
07/05/2025
အိန္ဒိယတိုက်လေယာဉ်၅စီးကိုပစ်ချပြီး စစ်သားတစ်ချို့ကိုသုံ့ပန်းအဖြစ်ဖမ်းဆီးရမိကြောင်း ပါကစ္စတန်ထုတ်ပြန်
မေ ၇၊ ၂၀၂၅
Mayu24.News
လူ၈ဦးသေဆုံးပြီး ၃၅ယောက်ဒဏ်ရာရရှိကာ ၂ဦးပျောက်ဆုံးခဲ့တဲ့ အိန္ဒိယရဲ့ ပါကစ္စတန်ကို မစ်ဆိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုပြီးနောက် ပါကစ္စတန်လေတပ်က အိန္ဒိယလေတပ်လေယာဉ် ၅စီးကိုပစ်ချလိုက်ကြောင်း ပါကစ္စတန်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အိန္ဒိယလေတပ်တိုက်လေယာဉ်၅စီးကို ပစ်ချနိုင်ခဲ့ပြီး အိန္ဒိယစစ်သားအများအပြားကိုလည်း သုံ့ပန်းတွေအဖြစ် ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခွာဂျာအဆစ်ဖ်က ပြောကြားခဲ့ပါတယ်။ အရပ်သားနေရာတွေကို ပစ်မှတ်ထားခဲ့တဲ့ အိန္ဒိယဒုံးကျည်တွေရဲ့တိုက်ခိုက်မှုကို ပါကစ္စတန်စစ်တပ်က တုံ့ပြန်ခြင်းဖြစ်ကြောင်း ပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီး အတ္တာအွလ်လာဟ်တာရ်ရာက TRT World သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အိန္ဒိယကာကွယ်ရေးတည်နေရာတစ်ချို့လည်း ဖျက်ဆီးခံခဲ့ရကြောင်း ပါကစ္စတန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။
TRT Global သတင်းဌာနပါ “Pakistan downs five Indian warplanes, takes Indian soldiers prisoners_Defence Minister” အမည်ဖြင့်ဖော်ပြထားသည်္။