RPA News

RPA News ဤသတင်းအေဂျင်စီ (ဌာန) ကိုလူသားမျိုးနွယ်အား မီဒီယာမှတစ်ဆင့် အကျိုးပြုရန် တည်ထောင်ပါသည်။

ရခိုင်က ရှားပါးငှက်မျိုးစိပ်တခုဖြစ်တဲ့ ဗျိုင်းငှက် (၆) ကောင်လောက်ပါတဲ့ ငှက်အုပ်တခုကို ၂၀၂၁ ခုနှစ် ဆောင်းတွင်းကာလက ရခိုင်...
12/03/2023

ရခိုင်က ရှားပါးငှက်မျိုးစိပ်တခုဖြစ်တဲ့ ဗျိုင်းငှက် (၆) ကောင်လောက်ပါတဲ့ ငှက်အုပ်တခုကို ၂၀၂၁ ခုနှစ် ဆောင်းတွင်းကာလက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်း ကျေးလက်ဆန်တဲ့ ရပ်ကွက်တခုမှာ ရိုက်ကူးခဲ့တဲ့ပုံတွေဖြစ်ပါတယ်။

မတ် ၁၂
၂၀၂၃
rpa//

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ မတ်လ ၈ ရက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ လာရောက်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ...
08/03/2023

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ မတ်လ ၈ ရက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ လာရောက်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို နံနက်ပိုင်း ၈ နာရီကျော်လောက်က မြင်တွေ့ရတာဖြစ်ပါတယ်။

စာဖြေဆိုဖို့လာရောက်သူ အရင်နှစ်ကထက်နည်းပါးတာကိုလည်းတွေ့ရပါတယ်။

RPA
မတ် ၈/ ၂၀၂၃

ကစ္စပနဒီရဲ့ နံနက်ခင်း မြူဆိုင်းချိန် မတ် ၇- ၂၀၂၃မနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့အရှေ့ဘက် ကစ္စပနဒီမြစ်ပြင်ရဲ့ ...
07/03/2023

ကစ္စပနဒီရဲ့ နံနက်ခင်း မြူဆိုင်းချိန်

မတ် ၇- ၂၀၂၃

မနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့အရှေ့ဘက် ကစ္စပနဒီမြစ်ပြင်ရဲ့ နံနက်ခင်းမြူဆိုင်းချိန် ငါးဖမ်းသမားတွေနဲ့ ငါးဖမ်းလှေတွေအပြင် ကစ္စပမြစ်ပြင် သာယာလှတဲ့ သဘာဝကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

RPA

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ရခိုင်ဒေသထွက်ကုန်တွေပါဝင်တဲ့ ထုတ်ကုန်ပြပွဲRPAဖေဖော်ဝါရီ ၆/ ၂၀၂၃လာမယ့် ဖေဖော်ဝါရီလ ၁၂...
06/02/2023

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ရခိုင်ဒေသထွက်ကုန်တွေပါဝင်တဲ့ ထုတ်ကုန်ပြပွဲ

RPA
ဖေဖော်ဝါရီ ၆/ ၂၀၂၃

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ရခိုင်ပြည်နယ် (MSME) ထုတ်ကုန်ပြပွဲနဲ့ ရောင်းချပွဲကို စစ်တွေမြို့ ဝေသာလီအားကစားကွင်းအတွင်း ဒီနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။

အဲဒီမှာ ရခိုင်ဒေသထွက်အဝတ်အထည်တွေ၊ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ အပြင်အခြား ထုတ်ကုန်ပြခန်းတွေလည်းပါဝင်ပြီး အဲဒီ MSME ထုတ်ကုန်ပြပွဲနဲ့ ရောင်းချပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

#ပြည်ထောင်စုနေ့ #စစ်တွေ #ထုတ်ကုန်ပြပွဲ

စစ်တွေမှာ စက်လှေသမား အချင်းချင်း ဓားထိုးမှုဖြစ်ပွားစစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းရှိ ကုလားချောင်းမှာ မနေ့ ဩဂုတ် ၁၀ရက်နေ့...
11/08/2022

စစ်တွေမှာ စက်လှေသမား အချင်းချင်း ဓားထိုးမှုဖြစ်ပွား

စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းရှိ ကုလားချောင်းမှာ မနေ့ ဩဂုတ် ၁၀ရက်နေ့ ညနေ ၉ နာရီ ၄၀ မိနစ်လောက်က စက်လှေသမား အချင်းချင်း ဓားထိုးမူဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင့းတစ်ခုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီလို စက်လှေသမားအချင်းချင်း ဓားနဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရရှိသူကို ရွှေရောင်မေတ္တာရဲ့ ကားအမှတ် (၇) နဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ဓားနဲ့ခိုက်ရန်ဖြစ်ပွားသူတွေဟာ ဘယ်သူတွေဖြစ်ကြောင်း နာမည်န​ဲ့တကွ အသေးစိပ် ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

RPA
August 11
2022

ကျောက်ဖြူမှာ မိုးကြီးပြီး ချောင်းကမ်းပါး ရေတိုက်စားရာက လျှပ်စစ်ဓာတ်တိုင်လဲကျကာ လျှပ်စစ်မီးပြတ်တောက်နေ ဇူလိုင် ၂၃ရခိုင်ပြ...
23/07/2022

ကျောက်ဖြူမှာ မိုးကြီးပြီး ချောင်းကမ်းပါး ရေတိုက်စားရာက လျှပ်စစ်ဓာတ်တိုင်လဲကျကာ လျှပ်စစ်မီးပြတ်တောက်နေ

ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ အုန်းတောကုန်ဘောင်ကျေးရွာအနီး ကျောက်ဖြူချောင်းမှာ မိုးကြီးပြီး ကမ်းပါးရေတိုက်စားမှုကြောင့် လျှပ်စစ်ဓာတ်တိုင် အောက်ခြေကနေလဲကျသွားကာ မနေ့ ဇူလိုင် ၂၂ ရက်နေ့ ည ၁၀ နာရီလောက်က မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ရွာတွေမှာ လျှပ်စစ်မီးပြတ်တော်သွားကြောင်း ဒေသခံတွေဆီက သိရပါပါတယ်။

အဲဒီလို လျှပ်စစ်မီးပြတ်တောက်သွားတာကြောင့် သုံးစွဲသူပြည်သူလူထုအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး လျှပ်စစ်မီးအပေါ်အားထားပြီး လည်ပတ်နေတဲ့ လုပ်ငန်းတချို့လဲ ရပ်တန့်ထားရကြောင်း သိရပါတယ်။

ကျောက်ဖြူမြို့နယ် အုန်းတောကုန်ဘောင်ကျေးရွာ ဒေသခံ ကိုထွန်းစိုးက " ဓာတ်တိုင် တစ်တိုင်လဲသွားတာ ကျောက်ဖြူတစ်မြို့နယ်လုံး မီးပြတ်သွားပါတယ်။" လို့ ပြောပါတယ်။

လက်ရှိမှာ လဲကျသွားတဲ့ လျှပ်စစ်ဓာတ်တိုင်ဟာ ကျောက်ဖြူမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့
၂၃၀ ​ကေဗွီ ပင်မဓါတ်အားခွဲရုံ ဂုန်းချိန်က ​ကျောက်ဖြူ ခွဲရုံကြား ၆၆ ​ကေဗွီ ဓါတ်အားလိုင်းဖြစ်ပြီး (၄) တိုင်တွဲ ဓာတ်အားဖြန့်ဖြူးရေး လျှပ်စစ်မီးတိုင်ဖြစ်ကြောင်း သ်ိရကာ ဓာတ်တိုင်ပြန်လည် စိုက်ထူနိုင်ရေး သက်ဆိုင်ရာက လာရောက်စစ်ဆေးနေကြောင်း သိရပါတယ်။

ရေတိုက်စားပြီး လဲသွားတဲ့ လျှပ်စစ်မီးတိုင်ဟာ တရုတ် Power China ကုမ္ပဏီက ဖောက်လုပ်ထားတဲ့ ကျောက်ဖြူချောင်းကမ်းပါးမှာရှိပြီး မိုးရေကြီးလာရာကနေ ချောင်းရေတိုက်စားမှုကြောင့် အခုလို လဲကျသွားတာလို့ ဆိုပါတယ်။

"သဘာဝချောင်းက ကုမ္ပဏီခြံထဲပါသွားပြီး ဘတ်ဟိုးတွေနဲ့ ဖို့လိုက်လို့ မရှိတော့ပါဘူး။ အခုက ကုမ္ပဏီက အသစ် ဖောက်လုပ်ထားတဲ့ ချောင်းရေတိုက်စားပြီး ဓာတ်တိုင်လဲကျသွားတာပါ။ အခုချောင်းက ဒီရေအတက်အကျမရှိဘူး တောင်ကျချောင်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

အခုတော့ တရုတ်ကုမ္ပဏီနဲ့ ကျောက်ဖြူမြို့နယ်၊ အုပ်ချုပ်ရေးပိုင်းအပြင် သက်ဆိုင်ရာ လျှပ်စစ်ဌာနတို့က အဲနေရာသို့ရောက်နေကြပြီး လျှပ်စစ်မီးတိုင် ပြန်လည်စိုက်ထူဖို့ မြေနေရာသတ်မှတ်ချက် ရွာသားတွေနဲ့ ညှိနှိုင်းနေကြောင်း သိရပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်တိုင် လဲကျပြီး လျှပ်စစ်မီးပြတ်တောက်နေတာဟာ ဟုတ်မှန်ကြောင်း သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနက ထုတ်ပြန်ထားပါတယ်။

RPA
2022

တရုတ်သမ္မတ Xi Jinping ဂျပန်ဝန်ကြီးချုပ်ဟောင်း သေဆုံးမှုအတွက် ဝန်းနည်းကြောင်း သဝဏ်လွှာပေးပို့တရုတ်သမ္မတ Xi Jinping ဟာ ဂျပ...
09/07/2022

တရုတ်သမ္မတ Xi Jinping ဂျပန်ဝန်ကြီးချုပ်ဟောင်း သေဆုံးမှုအတွက် ဝန်းနည်းကြောင်း သဝဏ်လွှာပေးပို့

တရုတ်သမ္မတ Xi Jinping ဟာ ဂျပန်ဝန်ကြီးချုပ် Kishida Fumio အား ဝန်ကြီးချုပ်ဟောင်း Abe Shinzo ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဂျပန်သတင်းဌာန NHK က ဒီကနေ့ ဖော်ပြပါတယ်။

ရှီဟာ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါထံ ဝမ်းနည်းကြောင်း ကြေးနန်းတစ်စောင်ကို စနေနေ့က ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေးဟာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်နှင့် ဝန်ကြီးချုပ်ဖြစ်စဉ်အတွင်း အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့ကြောင်း ကြေးနန်းစာမှာ ပြောကြားကြေား ဆိုပါတယ်။

မစ္စတာ အာဘေး ရုတ်တရက်သေဆုံးရခြင်းအတွက် အလွန်ဝမ်းနည်းမိကြောင်းနဲ့ နှစ်နိုင်ငံအကြား သဘောတူညီထားတဲ့ နိုင်ငံရေးစာရွက်စာတမ်းတွေမှာ ဖော်ပြထားတဲ့ အခြေခံမူတွေ နဲ့အညီ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ Kishida နဲ့ ဆက်လက်လက်တွဲသွားရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့ကြောင်း သိရပါတယ်။

RPA News
July 9/ 2022
Photo- Japan News

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ပစ်ခတ်ခံရဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် နိုင်ငံအနောက်ပိုင်း Nara မ...
08/07/2022

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ပစ်ခတ်ခံရ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် နိုင်ငံအနောက်ပိုင်း Nara မြို့ရှိ နိုင်ငံရေအခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောနေစဉ် သေနတ်နဲ့ပတ်ခတ်ခံရပြီး သွေးထွက်လွန်ကာ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဂျပန်နိုင်ငံ NHK သတင်းဋ္ဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထိုအချိန်တွင် သေနတ်သံကဲ့သို့ အသံတစ်ခုကြားရပြီး သံသယရှိသူ အမျိုးသားတစ်ဦးကို အခင်းဖြစ်နေရာတွင် ထိန်းသိမ်းထားကြောင်း NHK က ပြောကြားခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာရှိ NHK သတင်းထောက်တစ်ဦးက ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ မိန့်ခွန်းပြောနေစဥ်အတွင်း ဆက်တိုက် ပေါက်ကွဲသံတွေ ကြားရကြောင်း ဆိုတယ်လို့ ဖော်ပြပါတယ်။

ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေးဟာ သတိမလစ်ဘဲ နှလုံးရပ်နေပုံရကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်းဟာ နိုင်ငံရဲ့ ဝန်ကြီးချုပ်တွေထဲ သက်တပ်အရှည်ကြာဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦး ဖြစ်ကြောင်းသိရပါတယ်။

Photo- The Guardian

RPA
July 8. 2022
World News

ကမ္ဘာ့ရေနံဈေးကျလို့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းကျဆင်းမြန်မာနိုင်ငံအတွင်း ယခုရက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေ အပြောင်းအလဲ...
07/07/2022

ကမ္ဘာ့ရေနံဈေးကျလို့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းကျဆင်း

မြန်မာနိုင်ငံအတွင်း ယခုရက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေ အပြောင်းအလဲဖြစ်လာနေပြီး ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ ပရီမီယံဒီဇယ်ကလွဲပြီး ကျန်စက်သုံးဆီတွေ ကျပ်၂ ထောင်အောက်သို့ ကျဆင်းသွားကြောင်း သိရပါတယ်။

အဲဒီလို စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းသွားတာဟာ ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းသွားတာနဲ့ ဒေါ်လာဈေး (၁၈၅၀) ကျပ် လုပ်ပေးထားတာကြောင့်လို့ ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

“အဲဒါက ရေနံဈေးကျလို့ ကျတာပါပဲ။ အပြောင်းအလဲကတော့ မြန်နေတာပေါ့။ ကမ္ဘာ့ရေနံဈေးတက်ရင် ဒီမှာလည်း လိုက်တက်မယ်။ ကျရင်လည်း လိုက်ကျတာပေါ့။ ဒီရက်ပိုင်းကတော့ ဆက်တိုက်ကျနေတယ်” လို့ ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌ ဦးသိန်းရွေက ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကာလ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စက်သုံးဆီဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာတာဖြစ်ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကို ကျပ် (၃) ထောင်ကျော်အထိ တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ မေလကစပြီး ကျပ် (၂) ကျော်အထိကျဆင်ခဲ့ပေမယ့် အဲဒီပမာဏထက် ကျဆင်းတာမရှိပဲ ဒီရက်ပိုင်းမှ ရုတ်တရက် စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဆီလုပ်ငန်းရှင်ကြီးတွေအနေနဲ့ ပြည်ပက စက်သုံးဆီတွေ တင်သွင်းတဲ့အခါ ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတာဖြစ်ပြီး အဲဒီ ဆီလုပ်ငန်းရှင်ကြီတွေဆီကတဆင့် ရခိုင်ပြည်နယ်က ဆီလုပ်ငန်းရှင်တွေ ဝယ်ယူရတာဖြစ်ကြောင်းလည်း သိရပါတယ်။.

RPA

July- 7/ 2022

Sittwe

လူတွေဟာ COVID-19 ကြောင့် အပတ်တိုင်း ဖျားပြီး သေဆုံးနေကြဆဲပါ။ သင့်ကျန်းမာရေးသည် အဖိုးတန်ပါသည်။ ရိုးရှင်းသော အဆင့် ၆ ဆင့်က...
04/07/2022

လူတွေဟာ COVID-19 ကြောင့် အပတ်တိုင်း ဖျားပြီး သေဆုံးနေကြဆဲပါ။ သင့်ကျန်းမာရေးသည် အဖိုးတန်ပါသည်။ ရိုးရှင်းသော အဆင့် ၆ ဆင့်ကို လုပ်ဆောင်ခြင်းဖြင့် သင်နှင့် အခြားသူများကို ကာကွယ်ပါ။

1️⃣ ကာကွယ်ဆေးထိုးပါ။
2️⃣ ဘေးကင်းသော အကွာအဝေးကို ထားပါ။
3️⃣ Mask တပ်ပါ။
4️⃣ နှာချေ/ ချောင်းဆိုးတာကို ဖုံးအုပ်ထားပါ။
5️⃣ ပြတင်းပေါက်ဖွင့်ပါ။
6️⃣ လက်ကို ဆေးကြောသန့်စင်ပါ။

Source - World Health Organization (WHO)

People are still getting ill and dying from COVID-19 every week. Your health is precious. Protect yourself and others by taking 6 simple steps:
1️⃣ Get vaccinated
2️⃣ Keep a safe distance
3️⃣ Wear a mask
4️⃣ Cover sneezes/coughs
5️⃣ Open windows
6️⃣ Clean your hands

RPA/ July 4/ 2022.

ULA/AAနဲ့ တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ NUG ထုတ်ပြန်လာMay 16/ 2022အမျိုးသားညီညွတ်ရေးအစို...
16/05/2022

ULA/AAနဲ့ တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ NUG ထုတ်ပြန်လာ

May 16/ 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ အေအေ တို့ ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ အွန်လိုင်းကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကကြတယ်လို့ NUG က ထုတ်ပြန်လာပါတယ်။
အဲဒီ NUG ကထုတ်ပြန်ချက်မှာ အေအေကို ရက္ခိုင်ပြည်သူ့အစိုးရ ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဆိုပြီး သုံးနှုန်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

ဆွေးနွေးမှုမှာ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ တိုင်းပြည်ရဲ့ အခြေအနေတွေနဲ့ NUG က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
NUG နဲ့ အေအေ ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်လို့ အေအေဖက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

Photo- NUG/ Community Facebook

RPA

မေလ ၁၅ ရက်နေ့ မြောက်ဦးမြို့၊ သျှစ်သောင်းပွဲတော်မှာ နေ့လည်ပိုင်း ရေပေါ်လှေစီးကြသူတွေ နဲ့စည်ကားRPA/ Photo by Kispa #ရှေးဟ...
15/05/2022

မေလ ၁၅ ရက်နေ့ မြောက်ဦးမြို့၊ သျှစ်သောင်းပွဲတော်မှာ နေ့လည်ပိုင်း ရေပေါ်လှေစီးကြသူတွေ နဲ့စည်ကား

RPA/ Photo by Kispa

#ရှေးဟောင်း #မြောက်ဦး #သျှစ်သောင်းဘုရားပွဲ #ရခိုင်ပြည်နယ်

Address

Sittwe

Website

Alerts

Be the first to know and let us send you an email when RPA News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share