Jŭst You - TAMU

Jŭst You - TAMU တမူးခရိုင်သတင်းနှင့်အခြားသတင်းမှန်များ?

KNO/KNA-B နဲ့ TCA/TDA မဟာမိတ်ဖွဲ့ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ပူးတွဲထုတ်ပြန်===========JY ၆ ၊၃၊၂၀၂၅။ကူကီးအမျိုးသားတပ်မတ...
06/03/2025

KNO/KNA-B နဲ့ TCA/TDA မဟာမိတ်ဖွဲ့ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ပူးတွဲထုတ်ပြန်
===========

JY ၆ ၊၃၊၂၀၂၅။

ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)နဲ့ ထာဒိုလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ရက်နေ့က ပူတွဲသဘောထား ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၂၆ရက်နေ့က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တစ်နေရာမှာ နှစ်ဖက်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမျိုးသားရေးဆောင်ရွက်ရာမှာ တူညီတဲ့သ‌ဘောထား ရည်မှန်းချက်ရှိသူတွေဖြစ်တာ‌ကြောင့် ခွဲခြားမှုမရှိဘဲ နှစ်ဖွဲလုံးသဘောတူ ပူးပေါင်းလိုက်တာလို့ ဖော်ပြထားပါတယ်။

"ထာဒို၊ ကူကီးတစ်မျိုးသားလုံး သိအောင် အခုလိုထုတ်ပြန်ထားတာ" လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့ကြောင့် ထားဒို၊ ကူကီးတစ်မျိုးသားလုံးအနေနဲ့ ခွဲခြားမှုမရှိဘဲကူညီပံ့ပိုးမှုများတွင်အတူတကွ ပူးပေါင်းကူညီကြဖို့လိုပါတယ်။ ဒါပြင်လူငယ်လူရွယ်များအ‌နေနဲ့ လည်း ခွဲခြားမှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)နဲ့ ထာဒိုလက်နက်ကိုင်တပ်ဖွဲ့ဟာ ၂၀၂၁စစ်တပ်အာဏာသိမ်းပြီးနောက် တမူးမြို့နယ် တော်လှန်‌ရေးအင်အားစုများနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တော်လှန် တိုက်ခိုက်အဖွဲ့‌တွေ ဖြစ်ပါတယ်။

အခုလို နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ မဟာမိတ်ဖွဲ့ ပူပေါင်းလိုက်တာဟာ ကြိုဆိုရမှာဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။

ထာဒို၊ ကူကီးတိုင်းရင်းသားမျိုးနွယ်စုများဟာ စကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်နဲ့ အခြားဒေသတွေမှာ ပျံနှံနေထိုင်ကြတာဖြစ်ပါတယ်။

သတင်း - စနေသား
Source Zalen

Address

Tamu

Website

Alerts

Be the first to know and let us send you an email when Jŭst You - TAMU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share