Maung Daw News

Maung Daw News ငြိမ်းချမ်းမူကိုရှေးရှုသည်

သမိုင်းမ 'အ' စေလို
15/07/2022

သမိုင်းမ 'အ' စေလို

သိရောသိ့ကြရဲ့လား ရိုပိန်းတွေ
15/07/2022

သိရောသိ့ကြရဲ့လား ရိုပိန်းတွေ

CrD #
07/07/2022

CrD #

06/07/2022
အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေလမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီးပြုံးဖြဲဖြဲနဲ့လာနှုတ်...
06/07/2022

အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က
လမ်းမပေါ်ကနေ
လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့
နောက်ကနေ လိုက်လာပြီး
ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။

လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ
ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား
ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။

တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့်
တပည့်မျိုးလည်း ကြုံဖူးတယ်။

ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။

အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။

အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။
ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။

တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။

ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။

လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။

ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။
ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။

အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။

မင်းလိုချင်တဲ့   အရာထက်လိုအပ်တဲ့အရာကိုပဲအရင်   လုပ်သင့်တယ်ခဏတာကို      မကြည့်နဲ့တစ်ဘ၀စာကို   ကြည့်တတ်ပါစေတစ်ချို့.     အ...
06/07/2022

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့. အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ်
မင်းအတွက် အားမခံချက်မရှိဘူး
အဓိကနဲ့သာမည. ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့. ရေးသားလို့မရဘူး

လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြည်လည်တည်ဆောက်ဖို့. ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့. လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက. အဓိပ်ပါယျရှိနမှောပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ

သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ

"ခွန်အားဖြစ်စေသောဆန္ဒဖြင့်,,,
Ye Tway (kml)
3-11-2020/29-7-2020

Address

မောင်တော
Sittwe

Website

Alerts

Be the first to know and let us send you an email when Maung Daw News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share