The Bridge Myanmar
The Bridge Myanmar နိုင်ငံ့အကျိုး သတင်း နှင့် သယ်ပိုး မယ့်မြန်မာ့ပေါင်းကူး
(သတင်း)တာချီလိတ်မြို့နယ် စာရင်းစစ်ရုံးက လုပ်ပိုင်ခွင့်အာဏာ အသုံးချပြီး ပမာဏများပြားတဲ့ ငွေကြေး တောင်းခံမှုများ ပြုလုပ်နေ...
19/08/2022
(သတင်း)
တာချီလိတ်မြို့နယ် စာရင်းစစ်ရုံးက လုပ်ပိုင်ခွင့်အာဏာ အသုံးချပြီး ပမာဏများပြားတဲ့ ငွေကြေး တောင်းခံမှုများ ပြုလုပ်နေ
တာချီလိတ်၊ သြဂုတ် ၁၈၊ ၂၀၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စာရင်းစစ်ရုံးက တာဝန်ရှိသူတွေဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတွေဆီကနေ ပမာဏများပြားတဲ့ ငွေကြေး တောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ပမာဏများပြားတဲ့ ငွေကြေး တောင်းခံမှုတွေကို စာရင်းစစ် အရာရှိတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင် အသိုင်းအဝိုင်း နဲ့ ဌာနဆိုင်ရာ အသိုင်းအဝိုင်းတွေရဲ့ သတင်းပေးပို့မှု အရ သိရတာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက“စာရင်းစစ်မှာတောင် ခရိုင်အဖွဲ့က မရစ်ဘူး၊ မကျစ်ဘူးဗျ။ စေတနာနဲ့ပေးရင်တောင် ငြင်းလွှတ်တယ်။ မြို့နယ်စာရင်းစစ် ဦးစီးမှုးနဲ့ သူ့ရဲ့ စာရင်းစစ်မှူးတွေကတော့ အနည်းဆုံး ပြန်သွင်းရမယ့် ငွေရဲ့ တဝက်ကြေးကို တောင်းတာ”လို့ ရွှေတြိဂံ သတင်းဌာနကို ပြောပါတယ်။
မြို့နယ်စာရင်းစစ်အဖွဲ့ဟာ လုပ်ငန်းတစ်ခုကို စစ်ဆေးပြီဆိုတာနဲ့ အဆင့် (၃) ဆင့် လုပ်ဆောင်ကြောင်း သိရပါတယ်။
နံပါတ် (၁) အနေနဲ့ ပထမဆုံး လုပ်တာက လုပ်ငန်းတစ်ခုရဲ့အားနည်းချက်တွေကို စုစည်းစစ်ဆေးပြီး၊ တန်ဖိုးကို ဒေသ ပေါက်ဈေးနဲ့ တွက်ချက်ကာ ခြားနားငွေကို အစိုးရဘတ်ဂျက်ထဲ ပြန်သွင်းခိုင်းကြောင်း၊ နံပါတ် (၂) အဆင့်မှာ ငွေပြန်မသွင်းချင်တဲ့ လုပ်ငန်းရှင်တွေဆီက ပြန်သွင်းငွေရဲ့ ထက်ဝက်ငွေ (အနည်းဆုံး) တောင်းခံကြောင်း၊ ပြီးမှ နောက်ဆုံးအဆင့် ဖြစ်တဲ့ စာရင်းစစ်ပြီးစီးကြောင်း လုပ်ပေးခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လုပ်ငန်းရှင် တစ်ဦးကလည်း“လုပ်ငန်းတစ်ခုမှာ အားနည်းချက်ရှိသလို၊ အားသာချက်လည်း ရှိတယ်လေ။ အားနည်းချက်ကိုပဲ ထောက်ပြပြီး ရစ်တယ်၊ ဒီလောက် မြန်မာငွေ တန်ဖိုးကျပြီး ပစ္စည်းစျေးနှုန်းတွေ ခေါင်ခိုက်ပြီး အရှုံးပေါ်နေတာတောင် ငွေကွာတယ် ဆိုပြီး ပိုက်ဆံပြန်သွင်းခိုင်းတယ်ဗျာ”လို့ ပြောပြပါတယ်။
၎င်းက ဆက်လက်ပြီး“လုပ်ငန်းတန်ဖိုးက ကျပ် သိန်း တစ်ထောင် မကျော်ဘူးဗျာ။ သိန်း ရာဂဏန်း ရှိတဲ့ ငွေပမာဏကို ပြန်သွင်းခိုင်းတယ် ဆိုတော့ လုပ်ငန်းရှင်တွေနဲ့ စာရင်းစစ်ခံရတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အကြပ်အတည်းတွေ့ပြီပေါ့။ အဲဒီအဆင့်ကို ရောက်တာနဲ့ နံပါတ် (၂) အဆင့်ကို လုပ်ကြတော့တာပဲ”လို့လည်း ပြောဆိုပါတယ်။
ပြန်လည် သွင်းခိုင်းတဲ့ငွေဟာ များလွန်းတဲ့ အတွက် လုပ်ငန်းရှင်တွေနဲ့ ဌာနတာဝန်ရှိသူတွေ အကြပ်အတည်း တွေ့ချိန် ရောက်မှ မြို့နယ်စာရင်းစစ်ရုံးက အတွင်းလူကနေတဆင့် အစိုးရထံ ပြန်လည်သွင်းရမယ့် ငွေရဲ့ လေးပုံသုံးပုံကို တောင်းခံတယ် လို့လည်း ဆိုပါတယ်။
အဲဒီအဆင့်မှာ ညှိနှိုင်းလို့ အဆင်မပြေတဲ့သူဆိုရင် စာရင်းစစ် ကန်ကွက်ချက်ကြောင့် သူတို့သွင်းခိုင်းတဲ့ ငွေပမာဏ အတိုင်း သွင်းရမှာမို့ အနည်းဆုံး ပြန်သွင်းရမယ့်ငွေရဲ့ ထက်ဝက်တိတိကို မြို့နယ်စာရင်းစစ်အဖွဲ့ကို မဖြစ်မနေပေးကြရကြောင်း၊ နံပါတ် (၂) အဆင့်မှာ ပြေလည်မှ နောက်ဆုံးအဆင့်ကို ဆက်လုပ်ကြောင်းလည်း သိရပါတယ်။
“သူတို့တွက်ချက်ထားတဲ့ ငွေရဲ့ အနည်းဆုံး တဝက်လောက်ရမှ ညှိလို့ နှိုင်းလို့ အဆင်ပြေတာ၊ ဒါတောင် သူတို့ ပြဿနာ မတက်အောင် စတိအနေနဲ့ အစိုးရဘတ်ဂျက်ထဲကို သိန်းဂဏန်းတော့ ပြန်သွင်းခိုင်းတယ်၊ အဲဒီငွေသွင်းပြီးမှ နောက်ဆုံး အဆင့် စာရင်းစစ် ကန့်ကွက်ချက်မပေါ်တာ”လို့လည်း အထက်ပါ လုပ်ငန်းရှင်က ပြောပြပါတယ်။
တာချီလိတ်မြို့နယ်စာရင်းစစ် အဖွဲ့ရဲ့ ငွေကြေး တောင်းခံမှု ဆိုးရွားလာတာဟာ လက်ရှိ မြို့နယ်စာရင်းစစ် ဦးစီးမှူး ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စဉ် ကတည်းကလို့ ရွှေတြိဂံရဲ့ သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
“အရင်အဆက်ဆက် ခရိုင်/မြို့နယ် စာရင်းစစ်တွေက လုပ်ငန်းသဘော ရှင်းပြလို့ရတယ်။ အခု မြို့နယ်ဦးစီးမှူးနဲ့ မြို့နယ် စာရင်းစစ်အဖွဲ့ကတော့ ရှင်းပြလည်း လက်မခံဘူး။ ငွေမှ ငွေပဲ။ သူတို့ တောင်းတဲ့အတိုင်း ပေးရင်ပေး မပေးရင်တော့ သူတို့ လုပ်ပိုင်ခွင့်ထဲကနေ ပြဿနာ အမျိုးမျိုးရှာတာပဲ”လို့လည်း သတင်းရင်းမြစ် တစ်ဦးက ပြောဆိုပါတယ်။
အစိုးရဌာနရုံး တည်ဆောက်ရေး လုပ်ငန်းတစ်ခုကိုလည်း ငွေကျပ် သိန်း ၇၀ ကျော် ပြန်သွင်းခိုင်းခဲ့တဲ့ အတွက် မြို့နယ် စာရင်းစစ် အဖွဲ့ကို ကျပ် ၃၅ သိန်း ပေးခဲ့ရတယ်လို့ အမည်မဖော်လို့တဲ့ မြို့နယ်အဆင့် တာဝန်ရှိသူ တစ်ဦးကလည်း ရွှေတြိဂံကို ပြောပါတယ်။
“ကျနော်တို့ကတော့ ပြဿနာ မဖြစ်ချင်လို့ ညှိနှိုင်းပြီး ပေးခဲ့တာပါ။ စာရင်းစစ် ကန့်ကွက်ချက်ပေါ်လာရင် ကျနော်တို့ ဌာနတွေ အနေနဲ့က ပြဿနာ ရှိတယ်လေ၊ ဒါကြောင့်ပါ”လို့လည်း သူက ပြောပြပါတယ်။
တာချီလိတ်မြို့နယ်ဟာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ထိုင်း-မြန်မာ နယ်စပ်မြို့လေး ဖြစ်သလို၊ ခရိုင်နဲ့ မြို့နယ် အဆင့် ရုံးစိုက်ရာ မြို့လည်း ဖြစ်ကြောင်း၊ တာချီလိတ်ခရိုင် အတွင်းမှာ ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း (၅၀) ကျော်ရှိပြီး နှစ်စဉ် အစိုးရ ဘတ်ဂျက်နဲ့ လမ်း၊ တံတား၊ ရုံး စတဲ့ တည်ဆောက်ရေး လုပ်ငန်းပေါင်း (၁၀၀) ခန့် ရှိနေကြောင်းလည်း သိရပါတယ်။
သတင်း - ရွှေတြိဂံဒေသ သတင်းဌာန
ပုံစာ - တာချီလိတ်မြို့ ဆိုင်းဘုတ်။
ဓာတ်ပုံ - အင်တာနက် စာမျက်နှာ
#ရွှေတြိဂံဒေသ သတင်းလွှာ
Unicode
(သတင်း)
တာချီလိတ်မြို့နယ် စာရင်းစစ်ရုံးက လုပ်ပိုင်ခွင့်အာဏာ အသုံးချပြီး ပမာဏများပြားတဲ့ ငွေကြေး တောင်းခံမှုများ ပြုလုပ်နေ
တာချီလိတ်၊ သြဂုတ် ၁၈၊ ၂၀၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စာရင်းစစ်ရုံးက တာဝန်ရှိသူတွေဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတွေဆီကနေ ပမာဏများပြားတဲ့ ငွေကြေး တောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ပမာဏများပြားတဲ့ ငွေကြေး တောင်းခံမှုတွေကို စာရင်းစစ် အရာရှိတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင် အသိုင်းအဝိုင်း နဲ့ ဌာနဆိုင်ရာ အသိုင်းအဝိုင်းတွေရဲ့ သတင်းပေးပို့မှု အရ သိရတာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက“စာရင်းစစ်မှာတောင် ခရိုင်အဖွဲ့က မရစ်ဘူး၊ မကျစ်ဘူးဗျ။ စေတနာနဲ့ပေးရင်တောင် ငြင်းလွှတ်တယ်။ မြို့နယ်စာရင်းစစ် ဦးစီးမှုးနဲ့ သူ့ရဲ့ စာရင်းစစ်မှူးတွေကတော့ အနည်းဆုံး ပြန်သွင်းရမယ့် ငွေရဲ့ တဝက်ကြေးကို တောင်းတာ”လို့ ရွှေတြိဂံ သတင်းဌာနကို ပြောပါတယ်။
မြို့နယ်စာရင်းစစ်အဖွဲ့ဟာ လုပ်ငန်းတစ်ခုကို စစ်ဆေးပြီဆိုတာနဲ့ အဆင့် (၃) ဆင့် လုပ်ဆောင်ကြောင်း သိရပါတယ်။
နံပါတ် (၁) အနေနဲ့ ပထမဆုံး လုပ်တာက လုပ်ငန်းတစ်ခုရဲ့အားနည်းချက်တွေကို စုစည်းစစ်ဆေးပြီး၊ တန်ဖိုးကို ဒေသ ပေါက်ဈေးနဲ့ တွက်ချက်ကာ ခြားနားငွေကို အစိုးရဘတ်ဂျက်ထဲ ပြန်သွင်းခိုင်းကြောင်း၊ နံပါတ် (၂) အဆင့်မှာ ငွေပြန်မသွင်းချင်တဲ့ လုပ်ငန်းရှင်တွေဆီက ပြန်သွင်းငွေရဲ့ ထက်ဝက်ငွေ (အနည်းဆုံး) တောင်းခံကြောင်း၊ ပြီးမှ နောက်ဆုံးအဆင့် ဖြစ်တဲ့ စာရင်းစစ်ပြီးစီးကြောင်း လုပ်ပေးခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လုပ်ငန်းရှင် တစ်ဦးကလည်း“လုပ်ငန်းတစ်ခုမှာ အားနည်းချက်ရှိသလို၊ အားသာချက်လည်း ရှိတယ်လေ။ အားနည်းချက်ကိုပဲ ထောက်ပြပြီး ရစ်တယ်၊ ဒီလောက် မြန်မာငွေ တန်ဖိုးကျပြီး ပစ္စည်းဈေးနှုန်းတွေ ခေါင်ခိုက်ပြီး အရှုံးပေါ်နေတာတောင် ငွေကွာတယ် ဆိုပြီး ပိုက်ဆံပြန်သွင်းခိုင်းတယ်ဗျာ”လို့ ပြောပြပါတယ်။
၎င်းက ဆက်လက်ပြီး“လုပ်ငန်းတန်ဖိုးက ကျပ် သိန်း တစ်ထောင် မကျော်ဘူးဗျာ။ သိန်း ရာဂဏန်း ရှိတဲ့ ငွေပမာဏကို ပြန်သွင်းခိုင်းတယ် ဆိုတော့ လုပ်ငန်းရှင်တွေနဲ့ စာရင်းစစ်ခံရတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အကြပ်အတည်းတွေ့ပြီပေါ့။ အဲဒီအဆင့်ကို ရောက်တာနဲ့ နံပါတ် (၂) အဆင့်ကို လုပ်ကြတော့တာပဲ”လို့လည်း ပြောဆိုပါတယ်။
ပြန်လည် သွင်းခိုင်းတဲ့ငွေဟာ များလွန်းတဲ့ အတွက် လုပ်ငန်းရှင်တွေနဲ့ ဌာနတာဝန်ရှိသူတွေ အကြပ်အတည်း တွေ့ချိန် ရောက်မှ မြို့နယ်စာရင်းစစ်ရုံးက အတွင်းလူကနေတဆင့် အစိုးရထံ ပြန်လည်သွင်းရမယ့် ငွေရဲ့ လေးပုံသုံးပုံကို တောင်းခံတယ် လို့လည်း ဆိုပါတယ်။
အဲဒီအဆင့်မှာ ညှိနှိုင်းလို့ အဆင်မပြေတဲ့သူဆိုရင် စာရင်းစစ် ကန်ကွက်ချက်ကြောင့် သူတို့သွင်းခိုင်းတဲ့ ငွေပမာဏ အတိုင်း သွင်းရမှာမို့ အနည်းဆုံး ပြန်သွင်းရမယ့်ငွေရဲ့ ထက်ဝက်တိတိကို မြို့နယ်စာရင်းစစ်အဖွဲ့ကို မဖြစ်မနေပေးကြရကြောင်း၊ နံပါတ် (၂) အဆင့်မှာ ပြေလည်မှ နောက်ဆုံးအဆင့်ကို ဆက်လုပ်ကြောင်းလည်း သိရပါတယ်။
“သူတို့တွက်ချက်ထားတဲ့ ငွေရဲ့ အနည်းဆုံး တဝက်လောက်ရမှ ညှိလို့ နှိုင်းလို့ အဆင်ပြေတာ၊ ဒါတောင် သူတို့ ပြဿနာ မတက်အောင် စတိအနေနဲ့ အစိုးရဘတ်ဂျက်ထဲကို သိန်းဂဏန်းတော့ ပြန်သွင်းခိုင်းတယ်၊ အဲဒီငွေသွင်းပြီးမှ နောက်ဆုံး အဆင့် စာရင်းစစ် ကန့်ကွက်ချက်မပေါ်တာ”လို့လည်း အထက်ပါ လုပ်ငန်းရှင်က ပြောပြပါတယ်။
တာချီလိတ်မြို့နယ်စာရင်းစစ် အဖွဲ့ရဲ့ ငွေကြေး တောင်းခံမှု ဆိုးရွားလာတာဟာ လက်ရှိ မြို့နယ်စာရင်းစစ် ဦးစီးမှူး ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စဉ် ကတည်းကလို့ ရွှေတြိဂံရဲ့ သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
“အရင်အဆက်ဆက် ခရိုင်/မြို့နယ် စာရင်းစစ်တွေက လုပ်ငန်းသဘော ရှင်းပြလို့ရတယ်။ အခု မြို့နယ်ဦးစီးမှူးနဲ့ မြို့နယ် စာရင်းစစ်အဖွဲ့ကတော့ ရှင်းပြလည်း လက်မခံဘူး။ ငွေမှ ငွေပဲ။ သူတို့ တောင်းတဲ့အတိုင်း ပေးရင်ပေး မပေးရင်တော့ သူတို့ လုပ်ပိုင်ခွင့်ထဲကနေ ပြဿနာ အမျိုးမျိုးရှာတာပဲ”လို့လည်း သတင်းရင်းမြစ် တစ်ဦးက ပြောဆိုပါတယ်။
အစိုးရဌာနရုံး တည်ဆောက်ရေး လုပ်ငန်းတစ်ခုကိုလည်း ငွေကျပ် သိန်း ၇၀ ကျော် ပြန်သွင်းခိုင်းခဲ့တဲ့ အတွက် မြို့နယ် စာရင်းစစ် အဖွဲ့ကို ကျပ် ၃၅ သိန်း ပေးခဲ့ရတယ်လို့ အမည်မဖော်လို့တဲ့ မြို့နယ်အဆင့် တာဝန်ရှိသူ တစ်ဦးကလည်း ရွှေတြိဂံကို ပြောပါတယ်။
“ကျနော်တို့ကတော့ ပြဿနာ မဖြစ်ချင်လို့ ညှိနှိုင်းပြီး ပေးခဲ့တာပါ။ စာရင်းစစ် ကန့်ကွက်ချက်ပေါ်လာရင် ကျနော်တို့ ဌာနတွေ အနေနဲ့က ပြဿနာ ရှိတယ်လေ၊ ဒါကြောင့်ပါ”လို့လည်း သူက ပြောပြပါတယ်။
တာချီလိတ်မြို့နယ်ဟာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ထိုင်း-မြန်မာ နယ်စပ်မြို့လေး ဖြစ်သလို၊ ခရိုင်နဲ့ မြို့နယ် အဆင့် ရုံးစိုက်ရာ မြို့လည်း ဖြစ်ကြောင်း၊ တာချီလိတ်ခရိုင် အတွင်းမှာ ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း (၅၀) ကျော်ရှိပြီး နှစ်စဉ် အစိုးရ ဘတ်ဂျက်နဲ့ လမ်း၊ တံတား၊ ရုံး စတဲ့ တည်ဆောက်ရေး လုပ်ငန်းပေါင်း (၁၀၀) ခန့် ရှိနေကြောင်းလည်း သိရပါတယ်။
သတင်း - ရွှေတြိဂံဒေသ သတင်းဌာန
ပုံစာ - တာချီလိတ်မြို့ ဆိုင်းဘုတ်။
ဓာတ်ပုံ - အင်တာနက် စာမျက်နှာ
#ရွှေတြိဂံဒေသ သတင်းလွှာ
12/08/2022
(သတင်းတို)တောင်ကြီးမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတောင်ကြီး၊ ဇွန် ၂၄၊ ၂၀၂၂ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ...
24/06/2022
(သတင်းတို)
တောင်ကြီးမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား
တောင်ကြီး၊ ဇွန် ၂၄၊ ၂၀၂၂
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းရှိ စျေးမီးပွိုင့် ယာဉ်ထိန်းရုံး အနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်း ရရှိပါတယ်။
စျေးမီးပွိုင့် ယာဉ်ထိန်းရုံးရှေ့က ပန်းခုံအနီးမှာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရမှု ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။
ထိခိုက် ဒဏ်ရာရရှိတဲ့ ယာဉ်ထိန်းရဲ ၂ ဦးကို တောင်ကြီးမြို့ စစ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ထားတယ် လို့လည်း မြို့ခံတွေက သတင်း ဌာနတွေကို ပြောဆိုထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကျရင် တောင်ကြီးမြို့မှာ ဖမ်းဆီးမိတဲ့ မူးယစ်‌ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကို နစက ထိပ်ပိုင်း ခေါင်ဆောင်များ လာရောက်ဖို့ ရှိတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်းကလည်း အဆိုပါ မီးပွိုင့်မှာ ပေါက်ကွဲမှုဖြစ်လို့ ရဲတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။
သတင်း - ရွှေတြိဂံဒေသ သတင်းဌာန
ပုံစာ - တောင်ကြီးမြို့ ဆိုင်းဘုတ်။
ဓာတ်ပုံ - အင်တာနက် စာမျက်နှာ
#ရွှေတြိဂံဒေသ သတင်းလွှာ
Unicode
(သတင်းတို)
တောင်ကြီးမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား
တောင်ကြီး၊ ဇွန် ၂၄၊ ၂၀၂၂
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းရှိ ဈေးမီးပွိုင့် ယာဉ်ထိန်းရုံး အနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်း ရရှိပါတယ်။
ဈေးမီးပွိုင့် ယာဉ်ထိန်းရုံးရှေ့က ပန်းခုံအနီးမှာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရမှု ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။
ထိခိုက် ဒဏ်ရာရရှိတဲ့ ယာဉ်ထိန်းရဲ ၂ ဦးကို တောင်ကြီးမြို့ စစ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ထားတယ် လို့လည်း မြို့ခံတွေက သတင်း ဌာနတွေကို ပြောဆိုထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကျရင် တောင်ကြီးမြို့မှာ ဖမ်းဆီးမိတဲ့ မူးယစ်‌ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကို နစက ထိပ်ပိုင်း ခေါင်ဆောင်များ လာရောက်ဖို့ ရှိတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်းကလည်း အဆိုပါ မီးပွိုင့်မှာ ပေါက်ကွဲမှုဖြစ်လို့ ရဲတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။
သတင်း - ရွှေတြိဂံဒေသ သတင်းဌာန
ပုံစာ - တောင်ကြီးမြို့ ဆိုင်းဘုတ်။
ဓာတ်ပုံ - အင်တာနက် စာမျက်နှာ
#ရွှေတြိဂံဒေသ သတင်းလွှာ
(သတင်း)ကျိုင်းတုံ ခရိုင် ဒ/န ရဲအရာရှိတွေ တရားမဝင် နိုင်ငံခြားသား သယ်ယူသူတွေနဲ့ ငွေကြေးရယူ ပတ်သက်နေကြောင်း သတင်းထွက်ပေါ်က...
21/06/2022
(သတင်း)
ကျိုင်းတုံ ခရိုင် ဒ/န ရဲအရာရှိတွေ တရားမဝင် နိုင်ငံခြားသား သယ်ယူသူတွေနဲ့ ငွေကြေးရယူ ပတ်သက်နေကြောင်း သတင်းထွက်ပေါ်
ကျိုင်းတုံ၊ ဇွန် ၂၁၊ ၂၀၂၂
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် အတွင်း တရားမဝင် နိုင်ငံခြားသားများ သယ်ယူမှု နဲ့ ပတ်သက်ပြီး ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဒ/န) ဒုရဲမှူး အောင်ကိုကိုလွင်က ငွေကြေးရယူ လွှတ်ပေးမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားတဲ့ ကတ်တောင်-ယန်းကျိန်သွားလမ်းမှာ တရုတ်နိုင်ငံသား ၈ ဦး နဲ့ ဗီယက်နမ် နိုင်ငံသူ ၁ ဦး၊ ပေါင်း ၉ ဦးကို သယ်ယူမှုမှာ တားဆီးစဉ် ကားရပ်မပေးတဲ့ အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ဒုရဲမှူး အောင်ကိုကိုလွင်က ပြောကြားနေသော်လည်း အမှန်တကယ်မှာ ကြိုတင် ငွေကြေးရယူထားကြောင်း၊ ရတဲ့ ငွေကြေးနည်းပါးလို့ အကွက်ဆင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“အဲဒီ မတိုင်ခင် ၃ ရက်လောက်က ယမ်းခ ကျေးရွာနားမှာ တရုတ်တွေကို ဖမ်းပြီး ဘတ်ငွေ ၅ သိန်းပေးမှ လွှတ်ပေးမယ်ပြောလို့ တာချီလိတ်မြို့က စားသောက်ဆိုင်မှာ သွားယူပြီး ပေးလိုက်ရတယ်၊ ကျနော်တို့လည်း ဘတ်ငွေ ၅ သိန်းပေးနေတဲ့ အချိန်မှာ လိုရမယ်ရ ဓာတ်ပုံ ခိုးရိုက်ထားလိုက်တာ”လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒုရဲမှူး အောင်ကိုကိုလွင် အနေနဲ့ တရားမဝင် နိုင်ငံခြားသား သယ်ယူသူများနဲ့ ချိတ်ဆက်ကာ မိုင်းယန်း-မိုင်းခတ်-ဝမ်တာပုံ ဂိတ်များကို ရှောင်ကွင်းစေပြီး တောလမ်းကြောင်းများမှ စောင့်ဆိုင်းကာ ငွေကြေး တောင်းခံ လွှတ်ပေးလေ့ ရှိကြောင်း၊ ကား ၁ စီးကို မြန်မာငွေ ကျပ် သိန်း ၃၀၀ မှ သိန်း ၄၀၀ အထိ တောင်းခံလေ့ရှိကြောင်းလည်း သိရပါတယ်။
“အခုလိုကိစ္စမျိုးတွေက နေ့တိုင်းဖြစ်ပျက်နေတာပါ၊ ဒါက ပိုက်ဆံများများပေးတဲ့သူဆို မမြင်ချင်ယောင်ဆောင်ပြီး လွှတ်ပေးတယ်၊ ငွေပေးတာ နည်းပြီဆိုတာနဲ့ ဂွင်ဆင်ဖမ်းတော့တာပဲ၊ ပြီးခဲတဲ့နှစ်ကလည်း အခုလိုမျိုးဖြစ်သေးတယ်လေ၊ မီဒီယာမှာ ပါတော့မှ ငွေပြန်ပေးပြီး အတင်းကို ကြေအေးခိုင်းတာ၊ သူတို့က အာဏာရှိနေတော့ လုပ်ချင်တိုင်း လုပ်နေတာပေါ့၊ ကျိုင်းတုံခရိုင်ရဲက အဆိုးဆုံးပဲ”လို့ အမည်မဖော်လိုသူ တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာန ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ အတွင်းကလည်း ကျိုင်းတုံ မြို့နယ် ဝမ်တာပုံ ပူးပေါင်းဂိတ် အကျော်မှာ မိုင်းခတ်ဘက်မှ လာသူ တစ်ဦးနဲ့ ကျိုင်းတုံမြို့မှာ နေထိုင်သူတစ်ဦးကို ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ဝင်တွေက ငွေကျပ် သိန်း ၃၀၀ တောင်းခံမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဆိုပါ ငွေကြေးတောင်းခံရသူ ၂ ဦးလုံးက တရားမဝင် တရုတ်လူမျိုးတွေကို အခကြေးငွေယူပြီး မြန်မာဘက်ကို ပို့ဆောင်ပေးသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က မိုင်းခတ်ဘက်ကနေ ကျိုင်းတုံကို Vigo ကားနဲ့ လာတဲ့ အာဂျူး ဆိုသူနဲ့ ကျိုင်းတုံမြို့မှာ နေထိုင်တဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကျပယ် ဆိုသူဆီကနေ တောင်းခံခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကျိုင်းတုံခရိုင် ဒုစရိုက် နှိမ်နင်းရေး (ဒ/န) ရဲအုပ် သန်းထွန်းနဲ့ မြို့မရဲစခန်းနယ်ထိန်းတာဝန်ခံက ငွေကျပ် သိန်း ၃၀၀ တောင်းခံမှု ပြုလုပ်ကြောင်း၊ ငွေကြေးတောင်းခံရသူ အားဂျူးရဲ့ကားကို ဝမ်တာပုံ ဂိတ် တာဝန်ရှိသူများက ရှာဖွေ စစ်ဆေးစဉ်က ကားပေါ်မှာရော လူမှာပါ ဥပဒေနဲ့ ငြိစွန်းမှုရှိတဲ့ သက်သေခံ ပစ္စည်းများ မတွေ့ရှိရကြောင်း၊ စစ်ဆေးရေး ဂိတ်ကျော်မှ ခရိုင် ဒ/န အဖွဲ့က ရဲအုပ် တစ်ဦးနဲ့ တပ်ဖွဲ့ဝင်တွေက ရဲစခန်းကို ခေါ်ဆောင်သွားကာ ခြိမ်းခြောက် ငွေတောင်းခံခဲ့တာ ဖြစ်ကြောင်း ငွေကြေး တောင်းခံရသူနဲ့ နီးစပ်သူ မျက်မြင်သက်သေတစ်ဦးက ပြောပြထားပါတယ်။
အခုလို ဖြစ်ပွားနေမှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မှာဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သို့ အရေးယူ ဆောင်ရွက်ခဲ့သည်ကိုတော့ မသိရှိရပေ။
တာချီလိတ်မြို့တွင်းက ကာစီနို လောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ အတွက် မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းကနေ တရားမဝင် နိုင်ငံခြားသားများ နေ့စဉ် အဝင်/အထွက် အများအပြား ရှိနေပြီး၊ အဆိုပါ လူကုန်ကူးသူများထံကနေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ငွေကြေး အမြောက်အမြားရယူကာ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်းလည်း သိရပါတယ်။
သတင်း - ရွှေတြိဂံဒေသ သတင်းဌာန
ပုံစာ - တာချီလိတ် စားသောက်ဆိုင် တစ်ဆိုင်မှာ ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဘတ်ငွေ ၅ သိန်း သွားရောက် ယူဆောင် နေစဉ်။
#ရွှေတြိဂံဒေသ သတင်းလွှာ
Unicode
(သတင်း)
ကျိုင်းတုံ ခရိုင် ဒ/န ရဲအရာရှိတွေ တရားမဝင် နိုင်ငံခြားသား သယ်ယူသူတွေနဲ့ ငွေကြေးရယူ ပတ်သက်နေကြောင်း သတင်းထွက်ပေါ်
ကျိုင်းတုံ၊ ဇွန် ၂၁၊ ၂၀၂၂
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် အတွင်း တရားမဝင် နိုင်ငံခြားသားများ သယ်ယူမှု နဲ့ ပတ်သက်ပြီး ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဒ/န) ဒုရဲမှူး အောင်ကိုကိုလွင်က ငွေကြေးရယူ လွှတ်ပေးမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားတဲ့ ကတ်တောင်-ယန်းကျိန်သွားလမ်းမှာ တရုတ်နိုင်ငံသား ၈ ဦး နဲ့ ဗီယက်နမ် နိုင်ငံသူ ၁ ဦး၊ ပေါင်း ၉ ဦးကို သယ်ယူမှုမှာ တားဆီးစဉ် ကားရပ်မပေးတဲ့ အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ဒုရဲမှူး အောင်ကိုကိုလွင်က ပြောကြားနေသော်လည်း အမှန်တကယ်မှာ ကြိုတင် ငွေကြေးရယူထားကြောင်း၊ ရတဲ့ ငွေကြေးနည်းပါးလို့ အကွက်ဆင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“အဲဒီ မတိုင်ခင် ၃ ရက်လောက်က ယမ်းခ ကျေးရွာနားမှာ တရုတ်တွေကို ဖမ်းပြီး ဘတ်ငွေ ၅ သိန်းပေးမှ လွှတ်ပေးမယ်ပြောလို့ တာချီလိတ်မြို့က စားသောက်ဆိုင်မှာ သွားယူပြီး ပေးလိုက်ရတယ်၊ ကျနော်တို့လည်း ဘတ်ငွေ ၅ သိန်းပေးနေတဲ့ အချိန်မှာ လိုရမယ်ရ ဓာတ်ပုံ ခိုးရိုက်ထားလိုက်တာ”လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒုရဲမှူး အောင်ကိုကိုလွင် အနေနဲ့ တရားမဝင် နိုင်ငံခြားသား သယ်ယူသူများနဲ့ ချိတ်ဆက်ကာ မိုင်းယန်း-မိုင်းခတ်-ဝမ်တာပုံ ဂိတ်များကို ရှောင်ကွင်းစေပြီး တောလမ်းကြောင်းများမှ စောင့်ဆိုင်းကာ ငွေကြေး တောင်းခံ လွှတ်ပေးလေ့ ရှိကြောင်း၊ ကား ၁ စီးကို မြန်မာငွေ ကျပ် သိန်း ၃၀၀ မှ သိန်း ၄၀၀ အထိ တောင်းခံလေ့ရှိကြောင်းလည်း သိရပါတယ်။
“အခုလိုကိစ္စမျိုးတွေက နေ့တိုင်းဖြစ်ပျက်နေတာပါ၊ ဒါက ပိုက်ဆံများများပေးတဲ့သူဆို မမြင်ချင်ယောင်ဆောင်ပြီး လွှတ်ပေး တယ်၊ ငွေပေးတာ နည်းပြီဆိုတာနဲ့ ဂွင်ဆင်ဖမ်းတော့တာပဲ၊ ပြီးခဲတဲ့နှစ်ကလည်း အခုလိုမျိုးဖြစ်သေးတယ်လေ၊ မီဒီယာမှာ ပါတော့မှ ငွေပြန်ပေးပြီး အတင်းကို ကြေအေးခိုင်းတာ၊ သူတို့က အာဏာရှိနေတော့ လုပ်ချင်တိုင်း လုပ်နေတာပေါ့၊ ကျိုင်းတုံခရိုင်ရဲက အဆိုးဆုံးပဲ”လို့ အမည်မဖော်လိုသူ တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာန ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ အတွင်းကလည်း ကျိုင်းတုံ မြို့နယ် ဝမ်တာပုံ ပူးပေါင်းဂိတ် အကျော်မှာ မိုင်းခတ်ဘက်မှ လာသူ တစ်ဦးနဲ့ ကျိုင်းတုံမြို့မှာ နေထိုင်သူတစ်ဦးကို ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ဝင်တွေက ငွေကျပ် သိန်း ၃၀၀ တောင်းခံမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဆိုပါ ငွေကြေးတောင်းခံရသူ ၂ ဦးလုံးက တရားမဝင် တရုတ်လူမျိုးတွေကို အခကြေးငွေယူပြီး မြန်မာဘက်ကို ပို့ဆောင်ပေးသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က မိုင်းခတ်ဘက်ကနေ ကျိုင်းတုံကို Vigo ကားနဲ့ လာတဲ့ အာဂျူး ဆိုသူနဲ့ ကျိုင်းတုံမြို့မှာ နေထိုင်တဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကျပယ် ဆိုသူဆီကနေ တောင်းခံခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကျိုင်းတုံခရိုင် ဒုစရိုက် နှိမ်နင်းရေး (ဒ/န) ရဲအုပ် သန်းထွန်းနဲ့ မြို့မရဲစခန်းနယ်ထိန်းတာဝန်ခံက ငွေကျပ် သိန်း ၃၀၀ တောင်းခံမှု ပြုလုပ်ကြောင်း၊ ငွေကြေးတောင်းခံရသူ အားဂျူးရဲ့ကားကို ဝမ်တာပုံ ဂိတ် တာဝန်ရှိသူများက ရှာဖွေ စစ်ဆေးစဉ်က ကားပေါ်မှာရော လူမှာပါ ဥပဒေနဲ့ ငြိစွန်းမှုရှိတဲ့ သက်သေခံ ပစ္စည်းများ မတွေ့ရှိရကြောင်း၊ စစ်ဆေးရေး ဂိတ်ကျော်မှ ခရိုင် ဒ/န အဖွဲ့က ရဲအုပ် တစ်ဦးနဲ့ တပ်ဖွဲ့ဝင်တွေက ရဲစခန်းကို ခေါ်ဆောင်သွားကာ ခြိမ်းခြောက် ငွေတောင်းခံခဲ့တာ ဖြစ်ကြောင်း ငွေကြေး တောင်းခံရသူနဲ့ နီးစပ်သူ မျက်မြင်သက်သေတစ်ဦးက ပြောပြထားပါတယ်။
အခုလို ဖြစ်ပွားနေမှုများ နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သို့ အရေးယူ ဆောင်ရွက်ခဲ့သည်ကိုတော့ မသိရှိရပေ။
တာချီလိတ်မြို့တွင်းက ကာစီနို လောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ အတွက် မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းကနေ တရားမဝင် နိုင်ငံခြားသားများ နေ့စဉ် အဝင်/အထွက် အများအပြား ရှိနေပြီး၊ အဆိုပါ လူကုန်ကူးသူများထံကနေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ငွေကြေး အမြောက်အမြားရယူကာ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်းလည်း သိရပါတယ်။
သတင်း - ရွှေတြိဂံဒေသ သတင်းဌာန
ပုံစာ - တာချီလိတ် စားသောက်ဆိုင် တစ်ဆိုင်မှာ ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဘတ်ငွေ ၅ သိန်း သွားရောက် ယူဆောင် နေစဉ်။
#ရွှေတြိဂံဒေသ သတင်းလွှာ
အသက် ၆၅ နှစ်အရွယ် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် ဟာ ရွေးကောက်ပွဲဆိုင်ရာ ငွေစာရင်း ရှင်းတမ်းတွေကို လပွတ္တာမြို့ရှိ NLD...
10/12/2020
အသက် ၆၅ နှစ်အရွယ် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် ဟာ ရွေးကောက်ပွဲဆိုင်ရာ ငွေစာရင်း ရှင်းတမ်းတွေကို လပွတ္တာမြို့ရှိ NLD ရုံးမှာ သွားရောက် ဆောင်ရွက်စဉ် ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်
သတင်း – စိုင်းမျိုးဟိန်းခန့်(ရွှေတြိဂံ) ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြ...
10/09/2020
တီကျစ်မှာ ဘီယာသောက်နေတဲ့ရဲတစ်ဦးက လက်ပစ်ဗုံး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရတောင်ကြီး၊ ဇူ...
16/07/2020
တီကျစ်မှာ ဘီယာသောက်နေတဲ့ရဲတစ်ဦးက လက်ပစ်ဗုံး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
တောင်ကြီး၊ ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၅ရက်၊ ညပိုင်းအချိန်က ဘီယာသောက်နေတဲ့ရဲတပ်သားတစ်ဦးက လက်ပစ်ဗုံးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တီကျစ်ရဲကင်းစခန်းထံမှ သိရပါတယ်။
တီကျစ်မြောက်ပိုင်းရှိ “ဇော်” ဆံသဆိုင်မှာ ဆိုင်ပိုင်ရှင် မောင်ဇော်၊ အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်သား ကျော်ဇင်လတ်၊ ခွန်စိန်ထွဋ်၊ ဇော်ဝင်းတို့(၄)ဦးက ဆံသဆိုင်အတွင်း ဘီယာအတူသောက်နေစဉ် ရဲတပ်သား ခွန်စိန်ထွဋ်မှ သူလွယ်ထားတဲ့ ပြောက်ကျားလွယ်အိတ်အတွင်းမှ အမျိုးအစား(စိစစ်ဆဲ) လက်ပစ်ဗုံးကိုထုတ်ယူပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဲဒီလိုဆော့ကစားနေတဲ့အတွက် ကျော်ဇင်လတ်နဲ့ မောင်ဇော်တို့မှ လက်ပစ်ဗုံးကို ဆော့ကစားခြင်းမပြုလုပ်ဖို့ တားမြစ်ပြောဆိုခဲ့ပေမယ့် ခွန်စိန်ထွဋ်မှ လက်ပစ်ဗုံးကလစ်ကို ဆွဲဖြုတ်ခဲ့တဲ့အတွက် မောင်ဇော်၊ ဇော်ဝင်းနဲ့ ရဲတပ်သားကျော်ဇင်လတ်တို့ ဆံသဆိုင်အပြင်သို့ ထွက်ပြေးစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် ကျော်ဇင်လတ်နဲ့ ခွန်စိန်ထွဋ်တို့ ထိခိုက်ဒဏ်ရာတွေကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဇော်ဝင်းမှာ ဝမ်းဗိုက်ဝဲဘက်ယမ်းစထိမှန်ဒဏ်ရာ၊ ဝဲဘက်လက်ဖခုံး ယမ်းစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး လက်ပစ်ဗုံးအား မိမိနဲ့ အခြားသူတွေကို သေဆုံးဒဏ်ရာရရှိအောင် ပေါ့ဆစွာ ကိုင်တွယ်အသုံးပြုသူ ရဲတပ်သားခွန်စိန်ထွဋ်ကို ပင်လောင်းမြို့မရဲစခန်းမှာ ဥပဒေအရအရေးယူဖို့အတွက် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
သတင်း-ဇွဲလေး(ရွှေတြိဂံ)
သတင်းဓါတ်ပုံ/ရင်းမြစ်-နောင်တရားပြန်ဆက်
#ရွှေတြိဂံဒေသ သတင်းလွှာ
(Unicode)
တီကျစ်မှာ ဘီယာသောက်နေတဲ့ရဲတစ်ဦးက လက်ပစ်ဗုံးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
(Zawgyi)
မွေးမြူဘဏ်စနစ် ကျင့်သုံး၍ နမ့်ဆန်မြို့နယ်ရှိ တောင်သူများကို  နွား ကောင်းမျိုးသန့်များ လွှဲပြောင်း ပေးအပ်မည်=============...
16/07/2020
မွေးမြူဘဏ်စနစ် ကျင့်သုံး၍ နမ့်ဆန်မြို့နယ်ရှိ တောင်သူများကို နွား ကောင်းမျိုးသန့်များ လွှဲပြောင်း ပေးအပ်မည်
=============================================================================
သုသု(AMIA)
ရန်ကုန်၊ ဇူလိုင် ၁၆
ရှမ်းပြည်နယ် အစိုးရက မွေးမြူဘဏ်စနစ် ကျင့်သုံးပြီး နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာရှိ တောင်သူများကို နွား မျိုးကောင်းမျိုးသန့်များ မွေးမြူရန် လွှဲပြောင်းပေးအပ်သွားမယ်လို့ သတင်းရရှိပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် နွားမျိုးကောင်းမျိုးသန့် (မွေး/ဘဏ်စနစ်) နဲ့ အသင့် ရောစပ်ပြီး နွားစာတောင့်များကို ထောက်ပံ့ပေးအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်တဲ့ နွားထီး(၁) ကောင်နဲ့ နွားမ (၂၀) ကောင် စုစုပေါင်း (၂၁) ကောင်တို့ကို မြို့သစ်ကျေးရွာအုပ်စု မြို့သစ်ကျေးရွာရှိ မွေးမြူသူတောင်သူတွေက စနစ်တကျ မွေးမြူနိုင်ဖို့အတွက် နွားခြံများ အသင့်ပြုလုပ်ထားပြီး နွားမျိုးကောင်းတွေ မျိုးပွားလာမှာ ဖြစ်တယ်လို့ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာညွန့်သောင်းက ပြောပါတယ်။
“ တောင်သူတွေကို နွားမျိုးကောင်းမျိုးသန့် ထောက်ပံ့ပေး ခြင်းကနေ ဒီကဏ္ဍ ဖွံ့ဖြိုးလာစေဖို့ အထောက်အ ကူပြုလာမှာ ဖြစ်ပြီးတော့ တောင်သူချင်းချင်း လွှဲပြာင်းမွေးမြူခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာမှာ ဖြစ်တယ်” လို့ ဒေါက်တာညွန့်သောင်းက ဆိုပါတယ်။
လတ်တလောမှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းများဖြင့် အသားငါးများကို စားသုံးနိုင်စေရန် ရည်ရွယ်ကာ တစ်ပိုင် တစ်နိုင် ဝင်ငွေတိုးစေတဲ့ မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်ပေးနေရှိသလို မွေးမြူရေးခြံအ တွက် လိုအပ်တဲ့ နည်းစနစ်တွေကိုလည်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ အိမ်ထောင်စု တစ်စုကို ဒေသနွားပြာစိမ်း အမ (၂) ကောင်နှုန်းနှင့် အိမ်ထောင်စု (၁၀) စုခန့်ထံ ဖြန့် ပေးကာ နွား အထီးကို အိမ်ထောင်စု (၁၀) စုထဲမှ တစ်ဦးက ဆက်လက်မွေးမြူရမှာ ဖြစ်ပါတယ်။
မွေးမြူရေးဘဏ် စနစ်အရ တိရစ္ဆာန် ဒေသနွား လက်ခံရရှိသူက အခြားတစ်ဦးကို လက်ဆင့်ကမ်းပေးရမှာဖြစ် ပြီး ကျေးရွာမွေးမြူရေးဘဏ် ကော်မတီထံ တိရစ္ဆာန်အား ပြန်လည်အပ်နှံရမယ့် သတ်မှတ်ကာလ (၃) နှစ်ပြည့် ပါက အခြားမွေးမြူလိုသူအား လက်ဆင့်ကမ်းပေးရမှာ ဖြစ်သလို တိရစ္ဆာန် လက်ခံရယူ မွေးမြူသူ အနေနဲ့ (အ တိုးငွေ) ပေးရခြင်း မရှိဘူးလို့ သိရပါတယ်။
#ရွှေတြိဂံဒေသသတင်းလွှာ
တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံသို့ အာဇာနည်နေ့အတွက် လာရောက်ဂါဝရပြုမယ့် ပြည်သူတွေကို တစ်ဖွဲ့မှာ လူ ၂၀ဦးနှုန်းနဲ့သာ လူ...
16/07/2020
တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံသို့ အာဇာနည်နေ့အတွက် လာရောက်ဂါဝရပြုမယ့် ပြည်သူတွေကို တစ်ဖွဲ့မှာ လူ ၂၀ဦးနှုန်းနဲ့သာ လူခြားပြီး ဝင်ရောက်ခွင့်ပြုမယ်
တောင်ကြီး၊ ဇူလိုင် ၁၅
လာမယ့်ဇူလိုင်လ ၁၉ရက်နေ့မှာကျရောပ်တဲ့ (၇၂)နှစ်မြောက်အာဇာနည်နေ့အတွက် တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံသို့ လာရောက်ဂါဝရပြုမယ့် ပြည်သူတွေကို တစ်ဖွဲ့မှာ လူ ၂၀ဦးနှုန်းနဲ့သာ လူခြားပြီး ဝင်ရောက်ခွင့်ပြုမှာဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ထံမှ သိရပါတယ်။
COVID-19ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲ ကာလဖြစ်တဲ့အတွက် အာဇာနည်နေ့မှာ လူစုလူဝေးမဖြစ်ပေါ်စေဖို့ လူခြားပြီး ဂါဝရပြုဖို့အတွက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ အစီအစဉ်နဲ့ လုပ်ဆောင်သွားမယ်လို့ ဦးစိုးညွန့်လွင်က ပြောပါတယ်။
“တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ အလေးပြုနိုင်ဖို့စီစဉ်ထားတယ်။ လာရောက်တဲ့ပြည်သူတွေကိုလည်း တစ်ဖွဲ့ကို ၂၀ ဦးနှုန်းပဲ ဝင်ရောက်ခွင့်ပြုမယ်”လို့ ဦးစိုးညွန့်လွင်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း နံနက်၈နာရီဝန်းကျင်အချိန်ခန့်မှာ လူ ၅၀ဦးခန့်နဲ့ လူခြားပြီးတော့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာ၊ ပန်းခွေချတာတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဦးစိုးညွန့်လွင်က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါအပြင် နံနက်၁၀နာရီအချိန်မှာလည်း မြို့လည်ဓမ္မာရုံမှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းအမျှဝေတာတွေကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“အရင်တော့ ကျွန်တော်တို့တွေစုပေါင်းပြီး လွမ်းသူပန်းခွေတွေနဲ့ မြို့ထဲကနေ ဗိုလ်ချုပ်ပန်းခြံအထိ လမ်းလျှောက်ချီတက်ပြီး လွမ်းသူပန်းခွေချတာ၊ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာတွေ လုပ်တယ်။ ဒီတစ်နှစ်တော့ လူစုလူဝေးမဖြစ်အောင် ကိုယ့်အဖွဲ့နဲ့ကိုယ်ပဲ လူနည်းနည်းနဲ့ သွားဂါဝရပြုဖို့ စီစဉ်ထားတယ်”လို့ တရားဥပဒေစိုးမိုးရေးကွန်ရက်အဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်စိုးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။
ယခင်နှစ်တွေက တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားတွေမှာ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံသို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ကျောင်းသား/သူတွေမှ လူဦးရေနှစ်ထောင်ကျော်အထိ လမ်းလျှောက်ချီတက်ဂါဝရပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
သတင်း/ဓာတ်ပုံ-စိုင်းခေး(ရွှေတြိဂံ)
#ရွှေတြိဂံဒေသ သတင်းလွှာ
(Unicode)
တောင်ကြီး၊ ဇူလိုင် ၁၅
(Zawgyi)
အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၉ သိန်းကျော်ရှိလို့ဆိုနယူးဒေလီ၊ ဇူလိုင်- ၁၅ ရက်အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂...
16/07/2020
အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၉ သိန်းကျော်ရှိလို့ဆို
နယူးဒေလီ၊ ဇူလိုင်- ၁၅ ရက်
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၂၈,၄၉၈ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၅၅၃ ဦး ရှိတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၄ ရက်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရတယ်လို့ ဆင်ဟွာကဖော်ပြပါတယ်။
ဇူလိုင် ၁၄ ရက် ည ၈ နာရီအချိန်ထိ အိန္ဒိယနိုင်ငံမှာ COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၀၆,၇၅၂ ဦး၊ သေဆုံးသူ ၂၃,၇၂၇ ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဟာ ဇူလိုင် ၁၁ ရက် က ၁၄ ရက်အထိ သုံးရက်တာကာလအတွင်း ရောဂါဖြစ်ပွားသူ ၈ သိန်းကျော်က ၉ သိန်းကျော်ကို တိုးလာတာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယ ပြည်နယ်ဒေသ ၁၀ ခုမှာ အသစ်ထပ်တိုးလူနာ ၁,၀၀၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် မဒရပ်ပြည်နယ်မှာ ၄,၃၂၈ ဦး ထပ်တိုးတာ
ဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင် လဆန်းပိုင်းက ဖြေလျော့မှုတွေ
ပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံမှာတစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက်ဟာ ဆက်တိုက်မြင့်တက်နေပါတယ်။
ကပ်ရောဂါပျံ့နှံ့မှုကို ဖြေရှင်းဖို့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဥတ္တရာပရာဒက်ရှ်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်နေ့က၁၃ ရက်မနက်ပိုင်းထိ လူမှုဘဝပုံမှန်လည်ပတ်မှု​တွေကို ပိတ်ဆို့ဖို့ ပြည်နယ်အစိုးရက ဇူလိုင် ၁၂ ရက်က ဆုံးဖြတ်ခဲ့သလို ကျန်ဒေသအချို့ကိုလည် ယာယီကာလတို ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ကြေညာထားတယ်လို သိရပါတယ်။
သတင်း-ဆင်ဟွာ
ဓာတ်ပုံ-BBC
ပင်းတယမြို့မှာ အမှိုက်မီးရှို့စက်တည်ဆောက်ရန်အတွက် မြေနေရာခွင့်ပြုပေးဖို့ တင်ပြထားပင်းတယ၊ ဇူလိုင် ၁၆ရှမ်းပည်နယ်တောင်ပိုင်...
16/07/2020
ပင်းတယမြို့မှာ အမှိုက်မီးရှို့စက်တည်ဆောက်ရန်အတွက် မြေနေရာခွင့်ပြုပေးဖို့ တင်ပြထား
ပင်းတယ၊ ဇူလိုင် ၁၆
ရှမ်းပည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ အမှိုက်မီးရှို့စက်တည်ဆောက်ရန်အတွက် မြေနေရာခွင့်ပြုပေးဖို့အတွက် ဇူလိုင်လ ၁၃ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူထံသို့ တင်ပြထားကြောင်း ရှမ်းပြည်နယ်မဲန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်မမလေးထံမှ သိရပါတယ်။
ပင်းတယမြို့နယ်မှာ စည်ပင်သာယာရေးဌာနမှ စွန့်ပစ်လျက်ရှိတဲ့ အမှိုက်တွေက ကျေးရွာတွေရှိ ရေထွက်တွေကိုထိခိုက်ပြီး အနံ့အသက်တွေကြောင့် ကျန်းမာရေးထိခိုက်နေတဲ့အတွက် အမှိုက်မီးရှို့စက်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါတယ်။
“အမှိုက်ကွင်းနေရာအသစ်ကိုလည်း ကွင်းဆင်းစစ်ဆေးပြီးပြီ။ မြေနေရာကို ခွင့်ပြုပေးမယ်ဆိုရင် အလှူရှင်ကလည်း ရှိပြီးသားပါ။ တစ်ဦးတည်းအလှူရှင်ပါ။ အမှိုက်မီးရှို့စက်ကတော့ တန်ဖိုးအမျိုးမျိုးတော့ ရှိပါတယ်။ စက်တည်ဆောက်ဖို့ ဘယ်လောက်ကုန်ကျမလဲဆိုတာကတော့ လှူတဲ့သူအပေါ်မှာပဲ မူတည်တာပေါ့”လို့ ဒေါ်မမလေးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။
အမှိုက်မီးရှို့စက် တည်ဆောက်ဖို့အတွက် ပင်းတယမြို့နယ်၊ ထိုးပုံကျေးရွာအရှေ့ဘက် ၂ မိုင်ခွဲခန့်ရှိ ပင်းတယ၊ ကလောနယ်စပ်နေရာမှာ လျာထားပြီး မြေနေရာ ၁၀ဧကခန့် လိုအပ်မှာဖြစ်သလို အဲဒီနေရာက မြေလွတ်မြေရိုင်းဖြစ်တဲ့အတွက် အသုံးပြုခွင့်ရရှိဖို့ တင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်
ပင်းတယမြို့နယ်မှာ ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ် စု၊ အိမ်ခြေ ၁၈၈၉၄ အိမ်၊ အိမ်ထောင် စု ၁၈၉၁၀ စု၊ လူဦးရေ စုစုပေါင်း ၈၃၆၇၀ကျော်ရှိပြီး မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းအတွက် စည်ပင်သာယာရေးဌာနမှ ယာဉ် ၂စီးနဲ့ ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-ဇော်ဇင်ထွေး၊ ဒေါ်မမလေး
#ရွှေတြိဂံဒေသ သတင်းလွှာ
(Unicode)
ပင်းတယ၊ ဇူလိုင် ၁၆
(Zawgyi)
Address
Tachileik
Alerts
Be the first to know and let us send you an email when The Bridge Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to The Bridge Myanmar:
Share
ရွှေတြိဂံဒေသသတင်းလွှာအကြောင်း
ရွှေတြိဂံဒေသသတင်းလွှာသည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အခြေစိုက်သည်။ ၂၀၁၆ခုနှစ် မတ်လမှစတင်ကာ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းလွှာထုတ်ဝေခွင့် အမှတ် - ၀၁၆၃၅ ဖြင့် သတင်းဂျာနယ် စတင်ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ဂျာနယ်ထုတ်ဝေမှုကို ရပ်နားပြီး သတင်းများ၊ ဆောင်းပါးများကို သတင်းဂျာနယ်၏ ဝက်ဘ်ဆိုဒ် (http://www.goldentriangleonline.com) နှင့် ဖေ့စ်ဘွတ် စာမျက်နှာတို့ပေါ်တွင် လက်ရှိအချိန်အထိ စဉ်ဆက်မပြတ် တင်ဆက်နေသည်။ ရွှေတြိဂံဒေသသတင်းလွှာ စတင်ထုတ်ဝေချိန်မှစပြီး လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်ထံကမှ သြဇာသက်ရောက်မှု မရှိဘဲ ကိုယ်ပိုင်ငွေကြေးဖြင့် ရပ်တည်ဆောင်ရွက်ကာ ပြတ်သားသည့် မူဝါဒဖြင့် သတင်းများကို ပြည်သူ့အကျိုးပြု ဖော်ပြတင်ဆက်ပေးနေသည်။