Modern Physics

Modern Physics Mayyu Press is an independent digital media channel/ reliable/ not biased. Est: 11 June 2016

19/12/2025

မုံရွာမြို့နယ်တွင် ရိက္ခာရှာ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို

Mayyu Press၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကျေးရွာများမှ လစဉ် စစ်မှုထမ်း ဆက်ကြေး ကောက်ခံရန်နှင့် ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေ ဆုံးခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁‌၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် မုံရွာမြို့နယ်၊ စက်တဲကွင်းရွာတွင် ယာယီအထိုင်ချကာ တပ်စွဲပြီး အနီးအနားကျေးရွာများမှ စစ်မှုထမ်း လစဉ်ဆက်ကြေး ကောက်ခံရန်နှင့် ရိက္ခာရှာရန် ထွက်လာသော အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း မဟာမိတ်တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါထိတွေ့ တိုက်ပွဲမှာ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားသော နေရာမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ၂ မိုင်ခွဲခန့်သာ ကွာဝေးကြောင်း၊ ထို့ပြင် ကျောက်ဆစ်ပုံအမြှောက်တပ် (အမတ ၅၀၈) နှင့် ၁ မိုင်ခွဲခန့်သာ ကွာဝေးကြောင်း၊ ထို့ကြောင့် စစ်တပ် စစ်ကြောင်းများ အလုံးအရင်းဖြင့် စစ်ကူရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အချိန်မီ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း နမခ တပ်စခန်း နှင့် အမတ (၅၀၈) အမြှောက်တပ်တို့က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ခန့် ပစ်ကူပေးခဲ့‌သော်လည်း တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

"စစ်ခွေး ထပ်တိုးသေစာရင်းကတော့ ဆက်လက် စုံစမ်းနေဆဲပါ။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေကို ကျနော်တို့ ကောက်ယူဖို့ လုပ်ဆောင်နေတုန်း စစ်ကူလာတာရယ်ကြောင့် မရရှိခဲ့ပါဘူး။ ကျည်ကုန်သွားလို့ လက်နက်တက်မကောက်နိုင်ခဲ့တာပဲ ရင်နာတာပါ။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ကျောက် စစ်ပုံ အမြောက်တပ်နဲ့ နီးတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ခိုးသန်းရွာ တောင်ဘက်ကနေ တပ်ကူလာပြီး အလောင်းကောက်တာတွေ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို သယ်ပြီး စစ်ခွေးစစ်ကြောင်းက ပြန်ဆုတ်သွားပါတယ်။ စစ်ခွေးတွေက နမခထဲကို ပြန်ဆုတ်သွားပါတယ်။ ကျနော်တို့ဘက်က ကျည်ကုန်သွားလို့ တပ်ကူလာတော့ တက်မလုံးနိုင်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ၁ နာခွဲလာက်ရှိပါတယ်" ဟု Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်‌ကြောင်း)၊ကျောင်း သားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ မုံရွာခရိုင်တပ်ရင်း ၂ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပျောက်ကျား တပ်စိပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

19/12/2025

မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းတဲ့ဟုစွပ်စွဲပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ကိုးယောက်ကို ရခိုင်အကြမ်းဖက်စစ်‌သွေးကြွသူပုန် AA ဖမ်းမိ

Mayyu Press ၊ ဒီဇင်ဘာ ၁၉

မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းတဲ့ဟုစွပ်စွဲပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ကိုးယောက်ကို ရခိုင်အကြမ်းဖက်စစ်‌သွေးကြွသူပုန် (AA) က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သူတို့ကို ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ မနက်အစောမှာ မောင်တောမြို့နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး ရခိုင်အကြမ်းဖက် စစ်‌သွေးကြွသူပုန် AA ကငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဘင်္ဂလားဒေ့ရှ်ဖက်က ဖမ်းမိယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။

Jannat Ara Rumi, the joint coordinator of Dhaka metropolitan south coordination committee of National Citizen Party (NCP...
19/12/2025

Jannat Ara Rumi, the joint coordinator of Dhaka metropolitan south coordination committee of National Citizen Party (NCP), has been found d'e'a'd at a student hostel in the capital, say police.

18/12/2025

ရခိုင်အကြမ်းဖက်အဖွဲ့ AA နှင့် ဆက်စပ်သူ ၃ ဦးနှင့်အတူ ဘောင်လီ (မဂ္ဂဇင်းသိမ်းဆည်းခြင်းလုပ်ငန်းစဉ်) ၁၆၀၀ ပြား၊ မီနီပစ်ကပ်ကားတစ်စီးတို့ကို ဖမ်းဆီးခဲ့သည်။

မြောက်ဦးဆေးရုံဗုံးကြဲအတွင်း၌ ရခိုင်အကြမ်းဖက် AA ကျဆုံးခဲ့ကြောင့် ဝေဟင်အောင်ပရဟိတအဖွဲ့က ကျပ်သိန်း ၄ဝဝဝ ကျော် ရခိုင်အကြမ်း...
18/12/2025

မြောက်ဦးဆေးရုံဗုံးကြဲအတွင်း၌ ရခိုင်အကြမ်းဖက် AA ကျဆုံးခဲ့ကြောင့် ဝေဟင်အောင်ပရဟိတအဖွဲ့က ကျပ်သိန်း ၄ဝဝဝ ကျော် ရခိုင်အကြမ်းဖက် AA ကို ထောက်ပံ့

Mayyu Press ၊ ဒီဇင်ဘာ ၁၈ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့က ယခင်ပြည်သူ့ဆေးရုံ၊ လက်ရှိ AA ရဲ့ဆေးရုံကြီးဗုံးကြဲ၌ ရခိုင်အကြမ်းဖက် AA ထိခိုက်သေဆုံးသွားသူတွေနဲ့ ပျက်စီးသွားတဲ့ ဆေးရုံသုံးပစ္စည်းတွေအတွက် ဝေဟင်အောင်ပရဟိတအဖွဲ့က ကျပ်သိန်း ၄၀ဝဝ ကို ရခိုင်အကြမ်းဖက် AA ထံ လွှဲအပ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီ‌ထောက်ပံငွေတွေကို ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်မှာ ရခိုင်အကြမ်းဖက် AA ထံ လွှဲအပ်လိုက်တယ်လို့သိရပါတယ်။

အဲလိုထောက်ပံ့ရာမှာ ဆေးရုံဗုံးကြဲခံရမှုအတွင်း သေဆုံးသွားတဲ့ AA ရဲ့ မိသားစုတစ်အိမ်အတွက် ကျပ် ၁ဝ သိန်းနှုန်းနဲ့ အရပ်သားလူနာ ၃၃ ယောက်အတွက် ကျပ်သိန်း ၃၃ဝ နဲ့ ဒဏ်ရာရသွားတဲ့ AA တစ်ယောက်အတွက် ကျပ် ၁ဝ သိန်းနှုန်းနဲ့ သူတို့ရဲ့မိသားစုဒဏ်ရာ ၇၇ ယောက်အတွက် ကျပ်သိန်း ၇၇ဝ ၊ စုစုပေါင်း ကျပ်သိန်း ၁၁ဝဝ ကို AA အတွက် ဆေးရုံးကြီးထူထောင်ရန် ရခိုင်အကြမ်းဖက် AA ဆီ လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီဝင်အဖြစ် ဦးဝင်းမိုးခိုင်ကို ခန့်အပ်Mayyu Press ၊ ၁၈ ရက် ဒီဇင်ဘာလအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်...
18/12/2025

နေပြည်တော်ကောင်စီဝင်အဖြစ် ဦးဝင်းမိုးခိုင်ကို ခန့်အပ်

Mayyu Press ၊ ၁၈ ရက် ဒီဇင်ဘာလ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ်၊ ၅၃ /၂၀၂၅ ဖြင့် ဦးဝင်းမိုးခိုင်အား နေပြည်တော်ကောင်စီဝင်အဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်ကထုတ်ပြန်ခဲ့သည်။

ဦးဝင်းမိုးခိုင်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ် မခွဲ(ခ)အရ နေပြည်တော်ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

18/12/2025

US aid cuts force Rohingya girls into marriage, children into hard labour

From A for algebra to T for tariffs: Arabic words used in English speechRef: Al Jazeera English
18/12/2025

From A for algebra to T for tariffs: Arabic words used in English speech

Ref: Al Jazeera English

အရှို(ချင်း) ကာကွယ်ရေးပူးပေါင်းတပ်မှ လက်ပံတန်းရှိ စစ်ကော်မရှင် တပ် စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး ၁၈ ဦးသေဆုံးM...
18/12/2025

အရှို(ချင်း) ကာကွယ်ရေးပူးပေါင်းတပ်မှ လက်ပံတန်းရှိ စစ်ကော်မရှင် တပ် စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး ၁၈ ဦးသေဆုံး

Mayyu Press ၊ဒီဇင်ဘာလ ၁၈ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ ဒုရဲအုပ် ရဲလွင် ဦးစီးပြီး အင်အား (၃၀) ခန့်ဖြင့် အထိုင်ချထားသော စခန်းကို အရှို(ချင်း) ကာကွယ်ရေးပူးပေါင်းတပ်မှ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ထို့သိုဝင်ရောက်စီးနင်းရာတွင် (၁)နာရီခန့် ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ် ရဲလွင် နှင့် တပ်ကြပ်ကြီး (၁)ဦး ၊ဒုတပ်ကြပ် (၂)ဦး အပါအဝင် ၁၈ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Defense Force - MDF က ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အလားတူ စစ်ကော်မရှင် စစ်ကူလာရောက်နိုင်သည့် ထန်းပင်ချောင် အထိုင်စခန်းကိုလည်း ဖြတ် တောက် တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင် (၂)ဦး ဒဏ်ရာရကြောင်းသိရှိရသည်။

ထို့နောက် ညနေ(၃)နာရီခန့်တွင် အင်အား (၈၀) ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာသော စစ် ကော်မရှင် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တောင်တန်းမြိုင်ကျေးရွာ အနီးတွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သည့။

မိနစ်(၂၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ဦး မျက်မြင်သေဆုံး၊ (၁) ဦးဒဏ်ရာ ရကာ စစ်ကောင်စီစစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဒီဇင်ဘာလ၁၆ ရက်တွင် ဖြစ်ပွားသော တိုက်ပွဲအသီးသီးတွင် စစ်ကော်မရှင် (၁၉)ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့ပြီး တိုက်ပွဲမှ MA 1 - ၄ လက်၊ MA 3 - ၆ လက်၊ G 3 - ၁ လက်၊ ခြောက်လုံးပြူး - ၁ လက်၊ Helmet - ၇ လုံး၊ မိုဘိုင်းဖုန်း - ၄ လုံး၊ Equipment - ၃ ခု နှင့် ခဲယမ်းများ သိမ်းဆည်း ရခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် (၄)ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲကို အရှို(ချင်း) ကာကွယ်ရေးတပ်(ACDF)အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်း တိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် သာယာဝတီခရိုင် တပ်ရင်း (၃) (Myanmar Defense Force - MDF) ၊သာယာဝတီခရိုင် တပ်ရင်း (၂) ၏ တပ်ခွဲ (၂)၊ (၃)၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)၊ သာယာဝတီခရိုင် ပကဖ ရွှေ တန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁)၊ (၂) ၊ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၃) တို့ တိုက်ခိုက်ခဲ့သည်။

18/12/2025

မလေးရှားတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၂၉၉ ဦး ဖမ်းဆီးခံရ

Mayyu Press ၊ဒီဇင်ဘာလ ၁၈ ရက်

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုးဟိုးမြို့ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အထောက်ထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၂၉၉ ဦး ဖမ်းဆီးရမိကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်း ထုတ်ပြန်ထားပါသည်။

နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝင်ရောက်စစ်ဆေးရာ အထောက်အထားအပြည့်အစုံ မပြနိုင်သည့်အတွက် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ စက်ရုံစစ်ဆေးရာတွင် အလုပ်ရှင်သည် နိုင်ငံခြားသားအလုပ်သမားများ ခန့်အပ်ရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာရန် ပျက်ကွက်ခြင်း အပါအဝင် လဝက ဥပဒေ ချိုးဖောက်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတွင် အမျိုးသား ၂၄၆ ဦး၊ အမျိုးသမီး ၅၃ ဦးတို့ပါဝင်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား စသည့်နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သိရှိရသည်။

ထိုဖမ်းဆီးခံရသူများသည် တရားမဝင်ခရီးသွားစာရွက်စာတမ်းများနှင့်အလုပ်လုပ်ခွင့်လက်မှတ်များမပါဘဲအလုပ်လုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ကို လူဝင်မူကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉ ၊၆၃ ဖြင့် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လူဝင်မူကြီးကြပ်ရေးဌာန စတီယာထရိုပီကာတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ကိုးကား၊ Khumiland News

18/12/2025

Breaking News

NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော ကမ္ဘာ့အကြီးဆုံး အမေရိကန် Chubb Life Insurance ကုမ္ပဏီက စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းလိုင်စင်ပြန်အပ်ပြီး မြန်မာ နိုင်ငံမှ အပြီး ထွက်ခွာတော့မည်

Mayyu Press၊ ဒီဇင်ဘာ ၁၈

NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော အမေရိကန် Chubb Life Insurance ကုမ္ပဏီက စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီး ပွားရေးနှင့် စိန်ခေါ်မှုများ မကျော်လွှားနိုင်တော့၍ မြန်မာနိုင်ငံမှ ရုံးများ ပိတ်သိမ်းကာ အပြီး ထွက်ခွာသွားရန် တင်ပြလိုက်ပြီဖြစ်ကြောင်း ပေါက်ကြားလာသော ရုံးစာအရ သိရှိရသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို အမေရိကန် အပါအဝင် အနောက် နိုင်ငံကြီးများက စီးပွားရေး ပိတ်ဆို့မှုများ တောက် လျှောက် လုပ်ဆောင်ခဲ့ပြီး အမေရိကန်အခြေစိုက် Chubb Life Insurance Myanmar ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုများ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတို့ကို ကျော်လွှားနိုင်ခြင်းမရှိတော့ကြောင်း၊ထို့ကြောင့် ကုမ္ပဏီက စစ်တပ်ထံသို့ တရားဝင် စာတင်ပြလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

Chubb Life Insurance Myanmar ကုမ္ပဏီအနေဖြင့် အာမခံထားသူများ၏ အကျိုးစီးပွားကို ထိခိုက်မှု မဖြစ်ပေါ်စေရန်နှင့် လျှော်ကြေးဖြစ်ပေါ်မှုများကို ကာကွယ်နိုင်ရန်အတွက် ရောင်းချထားပြီးသော အာမခံပေါ်လစီများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်း ဖျက်သိမ်းသွားမည်ဖြစ် ကြောင်း၊ ထို့ကြောင့် အကျုံးဝင်သော အာမခံပေါ်လစီပိုင်ရှင်များအတွက် အာမခံ ပေါ်လစီများကို ဖျက်သိမ်း၍ ပေးသွင်းထားပြီးဖြစ်သည့် ပရီမီယံများ၏ ၁၀၀ ရာခိုင်နှုန်းကို ပြန်လည် ပေးအပ်ခြင်း၊ ခုနှိမ် ပြန်လည်ပေးအပ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက တရားဝင် ကြေညာသည်။

ထို့ကြောင့် NLD အစိုးရလက်ထက်က ချထားပေးခဲ့သော လုပင်န်းလိုင်စင်ကို ပြန်လည် အပ်နှံရန်နှင့် Chubb Life Insurance ၏ နိုင်ငံခြားအာမခံ ကိုယ် စားလှယ်ရုံးကိုလည်း အပြီး ပိတ်သိမ်းတော့မည်ဟု သိရှိရသည်။

အမေရိကန်အခြေစိုက် Chubb Life Insurance ကုမ္ပဏီက NLD အစိုးရလက် ထက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကို ဖွင့်လှစ် လုပ်ငန်းများ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

Chubb သည် ကမ္ဘာ့အကြီးဆုံး အများပိုင် ပစ္စည်းနှင့် ထိခိုက်နစ်နာမှု (P&C) ဆိုင်ရာ အာမခံကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ထိပ်တန်း အာမခံလုပ်ငန်းကြီးလည်းဖြစ်သည်။

အဆိုပါကုမ္ပဏီက ကမ္ဘာ့နိုင်ငံပေါင်း ၅၄ ခုတွင် အာမခံ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး Chubb အာမခံကုမ္ပဏီက စီးပွားရေးနှင့် တစ်ဦးချင်းဆိုင်ရာ ပစ္စည်းနှင့် ထိခိုက်နစ်နာမှု အာမခံ၊ တစ်ကိုယ်ရေ မတော်တဆမှုနှင့် နောက်ဆက်တွဲ ကျန်းမာရေးအာမခံ၊ အာမခံတစ်ဆင့်ပြန်ထားခြင်း (Reinsurance) နှင့် အသက် အာမခံ ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသော ကုမ္ပဏီကြီးဖြစ်သည်။

Chubb ကုမ္ပဏီ ၏ကမ္ဘာတစ်ဝန်းရင်းနှီးမြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါး တန်ကြေးရှိသော ကုမ္ပဏီကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း အာမခံပရီမီယံကြေး အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီက တရားဝင် သတင်းထုတ်ပြန်သည်။

Chubb ကုမ္ပဏီက ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာ့ထိပ်တန်းမြို့ကြီးများတွင် အမှုဆောင်ရုံးများကို ဖွင့်လှစ်ထားရှိပြီး ကမ္ဘာတစ်ဝန်းတွင် ဝန် ထမ်းပေါင်း ၃၄,၀၀၀ ခန့်အပ်ထားသော နိုင်ငံတကာ ကုမ္ပဏီကြီးလည်းဖြစ် သည်။

ကိုးကား၊ Khit Thit Media.

Address

Maungdaw

Telephone

+8801728053616

Website

Alerts

Be the first to know and let us send you an email when Modern Physics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Modern Physics:

Share