Lay Wadi Media

Lay Wadi Media အာရက္ခဒေသ၌ ဖြစ်ပေါ်နေသည့် လတ်တစ်လောသတင်းများကို ကြိုးစား​ပြီး ဖော်ပြပေးနေပါတယ်
https://www.youtube.com/ https://t.me/laywadimedia

(၁၇) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပို့အပ်သော သဝဏ်လွှာ၁၃၈၇ ခုနှစ်၊ တာကူးလပြည့...
10/04/2026

(၁၇) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပို့အပ်သော သဝဏ်လွှာ

၁၃၈၇ ခုနှစ်၊ တာကူးလပြည့်ကျော် (၉) ရက်
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်

Info Desk

10/04/2026

အာရက္ခပြည်သား

အာရက္ခတပ်တော်AA တည်ထောင်ခြင်း ၁၇ နှစ် ပြည့်မြောက် တပ်တော်နေ့သို့  မိတ်ဖက်တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများနှင့် နွေဦးတေ...
10/04/2026

အာရက္ခတပ်တော်AA တည်ထောင်ခြင်း ၁၇ နှစ် ပြည့်မြောက် တပ်တော်နေ့သို့ မိတ်ဖက်တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးနဲ့အတူပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့အစည်းတို့မှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့

၁၀ ဧပြီလ ၂၀၂၆

ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်တဲ့ အာရက္ခတပ်တော်AA (Arakan Army)ရဲ့ တပ်တော်တည်ထောင်ခြင်း (၁၇ )နှစ် ပြည့်မြောက် တပ်တော်နေ့သို့ မိတ်ဖက်မဟာမိတ်အဖွဲ့အစည်းများအပါအဝင် နွေဦးတော်လှန်ရေးနှင့် အတူ ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့အစည်းများမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများ...

( ဂုဏ်ပြုသဝဏ်လွှာအား အောက်တွင် ဝင်ရောက်ဖတ်ရှု့ နိုင်သည်။)

မင်းပြားမြို့နယ်ကို အာဏာသိမ်းစစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၈ ဧပြီ ၂၀၂၆ Lay Wadi Media အာရက္ခပြည် မင်းပြားမြိ...
08/04/2026

မင်းပြားမြို့နယ်ကို အာဏာသိမ်းစစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

၈ ဧပြီ ၂၀၂၆ Lay Wadi Media

အာရက္ခပြည် မင်းပြားမြို့နယ်ကို ဒီကနေ့ ဧပြီလ ၈ ရက်နေ့ ၊ မနက်ပိုင်းတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကော်မရှင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် မင်းပြားမြို့နယ်က ဘယ်နေရာ ဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားသည်ကို လတ်တလော၌ အသေးစိတ်သိရှိနိုင်ခြင်းမရှိသေးသော်လည်း
အတည်မပြု နိုင်သေးတဲ့ ဒေသခံအချို့က မင်းပြားမြို့နယ် ၊ ပုလဲတောင်ကျေးရွာ ဘက်ကို တိုက်ခိုက်သွားသည်ဟု ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

လေကြောင်းတိုက်ခိုက်မှုအသေးစိတ်ကို လက်ဆက်စုံစမ်း၍ တင်ပြပေးပါမည်။

သံတွဲမြို့နယ်ကို ဂျက်ဖိုက်တာ ၄ စီးဖြင့် စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်၍ မိသားစုတစ်စုလုံး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိ ၁ ဧပြီ...
01/04/2026

သံတွဲမြို့နယ်ကို ဂျက်ဖိုက်တာ ၄ စီးဖြင့် စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်၍ မိသားစုတစ်စုလုံး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိ

၁ ဧပြီ ၂၀၂၆ Lay Wadi Media

အာရက္ခပြည်၊ သံတွဲမြို့နယ်ကို အာဏာသိမ်း အကြမ်းဖက်စစ်ကော်မရှင်မှ လေကြောင်းကနေ တိုက်ခိုက်ရေး ဂျက်ဖိုက်တာ ၄ စီးဖြင့် ဒီကနေ့ ဧပြီလ ၁ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး အပါအဝင် မိသားစု ၄ ဦး တစ်ခုလုံး သေဆုံးခဲ့ကာ နောက်ထပ် အရပ်သား ၃ ဦးလည်း ဒဏ်ရာရှိခဲ့ကြောင်း
အာရက္ခတပ်တော်AA က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းအကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်မှုကြောင့် သေဆုံးခဲ့ရသည့် မိသားစုမှာ ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာက ဒေါ်မအေးမေ ၄၇ နှစ်၊မအောင်သန်း ၂၆ နှစ်၊ မပြည့်ဖြိုးနွယ် ၇ နှစ်၊ မအေးငြိမ်းလှိုင် ၂ နှစ် တို့ဖြစ်ပြီး ဒဏ်ရာရှိခဲ့သူများမှာ ကိုယ်ဝန်ဆောင် မိခင်ဖြစ်တဲ့ ဒေါ်အေးသန္တာဦး ၂၈ နှစ်၊ မမိုးထက်သန္တာ ၈ နှစ် အမှတ် (၂) ရပ်ကွက်၊ ကျိန္တလီမြို့ နှင့် မသဲရတီဦး ၃ နှစ် သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာ တို့မှဖြစ်ကြောင်း အာရက္ခတပ်တော်AA ရဲ့သတင်းထုတ်ပြန်ချက်၌ ဖော်ပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်သည် ယခင်က၎င်းတို့ တပ်စွဲအခြေစိုက်ခဲ့ရာ သံတွဲမြို့နယ်က ခလရ -၅၅ တပ်ရင်းအနီးပတ်ဝန်းကျင်ကို ယနေ့ နေ့လယ် (၁၁) နာရီ (၁၁) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ ဂျက်ဖိုက်တာ (၄) စီးဖြင့် လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သလို တပြိုင်နက်တည်း ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်သင်္ဘောတစ်စီးမှလည်း လက်နက်ကြီးအချို့ကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကော်မရှင်တပ်၏ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါနေရာအနီးအနားဝန်းကျင်၌ စစ်ရှောင်နေကြသည့် ကလေး (၂) ဦးအပါအဝင် (၄) ဦးပါသော အပြစ်မဲ့အရပ်သား မိသားစု တစ်စုလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ ကြသည့်အပြင် နောက်ထပ်ကလေး (၂) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်တွင် စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် ဖြစ်လာသော ရဲဝင်းဦးလက်ထက်တွင် အာရက္ခဒေသ၌ မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးအကြိမ်လည်းသည်။

စစ်ကော်မရှင်တပ်၏ အပြစ်မဲ့အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြရသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် များစွာဝမ်းနည်းကြေကွဲရပြီး၊ ထိခိုက်ဒဏ်ရာရှိသွားသူများအားလည်း အရေးပေါ် ဆေးကုသပေးလျက်ရှိကြောင်း အာရက္ခတပ်တော်AA က ဆိုသည်။

ထို့အပြင် အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယခုရက်များအတွင်း အာရက္ခပြည် နေရာအနှံ့အား ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်) နှင့် ကင်းထောက်လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာသောကြောင့် မိဘပြည်သူများ အနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းအန္တရာယ်ကို အထူး သတိရှိကြပါရန်လည်း အာရက္ခတပ်တော်AA မှတိုက်တွန်းပြောဆိုထားသည်။

ဓာတ်ပုံ - AA Info Desk

ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာအား အာဏာသိမ်း စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၌ ကလေးအပါအဝင် အရပ်သား ၇ ဦးသ...
30/03/2026

ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာအား အာဏာသိမ်း စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၌ ကလေးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ထုတ်ပြန်

၃၀ မတ်လ ၂၀၂၆ Lay Wadi Media

ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို ယမန်နေ့ မတ်လ ၂၉ ရက်၊ ညနေ (၄) နာရီ (၀၅) မိနစ်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၂) စီး ဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်ဖြင့်တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယနေ့တွင် အာရက္ခတပ်တော်AAက သတင်းထုတ်ပြန်ပါတယ်။


"အဆိုပါကျေးရွာအနီး မည်သည့်တိုက်ပွဲမှလည်းမရှိဘဲသူရဲဘောကြောင် စွာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကြောင်ချောင်းကျေးရွာမှ အသက် (၁၆) နှစ်အောက် ကလေး (၄) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၇) ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ကလေးငယ် ၂ ဦးအပါအဝင် (၄) ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။ သေဆုံးခဲ့ရသော သူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပြီး

နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲများအတွင်း အကျအဆုံးအထိအခိုက်များစွာနှင့် ရင်ဆိုင်ရသည့်အခါတိုင်း စစ်ဘက်နှင့် လုံးဝမသက်ဆိုင်သော၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများအား ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းမှ အလစ်ချောင်း ဗုံးကြဲ တိုက်ခိုက်သည့် လုပ်ရပ်မျိုးကို ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသော ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်းလည်း" အာရက္ခတပ်တော်AA က ပြောဆိုပါတယ်။

Ref: AA Info Desk
ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၅) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ ဂျက်ဖိုက်တာ (၂) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများ ( AA Info Desk )

ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့  တပ်မ( ၃၃) က ဗိုလ်မှူး ဇင်မျိုးထွန်း သေဆုံး၂၇ မတ်လ ၂၀၂၆ Lay Wadi Media ချင်းပြ...
27/03/2026

ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ တပ်မ( ၃၃) က ဗိုလ်မှူး ဇင်မျိုးထွန်း သေဆုံး

၂၇ မတ်လ ၂၀၂၆ Lay Wadi Media

ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို အကြိမ်ကြိမ်စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ တပ်မ ( ၃၃) က ဗိုလ်မှူးဇင်မျိုးထွန်းမှာ ပြီးခဲ့သည့် မတ်လ ၁၂ ရက်က ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ့ရဲ့ တိုက်ခိုက်မှုအတွင်းသေဆုံးသွားကြောင်း သိရသည်။

ဖလမ်းမြို့နယ်သို့ စစ်ကူရန် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က ကလေးမြို့နယ်ဘက်ကနေ ချီတက်လာသောအင်အား တစ်ရာကျော်ခန့်ပါ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းက်ို ချင်းကာကွယ်ရေးတပ်ပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အကျအဆုံးများပြီး မတ်လ ၁၈ ရက်နေ့မှာတော့ သိုင်ငင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ယင်းဖြစ်စဥ်၌ ဗိုလ်မှူးဇင်မျိုးထွန်း သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်းလည်း ချင်းတော်လှန်
ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။

ဗိုလ်မှူးဇင်မျိုးထွန်းဟာ ကချင်ပြည်နယ်ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို ရောက်လာပြီး ရက်သတ္တပတ်၊ တစ်ပတ်မပြည့်ခင်မှာပဲ သေဆုံးခဲ့တာလို့လည်း စစ်ကော်မရှင်တပ်နှင့် နီးစပ်တဲ့ အသိုင်းအဝိုင်းများက ပြောဆိုနေကြသည်။

ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်တပ်သည် အထိနာပြီး ပြန်ဆုတ်လိုက်၊ လေကြောင်းပစ်ကူခေါ်လိုက်၊ စစ်ကူတောင်းလိုက် ပြန်ထိုးလိုက်နဲ့ လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ကြား တိုက်ပွဲများလည်း ဆက်လက်ရှိနေပါတယ်။

ပုံစာ/ ဖလမ်းမြို့နယ်အတွင်း သေဆုံးသွားသော စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးဇင်မျိုးထွန်း နာရေး

#စစ်ကော်မရှင် #ချင်းပြည်နယ် #ဖလမ်းမြို့ #ဗိုလ်မှူးဇင်မျိုးထွန်း #ချင်းကာကွယ်ရေးတပ်ဖွဲ့

ဒုတိယအကြိမ်မြောက် AA စနိုက်ပါ ထိမှန်၍ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ ( တပ်မ -၁၁) က ဗိုလ်မှူး တစ်ဦးသေဆုံး ၂၅ မတ်...
25/03/2026

ဒုတိယအကြိမ်မြောက် AA စနိုက်ပါ ထိမှန်၍ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ ( တပ်မ -၁၁) က ဗိုလ်မှူး တစ်ဦးသေဆုံး

၂၅ မတ်လ ၂၀၂၆ Lay Wadi Media

အာရက္ခတပ်တော်AA နှင့် အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ စစ်ရေးပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်တိုက်ပွဲမှာ ဒုတိယအကြိမ်မြောက် အာရက္ခတပ်တော်AA ရဲ့ လက်ဖြောင့်စနိုက်ပါ ကျည်ထိမှန်ပြီး စစ်ကော်မရှင်တပ်က ဗိုလ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားတဲ့ ဗိုလ်မှူးမှာ ရန်ကုန်တိုင်း ၊ အင်းတိုင်အခြေစိုက် အမှတ် ( ၁၁ )ခြေမြန်တပ်မဌာနချုပ်၊ လက်အောက်ခံ ရဲမွန်မြို့ အခြေစိုက် ( ခမရ - ၂၁၆) တပ်ရင်းမှ ( ကြည်း -၇၇၆၈၂ ၊ ဗိုလ်မှူး သက်ထွန်းအောင်) ဖြစ်ကြောင်း စစ်ကော်မရှင်တပ်နှင့် နီးစပ်တဲ့ အသိုင်းအဝိုင်းတစ်ဦးက အတည်ပြုပြောဆိုသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က၊ ကျောက်ဖြူမြို့နယ်စစ်မျက်နှာတွင် အာရက္ခတပ်တော်AA တပ်ဖွဲ့ဝင်များရှိရာသို့စစ်ကြောင်းထိုးဝင်ရောက်လာချိန် အာရက္ခတပ်တော်AA တပ်ဖွဲ့ဝင်ဘက်မှ အသင့်စောင့်ကြိုကာ စနိုက်ပါများဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်မှူးသက်ထွန်းအောင်မှာ နေရာ၌ပွဲချင်းပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

" တပ်က လေကြောင်း၊ ရေကြောင်း၊ ဒရုန်း ပစ်ကူယူပြီး မြေပြင်ကနေ ပြည်သူ့စစ်တွေကို ရှေ့တန်းတင်ပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ အဲ့လိုစစ်ကြောင်းထိုးချ်ိန် ပြည်သူ့စစ်တပ်သားတွေ ကျဆုံးတာကလည်း နေ့တိုင်းပါပဲ သူတို့ကိုတော့ စစ်မြေပြင်မှာပဲမြေမြှုပ်ထားခဲ့တာပဲ သေဆုံးအရာရှိ အလောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့ သူလောက်ပဲ သယ်လာတယ်။ ဗိုလ်မှူး သက်ထွန်းအောင်က အရင်တစ်ခါလည်း ခြေထောက်ကို စနိုက်ပါထိခဲ့သေးတယ်။ ဒီတစ်ကြိမ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတာ အလောင်းကို ကျောက်ဖြူမှာပဲ မီးသင်္ဂြိုလ်ခဲ့တယ်။" လို့ ၎င်းက ပြောဆိုသည်။

နောက်ထပ် စစ်ကော်မရှင်တပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးကလည်း ဗိုလ်မှူးသက်ထွန်းအောင်ဟာ အသက် (၂၅) နှစ်ခန့်သာရှိပြီး ဗိုလ်ရာထူးအဆင့်ကနေ ၂၀၂၅ ခုနှစ် ၊နှစ်ကုန်းခါနီး ကျောက်ဖြူစစ်မျက်နှာသို့ ဗိုလ်ကြီးရာထူးဖြင့် ရောက်ရှိလာသူဖြစ်ကာ ကျောက်ဖြူစစ်မျက်နှာတွင် သေဆုံးခဲ့ပြီးမှ ဗိုလ်မှူးရာထူးကို ထပ်တိုးပေးတာဖြစ်တယ်လို့ပြောဆိုသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကော်မရှင်အတွက် နိုင်ငံရေး၊ သံတမန်ရေးအရ အလွန်ရေးပါနဲ့ ကျောက်ဖြူကို လက်လွှတ်မဆုံးရှုံးရရေးအတွက် ကျောက်ဖြူစစ်မျက်နှာသို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများအပြားကို ရေကြောင်းကနေ ဆက်တိုက် ပို့ဆောင်ပြီး အင်အားဖြည့်တင်းလျက်ရှိနေပါတယ်။

ဓာတ်ပုံပေးပို့ CJ - ဗိုလ်မှူးသက်ထွန်းအောင်

#အာရက္ခဒသ #စစ်ကော်မရှင် #အာရက္ခပြည် #ကျောက်ဖြူ #သက်ထွန်းအောင်

MNDAA မှ ကွတ်ခိုင်ကို သိမ်းယူပြီး နမ့်ဖတ်ကာနှင့် နမ့်ခမ်းဘက်ကို ဆက်လက်ထိုးစစ်ဆင်နေ၁၆ မတ်လ ၂၀၂၆ Lay Wadi Media ရှမ်းပြည်န...
16/03/2026

MNDAA မှ ကွတ်ခိုင်ကို သိမ်းယူပြီး နမ့်ဖတ်ကာနှင့် နမ့်ခမ်းဘက်ကို ဆက်လက်ထိုးစစ်ဆင်နေ

၁၆ မတ်လ ၂၀၂၆ Lay Wadi Media

ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် နမ့်ဖတ်ကာ နှင့် နမ့်ခမ်းဘက်မှာရှိတဲ့ TNLA တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နှင့် ယနေ့ မတ်လ ၁၆ ရက်တွင် ကိုးကန့်တပ်မတော် MNDAA ဘက်က နမ့်ဖတ်ကာနှင့်နမ့်ခမ်းမှာ ရှိတဲ့ တအာင်းတပ် TNLA တပ်စခန်းတွေကို ဒရုန်းဖြင့် ဗုံးကြဲကာ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး TNLA ဘက်ကတော့ ယနေ့အချိန်ထိ ကြီးကြီးမားမား ပြန်လည်တိုက်ခိုက်ခြင်းမရှိပဲ ဆုတ်ခွာပေးနေတာတွေရှ်ိသလို TNLA တပ်ဖွဲ့ဝင်အချို့လည်း လက်နက်အသိမ်းခံရတာ ဖမ်းဆီးခံရတာလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

၎င်းအပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မိုင်းယု - ၁၀၅ မိုင်ရှိ TNLA နှင့် သတ်သက်သည့်ဟူသမျှကို MNDAA က လိုက်လံသိမ်းဆည်းနေကြောင်းသိရသည်။MNDAA၊ TNLA ၊AA တို့သည် စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ် အဖွဲ့များဖြစ်ကြပြီး ဆယ်စုနှစ်ချီ လက်တွဲလာခဲ့သည့် အဖွဲ့အစည်းများပင်ဖြစ်သည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က၊ TNLA ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ပေါ်၌ MNDAA ဘက်က တပ်ဆင်ထားတဲ့ CCTV ကင်မရာအား TNLAမှ ဖယ်ရှားခဲ့တဲ့အပေါ် MNDAA နှင့် TNLA ညီနောင်မဟာမိတ်နှစ်ဖွဲ့ ကြား တင်းမာလာခဲ့ပြီး အောက်ခြေတပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းဆီးရိုက်နှက်ခြင်း၊ လက်နက်သိမ်းယူခြင်းနှင့် TNLA ထိန်းချုပ်ဒေသသို့ ကုန်သွယ်ရေးလမ်းကြောင်းများကို MNDAA ဘက်က ပိတ်ဆို့ထားခြင်းများရှိလာခဲ့ပြီး ထို့သို့ဖြစ်ပေါ်နေသည့် နှစ်ဖွဲ့ကြား တင်းမာမှုကိုအတွေ့ဆုံဆွေးနွေးရန် MNDAA ဘက်က ၅ ကြိမ်တိုင်စာပို့ခဲ့သော်လည်း TNLA ဘက်ကတစ်စုံတရာ အကြောင်းပြန်ခြင်းမရှိခဲ့သည့်အတွက် မတ်လ ၁၄ ရက်နေ့၊ မနက် ၉ နာရီခွဲအချိန်တွင် ကိုးကန့်တပ် MNDAA က ကွတ်ခိုင်မြို့ကို အင်အားအလုံးအရင်းဖြင့် စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ညီနောင်မဟာမိတ်နှစ်ဖွဲ့ကြား လက်နက်ကိုင် စစ်ရေးပဋိပက္ခထက် တွေ့ဆုံဆွေးနွေးအဖြေရန် TNLA ဘက်က မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားကာ ယနေ့အချိန်ထိ MNDAA ဘက်ကတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။

#ရှမ်းမြောက် #ကွတ်ခိုင်

14/03/2026

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA သိမ်းယူ

၁၄ မတ်လ ၂၀၂၆ Lay Wadi Media

ရှမ်းပြည်နယ် မြောက်ပိုင်းက တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ညီနောင်မဟာမိတ် ဖြစ်သည့် ကိုးကန့်တပ် MNDAA မှ ဒီကနေ့ မတ်လ ၁၄ ရက်၊မနက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် မြို့ကို MNDAA က သိမ်းယူလိုက်ကြောင်း သိရသည်။

MNDAA ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှုကြောင့် ညီနောင်မဟာမိတ် TNLA တပ်ဖွဲ့များဝင် ကျဆုံးမှုနှင့် ဖမ်းဆီးရမှုတွေလည်းရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ကွတ်ခိုင်မြို့ပတ်သက်၍ ညီနောင်မဟာမိတ် နှစ်ဖွဲ့ကြား လက်နက်ကိုင် စစ်ရေးပဋိပက္ခဖြစ်ပေါ်လာရခြင်းအပေါ် နှစ်ဖက်အပြန်အလှန် ထုတ်ပြန်ချက်များ ထုတ်ပြီး ဖြစ်တင်စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

#ကွတ်ခိုင် #ရှမ်းမြောက်

14/03/2026

ကွတ်ခိုင်မြို့ကို MNDAA ဘက်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်

၁၄ မတ်လ ၂၀၂၆ Lay Wadi Media

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းတပ် TNLA အုပ်ချုပ်ရေးဖော်ဆောင်နေသည့် ကွတ်ခိုင်မြို့ကို ဒီကနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းတွင် ကိုးကန့်တပ် MNDAA ဘက်က အင်အား ထောင်ချီဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကိုးကန့်တပ် MNDAA ဘက်က ယနေ့မနက်ပိုင်းကစတင်ပြီး ကွတ်ခိုင်မြို့နှင့် ကွတ်ခိုင်မြို့နယ်က TNLA တပ်စခန်း ၆ ခုထက်မနည်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကာ ထိုသို့ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု လူနေအိမ် မီးလောင်ပျက်စီးမှုများလည်း ရှိနေကြောင်း ဒေသခံတွေက ဆိုပါတယ်။

ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLAတို့သည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသလို ( FPNCC - ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ) အဖွဲ့ဝင်များလည်းဖြစ်ကြသည်။

စစ်ကော်မရှင် လက်အောက်ကနေ ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ( ၇၃) ရက်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်ညတွင် TNLA မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အထဲမှ TNLA နှင့် MNDAA သည် အနယ်မြေ အငြားပွားမှုကြောင့် အောက်ခြေ နှစ်ဖက်တပ်ဖွဲ့ဝင်များ ပွတ်တိုက်မှုတွေ ခတ်စိစိရှိနေခဲ့ပြီး ကွတ်ခိုင်မြို့အုပ်ချုပ်ရေးကို TNLA ဘက်က အပြည့်အဝဖော်ဆောင်ရန် ကြိုးပမ်းလာချိန် နှစ်ဖက်တပ်ဖွဲ့ဝင်ကြား ရိုက်နှက်ဖမ်းဆီး၊ လက်နက်သိမ်းယူသည်ထိ ရှိလာခဲ့ပြီးနောက် ညီနောင်မဟာမိတ်နှစ်ဖွဲ့ကြားတွင် ယခုအခါ စစ်ရေးပဋိပက္ခအသွင်ထိ ဦးတည်လာနေပါတယ်။

ဒီထက် ပိုပြီးဆိုးဆိုးဝါးဝါး ​ဖြစ်မလာအောင် FPNCC အနေနဲ့ အမြန်ဆုံး ကြားဝင်ဖြေရှင်းပေးရန်လည်း လိုအပ်နေကြောင်း နိုင်ငံရေးလေ့လာသူအချို့ကလည်း မှတ်ချက်ပြုကြပါတယ်။

ရုပ်သံ - မူရင်းပိုင်ရှင်အား (Credit)

#ရှမ်းမြောက် #ကွတ်ခိုင်

Address

Sittwe

Alerts

Be the first to know and let us send you an email when Lay Wadi Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share