Western News

Western News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Western News, Media/News Company, Myo Thu Gyi ward, Main Road, Sittwe.
(1)

https://western-news.com/
https://www.youtube.com/
https://t.me/TheWesternNews
https://www.tiktok.com/
https://www.instagram.com/thewestern_news/ Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။

ပြည်သူအသံများကို သတင်းပညာအရည်

အသွေးနှင့်အညီ ရုပ်သံ၊ သတင်း၊ ဆောင်းပါးများကို ထုတ်လုပ်ရန် သတင်းစာပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်များက တည်ထောင်ပြီး၊ မတူညီကွဲပြားခြားနားမှုကို တန်ဖိုးထား၊ လေးစားသည့်မူဖြင့်ရပ်တည်သည်။

16/10/2025

■ ရခိုင်က လယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်လာရလို့ လယ်လုပ်ငန်းတွေကို ရပ်နားလာနေကြ

Western News| အောက်တိုဘာ ၁၆

■ တစ်ချိန်ချိန်မှာ AA က နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာလိမ့်မည်ဟု ဒေါ်စောမြရာဇာလင်းပြော Western News| အောက်တိုဘာ ၁၆ စ...
16/10/2025

■ တစ်ချိန်ချိန်မှာ AA က နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာလိမ့်မည်ဟု ဒေါ်စောမြရာဇာလင်းပြော

Western News| အောက်တိုဘာ ၁၆

စစ်ကောင်စီ (မြန်မာစစ်တပ်) နှင့် နိုင်ငံအနှံ့တွင် တိုက်ပွဲဖြစ်ပွားနေသော အာရက္ခတပ်တော် AA သည် တစ်ချိန်ချိန်မှာ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာလိမ့်မည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

အောက်တိုဘာလ ၁၅ ရက် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် NCA ၁၀ နှစ်ပြည့် အခမ်းအနားတွင် ဒေါ်စောမြရာဇာလင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရောက်လာမှာပါ။ စားပွဲဝိုင်းကိုတော့ သေချာပေါက် ရောက်လာမှာပါလိမ့်မယ်။ နည်းနည်း ကြာဦးမယ်လို့ ထင်ပါတယ်။ ကြာတယ်ဆိုတာကတော့ စစ်ရေးနိုင်ငံရေးတွေ အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ကြာဦးမယ်။ ရွေးကောက်ပွဲလွန်တာထက်လည်း အချိန်က ပိုကြာနိုင်သေးတယ်။ ဒါပေမယ့် တစ်ချိန်ချိန် တစ်နေ့နေ့မှာတော့ စားပွဲဝိုင်းကိုတော့ ရောက်လာလိမ့်မယ်လို့ မျှော်မှန်းတယ်” ဟု ဆိုသည်။

စစ်ကို စစ်နှင့် ဖြေရှင်းနေကြသည့်အတွက် ပြည်သူများမှာ အသက်ဆုံးရှုံးနေရပြီး နိုင်ငံရေးနည်းလမ်းဖြင့်သာ လိုချင်သည်များကို ညှိယူရမည်ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

“စစ်ကိုစစ်နဲ့ ဖြေရှင်းဖို့ထက် နိုင်ငံရေးစားပွဲဝိုင်းကို ရောက်ပြီးတော့မှ ကိုယ်လိုချင်တာ၊ သူလိုချင်တာ ညှိ၊ အစိုးရဘက်ကလည်း ပေးနိုင်တာ ဘာပေးနိုင်လဲ။ ကိုယ်တို့ကလည်း ဘာတွေတောင်းဆိုမလဲ။ တောင်းဆိုတာ အားလုံး ရချင်မှရမယ်။ အစိုးရကလည်း ပေးချင်မှပေးမယ်။ ဒါပေမယ့် အနီးကပ်ဆုံးသော အဖြေရအေင်တော့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော စစ်မှန်သည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အပေါ် အခြေခံရမည်ဟု ဒေါ်စောမြရာဇာလင်းက ဆက်လက် ပြောကြားခဲ့သည်။

NCA သည် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်များအတွက် သီးသန့်ရေးဆွဲထားခြင်းမဟုတ်ဘဲ အဓိက ပြည်သူများအား မျက်နှာမူပြီး ရေးဆွဲထားသော စာချုပ်ဖြစ်ကြောင်း ပြောသည်။

စစ်တပ်အပါအဝင် တော်လှန်ရေးအဖွဲ့များအားလုံးမှာ လမ်းကြောင်းက ကွဲပြားနေသော်လည်း ဦးတည်ချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကို ရည်မှန်ထားကြကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသစ်တစ်ခုကို လိုချင်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောဆိုသွားခဲ့သည်။

#ဒေါ်စောမြရာဇာလင်း #အာရက္ခတပ်တော် #စစ်ကောင်စီ #ငြိမ်းချမ်းရေး #နိုင်ငံရေးစားပွဲဝိုင်း

■ ငြိမ်းချမ်းရေးအတွက် မြန်မာများ ဇွဲလုံ့လလိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေး ကိုယ်စားလှယ်ပြော Western News| အောက်တိုဘာ ၁၆...
16/10/2025

■ ငြိမ်းချမ်းရေးအတွက် မြန်မာများ ဇွဲလုံ့လလိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေး ကိုယ်စားလှယ်ပြော

Western News| အောက်တိုဘာ ၁၆

ပြည်တွင်းစစ်များဖြင့် နှစ်ပေါင်းများစွာ လည်ပတ်နေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရန် ဇွဲလုံ့လ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အောက်တိုဘာလ ၁၅ ရက် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် NCA ၁၀ နှစ်ပြည့် အခမ်းအနား ဂုဏ်ပြုစကားတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ် Mr. Pisanu Suvanajata က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးခရီးလမ်းဟာ ဘယ်တော့မှ ဖြောင့်ဖြူးမနေပါဘူး။ ဘယ်တော့မှလည်း လွယ်ကူမနေပါဘူး။ စိတ်ရှည်သည်းခံမှု၊ ရဲစွမ်းသတ္တိနဲ့ အထူးသဖြင့် ဇွဲလုံ့လတို့ လိုအပ်ပါတယ်။ လူတွေဟာ လက်စားချေခြင်းထက် ပြန်လည်သင့်မြတ်ရေးကို ရွေးချယ်တဲ့အခါ၊ မုန်းတီးမှုထက် မျှော်လင့်ချက်ကို ရွေးချယ်တဲ့အခါ အနက်ရှိုင်းဆုံးဒဏ်ရာတွေတောင် ပျောက်ကင်းနိုင်တယ်ဆိုတာ သမိုင်းသက်သေလည်းရှိပါတယ်" ဟု Mr. Pisanu Suvanajata က ပြောသည်။

“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးခရီးအောင်မြင်ပါစေလို့ စိတ်ရင်းမှန်နဲ့ ဆန္ဒပြုပါတယ်။ နောင်လာမယ့် မြန်မာမျိုးဆက်တွေဟာ NCA ကို သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့သာမက၊ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းနှစ်တွေကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးအမြစ်တွယ်ခဲ့တဲ့၊ ပဋိပက္ခအစား တွေ့ဆုံဆွေးနွေးမှုသာ ရှေ့တန်းရောက်ခဲ့တဲ့ အချိန်တွေအဖြစ် ပြန်လည်အမှတ်ရနိုင်ကြစေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နယ်နိမိတ်ချင်း ကီလိုမီတာ ၂၀၀၀ ထိစပ်နေသော ထိုင်းနှင့်မြန်မာတို့သည် အိမ်နီးချင်းနိုင်ငံ သက်သက်မဟုတ်ဘဲ နယ်စပ်ဒေသတွင် နှစ်ဖက်အသိုင်းအဝိုင်း၊ မိသားစုချစ်ကြည်ရင်းနှီးမှု အပြန်အလှန် တည်ရှိနေသည့်အတွက် မြန်မာ့ငြိမ်းချမ်းရေးသည် ထိုင်းနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ် Mr. Pisanu Suvanajata က ဆိုသည်။

မြန်မာနိုင်ငံ၏ သာယာဝပြောရေးသည် ထိုင်းနိုင်ငံ၏ သာယာဝပြောရေးဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိုင်းနိုင်ငံအနေဖြင့် ကနဦး စကတည်းက အမြဲတမ်းထောက်ခံအားပေးခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

#ထိုင်းနိုင်ငံ #မြန်မာနိုင်ငံ #ပြည်တွင်းစစ် #ငြိမ်းချမ်းရေး #လက်နက်ကိုင်ပဋိပက္ခ

■ မြန်မာနိုင်ငံသည် ပြည်ထောင်စုမစစ်ကြောင်း ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းပြော Western News| အောက်တိုဘာ ၁၆ မြန်မာနိုင်ငံသည် လ...
16/10/2025

■ မြန်မာနိုင်ငံသည် ပြည်ထောင်စုမစစ်ကြောင်း ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းပြော

Western News| အောက်တိုဘာ ၁၆

မြန်မာနိုင်ငံသည် လက်ရှိအချိန်အထိ ပြည်ထောင်စုစစ်စစ် မဟုတ်သေးကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းက NCA ၁၀ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဖြစ်ရန် လိုအပ်နေသေးသည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

"ကျမတို့ တိုင်းပြည်က ပြည်ထောင်စုလို့သာ ပြောတယ်။ ပြည်ထောင်စု အစစ်မဟုတ်သေးဘူး။ ပြည်ထောင်စု စစ်စစ်ကို မရနိုင်သေးဘူး။ ပြည်ထောင်စုအတွက် လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။ ပြည်ထောင်စုအတွက် ကျမတို့ ဆွေးနွေးနေရခြင်းသည် ကိုယ်၌က ပြည်ထောင်စုစစ်စစ် မဖြစ်သေးဘူး" ဟု ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပေါ်ပေါက်လာရခြင်း အကြောင်းအရင်းသည် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် ဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ထိုကဲ့သို့ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးမှာ NCA က အက္ခရာကျသည်ဟု ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ဆက်လက်ပြောသည်။

“ကျမတို့ ရှေ့ကို သွားဖို့ရာအတွက်လည်းပဲ NCA ဟာ အက္ခရာကျပါတယ်။ ဘာကြောင့်လဲဆိုရင် NCA မှာ အချက်ပေါင်းများစွာ ပါဝင်တယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တာ၊ လူသားချင်းစာနာမှု ကိစ္စတွေနဲ့ ပတ်သက်တာ ပြီးလို့ရှိရင် ကြားကာလမှာ ပြည်သူတွေအတွက် ဘယ်လိုဆောင်ရွက်မှာလဲဆိုတဲ့ စဉ်းစားချက်တွေကအစ NCA မှာ အချက်အလက်ပေါင်းများစွာ ပါဝင်တယ်” ဟု ၎င်းက ဆိုသည်။

NCA သည် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်များအတွက် သီးသန့်ရေးဆွဲထားခြင်းမဟုတ်ဘဲ အဓိက ပြည်သူများအား မျက်နှာမူပြီး ရေးဆွဲထားသော စာချုပ်ဖြစ်ကြောင်း ပြောသည်။

စစ်တပ်အပါအဝင် တော်လှန်ရေးအဖွဲ့များအားလုံးမှာ လမ်းကြောင်းက ကွဲပြားနေသော်လည်း ဦးတည်ချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကို ရည်မှန်ထားကြကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသစ်တစ်ခုကို လိုချင်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောဆိုသွားခဲ့သည်။

#ဥက္ကဌ #ဒေါ်စောမြရာဇာလင်း #စစ်ကောင်စီ #ငြိမ်းချမ်းရေး #စစ်မှန်သောပြည်ထောင်စုကြီး

■ စစ်တွေနှင့် ရေကြည်တွင် AA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန် Western News| အောက်တိုဘာ ၁၆ ရခိုင်ပြည် စစ်တွေမြို့အနီးဝန်း...
16/10/2025

■ စစ်တွေနှင့် ရေကြည်တွင် AA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်

Western News| အောက်တိုဘာ ၁၆

ရခိုင်ပြည် စစ်တွေမြို့အနီးဝန်းကျင်နှင့် ဧရာဝတီတိုင်း ရေကြည်မြို့နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ယမန်နေ့တွင် AA က ထုတ်ပြန်ထားသည်။

စစ်တွေမြို့အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် AA တို့ကြား လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုများမှာ ယခုရက်များအတွင်း ပိုမိုပြင်းထန်လျက်ရှိသည်ဟု ဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်၊ နေ့လယ် (၃) နာရီ (၅၅) မိနစ်မှစတင်၍ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က ပြောသည်။

အမ်း-ပဒါန်းလမ်း မကွေးတိုင်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အနည်းငယ်သော နေရာတချို့သာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် AA မှ အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

နတ်ရေကန်စခန်း သိမ်းပိုက်နိုင်ရန် ကျန်ရှိနေသော အနည်းငယ်နေရာတချို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု အာရက္ခတပ်တော် AA က ပြောသည်။

ယင်းတိုက်ပွဲမှ ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီတပ်သားများနှင့်လည်း ငဖဲမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာအနီးက စစ်ကောင်စီ၏ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်တွင် သိမ်းပိုက်ခဲ့သည်ဟု အာရက္ခတပ်တော် AA က ပြောသည်။

နံနက် ၉ နာရီကျော်အချိန်တွင် ၆၆၆ ပွိုင့်ကုန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး အချိန် ၃ နာရီခန့်အကြာ သုံးဘက်သုံးတန်မှ ပိတ်ဆို့တိုက်ခိုက်အပြီးတွင် အဆိုပါ ပွိုင့်ကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။

ပွိုင့် (၆၆၆) စခန်းတစ်ခုလုံးအား သိမ်းပိုက်ရယူခဲ့စဉ်အတွင်း စစ်ကောင်စီတပ်သား အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ထိုးစစ်အတွင်း တိုက်ရည်ခိုက်ရည်ကောင်းမွန်သော အာရက္ခစစ်သည်တော်များနှင့်အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု AA က ထုတ်ပြန်ုပြောဆိုထားသည်။

#စစ်တွေမြို့ #ရေကြည်မြို့ #စစ်ကောင်စီ #အာရက္ခတပ်တော် #တိုက်ပွဲပြင်းထန်

■ ပဲခူးတိုင်းက ၆၆၆ ပွိုင့်ကုန်းကို AA သိမ်းပိုက် Western News| အောက်တိုဘာ ၁၆ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုဂံဂွေ့ (ပန...
16/10/2025

■ ပဲခူးတိုင်းက ၆၆၆ ပွိုင့်ကုန်းကို AA သိမ်းပိုက်

Western News| အောက်တိုဘာ ၁၆

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာအနီးက စစ်ကောင်စီ၏ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်တွင် သိမ်းပိုက်ခဲ့သည်ဟု အာရက္ခတပ်တော် AA က ပြောသည်။

နံနက် ၉ နာရီကျော်အချိန်တွင် ၆၆၆ ပွိုင့်ကုန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး အချိန် ၃ နာရီခန့်အကြာ သုံးဘက်သုံးတန်မှ ပိတ်ဆို့တိုက်ခိုက်အပြီးတွင် အဆိုပါ ပွိုင့်ကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။

၆၆၆ ပွိုင့်ကုန်းအား သိမ်းပိုက်ရရှိရန် စတင်တိုက်ခိုက်ခဲ့သည်မှာ အချိန်အနည်းငယ် ကြာမြင့်နေပြီဖြစ်သော်လည်း အောက်တိုဘာလ ၁၄ ရက် နံနက် ၉ နာရီကျော်အချိန်မှ ထိုးစစ်အရှိန်အား မြှင့်တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပွိုင့် (၆၆၆) စခန်းတစ်ခုလုံးအား သိမ်းပိုက်ရယူခဲ့စဉ်အတွင်း စစ်ကောင်စီတပ်သား အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ထိုးစစ်အတွင်း တိုက်ရည်ခိုက်ရည်ကောင်းမွန်သော အာရက္ခစစ်သည်တော်များနှင့်အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု AA က ထုတ်ပြန်ုပြောဆိုထားသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော စခန်းများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်များအပါအဝင် မြို့အချို့ကို ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားနေသကဲ့သို့ နောက်ထပ်စခန်းများထပ်မံ၍ လက်လွှတ်မဆုံးရှုံးရစေရန်အတွက်လည်း ထိုးစစ်၊ ခံစစ်များကို မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆင်နွှဲလျှက်ရှိသည်။

ထို့ကြောင့် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ရင်ဆိုင်ထားသော နေရာများတွင် တိုက်ပွဲများ နေ့တိုင်းနီးပါး ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

အထူးသဖြင့် အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့တွင် ရန်သူ၏ ထိုးစစ်များကို အာရက္ခတပ်တော်၏ အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိသည်ဟု သိရသည်။

#ပဲခူးတိုင်း #ပန်းတောင်းမြို့နယ် #၆၆၆ပွိုင့်ကုန်း #သိမ်းပိုက်ရရှိ #အာရက္ခတပ်တော် #စစ်ကောင်စီ #တိုက်ပွဲပြင်းထန်နေ

■ နတ်ရေကန်ဗျူဟာကုန်း အပြီးသတ်နိုင်ရန် နေရာတချို့သာကျန်ဟု AA ပြော Western News| အောက်တိုဘာ ၁၆ အမ်း-ပဒါန်းလမ်း မကွေးတိုင်း...
16/10/2025

■ နတ်ရေကန်ဗျူဟာကုန်း အပြီးသတ်နိုင်ရန် နေရာတချို့သာကျန်ဟု AA ပြော

Western News| အောက်တိုဘာ ၁၆

အမ်း-ပဒါန်းလမ်း မကွေးတိုင်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အနည်းငယ်သော နေရာတချို့သာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် AA မှ အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

နတ်ရေကန်စခန်း သိမ်းပိုက်နိုင်ရန် ကျန်ရှိနေသော အနည်းငယ်နေရာတချို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု အာရက္ခတပ်တော် AA က ပြောသည်။

ယင်းတိုက်ပွဲမှ ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီတပ်သားများနှင့်လည်း ငဖဲမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

နတ်ရေကန်တိုက်ပွဲမှ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းဆီးရရှိထားပြီး ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည်ဟု AA က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နတ်ရေကန်ဗျူဟာကုန်း တစ်ခုလုံးအား AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် AA က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

AA ထုတ်ပြန်ချက်ကဲ့သို့ နည်းတူ နတ်ရေကန်တိုက်ပွဲမှ စစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ နတ်ရေကန် ပင်မစခန်းနေရာသာ ကျန်ရှိတော့ပြီး အနီးအနားရှိ ကာကင်းစခန်းအားလုံးကို AA က သိမ်းပိုက်ထားပြီး လက်ရှိတွင် နေရာပေါင်းစုံကနေ ဝိုင်းရံပိတ်ဆို့ထားကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော စခန်းများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်များအပါအဝင် မြို့အချို့ကို ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားနေသကဲ့သို့ နောက်ထပ်စခန်းများထပ်မံ၍ လက်လွှတ်မဆုံးရှုံးရစေရန်အတွက်လည်း ထိုးစစ်၊ ခံစစ်များကို မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆင်နွှဲလျှက်ရှိသည်။

ထို့ကြောင့် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ရင်ဆိုင်ထားသော နေရာများတွင် တိုက်ပွဲများ နေ့တိုင်းနီးပါး ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

အထူးသဖြင့် အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့တွင် ရန်သူ၏ ထိုးစစ်များကို အာရက္ခတပ်တော်၏ အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိသည်ဟု သိရသည်။

#နတ်ရေကန်စခန်း #တိုက်ပွဲပြင်းထန်နေ #အာရက္ခတပ်တော် #စစ်ကောင်စီ #မကွေးတိုင်း

■ မင်းပြားတွင် ငါးရှာနေစဉ် ကောက်ရလာသည့် ဗုံးသီးအား ထုကြည့်ရာမှ တစ်ဦး သေဆုံးပြီး၊ သုံးဦး ဒဏ်ရာရ Western News| အောက်တိုဘာ ...
15/10/2025

■ မင်းပြားတွင် ငါးရှာနေစဉ် ကောက်ရလာသည့် ဗုံးသီးအား ထုကြည့်ရာမှ တစ်ဦး သေဆုံးပြီး၊ သုံးဦး ဒဏ်ရာရ

Western News| အောက်တိုဘာ ၁၅

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ငါးရှာနေစဉ် ကောက်ရလာသော ဗုံးသီးတစ်လုံးအား ထုကြည့်ရာမှ တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မင်းပြား ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီကျော်ခန့်က လူငယ်သုံးဦးသည် မင်းပြားမြို့ ဦးစိုတင့် ရပ်ကွက်ကနေ တစ်ဆင့် မြစ်ကမ်းနားတစ်လျောက် ငါးရှာနေစဉ် ဗုံးသီးတစ်လုံးကောက်ရခဲ့ကြောင်းသိရသည်။

ကောက်ရလာသော ဗုံးသီးကို အိမ်ရောက်သည့် အချိန်တွင် အသက် ၁၅ နှစ်အရွယ်ရှိ မောင်ညီညီဇော်ဆိုသူက ဗုံးသီးကို ခွဲကြည့်ရာတွင် ပေါက်ကွဲမှု ဖြစ်၍ သုံးဦးထဲမှ တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် ၁၅နှစ်အရွယ်ရှိ မင်းပြားမြို၊ ဦးစိုးတင့်ရပ်ကွက်က မောင်ညီညီဇော် ဖြစ်ပြီး ဒဏ်ရာ ရရှိသူများမှာ ဦးစိုးတင့်ရပ်ကွက်က အသက် ၁၅နှစ်အရွယ်ရှိ မောင်ထွန်းထွန်းမြင့်၊ အသက် ၁၉ နှစ်အရွယ်ရှိမောင်ထွးန်းထွန်းနှင့်အသက် ၅၅နှစ်ရှိ ဒေါ်မသိန်းချေ တို့ဖြစ်ကြသည်။

ဒဏ်ရာ ပြင်းထန်မှုကြောင့် မောင်ညီညီဇော်မှာ မင်းပြားဆေးရုံအသွားမှာ လမ်းမှာ သေဆုံးခဲ့ပြီး ကျန်သူများမှာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ပုံစာ-ယနေ့ ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက် ဒဏ်ရာ ရသူများအား တွေ့ရစဉ်။ ဓါတ်ပုံ- APM

#မင်းပြား #ငါးရှာနေစဉ် #ကောက်ရလာ #ဗုံးသီးအာ #ထုကြည့်ရာမှ #တစ်ဦး #သေဆုံးပြီး၊ #သုံးဦး #ဒဏ်ရာရ

15/10/2025

■ NCA ဘယ်တော့မှ မပျက်ဘူး"

NCA ကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတွေက ပျက်သွားပြီးလို့ ပြောရင် တရားမဝင်ဘူးလို့ ဒေါ်စောမြရာဇာလင်းလင်က ပြောဆို

Western News| အောက်တိုဘာ ၁၅

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီက ကျင်းပနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

■ AA မှ စတားလင့်အင်တာနက် ငှားရမ်းမည့်အစီအစဉ် ကြန့်ကြာနေ Western News| အောက်တိုဘာ ၁၅ ရခိုင်ပြည်အတွင်း ဆက်သွယ်ရေးအဆင်ပြေစေ...
15/10/2025

■ AA မှ စတားလင့်အင်တာနက် ငှားရမ်းမည့်အစီအစဉ် ကြန့်ကြာနေ

Western News| အောက်တိုဘာ ၁၅

ရခိုင်ပြည်အတွင်း ဆက်သွယ်ရေးအဆင်ပြေစေရန် အာရက္ခတပ်တော် AA မှ စတားလင့်အင်တာနက်အား တပ်ဆင်ငှားရမ်းမည့် အစီအစဉ် ယနေ့အချိန်အထိ အကောင်အထည် မဖော်သေးကြောင်း ဒေသခံများထံမှ သိရသည်။

စက်တပ်ဆင်ခ ကျပ် ၅ သိန်းနှင့် စရံငွေ ကျပ် ၅ သိန်း စုစုပေါင်း ကျပ် ၁၀ သိန်း ကနဦး ပေးသွင်းမှုဖြင့် စတားလင့်အင်တာနက် ဝန်ဆောင်မှုပေးအပ်မည်ဟု ဇွန်လ ၁၉ ရက်နေ့တွင် အာရက္ခတပ်တော် AA အမှတ် ၂ နည်းပညာဌာနမှ ပြဌာန်းချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ထိုပြဌာန်းချက်အရ AA ပိုင်ဆိုင်သော စတားလင့်ပစ္စည်းများနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို တစ်သီးပုဂ္ဂလဆိုင်ရာ အသုံးပြုသူများထံ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဟု ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါ ပြဌာန်းချက်ကြောင့် စတားလင့်ငှားရမ်းသုံးစွဲရန် လျှောက်ထားသူများရှိခဲ့သော်လည်း AA ၏ နည်းပညာဌာနဘက်မှ လက်ရှိအချိန်ထိ အကောင်ထည်ဖော်ဆောင်ရွက်လာခြင်းမရှိသေးကြောင်း သိရသည်။

လျှောက်ထားသူ မြောက်ဦးဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက "ကျနော်က ကုန်သည်တစ်ဦးပါ။ ကုန်သွယ်ရေး အဆင်ပြေဖို့နဲ့ ကုန်ပစ္စည်းတွေ ရှာဖွေနိုင်ဖို့နဲ့ ကုန်ပစ္စည်းတွေရဲ့ သတင်းအချက်အလက်တွေကို ရှာဖွေနိုင်ဖို့ စတားလင့် လျှောက်ထားတာ ပြီးခဲ့တဲ့ နှစ်လလောက်ကပါ။ ဒါပေမယ့် အခုထိတော့ အကြောင်းမပြန်သေးပါဘူး။ ဘာဖြစ်လို့လည်း မေးကြည့်တော့ စောင့်ဆိုင်းဖို့ပဲ ပြောပါတယ်။ တခြား ထွေထွေထူးထူး ပြောပြတာမရှိဘူး။ ကျနော်တို့ကလည်း အတင်းမပြောရဲဘူးလေ” ဟု ပြောသည်။

အာရက္ခတပ်တော်အနေဖြင့် ဒေသတွင်းအင်တာနက်သုံးစွဲခြင်းနှင့် မိုဘိုင်းဖုန်းလိုင်း ဆက်သွယ်ရေးများကို စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ကြောင့် လူထုလုံခြုံရေးအတွက်ဟုဆိုကာ AA ၏ စစ်ဘက်အရပ်ဘက်ရုံးများမှလွဲ၍ လူထုသုံးစွဲခွင့်ကို ထိန်းချုပ်ကန့်သတ်ထားခြင်းဖြစ်သည်။

ထိန်းချုပ်မြို့နယ်များတွင် လူထုအနေဖြင့် စတားလင့်အင်တာနက်ကို AA မှချမှတ်ပေးထားသည့် မြို့နယ်အလိုက် သုံးစွဲနိုင်ခွင့်ရှိသည့်နေရာ‌များတွင် တစ်နာရီ ၂၀၀၀ ကျပ်ဖြင့် အကန့်သတ်နှင့် သုံးစွဲနေကြရသည်။

စတားလင့်ကို ဒေသအာဏာပိုင်များမှ ကန့်သတ်တားမြစ်ထားချက်ခြင်းကြောင့် ဒေသနေလူထု၏ အင်တာနက်သုံးစွဲရခြင်းမှာ ခက်ခဲနေကြရဆဲဖြစ်သည်ဟု ‌ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

"အင်တာနက်သုံးရတာက အခက်ခဲဖြစ်နေတုန်းပါပဲ။ အင်တာနက်အသုံးပြုခွင့်ရဖို့အတွက် ခရီးစရိတ်အများကြီး အကုန်ကျခံပြီးသွားရတယ်။ စတားလင့်ဖွင့်ထားတဲ့နေရာ ရောက်ပြန်တော့လည်း အချိန်အကြာကြီးစောင့်ကြရပြန်တယ်။ စတားလင့်ကို အကန့်သတ်နဲ့လုပ်ထားသရွေ့တော့ ဒီပုံစံမျိုးက ပြောင်းလဲသွားမှာမဟုတ်ပါဘူး" ဟု ပြောသည်။

စစ်ကောင်စီထိန်းချုပ်မြို့နယ်များတွင်လည်း ဌာနဆိုင်ရာရုံးများတွင်သာ အင်တာနက်သုံးစွဲခွင့်ရှိပြီး ကျန်ဒေသနေသူများမှာ အင်တာနက်သုံးစွဲခွင့်မရရှိကြောင်း စစ်တွေဒေသခံတစ်ဦးက ဆိုသည်။

ဖုန်းနှင့် အင်တာနက်လိုင်းများ လုံးဝပြတ်တောက်‌နေသည့် ရခိုင်တွင် ဆက်သွယ်ရေးအတွက် စတားလင့်အင်တာနက်တစ်ခုသာ အဓိကအားထားရာဖြစ်ပြီး အဆိုပါစတားလင့်ကို ထိန်းချုပ်နယ်မြေတွင် အာရက္ခတပ်တော်မှ ထိန်းချုပ်ထားခြင်းဖြစ်သည်။

#ရခိုင်ပြည် #အာရက္ခတပ်တော် #စတားလင့်အင်တာနက် #ငှားရမ်းမည့်အစီအစဉ် #ပြည်သူများသတင်းသိပိုင်ခွင့် #အင်တာနက်အသုံးပြုခွင့်

■ ရခိုင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်ခံရမှု အားနည်းWestern News| အောက်တိုဘာ ၁၅ ရခိုင်က ကိုယ်ဝန...
15/10/2025

■ ရခိုင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်ခံရမှု အားနည်း

Western News| အောက်တိုဘာ ၁၅

ရခိုင်က ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်ခံရမှု အားနည်းကြကြောင်း ကိုယ်ဝန်ဆောင်များနှင့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ဒေသတွင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် OG အထူးကုဆရာဝန်မရှိခြင်း၊ သားဖွားသူနာပြုများနည်းပါးခြင်း စသည်တို့ကြောင့် ကျန်းမာရေးစောင့်ရှောက်ခံရမှုများ လွန်စွာနည်းပါးရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

"အရင်ဆို ကိုယ်ဝန်ကို ကိုယ်ပိုင် OG အပ်လို့ ရတယ်လေ။ အခုက ဆေးခန်းတစ်ခါပြရဖို့ အရေးတောင် မလွယ်ပါဘူး။ ဒီဘက်မှာ OG က မြို့နယ်အားလုံးပေါင်းမှ တစ်ယောက်ပဲရှိတယ်။ ဒါတောင် ရောက်တာမကြာသေးပါဘူး။ သူနဲ့ပြခွင့်ရဖို့အရေးက မလွယ်ဘူး။ ကိုယ်ဝန်ဆောင်တွေက ခရီးဝေးလည်းမသွားနိုင်ဘူးလေ။ OG နဲ့ပြချင်ရင် ခရီး‌ဝေးသွားရတယ်။ စရိတ်‌ကလည်း နင့်နေအောင် အကုန်အကျများတယ်။ ရွာတွေမှာဆိုရင်လည်း သားဖွားဆရာမတွေက မရှိတာများတယ်။ ဆေးခန်းသွားပြဖို့ကလည်း မလွယ်တော့ ဒီအတိုင်းပဲနေကြရတာများပါတယ်" ဟု ပြောသည်။

ထိုကဲ့သို့ အားနည်းနေသည့် ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် ကိုယ်ဝန်ပျက်ကျမှုနှင့် ကလေးငယ်သေဆုံးမှုနှုန်းမှာ ယခင်ကထက် ပိုများလာသည်ကိုတွေ့ရသည်ဟု ကျောက်တော်မြို့နယ်မှ သားဖွားသူနာပြုတစ်ဦးက ၎င်း၏အတွေ့ကြုံနှင့် ဆက်စပ်၍ ပြောသည်။

"ပြောရရင်တော့ အခုကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ပျက်ကျတာ ကလေးသေဆုံးတာတွေက အရင်ကထက်ကြုံလာရတယ်။ ကျမရဲ့အတွေ့ကြုံအရပေါ့လေ။ ကိုယ်ဝန်အခြေနေကို သေချာသိရဖို့ဆိုတာ သားဖွားဆရာမကို အပ်လို့လည်းမရပါဘူး။ အထူးကုနဲ့သေချာပြရမှာပါ။ အခုကိုယ်ဝန်ဆောင်တစ်ယောက် ဆရာဝန်နဲ့ပြနိုင်ဖို့ ရက်သတ္တပတ် ၂ ပတ်တန်သည် ၃ ပတ်တန်သည် စောင့်ကြရတယ်။ ဒါက တစ်ခါပြရဖို့အရေးကိုပါ။ အနီးနားကဆို တော်သေးတယ်။ အဝေးကဆို ဘယ်သူမှလာပြဖို့မတွေးကြတော့ပါဘူး။ ပိုက်ဆံမတတ်နိုင်ကြတာလည်းပါတာပေါ့" ဟု ပြောသည်။

ကိုယ်ဝန်ဆောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ သန္ဓေသားလောင်းဖွံ့ဖြိုးရေး၊ အနေအထားမှန်ကန်မှု စသည်များအတွက် စနစ်တကျဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိကြကြောင်းနှင့် ဒေသတွင်းကိုယ်ဝန်‌ဆောင်မျိုးသမီးများမှာ အခက်ခဲများစွာဖြင့် ဖြတ်သန်းနေကြရကြောင်း သိရသည်။

ရခိုင်တွင် ဖြစ်ပွားလျှက်ရှိနေသည့် နှစ်ဖက်တိုက်ပွဲများနောက်ပိုင်း ကျန်းမာ‌ရေးစောင့်ရှောက်မှု အားနည်းသွားရခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးဖွားရန် ခက်ခဲနေကြသည်။

မွေးဖွားလာသော ကလေးငယ်များမှာလည်း ကာကွယ်ဆေး မထိုးရသည့်အတွက် ရောဂါများပြားမည်နှင့် ကြီးထွားဖွံ့ဖြိုးမှု မရှိမည်ကို မိခင်များက စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

(ပုံဟောင်းများဖြစ်သည်)

#ရခိုင်ပြည် #ကျန်းမာရေးစောင့်ရှောက်မှု #ကိုယ်ဝန်ဆောင်အမျိုးသမီးများ #မိခင်များ #ကလေးငယ်များ #ကာကွယ်ဆေးလိုအပ်နေ

■ အိန္ဒိယ-မြန်မာ-ထိုင်း အမြန်လမ်းမကြီး လာမည့် သုံးနှစ်အတွင်း ပြီးမြောက်ရန် မျှော်လင့်နေကြောင်း အိန္ဒိယပြော  Western News...
15/10/2025

■ အိန္ဒိယ-မြန်မာ-ထိုင်း အမြန်လမ်းမကြီး လာမည့် သုံးနှစ်အတွင်း ပြီးမြောက်ရန် မျှော်လင့်နေကြောင်း အိန္ဒိယပြော

Western News| အောက်တိုဘာ ၁၅

မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယ မဏိပူရနှင့် ထိုင်း မဲဆောက်သို့ ဆက်သွယ်မည့် IMT (အိန္ဒိယ-မြန်မာ-ထိုင်း) အဝေးပြေးအမြန်လမ်းမကြီးကို လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ပြီးမြောက်ရန် အိန္ဒိယနိုင်ငံက မျှော်လင့်နေကြောင်း ယနေ့ ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

မကြာသေးမီက အရှေ့တောင်အာရှသတင်းထောက်များနှင့် အိန္ဒိယ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (DoNER) တို့ တွေ့ဆုံစဉ် DoNER အတွင်းရေးမှူး Chanchal Kumar (မစ္စတာကူးမား) က ပြောဆိုခဲ့ခြင်းဖြစ်သည်။

DoNER အတွင်းရေးမှူး မစ္စတာကူးမားက မြန်မာနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် နှောင့်နှေးမှုများကြုံတွေ့နေရသည့် IMT အဝေးပြေးလမ်းမကြီးနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားခဲ့သည်။

“အမြန်လမ်းကို နှစ်နှစ်ကနေ သုံးနှစ်အတွင်း အပြီးတည်ဆောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

IMT အဝေးပြေးလမ်းမကြီးသည် မြန်မာနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နှင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့ကို ဆက်သွယ်ထားသည့် ကီလိုမီတာ ၁၃၆၀၊ လေးလမ်းသွား အရှည် ၁၃၆၀ ကီလိုမီတာရှိ လေးလမ်းသွားလမ်းဖြစ်သည်။

စီမံကိန်းသည် အိန္ဒိယ၏ “အရှေ့အက်ဥပဒေ” မူဝါဒ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဇန်နဝါရီ ၁ ရက်၊ ၂၀၁၀ ပြည့်နှစ်တွင် စတင်အသက်ဝင်ခဲ့သော အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အရ ကုန်သွယ်မှုနှင့် ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။

အမြန်လမ်းမကြီး တိုးတက်မှုသည် တိုးမြင့်လာပြီး မြန်မာ-တမူး-ကလေးဝ-ကလေးဝဒေသနှင့် မိုရေးမြို့ကို ဆက်သွယ်သည့် ကီလိုမီတာ ၁၆၀ ရှည်လျားသော အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပိုင်းကို ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် ၁၂၀ ဒသမ ၇၄ ကီလိုမီတာ ရှည်လျားသော ကလေးဝ-ရေကြီးလမ်းနှင့် ၁၄၉ ဒသမ ၇၀ ကီလိုမီတာ ရှည်လျားသော တမူး-ကျီးကုန်း-ကလေးဝ လမ်းပိုင်းတစ်လျှောက်တို့မှ တံတား ၆၉ စင်းတို့ကိုလည်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

အရှေ့-အနောက် စီးပွားရေးစင်္ကြံအောက်ရှိ အိန္ဒိယ-ဗီယက်နမ် အဝေးပြေးလမ်းမှတဆင့် ပိုမိုကျယ်ပြန့်သော အရှေ့တောင်အာရှဒေသကို ချိတ်ဆက်နိုင်ရန် အိန္ဒိယက အဆိုပြုထားသည်။

“မလေးရှားနဲ့ စင်ကာပူတို့အပါအဝင် အရှေ့တောင်အာရှရဲ့ တောင်ပိုင်းကို ရောက်ချင်ပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ မြောက်ပိုင်းအပိုင်းကို အပြီးသတ်ဖို့ လိုပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်မှုအတွက် ကျွန်တော်တို့ရဲ့ဆန္ဒ အများကြီးရှိပါတယ်” ဟု မစ္စတာကူးမားက ပြောကြားခဲ့သည်။

အချိန်ဇယားနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမှတစ်ဆင့် မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း မစ္စတာကူးမားက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်လာရင် အဝေးပြေးလမ်းက စောစောစီးစီး ပြီးသွားနိုင်တယ်။ ကျနော်တို့ဟာ အကောင်းမြင်နေပေမယ့် ကြိုမမြင်နိုင်တဲ့ အခြေအနေတွေဟာ အချိန်ဇယားကို ထိခိုက်စေနိုင်တာကို ကျနော်တို့ နားလည်ထားပါတယ်" ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး မတည်ငြိမ်မှုများသည် IMT အဝေးပြေးလမ်းမကြီးကို နှောင့်နှေးမှုများ ရှိနေဆဲဖြစ်သော်လည်း ယခုစီမံကိန်းသည် နိုင်ငံတကာအစိုးရများ ပါဝင်သော နိုင်ငံတကာ ပရောဂျက်တစ်ခုဖြစ်သည်ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်းလည်း မစ္စတာကူးမားက ထောက်ပြထားသည်။

Ref: ဘန်ကောက်ပို့စ်သတင်း

#အိန္ဒိ #မြန်မာ #ထိုင်း #အဝေးပြေးလမ်းမကြီး #မြန်မာ့အရေးကြောင့်နှောင့်နှေးနေ

Address

Myo Thu Gyi Ward, Main Road
Sittwe
07011

Alerts

Be the first to know and let us send you an email when Western News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Western News:

Share

Western News သတင်းဌာနသည် မတရားမှုများနှင့် လူအခွင့်ရေးချိုးဖောက်ခံရမှုများဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။

Western News သတင်းဌာနသည် မတရားမှုများနှင့် လူအခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။

ပြည်သူအသံများကို သတင်းပညာအရည်အသွေးနှင့်အညီ ရုပ်သံ၊ သတင်း၊ ဆောင်းပါးများကို ထုတ်လုပ်ရန် သတင်းစာပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်များက တည်ထောင်ပြီး၊ မတူညီကွဲပြားခြားနားမှုကို တန်ဖိုးထား၊ လေးစားသည့်မှုဖြင့်ရပ်တည်သည်။

Phone- 09 253 641 161

Gmail: [email protected]