30/07/2026
တကယ့် အရှိတရားမှာ 'ငါ' ဆိုတာ မရှိပါဘူး။ ငါဆိုတာ မရှိရင် 'ငါ့အတိတ်' ဆိုတာလည်း မရှိသလို၊ 'ငါ့အနာဂတ်'၊ 'ငါ့ပိုင်ဆိုင်မှု' ဆိုတာတွေလည်း တကယ်တော့ မရှိပါဘူး။
ဒါကို သေချာ မျက်မှောက်ပြုနိုင်ရင် အရင်က လုပ်ခဲ့တာတွေအတွက် နောင်တရပြီး မပူပန်တော့ဘူး။ ရှေ့ဆက် ဘာဖြစ်မလဲဆိုတာအတွက်လည်း မပူပန်တော့ဘူး။ ပျက်စီး ဆုံးရှုံးသွားမှာတွေ အတွက်လည်း သောက မရောက်တော့ပါဘူး။ အဲဒီလို ငါဆိုတဲ့ အစွဲမပါဘဲ ပစ္စုပ္ပန်တည့်တည့်မှာ ပူပန်မှုကင်းကင်းနဲ့ နေထိုင်ခြင်းကသာ အနာဂတ်အတွက် အကောင်းဆုံးနဲ့ အလုံခြုံဆုံး လမ်းကြောင်းပါပဲ။
ဒီနေ့ အေးအေးဆေးဆေး နေရင်း ငါမရှိတဲ့အတွက် ပူပန်စရာတွေ အားလုံး လွတ်ကျသွားတဲ့ သက်သာမှုကို ခဏလောက် အကဲခတ်ကြည့်ပါဦး။