Hsan Loi Voice

Hsan Loi Voice ရိုးမအသံ Hsan Loi Voice was established by a very tiny group of Shan State Youth Journalists in October 2021. This is amid of 3rd Burmese military coup.

We aim to promote freedom of speech, democracy and unity in diversity. 1947 Panlong agreements are one of our ancestors’ legacy.

* Value ethics and moral
* Reliable
* A space for Youths
* Unity in diversity
* Documentation
* Connection

Belief
* Freedom of speech to encourage democracy

(Hsan Loi Voice Facebook စာမျက်နှာမှာ တင်ပြပေးနေတဲ့ သတင်းတွေ၊ သတင်းဓာတ်ပုံတွေမှာ ကိုယ့်ရဲ့သဘောထားမှတ်ချက

်တွေ ရေးသားပေးနိုင်ပါတယ်။ အဲဒီလိုရေးသားတဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ အသိပေးအပ်ပါတယ်။
ရုန့်ရင်းကြမ်းတမ်းတဲ့ စကားအသုံးအနှုန်းမျိုး၊ ဒီစာမျက်နှာကို အလွဲသုံးစားလုပ်မှုမျိုးနဲ့ အများပြည်သူနဲ့မသင့်တော်တဲ့ ရေးသားဖော်ပြချက်မျိုး တွေကို မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။
အဲဒီလိုလိုက်နာခြင်းမရှိတဲ့ ရေးသားဖော်ပြချက် တွေကို Hsan Loi Voice က ဒီစာမျက်နှာကနေဖယ်ရှားမှာဖြစ်ပါတယ်။)

လူငယ်တွေ အပျော်အပါးတွေ လျှော့ဖို့ အာဏာသိမ်း သမ္မတ ပြော1 Aug 2026မြန်မာနိုင်ငံအတွင်းရှိ လူငယ်တွေအနေနဲ့ ကိုယ့်ဘဝအတွက် ကြို...
01/08/2026

လူငယ်တွေ အပျော်အပါးတွေ လျှော့ဖို့ အာဏာသိမ်း သမ္မတ ပြော

1 Aug 2026

မြန်မာနိုင်ငံအတွင်းရှိ လူငယ်တွေအနေနဲ့ ကိုယ့်ဘဝအတွက် ကြိုးစားကြဖို့လိုအပ်ပြီး အပျော်အပါးတွေ လျှော့ကြဖို့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် က ပြောပါတယ်။

ယမန်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားပြီး ခန်းမထဲ ထွက်ခွာလာချိန် မီဒီယာတွေရဲ့ မေးမြန်းမှုကို ယခုလိုဖြေကြားခဲ့တာပါ။

“လူငယ်တွေအနေနဲ့ ကိုယ့်ဘဝအတွက် ကြိုးစားကြဖို့လိုပါတယ်၊ နောက်တစ်ခုက ပညာရေး အားနည်းချက်ရှိနေတယ်၊ လူငယ်တွေအနေနဲ့ ပညာရေးမှာကြိုးစားကြပြီး ပညာတတ်တွေဖြစ်အောင် လုပ်ကြဖို့၊ စည်းကမ်းနဲ့ပတ်သက်ပြီး သိရှိအောင် လုပ်ကြဖို့၊ ကြိုးစားအားထုတ်ကြဖို့လိုပါတယ်၊ နောက်ပြီး အပျော်အပါးတွေ လျှော့စေချင်တယ်၊ လူငယ်တွေ ကြိုးစားစေချင်တယ်။ တိုင်းပြည်အတွက် အလားအလာတွေ အများကြီး ရှိပါတယ်” လို့ သူကပြောပါတယ်။

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတဲ့ အာဏာသိမ်းအုပ်စုက လူငယ်တွေ အပျော်အပါးလျှော့ဖို့ ပြောနေတဲ့ အာဏာသိမ်းခေါင်းဆောင်ကို ပြည်သူတွေက ဝေဖန်ပြောဆို နေကြပါတယ်။

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်းက လူငယ်တွေဟာ ကျီးလန့်စာ စားနေရတာ၊ နေ့စဥ်နဲ့အမျှ လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေဆိုတာ မရှိသလောက်ပဲ၊ ဘယ်ချိန်ပေါ်တာလာဆွဲမလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေနေရတာ၊ အပျော်အပါးလိုက်စားတာတွေက သူတို့ သားသမီး ဆွေမျိုးအသိုင်းအဝိုင်း ထဲကပဲဖြစ်မယ်၊ အခုစီးပွားရေး အကြပ်အတည်းကြောင့် အပျော်အပါးထက် အခု ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတာ ဘယ်မှာသွားပြီး ပျော်နိုင်မှာလဲ” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပညာရေး အားနည်းချက်ရှိနေပြီး ပညာတတ်ဖြစ်အောင် ကြိုးစားကြဖို့ အာဏာသိမ်း သမ္မတ က ပြောနေပေမယ့် လက်တွေ့မှာတော့ စစ်အုပ်စုက အရပ်သားနေထိုင်ရာ ဒေသတွေမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးနေတာတွေ နေ့စဥ်နဲ့အမျှ လုပ်ဆောင်နေပြီး လူငယ်တွေအနေနဲ့ ပညာသင်ကြားမှု ဆုံးရှုံးခဲ့ရပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ကြရတာပါ။

ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ပြည်သူ့စစ် မဟာဗျုဟာဖော်ဆောင်သွားမည်31 Jul...
31/07/2026

ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ပြည်သူ့စစ် မဟာဗျုဟာဖော်ဆောင်သွားမည်

31 Jul 2026

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ အတည်ပြုပြဋ္ဌာန်းတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဒီကနေ့ ဇူလိုင်လ ၃၁ ရက် ရွေးတုလွှတ်တော်မှာ ပြုလုပ်တဲ့ အစိုးရ ရက် (၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် က ထည့်သွင်းပြောကြား ခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နဲ့အညီ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ရေးအတွက် တပ်မတော်ဦးဆောင်မှုနဲ့ ပြည်သူ့စစ်မဟာဗျုဟာကို ဖော်ဆောင် ရမှာဖြစ်ပြီး နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေး စွမ်းပကား ရရှိစေဖို့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့” ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပြီး တိုက်စွမ်းအားရှိဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို အစိုးရက မူဝါဒ တွေချမှတ်ပြီး ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမြေပြင်အခြေအနေမှာ စစ်မှုထမ်းအကြောင်းပြပြီး စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေကို စစ်ကောင်စီက တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်ကာ လူစားထိုးအဖြစ် စစ်မှုထမ်းကြေးဆိုပြီး ခေါင်းစဥ်တပ် ကောက်ခံတာ၊ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို လူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဖမ်းဆီးရမိတဲ့ လူငယ်တွေကို ငွေကြေး သိန်းနဲ့ချီ တောင်းခံပြီး ပြန်လည် လွှတ်ပေးတာတွေ ရှိနေပါတယ်။

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး မတ်လ ၂၈ ရက်က စတင်ကာ စစ်မှုထမ်းခေါ်ယူခဲ့ရာ ယခု အပတ်စဥ် ၂၇ ထိဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

ရွှေညောင် ဂျပန်ကားပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင်လင် မယား နှစ်ဦး ဓါးထိုးခံရပြီးသေဆုံး 30 Jul 2026 တောင်ကြီးမြို့နယ...
30/07/2026

ရွှေညောင် ဂျပန်ကားပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင်လင် မယား နှစ်ဦး ဓါးထိုးခံရပြီးသေဆုံး

30 Jul 2026

တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့တွင် ယနေ့ ဇွန်
လိုင်လ ၃၀ ရက် တွင် ဂျပန်ကားအပိုပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင်လင်မ ယား နှစ်ဦး ဓါးထိုးခံရပြီးသေဆုံးသွားကြောင်းဒေသခံများထံမှသိရသည် ။

"ကားပစ္စည်း ဝယ်ရင်း စကားများကြပြီး ဓါးထိုးမှုဖြစ်တာ လူ သေတဲ့အထိဖြစ်ကုန်တာပေါ့ ၊ မနက်ပိုင်းက သူ့အမျိုးသမီးဆုံးတယ်အခု သူ့ယော ကျ်ားလဲ ဆုံးပြီလို့ သိရတယ် ၊ လုပ်တဲ့လူက ကားဝပ်ရှော့ ကပဲဖမ်းမိပြီ " ဟု ၄င်းဖြစ်စဥ်ကိုသိရှိသည့်ရွှေညောင်ဒေသခံကပြောသည် ။

သေဆုံးသွားသူများမှာ ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ နယ် မြေ (၂)၊ နိဗ္ဗာန်လမ်းရှိ ဂျပန် ကားအပိုပစ္စည်းအရောင်းဆိုင် ပိုင်ရှင်လင်မယားနှစ်ဦးဖြစ်ပြီး ကျူးလွန်သူမှာ ရွှေညောင်မြို့နေသူဖြစ်ပြီးကားဝပ်ရှော့လုပ်သားတစ်ဦးဖြစ်ကြောင်း သိရသည် ။

ကျူးလွန်သူသည် လွန်ခဲ့သည့် ၂ ရက်ခန့်က ကားအပိုပစ္စည်း ဝယ်ယူရာတွင် ဈေးကြီးကြောင်း ပြော ဆိုရာမှ စကားများသည့် ကိစ္စအား မကျေနပ်သဖြင့် ၎င်းတွင်အသင့်ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥ အား ဓားဖြင့် ၄ ချက်ခန့် ထိုးခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးခင်မောင်ညိုရောက်ရှိလာသဖြင့် ဓားဖြင့်ထိုးရာ ဦးခင်မောင်ညိုမှ ပြန်လည်ခုခံသဖြင့် ဓား ကွေး ကောက်သွားခဲ့ပြီး အနီးရှိ ကားအပိုပစ္စည်း ဒူးဆစ်ဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ခြင်းဖြစ် ကြောင်း ထွက်ဆိုထားသည်ဟု ရဲသတင်းများတွင်ဖော်ပြထားသည် ။

ဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးမှာယင်း ဖြစ်စဉ်ကြောင့် ပြင်းထန်သည့်ဓါးဒဏ်ရာများရရှိခဲ့ပြီး ရွှေညောင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ဇနီးဖြစ်သူသေဆုံးခဲ့ကာ အမျိုးသားဖြစ်သူမှာ မွန်းလွဲပိုင်းတွင်သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည် ။

ထို့ကြောင့် ကားပစ္စည်းဆိုင်ပိုင်ရှင် လင်မယား ၂ ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သူ ကို ရွှေညောင် မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

တာချီလိတ်တွင် အင်အားအလုံးအရင်းဖြင့် လှည့်ကင်းပတ်နေသော်လည်း ရပ်ကွက်လမ်းများတွင် ဆိုင်ကယ် သူခိုးများသောင်းကျန်းနေဆဲ 30 Jul...
30/07/2026

တာချီလိတ်တွင် အင်အားအလုံးအရင်းဖြင့် လှည့်ကင်းပတ်နေသော်လည်း ရပ်ကွက်လမ်းများတွင် ဆိုင်ကယ် သူခိုးများသောင်းကျန်းနေဆဲ

30 Jul 2026

သျှမ်းပြည်အရှေ့ပိုင်း၊တာချီလိတ်မြို့ မိန်းလမ်းမပေါ် တွင် ယခုရက်ပိုင်းညခင်းတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် လှည့်ကင်းပတ်နေသော် လည်း ရပ်ကွက်လမ်းများတွင် ဆိုင်ကယ် သူခိုးများ သောင်းကျန်း နေဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည် ။

" ရပ်ကွက်လမ်းကြားထဲမပတ်ပဲ မြို့ပေါ်မိန်းလမ်းမကားပတ်မောင်းရုံလောက်နဲ့ လမ်းပိတ်တာပဲအဖတ် တင်တယ် သူခိုးကမိန်းလမ်းမပေါ်ခိုးနေတာမဟုတ်ဖူး ရပ်ကွက်လမ်းကြိုလမ်းကြားကနေ ခိုးနေတာ ဟန်ပြမလုပ်ပါနဲ့ တကယ်ထိထိရောက်ရောက်လုပ်စေချင်ပါတယ် " ဟု တာချီလိတ်၊ ဆန်ဆိုင်းရပ် ကွက်နေထိုင်သူမြို့ခံတစ်ဦးကပြောသည် ။

ယခုရက်ပိုင်းထဲစစ်ကောင်စီ လုံခြုံရေး အဖွဲ့နှင့် ဒေသတွင်းပြည်သူ့စစ်အဖွဲ့များက ညမှောင်ရီ ပျိုးစ အချိန်မှစ၍ကားအစီး ၂၀ စီးခန့်ဖြင့်ခန့်တာချီလိတ် မိန်းလမ်းမတစ်လျှောက် လှည့်ကင်းပတ်နေသော် လည်းရပ်ကွက်လမ်းကြားတွင် အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးမှုများ ထပ်မံဖြစ်ပေါ်နေကြောင်း သိရသည် ။

ယင်းသို့လှည့်ကင်းပတ်နေစဥ် ဆန်ဆိုင်း(က)ရက်ကွက် ပုံလို့လမ်းဘေးရှိ လိုင်းခန်းငှားတစ်ခုတွင် ဇွန်လိုင် ၂၆ ရက်က လိုင်စင်ပါသည့် ဆိုင်ကယ်တစ်စီးကို လူ(၄)ဦးကည ၈ နာရီ ဝန်းကျင်တွင် ခိုးယူသွားခဲ့ကြောင်း (CCTV) မှတ်တမ်းများအရသိရသည် ။

" ဖမ်းပေးချင်တဲ့ စိတ်စေတနာတကယ်ရှိရင်တော့ အခုလိုယူနီဖောင်းနဲ့ ကိုယ်ထင်ပြကင်းလှည့်တာထက် သမန်ပြည်သူလိုပဲဝတ်စားပြီး သူခိုးတွေကိုစောင့်ဖမ်းရင်တော့ ပိုကောင်းပြီး သူခိုးမိဖို့ ပိုသေချာမယ် အခုလုပ်ပုံက လူရီစရာဖြစ်နေတယ် " ဟု ယင်းမြို့ခံက ဆိုသည် ။

အုပ်စုဖွဲ့ဆိုင်ကယ်ခိုးသူများသည် များသောအားဖြင့် ရပ်ကွက်လမ်းကြားများ ၊ လိုင်ခန်းငှားများတွင် ရပ်ထားသည့် ဆိုင်ကယ်များ မကြာခဏ ခိုးယူခံနေရခြင်းများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည် ။

ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်တွင်လည်း ဆိုင်ကယ်သူခိုး(၂)ဦးအပါအဝင် သူခိုးလက်ခံ(၂)ဦးကို ခိုးယူထားသည့်ဆိုင်ကယ် (၁၄)စီးနှင့်အတူ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေး ယူထားကြောင်း သိရသည် ။

ရန်ကုန်မြို့၊ အင်းစိန်မှာ ကလေးငယ်တွေကို ဆေးတိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးကာ Telegram မှာ ရောင်းစားတဲ့သူကိ...
30/07/2026

ရန်ကုန်မြို့၊ အင်းစိန်မှာ ကလေးငယ်တွေကို ဆေးတိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးကာ Telegram မှာ ရောင်းစားတဲ့သူကို အလုပ်နဲ့ ထောင်ဒဏ် နှစ် ၄၀ အမိန့်ချမှတ်

30 Jul 2026

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အမျိုးသားတစ်ဦးဟာ ကလေးသူငယ်တွေကို ဆေးတိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့ချိန်မှာ လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုရိုက်ကူးပြီး Telegram မှာ ငွေကြေး အကျိုးအမြတ်ရယူ ရောင်းစားခဲ့သူကို လူကုန်ကူးမှုနဲ့ အလုပ်နဲ့ ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ နေ့စဥ်ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ကျုးလွန်သူဟာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ မျိုးမင်းထွန်း(ခ)ဖိုးသား ဆိုသူဖြစ်ပြီး ကျောင်းဆင်းပြန်လာတဲ့ ၁၁ နှစ်အရွယ်ရှိကလေးတွေကို နေအိမ်သို့ အလည်လိုက်ဖို့ ခေါ်ဆောင်ခဲ့ပြီး ကလေးငယ်တွေကို စိတ်ငြိမ်ဆေး ၁၀ လုံးစီနဲ့ ဆန်ချိုအရက်ကို အားဆေးနဲ့အချိုရည် လို့ လိမ်လည်ပြီး တိုက်ကျွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးသောက်ပြီး ကလေးတွေ အသိစိတ်ကင်းမဲ့နေချိန်မှာ ကလေးတစ်ဦးကို သူနဲ့အတူ လိင်ဆက်ဆံခဲ့ပြီး ကျန်ကလေး ၂ ဦးကိုတော့ အချင်းချင်း လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုဖိုင်ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ကလေးတွေဟာ မျိုးမင်းထွန်း(ခ)ဖိုးသား အိမ်သို့ ကျောင်း ပိတ်ရက်တွေမှာ သွားရောက် ညအိပ်ခဲ့ရာ ရက်ပေါင်း ၂၀ ခန့် ညအိပ်ခဲ့ဖူးပြီး သွားအိပ်တဲ့အချိန်တိုင်း မျိုးမင်းထွန်း(ခ) ဖိုးသား က ဗီဒီယိုတွေ အကြိမ်ကြိမ်ရိုက်ကူးကာ Telegram မှာ ငွေကြေးနဲ့ရောင်းချခဲ့တယ်လို့ ဖော်ပြထားပြီး တရားခံကိုတော့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် ၂၀ နှစ်စီ သီးခြားကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

သီပေါတံတားကို လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားရတာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေး ဒုဝန်ကြီးပြော29 Jul 2026သျှမ်းပြည်မြေ...
29/07/2026

သီပေါတံတားကို လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားရတာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေး ဒုဝန်ကြီးပြော

29 Jul 2026

သျှမ်းပြည်မြောက်ပိုင်း လားရှိုး−မန္တလေးလမ်းပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားရတာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် မင်းသူ က ယမန်နေ့က ရွေးတုလွှတ်တော်မှာ ဖြေကြားသွားခဲ့ပါတယ်။

သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးကောင်းသက်စံ ရဲ့ သီပေါတံတားကို မည်သည့်စည်းစနစ်နဲ့ ဒေသခံပြည်သူတွေ၊ ဒေသတွင်း ကုန်စည်စီးဆင်းဖြတ်သန်းသွားလာခွင့်ပြုပေးနိုင်ဖို့ဆိုတဲ့ ကြယ်ပွင့်ပြ မေးခွန်းကို လွှတ်တော်မှာ မေးမြန်းခဲ့ပြီး သီပေါတံတားကို လုံခြုံရေးအရ ယာယီပိတ်ထားရတာလို့ ပြည်ထဲရေး ဒုဝန်ကြီး က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

သီပေါမြို့ကို စစ်ကောင်စီတပ်တွေအနေနဲ့ မြို့ပေါ် (၁၁)ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု (၉)အုပ်စုသာ နယ်မြေစိုးမိုးမှုရရှိပြီး MNDAA ၊TNLA၊ PDF တို့ အလုံးစုံ ဆုတ်ခွာသွားတာမဟုတ်ဘဲ သီပေါတံတား အရှေ့ဘက်ခြမ်းနဲ့ ကျန်ကျေးရွာ အုပ်စုတွေမှာ အခြေပြုလှုပ်ရှား သွားလာနေတာကြောင့် လုံခြုံရေးအရ သီပေါတံတားကို ယာယီပိတ်ထားရတာလို့ ပြည်ထဲရေး ဒုဝန်ကြီးက ဖြေကြားခဲ့တာပါ။

သီပေါတံတားပိတ်ထားမှုကြောင့် ပြည်သူလူထုတွေအနေနဲ့ ဒေသတွင်း သွားလာရေးအတွက် အခက်အခဲဖြစ်စေရုံသာမက လူမှု၊စီးပွား၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကိုပါ ထိခိုက်စေပြီး ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးသွားလာဖို့ ကူးတို့ဆိပ်ကနေ ဇက်ကူးပြီး အသက်အန္တရာယ်ကြားကနေ စွန့်စား သွားလာနေကြရတယ်လို့ သိရပါတယ်။

သီပေါတံတားရှိလျက်နဲ့ အသုံးမပြုရဘဲ မြစ်ဆိပ်ကနေ လူတစ်ဦးကို ကျပ် ၁ သောင်းခွဲ နဲ့ ကားတစ်စီးကို ကျပ် ၅ သောင်းပေးသွားနေရတာဖြစ်ကာ မတော်တဆဖြစ်မှု ၄ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၁၉ ဦးရှိတယ်လို့ ဦးကောင်းသက်စံက လွှတ်တော်မှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

သီပေါတံတား ဖြတ်သန်းသွားလာခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက စပြီး ပိတ်ထားထာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

တံတားပိတ်ထားခြင်းရဲ့ နောက်ကွယ်မှာ အဂတိလိုက်စားမှုတွေ၊ လူတစုကောင်းစားရေးနဲ့ တရားမဝင် ကုန်သွယ်မှု၊ ရာဇဝတ်မှုတွေ ဘယ်လိုတားဆီးအရေးယူမလဲဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆက်စပ်မေးခွန်းကိုတော့ ပြည်ထဲရေး ဒုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့ ကွင်းဆင်း ဆောင်ရွက်ပြီး အဂတိလိုက်စားမှုနဲ့ တရားမဝင် ကုန်သွယ်မှုတွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

ရှမ်းပြည်နယ်ရဲမှူးချုပ်ကိုဝေဖန်ရေးသား မှုကြောင့် Paoh သတင်းစုံ-2 အကောင့်ပိုင်ရှင်ကို ပုဒ်မ ၆၆ (ခ) ဖြင့် အမှုဖွင့်တိုင်တန...
28/07/2026

ရှမ်းပြည်နယ်ရဲမှူးချုပ်ကိုဝေဖန်ရေးသား မှုကြောင့် Paoh သတင်းစုံ-2 အကောင့်ပိုင်ရှင်ကို ပုဒ်မ ၆၆ (ခ) ဖြင့် အမှုဖွင့်တိုင်တန်းခံရ

28 Jul 2026

ရှမ်းပြည်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်သည် စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင် စသည့် ရာထူးနေရာ များအတွက် ဂါရဝကြေးနှင့် လစဉ်ကြေးများ တောင်းခံမှုများရှိနေသည်ဟု ရေးသားခဲ့ သည့် Paoh သတင်းစုံ-2 အကောင့်ပိုင်ရှင် ပုဒ်မ ၆၆ (ခ) ဖြင့် အမှုဖွင့်တိုင်တန်းခံရ ကြောင်းသိရသည် ။

၄င်း Paoh သတင်းစုံ-2 page မှ နေရာကောင်းများအတွက် ငွေပေးရမှုများရှိကြောင်းနှင့် အဆင်မပြေသူ လက်အောက်ဝန်ထမ်းများကို တောင်ကြီးသို့ ခေါ်ယူကာ သတိပေးခြင်း၊ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်သောကြောင့် လက်အောက်ရဲဝန်ထမ်းအချို့မှာ စီးပွားရေးအခက်အခဲများနှင့် စိတ်ဖိစီးမှုများ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည် ။

ယင်းသို့ရေးသားမှုသည် သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးအား ဂုဏ်သိက္ခာ ညှိးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မဟုတ်မမှန် သတင်း ရေးသားကာ လူမှုကွန် ရက်တွင် ဖော်ပြနေသည်ဟုဆိုကာ Paoh သတင်း စုံ-2 အကောင့်ပိုင်ရှင်အား စုံစမ်း ဖော်ထုတ်ပေးရန် သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ကိုယ်စားလှယ် လွှဲအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တောင်ကြီးမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်း ရဲသတင်းများထံမှသိရသည်။

ရဲမှူးချုပ် ကျော်ကျော်ဟန်သည် ၂၀၂၅ ခုနှစ် မတ်လမှစ၍ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ယူခဲ့သူဖြစ်သည် ။

ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်းအခန်း(၁)၊ တတိယပိုင်း28 July 2026 (ရိုးမအသံ၊ ဆောင်းပါး) အေဒီ၁၆၄၄ခုနှစ်သည် မင်တရုတ်အင...
28/07/2026

ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်း
အခန်း(၁)၊ တတိယပိုင်း

28 July 2026 (ရိုးမအသံ၊ ဆောင်းပါး)

အေဒီ၁၆၄၄ခုနှစ်သည် မင်တရုတ်အင်ပါယာ ပျက်စီးသောနှစ် ဖြစ်သည်။ မင်တရုတ်အင်ပါယာသည် ပြည်တွင်း၌ ပုန်ကန်မှုများ ပေါ်ပေါက်လာမှုကို နှိမ်နင်းရသကဲ့သို့ မန်ချူး(Qing)တို့၏ ကျူးကျော်မှုကိုလည်း ခုခံခဲ့ရသဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ ဘဏ္ဍာရေးဆုတ်ယုတ်မှု၊ စစ်သည်အင်အား လျော့နည်းမှုမှာ များစွာဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် အေဒီ ၁၆၄၄ ခုနှစ်၊ ဧပြီလ (၂၅)ရက်တွင် မင်မင်းဆက်ကို ပုန်ကန်သူများ ဖြစ်ကြသော လီဇီချန်(Li Zicheng)နှင့် ကျန်းရှန်ဇောင် (Zhang Xianzhong)တို့ ဦးဆောင်သည့် တော်လှန်ရေးတပ်ကြီးသည် ပီကင်းမြို့တော်သို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ရာ မင်ဧကရာဇ်ဖြစ်သူ ချုံကျန်း(Chongzhen)မှာ မိမိကိုယ်ကိုယ် ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့ပြီး မင်တရုတ်အင်ပါယာပါ ပြိုကျသွားခဲ့ရသည်။

ထိုသို့ မင်တရုတ်အင်ပါယာ ပြိုကျသွားမှု၏ နောက်ကွယ်တွင် မင်တရုတ်စစ်တပ်၏ စစ်သူကြီးဖြစ်သူ ဝူဆန်ကွေ့(Wu Sangui)၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သည်။ သူသည် မင်မင်းဆက်ကို ပုန်ကန်သူများ ဖြစ်ကြသော လီဇီချန်(Li Zicheng)နှင့် ကျန်းရှန်ဇောင်(Zhang Xianzhong)တို့ ဦးဆောင်သည့် တော်လှန်ရေးတပ်ကြီးအပေါ် သစ္စာခံခြင်းမပြုခဲ့ပေ။ ထို့အတူ မင်ဧကရာဇ် ချုံကျန်း(Chongzhen)၏ အမိန့်ကိုလည်း နာခံခြင်းမရှိဘဲ မန်ချူး (Qing)တို့ထံ သစ္စာခံကာ ၎င်းတို့၏တပ်များကို မဟာတံတိုင်းအား ဖြတ်ကျော်ခွင့်ပြုခဲ့သည်။ ထို့နောက် မန်ချူး (Qing)တို့၏ သစ္စာခံဖြစ်လာသော စစ်သူကြီးဖြစ်သူ ဝူဆန်ကွေ့(Wu Sangui)သည် မန်ချူး(Qing)တပ်များနှင့်အတူ လီဇီချန်(Li Zicheng)နှင့် ကျန်းရှန်ဇောင်(Zhang Xianzhong)တို့ ဦးဆောင်သည့် တော်လှန်ရေးတပ်ကြီးကိုပါ နှိမ် နင်းတိုက်ခိုက်ပေးခြင်းဖြင့် မင်တရုတ်အင်ပါယာအစား မန်ချူး(Qing)အင်ပါယာကို ပေါ်ထွန်းလာစေခဲ့ပေသည်။

သို့သော် ပီကင်းနေပြည်တော်ကို ဗဟိုပြုထားသည့် မင်တရုတ်မင်းဆက် ပျက်စီးခဲ့စေကာမူ မင်မင်းဆက် အနွယ်ဝင်များဖြစ်သော ဟုန်ကွမ်းဧကရာဇ်(Hongguang)၊ လုံးဝူဧကရာဇ်(Longwu)၊ ရှောက်ဝူဧကရာဇ်(Shaowu) တို့သည် တောင်ပိုင်းမင်အင်ပါယာ၏ ဧကရာဇ်များအဖြစ် ကြိုးစား၍ မန်ချူး(Qing)တပ်များကို ခုခံခဲ့ကြသည်။ သို့သော် အောင်မြင်မှုမရခဲ့ဘဲ မန်ချူး(Qing)တပ်များ၏ တိုက်ခိုက်ချေမှုန်းခြင်းကိုသာ ခံခဲ့ကြရပြီး တောင်ပိုင်းမင်အင်ပါယာသည်လည်း အေဒီ ၁၆၄၄ ခုနှစ်မှ အေဒီ ၁၆၄၇ ခုနှစ်အတွင်း ထပ်မံပြိုကွဲခဲ့ရသည်။ ထိုပြိုကွဲမှုဖြစ်ပွားချိန်တွင် မင် အင်ပါယာအပေါ် သစ္စာခံသူများက မင်မင်းဆက်အနွယ်ဝင်ဖြစ်သူ ကွေ့မင်းသား(Prince of Gui)ဘွဲ့ခံ ကျူးချန်ရင်း (Zhu Changying)၏ သားတော်ဖြစ်သူ ကျူးယိုလန်း(Zhu Youlang)ကို ရုံလီဧကရာဇ်(Yongli)အဖြစ် တင်မြှောက်လိုက်သည့်အခါ မန်ချူး(Qing)တပ်များ၏ မြားဦးမှာ သူ့ထံသို့ လှည့်လာခဲ့သည်။ ထိုမြားဦးကို ဦးဆောင်လာသူမှာ စစ်သူကြီးဝူဆန်ကွေ့(Wu Sangui) ဖြစ်ပေသည်။

မင်တရုတ်အင်ပါယာ ပြိုကွဲပျက်စီးနေချိန်သည် မြန်မာပြည်၌ ညောင်ရမ်းမင်းဆက်မှာ အင်အားကောင်းစွာ ပေါ်ထွန်းနေချိန်ဖြစ်သည်။ ဘုရင့်နောင်မင်း၏ သားတော်တစ်ပါးဖြစ်သူ ညောင်ရမ်းမင်း(အေဒီ၁၅၉၉- ၁၆၀၅)သည် အင်းဝကိုပြန်၍ ဗဟိုပြုကာ ညောင်ရမ်းခေတ်ကို ပြန်လည်တည်ထောင်ခဲ့သည်။ ထိုမင်းလက်ထက်တွင် အ‌ရှေ့ မြောက်ဘက်ရှိ ဗန်းမော်၊ မိုးမိတ်၊ သီပေါ၊ သိန္နီ စသည့်သျှမ်းပြည်တို့ကိုလည်းကောင်း၊ မြောက်ဘက်ရှိ မိုးကောင်း၊ မိုးညှင်းစသည့် သျှမ်းပြည် တို့ကိုလည်းကောင်း မင်တရုတ်အင်ပါယာ၏ သြဇာအောက်မှ ပြန်လည်သိမ်းသွင်းခဲ့သည်။ ထို့အတူ အရှေ့တောင်ဘက်ရှိ ညောင်ရွှေ၊ မိုးနဲစသည့် သျှမ်းပြည်တို့ကို ပြန်လည်သိမ်းသွင်းနိုင်သကဲ့သို့ သူ၏ သားတော်ဖြစ်သူ အနောက်ဘက်လွန်မင်း(အေဒီ ၁၆၀၅- ၁၆၂၈) လက်ထက်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ယွန်း သျှမ်းပြည်ဖြစ်သော ဇင်းမယ်(ချင်းမိုင်> Chiang Mai)ပြည်အထိ ပြန်လည်သိမ်းပိုက်ခဲ့သည်။ အနောက်ဘက်လွန် မင်းသည် ‌နောင်တွင် သာလွန်မင်း (အေဒီ၁၆၂၉-၁၆၄၈)ဟု ထင်ရှားလာမည့် ညီတော်သတိုးဓမ္မရာဇာကို ကျိုင်းတုံနယ်၊ ကျိုင်းရုံးကြီး(ဆစ်ဆောင်ပန္နား)နယ်၊ ကျိုင်းခေါင်း(လက်ရှိ လာအိုနိုင်ငံရှိ Xieng Chouang)နယ်အထိ ချီတက်သိမ်းယူထားစေခဲ့သည်။ ဤအခြေအနေကို ကြည့်လျှင် မင်အင်ပါယာထံ အချိန်အခါအရ ပဏ္ဏာဆက်ကြရသည့် သျှမ်းပြည်များအပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံအတွင်းရှိ သျှမ်းပြည်များမှာ အင်းဝကို ဗဟိုပြုထားသည့် ညောင်ရမ်းမင်းဆက်အပေါ် ပြန်လည်သစ္စာခံကြရသည်ကို တွေ့ရသည်။ ထိုသစ္စာခံမှုများကပင် မင်အင်ပါယာ၏ အထိမ်းအကွပ်မရှိတော့ဘဲ တစစပြိုကွဲလာနေမှုကို ဖော်ပြနေပါသည်။

သို့သော် ညောင်ရမ်းမင်းဆက်၏ စစ်ရေး၊ နိုင်ငံရေးဩဇာကို အမြင့်ဆုံး တည်ဆောက်နိုင်မှုသည်လည်း သာလွန်မင်းလက်ထက်အထိသာ ရှိခဲ့သည်။ သာလွန်မင်းနတ်ပြည်စံပြီးနောက် နန်းတက်လာသော သားတော် ပင်းတလဲမင်း(အေဒီ၁၆၄၈-၁၆၆၁)လက်ထက်တွင် နိုင်ငံသည် ပြည်ပကျူးကျော်စစ် များကြောင့် ပြည်တွင်းမငြိမ်သက်မှုမှာ အဆိုးဝါးဆုံးဖြစ်လာခဲ့သည်။ ထိုကဲ့သို့သော ပြည်ပ ကျူးကျော်စစ်ကို အစပြုခဲ့သူမှာ တောင်ပိုင်းမင်အင်ပါယာ ဘွဲ့ခံ၍ မန်ချူး(Qing)တပ်များကို ပြန်လည်တိုက်ခိုက်နေသူ ရုံလီဧကရာဇ်(Yongli)ဖြစ်ပေသည်။ ရုံလီဧကရာဇ် (Yongli)သည် မန်ချူး(Qing)တပ်များ၏ ထိုးစစ်ကြောင့် ယူနန်နယ်အတွင်း ဆုတ်ခွာလာရပြီး ယခင်မင်အင်ပါယာ၏ သြဇာခံပြည်ထောင်များ ဖြစ်ခဲ့သော မိုင်းမော(Mueng Mao)၊ စည်ခွင်(Mueng Kwng)၊ သိန္နီ၊ ကိုင်းမား(Gengma)၊ ကျိုင်းရုံးကြီး(Xishuangbanna)စသည့် သျှမ်းပြည်များထံသို့ ပဏ္ဏာဆက်သရန် တောင်းခံလာခဲ့ရာ ပင်းတလဲမင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။

ကနဦးတွင် ပင်းတလဲမင်းသည် ရုံလီဧကရာဇ်(Yongli)၏ ကျူးကျော်မှုကို ခုခံရန် သိန္နီ၊ မိုင်းမော(Mueng Mao)နှင့် ကျိုင်းရုံးကြီး(Xishuangbanna)သို့ တပ်များပို့၍ ထိပ်တိုက်ရင်ဆိုင်စေခဲ့သည်။ ရုံလီဧကရာဇ်(Yongli)အနေဖြင့် မန်ချူး(Qing)တပ်များကို ခုခံရသကဲ့သို့ ပင်းတလဲမင်း၏ အင်းဝမှစေလွှတ်လိုက်သော မြန်မာတပ်များကို ပြန်လည်ခုခံနေရလျှင် စစ်နှစ်ဘက်ညှပ်ခံရမည့်ဘေးကို တွေးဆမိခဲ့ဟန်တူပါသည်။ ထို့အတူ အင်အားကြီးမားသော မန်ချူး(Qing)တပ်များ၏ ထိုးစစ်ကို ရေရှည်တွင် ခုခံနိုင်ရန် ခက်ခဲသည်ဟူ၍လည်း သိမြင်ခဲ့ဟန်တူပါသည်။ ထို့ကြောင့် ပင်းတလဲမင်း၏ လက်အောက်ခံဖြစ်သူ ဗန်းမော်စော်ဘွားကတဆင့် ဆက်သွယ်၍ ပင်းတလဲမင်း၏ ညောင်ရမ်း နိုင်ငံတော်(အင်းဝ)အတွင်း နိုင်ငံရေးခိုလှုံခွင့်ကို တောင်းခံခဲ့ရသည်။ ဤသို့ဖြင့် ပင်းတလဲမင်း၏ ခွင့်ပြုချက်အရ ရုံလီဧကရာဇ်(Yongli)သည် နောက်လိုက်(၇၀၀)ကို ခေါ်ဆောင်ကာ ဗန်းမော်စော်ဘွား၏ အကူအညီဖြင့် မြန်မာပြည်အတွင်း ဝင်ရောက်ခိုလှုံခဲ့ပြီး စစ်ကိုင်းမြို့ရှိ ဆင်များရှင်စေတီ၏ အနောက်ဘက်တွင် သီးသန့်နေရာချထားကာ နေထိုင်ခွင့်ရရှိခဲ့သည်။

ထိုကဲ့သို့ ဖြစ်ပျက်နေသည့်အချိန်တွင် ကိုးကန့်နယ်၏ နယ်ရှင်ဖြစ်လာမည့်သူများ၏ ဘိုးဘေးဖြစ်သူ ရန် ကောင်းရွယ်မှာ ယူနန်ပြည်နယ်အတွင်းရှိ ရွှင်နင်မြို့(Shunning)မြို့သို့ ရောက်ရှိနေပါသည်။ သူသည် မင်မင်းဆက် အပေါ် အလွန်သစ္စာရှိသူဖြစ်ပြီး မင်ဧကရာဇ်အပေါ် သစ္စာခံသော တပ်ဖွဲ့များနှင့်အတူ နန်ကျင်းမြို့တော်မှ ယူနန်ပြည်နယ်၊ တာလီမြို့တော်အထိ လိုက်ပါလာခဲ့သူ ဖြစ်ပါသည်။ သို့သော် တာလီမြို့တော်မှ ရွှင်နင်မြို့(Shunning)မြို့သို့ ရောက်သောအခါ လက်ဖက်ခြောက်ကုန်သည်၏ သမီးဖြစ်သူနှင့် လက်ထပ်ပြီးနောက် ရုံလီဧကရာဇ်(Yongli) နောက်သို့ ဆက်မလိုက်တော့ပါချေ။ သူတို့ဇနီးမောင်နှံတွင် ယန်ယင်းနှင့် ယန်ကျင်းဟူသော သားနှစ်ယောက် ထွန်း ကားခဲ့သည်။ ရန်ကောင်းရွယ်သည် သားနှစ်ယောက် အရွယ်ရောက်သည်အထိပင် မင်ဧကရာဇ်အပေါ် သစ္စာရှိခဲ့ ဟန်တူပါသည်။ သားများအပေါ်တွင်လည်း မင်ဧကရာဇ်အပေါ် သစ္စာရှိရန် ဆိုဆုံးမပေလိမ့်မည်။ ထို့ကြောင့်ပင် သားဖြစ်သူ ယန်ယင်းနှင့် သူ၏ဇနီးတို့မှာ မင်ဧကရာဇ်အပေါ် သစ္စာရှိသူများအဖြစ် မန်ချူး(Qing)တပ်များ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရသည့်အခါ သား(၃)ယောက်ကို ခေါ်ဆောင်ကာ သိန္နီစော်ဘွားနယ်ဖြစ်သော ကိုးကန့်ဒေသသို့ တိမ်းရှောင်လာခဲ့ရပေသည်။ ၄င်းသားသုံးယောက်၏ အမည်များမျာ ယန်ဖူချိုင်၊ ယန်စိန်းချိုင်နှင့် ယန်ကောင်းချိုင် တို့ ဖြစ်ကြသည်။ ထိုသား(၃)ဦးအနက် ယန်စိန်းချိုင်သည် စွမ်းရည်သတ္တိနှင့် ပြည့်စုံပြီး ကိုးကန့်နယ်အတွင်း ယန် မိသားစု အုပ်ချုပ်ရေးကို စတင်ခဲ့သူအဖြစ် ထင်ရှားလာခဲ့ပါသည်။

ယခုအပတ်တွင် ကိုးကန့်နယ်ရှင်မိသားစု၏ ကနဦးဖြစ်သော ယန်ကောင်ရွယ်၏ ရုံလီဧကရာဇ်(Yongli) နှင့်အတူ နန်ကျင်းမှ ယူနန်နယ်အထိ လိုက်ပါလာခဲ့ပုံကို ဖော်ပြလိုက်ပါသည်။ ထိုသို့ဖော်ပြရာတွင် အဓိကလိုအပ်သော မင်အင်ပါယာပြိုကွဲမှုအခြေအနေနှင့် ‌ညောင်ရမ်းခေတ်၊ အင်းဝနိုင်ငံ(မြန်မာပြည်) အတွင်းသို့ ရုံလီဧကရာဇ်(Yongli) ဝင်ရောက်ခိုလှုံလာပုံကိုပါ သိမြင်သာအောင် တွဲဖက်ဖော်ပြ လိုက်ပါသည်။ လာမည့်အပတ်အတွင် ရုံလီဧကရာဇ် (Yongli)၏ ကံကြမ္မာ၊ မင်တရုတ်တပ်ဖွဲ့နှင့် မန်ချူး(Qing)တပ်ဖွဲ့တို့၏ ပဋိပက္ခဇုံအတွင်း ရောက်ရှိသွားခဲ့သည့် ညောင်ရမ်းခေတ်နှင့် ကိုးကန့်နယ်တွင် ယန်မိသားစု အင်အားကြီးမားလာပုံကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။ ။

********************************************************

ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်း အခန်း(၁)၊ ပထမပိုင်း နှင့် ဒုတိယပိုင်းအား ပြန်လည်ဖတ်ရှုလိုပါက အောက်ပါလင့်ခ်ထဲသို့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

အခန်း(၁)၊ ပထမပိုင်း
https://www.facebook.com/share/p/1EuiE6S2oM/

အခန်း(၁)၊ ဒုတိယပိုင်း
https://www.facebook.com/share/p/1ByR7fNFCM/

Maha SiLa Vilavong
(Maha SiLa Vilavongသည် သျှမ်းနိုင်ငံရေးသမိုင်းဆိုင်ရာ မှတ်တမ်းများကို ရေးသားလျက်ရှိသည့် သမိုင်းသုတေသီ တစ်ဦးဖြစ်ပါသည်။)

ကျမ်းကိုး-

1. ကျော်သက်၊ ဒေါက်တာ။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း(ဒုတိယအကြိမ်)။ ၂၀၁၅။ ရတနာပုံစာအုပ် တိုက်။ ရန်ကုန်။

2. ခွန်လှိုင်း။ ကိုးကန့်သမိုင်းထဲက ယန်မျိုးနွယ်(မထင်မရှား နယ်စပ်ဒေသတစ်နေရာကို ကာကွယ်ခဲ့သူများ)။ (Yang Li(Jackie Yang) THE HOUSE OF YANG: GUARDIANS AN UNKNOWN FRONTIER)။ ရန်ကုန်၊ ယဉ်မျိုးစာပေ။ ၂၀၁၆။

3. ထွန်းညို၊ ဦး၊ မဟာစည်သူ။ တွင်းသင်းတိုက်ဝန်။ မဟာရာဇဝင်သစ်၊ (ညောင်ရမ်းဆက်) တတိယတွဲ။ ဒုတိယအကြိမ်။ ၂၀၀၆။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

4. Dardess, John W, Ming Chian, 1368-1644, Rowman & Littlefield Publishers, Inc, 2012.

5. Jeremiah Jenne, The Refugee Emperor, LOS ANGELES REVIEW BOOK, CHINA CHANNEL, 2019.

6. Lin Tiejun 林鐵鈞 (1992). "Nanming 南明", in Zhongguo da baike quanshu 中國大百科全書, Zhongguo lishi 中國歷史 (Beijing/Shanghai: Zhongguo da baike quanshu chubanshe), Vol. 2, 726.

7. Myint Myint Kyu, The Rise of the Chinese Minority the New Neo-Liberal State?, 2016.

8. Sai Kham Mong, KOKANG AND KACHIN IN THE SHAN STATE( 1945- 1960), Bangkok: Institute of Asian Studies, Chulalongkorn University, 2025.

9. Sai Kham Mong, Selected Writings of Sai Kham Mong, Volume- I, Tri Awards Co., Ltd, 2023.

10. Sai Aung Tun, HISTORY OF THE SHAN STATE: FROM ITS ORIGINS TO 1962, SILKWORM BOOKS, 2009.

11. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE, Part- I, Vol- I, Superintendent, Government Printing Press, 1901.

12. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE, Part- II, Vol- I, Superintendent, Government Printing Press, 1901.

13. Zhiding Hu & Victor Konrad (2017): In the Space between Exception and Integration: The Kokang Borderlands on the Periphery of China and Myanmar, Geopolitics, DOI: 10.1080/14650045.2017.1306777


မြန်မာနိုင်ငံထဲ တိမ်းရှောင်နေတဲ့ ထိုင်းအလိုရှိ မူးယစ်ဂိုဏ်းခေါင်းဆောင်တွေကို ခြေရာခံဖမ်းဆီးပေးဖို့ ထိုင်းတောင်းဆို27 Jul...
27/07/2026

မြန်မာနိုင်ငံထဲ တိမ်းရှောင်နေတဲ့ ထိုင်းအလိုရှိ မူးယစ်ဂိုဏ်းခေါင်းဆောင်တွေကို ခြေရာခံဖမ်းဆီးပေးဖို့ ထိုင်းတောင်းဆို

27 July 2026

မြန်မာနိုင်ငံအတွင်းသို့ တိမ်းရှောင်နေတဲ့ ထိုင်းဘက်အလိုရှိသူ မူးယစ်ဆေးဝါးကွန်ယက် ခေါင်ဆောင် တွေကို ခြေရာခံဖမ်းဆီးပေးဖို့ ထိုင်းလုံခြုံရေးဆိုင်ရာအဖွဲ့က မြန်မာကို တောင်းဆိုလိုက်တာဖြစ်တယ်လို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်းတရားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး ပိုင်ဘွန်ခွမ်ချာယာ ဦးဆောင်ပြီး ဒုရဲချုပ် အပါအဝင် ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ တာဝန်ရှိသူများလိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်သို့ လာရောက်ချိန်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက တင်သွင်းတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ဓာတုကုန်ကြမ်း တွေကို စက်မှုလုပ်ငန်းတွေမှာ မှန်ကန်စွာ အသုံးပြုခြင်းရှိ၊ မရှိ စစ်ဆေးပေးဖို့နဲ့ ထိုင်း-မြန်မာ နယ်စပ်မှ တစ်ဆင့် ဓာတုကုန်ကြမ်းတွေကို တရားမဝင် သယ်ဆောင်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုအတွက် အသုံးပြုနေတာကို တားဆီးပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဘက်က အဆိုပြုတောင်းဆိုချက်တွေကို မြန်မာဘက်က သဘောတူလက်ခံတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ ထိုင်းဘက်မှ မြန်မာကို လေ့ကျင့်သင်ကြား ပေးဖို့နဲ့ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီတဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးကိရိယာတွေ ထောက်ပံ့ပေးဖို့ ထိုင်းကို မြန်မာဘက်က ပြန်လည်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းကိုယ်စားလှယ်အဖွဲ့တွေဟာ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုဝန်ကြီး ဗိုလ်မှူးချုပ် မင်းသူ၊ ဒုရဲချုပ်နဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မွန်းလွဲပိုင်းမှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒုစစ်ခေါင်းဆောင်ဟောင်း စိုးဝင်းနဲ့ ကောင်စီဝင်တွေကိုလည်း တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအပြီးမှာ နှစ်ဖက်စလုံးက သတင်းအချက်အလက်တွေကို အနီးကပ် ဖလှယ်နိုင်ဖို့နဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံတွေ ခန့်အပ်သွားမယ်ဆိုတဲ့အကြောင်း သဘောတူညီခဲ့ကြတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။


Photo - Khaosod

ချင်းမိုင်မှာ HIV ကူးစက်ခံရသူ ၂၃,၉၀၀ ဦး ရှိလာပြီး စောင့်ကြည့်စာရင်းအဖြစ် ဆက်လက်ပါဝင်နေ27 July 2026ထိုင်းနိုင်ငံ၊ ချင်းမိ...
27/07/2026

ချင်းမိုင်မှာ HIV ကူးစက်ခံရသူ ၂၃,၉၀၀ ဦး ရှိလာပြီး စောင့်ကြည့်စာရင်းအဖြစ် ဆက်လက်ပါဝင်နေ

27 July 2026

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ဟာ HIV ကူးစက်ပျံ့နှံ့မှုကို အနီးကပ်စောင့်ကြည့်ရမယ့် ပြည်နယ်တွေထဲမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

နောက်ဆုံးရ ကိန်းဂဏန်းများအရ ချင်းမိုင်မှာ HIV ပိုး ကူးစက်ခံရသူ စုစုပေါင်း ၂၃,၉၀၀ ဦးအထိ ရှိလာပြီး အသစ်ထပ်တိုးလာသူ ၇၀၀ ဦး ပါဝင်ကာ ၎င်းမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကူးစက်ခံရသူ (၂)ဦးနှုန်းတွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။

ကူးစက်ခံရသူတွေဟာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ် အများစုဖြစ်ကြပြီး ကူးစက်ခံရသူ တွေထဲက တစ်ဝက်ကျော်ရှိတယ်လို့ ဖော်ပြထားပြီး အဓိကအကြောင်းရင်းမှာ သိလိုစိတ် ပြင်းပြတာ၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမမီနိုင်တာ၊ ကျောင်းများအတွင်း ပညာရေး၊ ကျန်းမာရေး အသိပညာပေးစနစ်တွေ လုံလောက်စွာ မပါဝင်သေးတာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသားလူငယ်များအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တိုင်းရင်း သား လူနည်းစု အသိုက်အဝန်းတွေမှာ HIV နဲ့ အခြားသော လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပွားနှုန်းမှာ အခြားအုပ်စုတွေထက် ပိုမိုမြင့်မားသော်လည်း ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ကန့်သတ်ချက် များစွာ ရင်ဆိုင်နေရတာကြောင့် ရောဂါကို စောစီးစွာ စစ်ဆေးကုသမှုခံယူဖို့ အခက်အခဲဖြစ်စေတယ်လို့ ကျန်းမာရေးအရာရှိတွေကို ပြောဆိုထားပါတယ်။

ချင်းမိုင်ပြည်နယ်အတွင်း ကာကွယ်ရေးလုပ်ငန်းတွေကို မြင့်တင်ဖို့နဲ့ လျင်မြန်စွာ ကုသပေးနိုင်ဖို့အတွက် ခရိုင်အဆင့် AIDS တိုက်ဖျက်ရေးကော်မတီများ ဖွဲ့စည်းသွားဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


Ref: Thai PBS
Photo - Internet

Address

Tachileik
50200

Alerts

Be the first to know and let us send you an email when Hsan Loi Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hsan Loi Voice:

Shortcuts

Share