန် ဗျူဟာကုန်း မြေအောက်လှိုင်ဂူထဲမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဆက်တိုက်ထွက်ပြေးနေ၂၀ အောက်တိုဘာ  ၂၀၂၅ Lay Wadi Media...
20/10/2025

နတ်ရေကန် ဗျူဟာကုန်း မြေအောက်လှိုင်ဂူထဲမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဆက်တိုက်ထွက်ပြေးနေ

၂၀ အောက်တိုဘာ ၂၀၂၅ Lay Wadi Media

အာရက္ခတပ်တော်AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်လျက်ရှိနေသော ရက္ခိုင် နှင့်မကွေးတိုင်း အစပ် ငဖဲမြို့နယ်အပိုင် အမ်း-ပဒါန်းလမ်းဟောင်းပေါ်က စစ်ကော်မရှင်တပ် အခိုင်အမာ အခြေပြုထားသည့် နတ်ရေကန်ဗျူဟာစခန်းကုန်း မြေအောက်လှိုင်ဂူထဲ ခိုအောင်းနေတဲ့
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ လမ်းနည်းမျိုးစုံဖြင့် ဆက်တိုက်ထွက်ပြေးနေသလို အာရက္ခတပ်တော်AA ထံ လက်နက်ချ အလင်း ဝင်ရောက်မှုတွေလည်း ရှိနေကြောင်း စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နှင့် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်တို့မှာလည်း နတ်ရေကန်ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ နည်းလမ်းမျိုးစုံရှာကြံပြီး ကစဥ့်ကလျားထွက်ပြေးနေကြသလို အာရက္ခတပ်တော်AA ထံ လက်နက်ချ အလင်းဝင်ရောက်မှုလည်း ရှိနေကြောင်း ၎င်းသတင်းရင်းမြစ်ကဆိုပါတယ်။

စစ်ကော်မရှင်သည် နတ်ရေကန်ဗျူဟာစခန်း မြေအောက်လှိုင်ဂူအတွင်း ပိတ်မိနေတဲ့ ၎င်းတို့တပ်ဖွဲ့ဝင်များအား ကယ်ထုတ်ရန် နှင့် မြေပြင် စစ်ကြောင်း ရောက်ရှိနိုင်ရန် လေကြောင်းတိုက်ခိုက်မှု အသည်းအသန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကော်မရှင် ထောက်ခံတဲ့ ဝါဒဖြန့်နေရေးသားနေသော စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ယခင် ဓာတ်ပုံ အဟောင်းတချို့ကို အသုံးပြုကာ AA နှင့် PDF တွေ့ နတ်ရေကန်မှ ဆုတ်ခွာသွားပြီးဖြစ်ကြောင်း သတင်းအမှားများ ဖြန့်ဝေ ရှိနေသော်လည်း မြေပြင်တွင် အာရက္ခတပ်တော်AA ပူးပေါင်းတပ်တွေ ဆုတ်ခြင်းမရှိသလို သိမ်းပိုက်ရန်လည်း အနီးစပ်ဆုံး အနေအထားသို့ ရောက်ရှိနေသည်ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောဆိုပါတယ်။

ထို့ကြောင့် အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်ကော်မရှင်ထံ၌ အတင်းအဓ္ဓမ စစ်သားသစ်စုဆောင်းခံထားရသော ပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်များအနေနဲ့ အမြန်ဆုံးလက်နက်ချ အလင်းဝင်ရောက်ကြရန်နှင့် အလင်းဝင်ရောက်လိုပါက အာရက္ခတပ်တော်AA တပ်ဖွဲ့ဝင်ရှိသည့် အနီးစပ်ဆုံးနေရာသို့ ဆက်သွယ်အကြောင်းကြား လာရောက်ပူးပေါင်းနိုင်ပြီး လက်နက်ချ အလင်းဝင်ရောက်လာသူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားကြောင်း အာရက္ခတပ်တော်AA က အောက်တိုဘာ ၁၇ ရက်တွင် အသိပေး ပြောဆိုထားသည်။

photo / ပုံဟောင်း CJ

#စစ်ကောင်စီ #နတ်ရေကန် #စစ်ကော်မရှင် #မကွေးတိုင်း #အလင်းဝင် #ပြည်သူ့စစ်

Address

Sittwe

Alerts

Be the first to know and let us send you an email when Lay Wadi Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share