AUNG MIN GALA Monastery TY

AUNG MIN GALA Monastery TY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AUNG MIN GALA Monastery TY, Magazine, Tangyan.

ကိုရင် ရှိရင် ရွှေကျောင်းကိုရင် မရှိရင် သစ်ခေါင်း▀▀▀▀▀▀▀▀▀▀▀▀❝ရှင်မနေ ရွှေကျောင်း သစ်ခေါင်းခေါ်ရာ❞❝ရှင်သာနေကျောင်းပင်ဟော...
21/11/2025

ကိုရင် ရှိရင် ရွှေကျောင်း
ကိုရင် မရှိရင် သစ်ခေါင်း
▀▀▀▀▀▀▀▀▀▀▀▀

❝ရှင်မနေ ရွှေကျောင်း
သစ်ခေါင်းခေါ်ရာ❞

❝ရှင်သာနေကျောင်းပင်ဟောင်း ရွှေကျောင်းခေါ်ရာ❞

❝ရှင်မနေ ရွှေကျောင်း သစ်ခေါင်းခေါ်ရာ❞ တဲ့။

ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဋ္ဌာနေမှာ
ကိုယ်နေထိုင်သီတင်းသုံးနေတဲ့ကျောင်းကတော့
ခန့်ညားထည်ဝါပါပေရဲ့သို့သော်လည်း
ကိုယ့်နေရာ နဲ့ ကိုယ့်သာသနာအတွက်။လက်ဆင့်ကမ်းပြီးထမ်းရွက်စေသွားနိုင်ဖို့ မျိုးစေ့ဆိုတဲ့ သာမဏေ/ရဟန်း တစ်ပါးတလေ
မွေးထုတ်ပေးနိုင်စွမ်းရှိမနေလျှင်၊
ကြိုးပန်းမှုရှိမနေလျင်၊အဲဒီကျောင်းထိုင်ဘုန်းကြီးသီတင်းသုံးနေတဲ့ကျောင်းတိုက်ကြီးက ရွှေကျောင်းကြီးပင်ဖြစ်လင့်ကစား အမှောင်အတိဖုံးလွှမ်းနေတဲ့သစ်ခေါင်းကြီးထဲမှာ နေထိုင် ဘုဉ်းပေးကျိန်းစက်နေရပြီးတော့ သေရမည့်နေ့ရက်တွေကိုစောင့်နေရတာနဲ့
အတူတူပါပဲတဲ့လေ။

❝ရှင်သာနေ ကျောင်းပင်ဟောင်း ရွှေကျောင်းခေါ်ရာ❞ တဲ့။

ဘုဉ်းပေးရတာက "ဆွမ်းကြမ်း"
ကျိန်းစက်ရတာ "ဝါးကြမ်း"
သီတင်းသုံးရတာက "ဝါးတန်း" ဖြစ်ပါစေဦး လသာတဲ့အခါ "သွပ်ပေါက်"ကမြင်ရလို့ဖြစ်ဖြစ်
မိုးရွာတဲ့အခါ "ပြောင်းအိပ်ရ"လို့ပဲဖြစ်ဖြစ်လမ်းလျှောက်တဲ့အခါ "ကြမ်းပေါက်ပဲကျွန်ကျွန်"။သာသနာတစ်ခေတ်ဆန်းဖို့ ရှင်သာမဏေ မွေးထုတ်တန်း စာရင်းကောက်တဲ့အခါ
လက်ဆင့်ထမ်းမယ့် သာမဏေ/ရဟန်းများ ရှိနေခဲ့ပါလျင် ထိုကျောင်းတော်လေးဟာ ရွှေကျောင်းကြီးပါပဲတဲ့။

မျက်မှောက်ယနေ့သာသနာမှာစစ်တမ်းအနေနဲ့ကောက်ကြစမ်းဆိုရင် သာသနာတော်ကနေရဟန်း/သာမဏေတွေ ထွက်ထွက်နေကြတာက "ဆင်"လောက်။

သာသနာ့ဘောင်အတွင်းကို ရောက်ရောက်လာတဲ့ ရဟန်း/သာမဏေစာရင်းက "ခြင်"လောက်ပဲရှိပါတယ်။

ဒါ့ကြောင့် တောနေကျောင်းထိုင်ဘုန်းကြီးတွေ
မြို့နေကျောင်းထိုင်ဘုန်းကြီးတွေ
နောင်လာသာသနာအတွက် ❝ဆင်"ခြင်❞ပြီး
လုံ့လအားတွေထုတ်ဖို့လိုအပ်လာပါပြီ။

တစ်ခါက ဆရာတော်ကြီးတစ်ပါး ကျောင်းထိုင်ရဟန်းတွေစုံညီတဲ့ပွဲတစ်ခုမှာ။
အရှင်ဘုရားတို့၊အရှင်ဘုရားတို့သေရင် အရင်ဘုရားတို့ရဲ့အလောင်းကိုထမ်းကြမည့်
တပည့်ရဟန်း/သာမဏေတွေရှိနေကြပီလားတဲ့။

စကားချက်= [ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး
ပျံလွန်တော်မူရင် သူ၏တပည့် ရဟန်း သာမဏေ/များကထမ်းပင့်ကြ၍
သင်္ဂြိုဟ်သောနေရာ "သို့" အခေါင်းထဲသို့
နောက်ဆုံးပူဇော်ခြင်းဖြင့် ပင့်ဆောင်ပြီး ပူဇော်ကန်တော့ကြရပါသည် ]

အေး …အေး … မရှိသေးဘူးဆိုရင်
ကြိုးစားပြီးမွေးထုတ်ကြဦး
တော်ကြာကိုယ်သေမှဖြင့် ကိုယ့်အလောင်းကို
ထမ်းမည့် တပည့်တစ်ပါးတောင် ရှိမနေရင် သာသနာမှာလည်း ရှက်စရာကြီး ကိုယ်သေသွားခဲ့ရင်လည်း ရှက်စရာကြီးကွတဲ့။

ဒါ့ကြောင့် …
ရှင်"မရှိတဲ့ ❝သစ်ခေါင်း❞ကျောင်းကို ပြုပြင်ကြ၍
ရှင်"ရှိတဲ့ ❝ရွှေကျောင်း❞တော်ကို ဖန်ဆင်းကာ
သစ်ခေါင်းဆရာတော် မဖြစ်ကြစေပဲ ရွှေကျောင်းဆရာတော်များ ဖြစ်နိုင်ကြပါစေ ဆန္ဒရှေ့ထားဆုတောင်းမွန်ဖြင့် ……

ရှင် မရှိရင် သစ်ခေါင်း
ရှင် ရှိရင် ရွှေကျောင်း

Credit -ဓမ္မ ဖေါက်သည်။

အိမ်လည်တဲ့ရဟန်း9.11.2025စာပေမှာတော့ ကုလူပကရဟန်းလို့ခေါ်တယ် ။အိမ်ကပ်တဲ့အိမ်လည်တဲ့ရဟန်းပေါ့။အရှင်ဘုရားတို့ဒီကျောင်းမှာနေရင...
18/11/2025

အိမ်လည်တဲ့ရဟန်း
9.11.2025
စာပေမှာတော့
ကုလူပကရဟန်းလို့ခေါ်တယ် ။
အိမ်ကပ်တဲ့အိမ်လည်တဲ့ရဟန်းပေါ့။
အရှင်ဘုရားတို့
ဒီကျောင်းမှာနေရင်
ဒီကစည်းကမ်းအတိုင်းနေကြပါဘုရား။

အကြောင်းမရှိ အကြောင်းရှာပြီး
ရွာထဲဆင်းပြီး
ရပ်ထဲရွာထဲ ဒကာဒကာမအိမ်တွေ
မလည်ကြပါနဲ့ဘုရား။

အိမ်လည်တဲ့ရဟန်းဟာ
ရင်းနှီးလာတော့
ဟိုဟာအလှုခံ ဒီဟာအလှုခံနဲ့
အကြည်ညိုပျက်တတ်တယ်။
အလှုခံလို့မလှုနိုင်ရင်လည်း
ဒကာဒကာမတွေကို
နှိပ်စက်ညှင်းဆဲသလိုဖြစ်တယ်။
အကြည်ညိုပျက်တတ်တယ်
(ပင်ကိုယ်)က မကြည်ညိုသေးချင်နေမယ်
အကြည်ညိုမပျက်သေးဘူး။
ကိုယ်ကအဝင်အထွက်များပြီး
အသေးအဖွဲကစပြဿနာဖြစ်လာရင်
အကြည်ညိုပျက်သွားပြီ
အကြည်ညိုပျက်သွားရင်
ပြန်ကြည်​ညိုအောင်လုပ်လို့မရတော့ဘူး။
ကျောင်းမှာ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်
ရဟန်းကျင့်ဝတ်နဲ့အညီနေရင်
ဘာမျှပြဿနာမရှိဘူး။

ပြီးတော့
ရဟန်းနဲ့မအပ်စပ်တဲ့
သူတို့မိသားစုတွေရဲ့
ကိစ္စတွေမှာ ဝင်ပါတတ်ကြတယ်။

နောက်ပြီး တိုးတိုးတိုးတိုးနဲ့
ကျောင်းကသံဃာတွေရဲ့
အပြစ်ကိုရှာပြီး
ဟိုအိမ်ဝင်အတင်းပြော
ဒီအိမ်ဝင်အတင်းပြောနဲ့
အတင်းတွေဘဲလိုက်ပြောတတ်တယ်။
သူ့ကိုသာကြည်ညိုစေ
ကျန်သံဃာကိုမကြည်ညိုစေနဲ့ပေါ့။

မသိနားမလည်တဲ့
ဒကာဒကာမတွေကလည်း
သူတို့နဲ့ရင်းနှီးတဲ့ကိုယ်တော်ပြောတာကို
ယုံလွယ်ပြီး သံဃာကို
အကြည်ညိုတန်ပြစ်မှားတတ်ကြတယ်။

အိမ်တိုင်ယာရောက်
အကုသိုလ်တွေ သယ်ပေးတာကို
မရိပ်မိကြဘူး။
အိမ်လည်တာဟာ
အကုသိုလ်တွေအိမ်သယ်သွားတာပါ။

အမှိုက်ကစပြဿာဒ်မီးလောင်တဲ့။
နောင်တော့သံဃာသင်းကွဲ
ဒကာတွေကွဲတဲ့အထိဖြစ်တတ်တယ်။
အကုသိုလ်နော်သတိထားကြ။
အိမ်မလည်ကြနဲ့ ။
အရောတဝင် မနေထိုင်ကြနဲ့။
ရှက်တတ်ကြပါဘုရား။

***မြတ်စွာဘုရားလက်ထက်တော်အခါက
သာဝတ္ထိမြို့နဲ့မနီးမဝေးရွာတစ်ရွာမှာ
အိမ်ကပ်တဲ့ရဟန်းကို ဒကာက
ကြည်ညိုပြီး
ကျောင်းဆောက်ကိုးကွယ်တယ်။
နောင်တချိန်မှာ
ကြည်ညိုဘွယ်ကောင်းတဲ့
အာဂန္တုရဟန်းတွေကြွလာကြတယ်။
ဒကာဒကာမတွေက
ကြည်ညိုလှုဒါန်းကြတယ်။

ထိုအခါ
အိမ်ကပ်တဲ့ကုလူပကရဟန်း
ကျောင်းထိုင်ဘုန်းကြီးဟာ
ဣဿာမနာလိုဖြစ်ပြီး
အာဂန္တုရဟန်းတို့ရဲ့အပြစ်ကိုရှာကြံပြော
သူ့ကျောင်းဒကာကိုသင်ပေးတယ်။
အာဂန္တုရဟန်းတွေကို
ဆဲရေးတိုင်းထွာခိုင်းတယ်။
သေတော့ကျောင်းဘုန်းကြီးက
ကျောင်းဝိုင်းထဲက
အများသုံးအိမ်သာကျင်းထဲမှာ
ပြိတ္တာဖြစ်နေတယ်။
ကျောင်းဒကာလည်းသေတော့
အဲဒီအိမ်သာကျင်းထဲမှာဘဲ
ပြိတ္တာဖြစ်နေပြန်တယ်။
ကျောင်းဒကာပြိတ္တာက
အများစွန့်လိုက်တဲ့မစင်ကိုစားနေရပြီး
ကျောင်းဒကာစွန့်လိုက်တဲ့မစင်ကို
ကျောင်းထိုင်ဘုန်းကြီးပြိတ္တာက
နှစ်ပြန်ကြော်မစင်ကိုစားနေရတယ်။
***နောက်တစ်ကျောင်းက
ကျောင်းအမကြီးစွန့်လိုက်တဲ့မစင်ကို
ကျောင်းထိုင်ဘုန်းကြီးက
နှစ်ပြန်ကြော်စားနေရတယ် လို့
ပေတဝတ္ထုအဋ္ဌကထာမှာလာရှိတယ်။
ကျောင်းဒကာပြိတ္တာကအထက်
ဘုန်းကြီးပြိတ္တာကအောက်က
ကျောင်းဒကာမပြိတ္တာကအထက်
ကျောင်းဘုန်းကြီးပြိတ္တာက အောက်နေရတယ်သတိထားကြပါဘုရား။
ဒါကြောင့်
အရှင်ဘုရားတို့
လာဘ်လာဘ ဘာညာကြောင့်
အိမ်မလည်ကြနဲ့။
အိမ်လည်ရင်အတင်းပြောတာက
ပါလာတော့မယ်။
ကျောင်းသံဃာတော်တွေက
စာသင်စာချအလုပ်တွေလုပ်နေကြတယ်။
ဘယ်သံဃာကိုမျှ
ဒကာဒကာမကိုမျှ မပြစ်မှားကြဘူး။
သံဃာ့ဂုဏ်နဲ့အညီနေကြတယ်။
သံဃာကိုပြစ်မှားရင်
အပြစ်အင်မတန်ကြီးတယ်နော်။
သတိထားကြ
သံဝေဂလည်းပွားများကြပါဘုရား
သာဓု---- သာဓု----- သာဓု

(လွန်ခဲ့သောနှစ်လေးဆယ်က
ဓမ္မဒူတဆရာတော်ကြီး၏ သြဝါဒ)
အံ၂။ ကုလူပကသုတ္တံ။၁၂၀
သံ။၁။၄၀၃။
ပေတဝတ္ထုဋ္ဌ။၂၄၉

ဖြစ်ချင်ဦးဟဲ့ ဆရာမ.....ဆရာ ဆရာမတွေ အလုပ်ထွက်ချင်ရခြင်းများစွာထဲမှ နောက်ကွယ် ဖြစ်ရပ်မှန်တစ်ခု သို့မဟုတ် မြန်မာပြည်၏ဆုတ်က...
21/09/2025

ဖြစ်ချင်ဦးဟဲ့ ဆရာမ.....

ဆရာ ဆရာမတွေ အလုပ်ထွက်ချင်ရခြင်းများစွာထဲမှ နောက်ကွယ် ဖြစ်ရပ်မှန်တစ်ခု သို့မဟုတ် မြန်မာပြည်၏ဆုတ်ကပ်။

ကျွန်မတို့ငယ်ငယ်က ကျောင်းသား ကျောင်းသူအများစုဟာ ဆရာ ဆရာမဆိုတဲ့အသံကို ကြားတာနဲ့တင် ရိုသေရမှန်း ကြောက်ရမှန်းသိပါတယ်။ ဆရာမ ရှေ့တင်မဟုတ် နောက်ကွယ်မှာတောင် မဟုတ်တာမလုပ်ရဲတဲ့အထိ ဆရာဆရာမအပေါ် ချစ်ကြောက်ရိုသေကြပါတယ်။ ကျောင်းပြင်ပပတ်ဝန်းကျင်မှာ ကိုယ့်ကို သင်ဖူးတဲ့ ဆရာ ဆရာမ မဟုတ်ရင်တောင် အဖြူအစိမ်းဝတ် ဆံထုံးထုံးထားတာမြင်တာနဲ့ လက်အုပ်ချီ ခေါင်းငုံ့လျက် မင်္ဂလာပါဆရာမလို့ ရိုရိုကျိုးကျိုး နှုတ်ဆက်တတ်ကြပါတယ်။ ဆရာမကို စကားတစ်ခွန်းပြောဖို့အတွက် စကားမှားသွားတာစိုးလို့ အတန်တန်ဆင်ခြင်ပြီးမှ ပြောသင့်မှ ပြော၊ မေးသင့်မှ မေးခဲ့ကြပါတယ်။ ဆရာမက တစ်ခွန်းဆို တစ်ခွန်း ဘာမှ စောဒဂ မတက်ဘဲ ဆရာမ ကိုယ့်အပေါ် စိတ်မကွက်အောင် မျက်နှာ တစ်ချက်မညှိုးအောင် နေခဲ့ကြပါတယ်။ ဆရာ ဆရာမကို ကိုယ့်မိဘထက် ရိုသေပါတယ်။ အိမ်မှာ အဖေ အမေကိုသာ တစ်ခွန်းမကျန် ပြန်ပြောမိရင် ပြန်ပြောမယ်။ဆရာမကိုတော့ ယောင်လို့တောင် တစ်ခွန်းပြန်ခံမပြောရဲကြပါဘူး။ မိဘကလည်း ကိုယ့်သားသမီးဆိုးတာမျိုး စာမကျက်တာမျိုးဆိုရင် ဆရာ ဆရာမဆီကို ကိုယ်တိုင်လာပြီး သည်ကလေးကို စိတ်ကြိုက်သွန်သင်ဆုံးမဖို့ ဆရာမစိတ်တိုင်းကျ ဆိုဆုံးမဖို့ လာပြီးအပ်လေ့ရှိတယ်။ ငယ်ငယ်က ကျွန်မအဖေဆို ကျွန်မရဲ့ ဆရာ ဆရာမတွေနဲ့တွေ့တိုင်း ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ ဆရာမ အမြင်မတော်တာရှိရင် ဆုံးမနော်။လိုအပ်ရင် ရိုက်သာရိုက် ။မကျိုးမကန်းရင်တော်ပြီ။ ဆုံးမပါဆိုပြီး အပ်လေ့ရှိတယ်။ ဆရာမလာတာကို အဝေးကမြင်ရုံနဲ့ ပြေးသွားပြီး ဆွဲခြင်းပေးဆွဲပေးသူတွေ ဒုနဲ့ဒေးရှိခဲ့ကြတယ်။ဆရာမထမင်းစားရင် ရေခပ်ပေးဖို့ အသင့်စောင့်နေသူတွေ အဆင်သင့်ရှိခဲ့ကြတယ်။

အခုခေတ် ကျွန်မတို့ တွေ့ကြုံရတဲ့ ကလေးများဟာ တစ်ခြားဂြိုလ်က ဆင်းသက်လာသူများလားလို့ ပြန်တွေးရတဲ့အထိ ဆန့်ကျင်ဘက်တွေဖြစ်လာကြပါတယ်။
လမ်းမှာဆရာမနဲ့တွေ့တယ်။နှုတ်ဆက်ဖို့မပြောနဲ့။အဖြူအစိမ်းဝတ်နဲ့ ဆေးလိပ်သောက်တာတောင် မပျက်ဘူး။ ဆရာမအရှေ့မှာမို့ ဆင်ခြင်ရကောင်းမှန်းမသိဘဲ အချင်းချင်း မကြားဝံတဲ့စကားတွေနဲ့ အော်ဟစ် ဆဲရေးတိုင်းထွာကြတယ်။ စကားချပ်-ကျွန်မအမြင်မှာ ဆဲရေးတိုင်းထွာတယ်ဆိုပေမယ့် သူတို့ကတော့ အာလုပ်စကားလိုမျိုး ခေါ်ဝေါ်ပြောဆိုနေခြင်း သာမန်စကားဆိုခြင်းလို လွယ်လင့်တကူ သုံးနှုန်းခြင်းသာဖြစ်သည်။
ဆရာမ၏ခြင်းတောင်းကို ကူဆွဲပေးဖို့ဝေးစ သူတို့ကိုယ်နှင့် မတိုက်သွားသည်ကိုပင် အလွန်ကျေးဇူးတင်ရသည်။ စာသင်လျှင် ဆရာ၏ နောက်ကျောကိုကြည့်၍ ပစ်မှားချင်နေသော သကောင့်သားများကိုလည်း ကြုံခဲ့ရဖူးသည်။ ဆရာ ဆရာမကို သူတို့၏ သူငယ်ချင်းများသဖွယ် ပြောဆိုဆက်ဆံချင်ကြသည်။ အတန်းကြီးလာလေလေး အသိဥာဏ်ခေါင်းပါးလေလေဖြစ်သည်။ အမြင်မတော်၍ ဆုံးမပြန်လျှင်လည်း စုပ်လည်းစူး စားလည်းရူးသာဖြစ်ရပြန်သည်။ကိုယ့်ရှူး ကိုယ်ပတ်ရပြန်သည်။ ကိုယ့်စေတနာ ဝေဒနာဖြစ်ရပြန်သည်။ ဆရာမဖြစ်ပြီး ကြမ်းတမ်းလိုက်တာ ကိုယ့်သားသမီးမဟုတ်တိုင်း ပြောလိုက်ဆိုလိုက် ရိုက်လိုက်ကြတာ ဆိုပြီး လူကိုယ်တိုင် လာ၍ ရန်ဖြစ်သည်က တစ်ဖုံ Fbပေါ်တွင် ဓာတ်ပုံရိုက်၍ တင်သည်က တစ်သွယ်ဖြင့် အဆဲCommentများကြားတွင် ဆရာမစေတနာ တံတွေးခွက်မြောရလေသည်။အဆိုပါ ကလေးများကတော့ ဆိုးမြဲတိုင်းဆိုးကြသည်။ မိုက်ရိုင်းဆဲအတိုင်း မိုက်ရိုင်းကြသည်။

အဘယ်ကြောင့်နည်း။
မိဘများ၏ သွန်သင်မှု ညံဖျင်းသည်ဟုသာ မှတ်ချက်ချလိုပါသည်။
International ဆန်ဆန် ပြုပြင်ထိန်းကျောင်းတာ/ Child Psychology ဆိုတာရှိတယ် /ကလေးကို အကြောက်တရားနဲ့မအုပ်ချုပ်ရဘူး ဆိုတာမျိုးတွေကြားမှာ မိမိကိုယ်ကို တစ်လုံးစ နှစ်လုံးစသိပြီး အင်တာနယ်ရှင်နယ် ဆန်ချင်ကြလွန်းသော မိဘများ၏ proဆန်ဆန် ထိန်းကျောင်းမှုအောက်တွင် အကြောက်အလန့်မရှိ စည်းလွတ်ဘောင်လွတ် ပြောရဲ ဆိုရဲလာသော ကလေးများ/ရိုသေမှုဆိုတာ ဘာမှန်းမသိသော ကလေးများ / ကျင့်ဝတ်မသိသော မြန်မာ့သားကောင်းများ ပေါ်ထွက်လာကြလေသည်။ Fbမှ အတုမြင်အတတ်သင်ကြသည်။ ခေတ်မှီချင်ကြသည်။ ကျွန်မတို့ ဆယ်တန်းအရွယ် ထုတ်စီးတိုးကောင်းတုန်း အရွယ်တွင် အခုခေတ် ကလေးများကတော့ ရည်းစား သုံးယောက်လောက် ထားနှင့်ပြီးဖြစ်သည်။ ဆရာ ဆရာမနှင့်ပတ်သက်သော trollများ memesများ ဟာသများလုပ်ကာ shareကာဖြင့် ပွဲစည်နေကြပြီးဖြစ်သည်။ ဘယ်ဆရာကတော့ ဘယ်လိုဆိုပြီး ဆဲဆို နေကြပြီဖြစ်သည်။ အရမ်းကို ခေတ်မှီလွန်းပါသော ကျောင်းသားကျောင်းသူများပေတကား။ ကျွန်မတို့ငယ်စဉ်က လေးတန်းအထိ အိမ်က မုန့်သာထည့်ပေးသည်။မုန့်ဖိုးဟူသည် ဘာမှန်းမသိ။ ငါးတန်းရောက်မှသာ ငါးဆယ်တစ်ရာဖြင့် ပိုက်ဆံစသုံးဖူးသည်။ အိမ်ပြန်ရောက်လျှင် ထိုပိုက်ဆံကို ဘယ်လိုသုံးကြောင်း ပြန်ပြောပြရသည်။ ယခုခေတ်မိဘများကတော့ ခေတ်ဆန်ကြသည်။ ကလေးတွေ ပိုက်ဆံမသုံးတတ်မှာစိုး၍ ကြီးမှ ပိုက်ဆံကိုင်ရလျှင် မည်သို့သုံးစွဲရမည်မသိဘဲ လမ်းလွဲမှာစိုး၍ဟူသော အကြောင်းများဖြင့် တစ်တန်းကလေးပင် ပိုက်ဆံတစ်ထောင်တန်ကိုင်၍ သုံးစွဲနေကြသောခေတ်ဖြစ်သည်။ ဆယ်တန်း ကျောင်းသား ကျောင်းသူများဆိုလျှင် ဆိုဖွယ်မရှိ။ ပစ္စည်းစုံ အသစ်အဆန်းများကြား အထိန်းအကွပ်မရှိသော မိဘများကြား ပိုက်ဆံများများသုံးနိုင်လျှင် ကိုယ့်သားသမီး လူအများကြား popular ဖြစ်သည်ဟူ၍တွေးကြသော အတွေးများကြားတွင် ကျောင်းသူကျောင်းသားများမှာ ပျက်စီးချင်တိုင်း ပျက်စီးကြသည်။
နှစ်တန်းကလေးလေး ကျောင်းမှအိမ်သို့ပြန်လာသည်။ ကျောင်းမှာ ကောင်မလေးကို သားမျက်စိမှိတ်ပြခဲ့တယ်။ အဲ့ကောင်မလေးက ချစ်စရာလေးဟု ပြောလျှင် အဖေ အမေနှင့် ဦးလေး ဒေါ်လေးတို့က အချစ်ပိုကြသည်။ မြှောက်ပေးကြသည်။ ထိုအရွယ်တွင် ထိုကိစ္စများကို မြှောက်ပေးသင့်၏လော။

ယခုခေတ် ကလေးများ ထက်မြက်ကြသည်။
သွက်လက်ကြသည်။
အပေါင်းအသင်းဝင်ဆံ့ကြသည်။
Socialကောင်းကြသည်။
မိဘများ၏ သွန်သင်မှု အထမြောက်ပါသည်။
သို့သော် ထိုသို့သော သွန်သင်ဆုံးမမှုကြားတွင် ယဉ်ကျေးမှုဆိုင်ရာ လူ့ကျင့်ဝတ်များနှင့် ဂါရဝေါစ နိဝါတောစ တရားများ မပါလာသည်ကိုတော့ ဝမ်းနည်းဖွယ်တွေ့ရပါသည်။

ကျောင်းသားများ ရိုင်းကြသည် ပျက်ဆီးကြသည် ဆိုးသွမ်းကြသည်။ fbပေါ်တွင် မမြင်အပ်သော ပုံများတက်လာလျှင် ဘယ်ကျောင်းကလဲ?ဆရာဆရာမတွေက မဆုံးမဘူးလား?ဟု commentပေးကြမည့်အစား ကျွန်မတို့ ဆရာ ဆရာမများကို ဆိုဆုံးမခွင့် အပြည့်အဝပေးထားသလားဟု တစ်ချက်ပြန်သုံးသပ်စေချင်မိသည်။ ကျောင်းသား၏ စရိုက်သည် ဆရာတစ်ယောက်တည်းအပေါ်မူတည်သည်မဟုတ်ဘဲ မိဘအပေါ်တွင်လည်း မူတည်ကြောင်း သိစေချင်မိသည်။

ဆဲသော မန့်များအစား ဆိုဆုံးမခွင့်များ ပေးကြမည်ဆိုလျှင် အတိုင်းမသိဝမ်းသာကြမည်ဖြစ်သည်။
ကျောင်းသားမိဘများက ဆရာ ဆရာမကို ရိုသေကြသည့် ခေတ်ကို ပြန်ရောက်ချင်သည်။ ယခုခေတ်သည်ကား ဆရာမများစာသင်ခန်းသို့ဝင်လျှင် လက်အုပ်ချီ၍ မျက်နှာချိုသွေး၍ ဝင်ရသောခေတ်ဖြစ်သည်။

ဆရာ ဆရာမများသည်
အထက်ကိုလည်းကြောက်ရသည်။
အောက်ကိုလည်းကြောက်ရသည်။
မိဘများကိုလည်း ကြောက်ရသည်။
ပတ်ဝန်းကျင်ကိုလည်း ကြောက်ရသည်။
ကျောင်းသူ ကျောင်းသားများကိုလည်း ကြောက်ရသည်။
အကြောက်တရား များပေစွ။

ကျောင်းသူကျောင်းသားများကို သားသမီးကဲ့သို့
မောင်နှမကဲ့သို့ ဆက်ဆံမှုသာ ပေးလိုပါသည် ။
သူငယ်ချင်းကဲ့သို့ လည်ပင်းဖက်ပေါင်းခွင့် ရိုင်းစိုင်းခွင့်မပေးနိုင်ပါ။

ယနေ့ခေတ်တွင် ဆရာမဖြစ်ရခြင်းကို မပျော်မွေ့ပါ။
တန်ဖိုးနားလည်သူများနှင့်သာ တွေ့ဆုံချင်မိပါသည်။

3.8.2025အနုမောဒနာပညာဒါန အလှူရှင်-----------------ရှမ်းပြည်(မြောက်)ပိုင်းတန့်ယန်းခရိုင်တန့်ယန်းမြို့ အောင်မဂ်လာ ဘ/က မူလွန...
03/08/2025

3.8.2025
အနုမောဒနာ
ပညာဒါန အလှူရှင်
-----------------
ရှမ်းပြည်(မြောက်)ပိုင်း
တန့်ယန်းခရိုင်
တန့်ယန်းမြို့
အောင်မဂ်လာ ဘ/က မူလွန်ကျောင်းတိုက်မှ
အဝေးသင်တက်မည့်ဆရာမများအတွက်
ထောက်ပံငွေ လှူဒါန်းသည့်အလှူရှင်များ
------------------------------------
အဝေးသင်တက်ရောက်မည့်
ဆရာမ(၁၀)ယောက်အတွက်
ဦးစိုင်းခမ်းလင်း ဦးဆောင်သော
TEDC အဖွဲ့မှ ဆရာမ(၁)ဦးလျှင် (၁)သိန်းကျပ်၊(၁၀)ဦးစာအတွက် (၁,၀၀၀,၀၀၀)ဆယ်သိန်းကျပ်တိတိပါဝင်လှူဒါန်
ထောက်ပံ့ပါသည်။

🌸 အလှူရှင်များစွာ
ချမ်းသာကိုယ်စိတ် မြဲပါစေ။

🌸 သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
သာသနာပြုနိုင်ကြပါစေ။

🌸 အပါယ်လေးရွာ ကပ်သုံးဖြာ
ကင်းကွာနိုင်ပါစေ။

🌸 ရပ်ပြစ်ရှစ်ပါး ရန်ငါးပါး
ကျော်လွှားနိုင်ပါစေ။

🌸 ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါ
ဝေးကွာနိုင်ပါစေ။

🌸 သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒ ပြည့်စုံစေ။

🌸 မိမိရည်မှန်း မဂ်ဖိုလ်ပန်း
ဆင်မြန်းနိုင်ပါစေ။
ဒီထက်မက ထောက်ပံလှူဒါန်းနိုင်ပါစေသတည်း။

30.7.2025ပိဋကတ်တော်လာ နာမည်ကျော်ဆဗ္ဗဂ္ဂီရဟန်းတွေရဲ့ မိတ်ဆွေ အဿဇိ ပုနဗ္ဗသုက ရဟန်းများရဲ့လာဘ်လာဘလည်းရွှင် ဘုန်းလည်းကြီး၊ လ...
30/07/2025

30.7.2025

ပိဋကတ်တော်လာ နာမည်ကျော်ဆဗ္ဗဂ္ဂီရဟန်းတွေရဲ့
မိတ်ဆွေ အဿဇိ ပုနဗ္ဗသုက ရဟန်းများရဲ့လာဘ်
လာဘလည်းရွှင် ဘုန်းလည်းကြီး၊ လူကြိုက်လည်းများစေတဲ့ ဆက်ဆံရေး...

#သဏှာ.ဒကာဒကာမများကို အမေ၊အမ၊အစ်ကို ညီမလေးစသဖြင့် ပုဂ္ဂိုလ်အလိုက် သိမ်သိမ်မွေ့မွေ့
ကျွမ်းကျမ်းကျင်ကျင် လိမ္မားပါးနပ်စွာ လူတို့အ
ကြိုက် ခေါ်ဝေါ်သုံးနှုံးခြင်း။

#သခိလာ.ဒကာဒကာမများကို ပြေပြစ်နူးညံ့ မပွင့်
တပွင့် ကနွဲ့ကယ ချွဲချွဲ့နွဲ့နွဲ့ စကားပြောဆိုခြင်း။

#သုခသမ္ဘသာ .ရွှင်လန်းဝမ်းမြောက် နားဝင်ချိုအောင် ပြောဆိုခြင်း။

#မိဟိတပုဗ္ဗင်္ဂမ.အပြုံးချိုချိုနဲ့ စကာ စကားကို ပြောဆိုခြင်း။

#ဧဟိသွာဂတဝါဒီ.ဒကာဒကာမမြင်တာနဲ့ ဦးစွာကြိုတင်နှုတ်ဆက်ခြင်း။

#အဗ္ဘာကုဋိက. မျက်မှောင်မကုတ်ပဲ ပြောဆိုခြင်း။

#ဥတ္တာနမုခ.မျက်လုံးလေးမှေးကာ ကြည့်ပြီး
ပြောဆိုခြင်း။

#ပုဗ္ဗဘာသီ.ဒကာဒကာမကို အမေအဖေ.စသဖြင့်
ဦးစွာ နှတ်ဆက်ပြောဆိုခြင်း ။

အဲဒီလို ဆက်ဆံရေးတွေကြောင့် ဆဗ္ဗဂ္ဂီဟန်းတို့
သီတင်းသုံးရာ ဂီဋာဂီရိအရပ်မှာ သူတို့က လွဲပြီး
အခြားရဟန်းသံဃာတွေကို ဆွမ်းမလောင်းကြ
တော့ဘူးတဲ့။

မြတ်စွာဘုရားက အဲလို မပြောရဘူး၊ဒကာဒကာမ
တွေရဲ့ သဒ္ဓါအစစ်အမှန်ကို ဖျက်ဆ်ီးတဲ့ကုလဒူသန
ပြစ်မှု့၊မအပ်စပ်တဲ့လာဘ်လာဘရှာမှီးမှု့၊မှားယွင်း
တဲ့အသက်မွေးဝမ်းကြောင်း မိစ္ဆာဇီဝအမှု့လို့ ပြစ်တင်ကဲ့ရဲ့တော်မူပြီး သူတို့ဆရာရင်းများဖြစ်ကြတဲ့
အရှင်သာရိပုတြာနဲ့အရှင်မောဂ္ဂလာန်တို့ကို စေလွှ
တ် ဆုံးမစေပြီး နှင်ထုတ်ခိုင်းရပါတယ်။
တရားဦး ဆရာတော် ပညာဒီဟာဘိဝံသ

20/06/2025

ၽိတ်ႈမွၵ်ႇႁပ်ႉၸဝ်ႈတႃႇၼ
သၢင်ႇၵၢၼ်း ၶဝ်ႈဝႃႇ တႃႇသင်ႇၶၸဝ်ႈ(260)ပႃး
ၵျွင်းလူင် ဢွင်ႇမင်ႇၵလႃႇ ဝဵင်းတၢင်ႉယၢၼ်း။
-----------------------------------------
ၼင်ႇႁိုဝ်သႃႇသၼႃႇပုတ်ႉထ မုၼ်ၶမ်းၽြႃးပဵၼ်ၸဝ်ႈႁဝ်း ​​ပေႃး​​တေႁိုဝ်ႈႁိူင်းယိုၼ်းယၢဝ်းၶၢဝ်းႁိုင်ၼၼ်ႉ ​​ပေႃးထိုင်မႃး လိူၼ်(8) မူၼ်း ဝၼ်းၶဝ်ႈဝႃႇ ​​တေမီးပၢင်ႇလူႇတၢၼ်းသၢင်ႇၵၢၼ်းၶဝ်ႈဝႃႇ တမ်ႈတီႈသင်ႇၶၸဝ်ႈဢၼ်ဢဝ်ဝႃႇ ၼႂ်းၵျွင်းလူင် ဢွင်ႇမင်ႇၵလႃႇ ဝဵင်းတၢင်ႉယၢၼ်းၼႆလႄႈ ၸင်ႇၽိတ်ႈမွၵ်ႇထိုင် ၸဝ်ႈတႃႇၼ ၸဝ်ႈ​​ၸေႇတၼႃႇ ၸမ်/ၵႆတင်းသဵင်ႈ ​​ပေႃႈႁူမ်ႈလူႇတၢၼ်းသၢင်ႇၵၢၼ်းၶဝ်ႈဝႃႇၼႆၸိုင် ၼမ်/​​ဢေႇ ဢမ်ႇဝႃႈႁူမ်ႈလူႇတၢၼ်းၸွမ်းလႆႈယူႇၶႃႈ​​ဢေႃႈ။

-သၢင်ႇၵၢၼ်းၸဝ်ႈသၢင်ႇ(1)ၸုမ်ႇ (40,000) သီႇမိုၼ်ႇပျႃး
-သၢင်ႇၵၢၼ်းၸဝ်ႈရႁၢၼ်း(1)ၸုမ်ႇ(60,000) ႁူၵ်းမိုၼ်ႇပျႃး။

2025-2026ပညာသင်နှစ်
02/06/2025

2025-2026
ပညာသင်နှစ်

မိူဝ်ႈၽုၵ်ႈ ပီမႂ်ႇ(2)ဝၼ်း  ပီ​​ၵေႃးၸႃႇ 1387 ၶု လိူၼ်ႁႃႈလွင်ႈ (6) ၶမ်ႈ၊ဝၼ်းထိ(18/4/2025)ဝၼ်းသုၵ်း ၶၢဝ်းယၢမ်းဝၢႆးဝၼ်း(1) မ...
17/04/2025

မိူဝ်ႈၽုၵ်ႈ ပီမႂ်ႇ(2)ဝၼ်း ပီ​​ၵေႃးၸႃႇ 1387 ၶု လိူၼ်ႁႃႈလွင်ႈ (6) ၶမ်ႈ၊ဝၼ်းထိ(18/4/2025)ဝၼ်းသုၵ်း ၶၢဝ်းယၢမ်းဝၢႆးဝၼ်း(1) မွင်း ​​တေမီးပၢင်လူႇတၢၼ်း ပီမႂ်ႇ တီႈၵျွင်းလူင် ဢွင်ႇမင်ႇၵလႃႇ ဝဵင်းတၢင်ႉယၢၼ်း မိူၼ်ၵူႈပီၶႃႈ။

05/04/2025

တရားအတူနာကြအောင်

*** မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဩဝါဒကထာများ ***-------------------------------------------------------...
05/02/2025

*** မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဩဝါဒကထာများ ***
-------------------------------------------------------------------------

#ပြည့်တန်ဆာစိတ်
-------------------
ယောက်ျားတကာခေါ်တိုင်း လိုက်တဲ့အမျိုးသမီး ပြည့်တန်ဆာလို့ ခေါ်သလို အာရုံခေါ်တိုင်း လိုက်တဲ့စိတ်ကိုလည်း ပြည့်တန်ဆာစိတ်လို့ ခေါ်တယ်။ အရှင်ဘုရာတို့ ပြည့်တန်ဆာစိတ် မဖြစ်ကြစေနဲ့။

#ထိုက်တာယူ
---------------------
မင်းတို့က တစ်ပဲသားလောက်လုပ်ပြီး တစ်ကျပ်သားလောက်ပြောချင်တာကိုးကွ။

#ပျင်းစိတ်
-------------
ရဟန်းဆိုတာ ဘယ်နေရာရောက်ရောက် ဘယ်နေရာနေရနေရ ကိုယ့်အလုပ်ကိုယ်လုပ်နေရင် ဘာမှပျင်းစရာမရှိဘူး။ အေး …. ကိုယ့်အလုပ်ကိုယ်မလုပ်ရင်တော့ ပျင်းမှာပေါ့။ ကြာရင် ပျက်တောင် ပျက်စီးသွားကြမှာ။

#အလုပ်
----------
မင်းတို့ ကုသိုလ်အလုပ်ဆိုရင် ပျင်းရင်လည်းလုပ်၊ ပျော်ရင်လည်းလုပ်၊ လုပ်တာကြာရင် မလုပ်နိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားလိမ့်မယ်။

#နားထောင်ကြပါ
-----------------------------
ဘုရားသာသနာတော်မှာနေပြီး ဘုရားစကား နားမထောင် ထော်လော်ကန့်လန့် လုပ်နေမယ်ဆို မနေကြနဲ့။

#ဖင်ဖျားမမှီ
-----------
တကယ်ကောင်းအောင် နေပါတယ်ဆိုတဲ့ လူတောင်မလွယ်ဘူး။ အခုခေတ် ကောင်းအောင် နေပါတယ်ဆိုတဲ့ သူတွေဟာ ရှေးခေတ်ဆရာတော်တွေရဲ့ဖင်ဖျားတောင် မမှီဘူး။ ကိုယ်တော်တို့က စောင့်ထိမ်းမှု မရှိဘဲ လုပ်ချင်ရာ လုပ်တာကိုး။

#ဘက်မလိုက်နဲ့
----------------
ရဟန်းသံဃာဆိုတာ နှစ်ဖက်ကွဲလျှင် ဘယ်ဘက်မှ မလိုက်ရဘူး။ ကိုယ့်အမေနဲ့ အခြားတယောက် ရန်ဖြစ်လျှင် ကိုယ့်အမေဘက်ကတောင် မပါရပါဘူး။ ပါချင်ရင် ဖြန်ဖြေတဲ့သူ အဖြစ်နဲ့ ပါရတယ်။ သာသနာကိုးကွယ်ရင် သူပုန်လည်း ကိုယ့်ဒကာ။ အစိုးရလည်း ကိုယ့်ဒကာပဲ။

#ညီညွတ်ရေး
---------------
ကိုယ်ကရေနွေးမကြိုက်လို့ မသောက်ပေမယ့် လက်ဖက်ခြောက်ဖိုး ခွဲလို့ရှိရင် ထည့်ရတယ်ဗျ။

#ပျက်စီးချိန်
---------------
သတ္တဝါတွေဟာ ပျက်စီးချိန်တန်ရင် အမှန်အတိုင်း မမြင်တော့ဘူး။ ဝဇီရဗုဒ္ဓိဋီကာမှာ ဥပမာ ဘယ်လိုပေးထားသလဲဆိုရင် လင်းတဟာ ပကတိ အချိန်မှာတော့ ခွေးသေကောင်ပုပ်ကို ယူဇနာ တစ်ရာ အမြင့်ကနေပြီး မြင်နိုင်တယ်။ ပျက်စီးချိန်ကျရင်တော့ မိမိခြေထောက်မှာ ငြိနေတဲ့ ကျော့ကွင်းကိုတောင် မမြင်ရတေတော့ဘူး။

#သူတော်ကောင်း သူယုတ်မာ
-----------------------------
သူတော်ကောင်းနဲ့ သူယုတ်မာ ကိုယ့်ဘာသာကိုယ် ခွဲကြည့်။ သူတော်ကောင်းက ကုသိုလ်ဆို လုပ်ချင်စိတ်များတယ်။ အကုသိုလ်ဆို သိပ်မလုပ်ချင်ဘူး။ သူယုတ်မာကတော့ ပြောင်းပြန်ပေါ့။

#စကားပုံ ရှင်းတမ်း
--------------------
တချို့ကရှိသေးတယ်။ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်တဲ့။ ဘယ်ဟုတ်ပါ့မလဲ။ တစ်တက်စားရင် တစ်တက်အာနိသင်ပေါ့။ နှစ်တက်စားတော့ နှစ်တက်အာနိသင်ပေါ့။

#မယုံနဲ့
-----------
ဆရာသမားဖြစ်ဖြစ် မိဘဖြစ်ဖြစ် ငွေဆိုတာ ရေတွက်ယူရတယ်ကွ။ မှတ်ထား။ ဘယ်သူ့မှ မယုံကြည်ရဘူး။ အမှားမကင်းတဲ့ လူတွေ။ နောင်သံသယဖြစ်လာရင် မကောင်းဘူး။

#အသက်ဝင်နေမှ
-----------------
စည်းမျဉ်းဥပဒေတခုဟာ လူကြားကောင်း ချမှတ်နေရုံမျှဖြင့် အကျိုးမပြီး။ အသက်ဝင်နေမှ အကျိုးပြီးတယ်။

#စည်းကမ်း
------------
ပုဂ္ဂိုလ်ကို ချစ်ရင် မုန့်ဝယ်ကျွေးမယ်။ ပစ္စည်းပိုပေးမယ်။ ကျောင်းတိုက်စည်းကမ်းကတော့ အလျှော့မပေးနိုင်။

#ဘုရားလမ်းစဉ်
-----------------
လူမျိုးတစ်ရာ့တစ်ပါး အကြည်ညိုခံချင်၊ အမုန်းမခံချင်ရင်တော့ အမှန်တရားချည်း မပြောရဲဘူးကွ။ ငါကတော့ ချစ်ချင်ချစ် မုန်းချင်မုန်း အမှန်တကယ် အကျိုးရှိတယ်ဆိုရင် ပြောတတ် လုပ်တတ်တဲ့ ဘုရားလမ်စဉ်ပဲ ကြိုက်တယ်။

#အပြစ်
----------
မလုပ်သင့်တာကို လုပ်ရင် အပြစ်ရှိသလို လုပ်သင့်တာကို မလုပ်ရင်လည်း အပြစ်ဖြစ်တာပဲ။

#စာကို သေချာသင်
----------------------
စာတွေက သေသေချာချာသင်မထားကြတော့ အကုန်ပျက်ကုန်ပါပြီ။ ‘အဿဝါဏီဇာ - ထိုကုန်သည်တို့သည်’လို့ အနက်ပေးတဲ့ စာချဘုန်းကြီးက ရှိသေးတယ်။

#ပင်မအလုပ်
---------
အရှင်ဘုရားတို့ ….. အရှင်ဘုရားတို့ဟာ သာသနာဘောင်မှာ နေတာ။ သာသနာ့အလုပ်ကိုပဲ လုပ်ရမှာ။ သာသနာ့အလုပ်ဆိုတာ စာကျတ်တာနဲ့ တရားအားထုတ်တာ နှစ်ခုပဲရှိတယ်။ သာသနာ့အလုပ်မှတပါး အခြားလူမှုကိစ္စတွေကို လုပ်ရမှာ မဟုတ်ဘူး။

#ဆင်ခြင်ရမည်
---------------
ပစ္စဝေက္ခဏာ မဆင်ခြင်သူကတော့ သာသနာတော်အတွက် အကျိုးများဘူး။ မထားတာ ကောင်းတယ်။ တပည့်တော် စဉ်းစားမိတယ်။ ခုဦးဇင်းတွေ ကိုရင်တွေလည်း ပစ္စဝေက္ခဏာ ဆင်ခြင်တဲ့သူ တစ်ပါးတစ်လေလောက်မှ ပါရဲ့လားလို့။ ဦဇင်းတို့ ကိုရင်တို့ထဲက အပါယ်လားမယ့်ပုဂ္ဂိုလ်က (၉၉)ယောက်လောက် ပါမယ်ထင်တယ်။

#ကိုယ်ဖြစ်ကိုယ်ခံ
-------------------
တချို့ကပြောကြသေးတယ်။ သူများတွေတောင် လုပ်ကြသေးတာပဲတဲ့။ အေးလေ …. သူများတွေလို ခံချင်လို့ နေမှာပေါ့။

#အတု
--------
လူတွေဟာ ကိုယ်လုပ်ချင်ရာ လုပ်ကြတာချည်းပဲ။ ဦးဇင်းတို့ ကိုရင်တို့ကလည်း ကိုယ်ထင်ရာ ကိုယ်လုပ်ကြတာပဲ။ အရာရာ သင့်,မသင့် ထောက်ဆကြည့်ရတယ်။ ကိုယ့်ကြောင့် အများမဆင်းရဲစေရဘူး။ အလှူခံတဲ့ ပုဂ္ဂိုလ်တွေထဲမှာ (၉၉) ယောက်က အတုတွေချည်းပဲ။

#စာဝါအပျက်မခံ
------------------
ငါစာချဘုန်းကြီးလုပ်တဲ့အခါ ဆွမ်းစားရှိလို့ စာဝါမချရဘူးဆိုတာမျိုး မဖြစ်စေရအောင် ဂရုစိုက် နေရမယ်။

#ရည်မှန်းချက်
------------------
တစ်ခါက ထန်းတက်သမားတစ် သားအဖဆိုတာ ရှိတယ်။ “ငါ့သား မင်းကြီးလာရင် ဘာလုပ်မှာလဲ” လို့ အဖေက မေးရာ သားဖြစ်သူက “အဖေကလည်းဗျာ အဖေထန်းတတ်စားသလို ကျွန်တော်လည်း ထန်းတက်စားမှာပေါ့”လို့ ဖြေသတဲ့။
ဒီတော့ အဖေဖြစ်သူက “ငါ မင်းဖြစ်ဖို့ ရည်မှန်းတဲ့လူတောင်မှ ထန်းတက်စားနေရတယ်။ အစကတည်းက ထန်းတက်စားဖို့ ရည်မှန်းတဲ့ ငါ့သားက တောင်းစားရုံပဲ ရှိတော့မှာပေါ့ကွ”လို့ ပြန်ပြောသတဲ့။ ဒါကြောင့် ဦးဇင်းတို့ ကိုရင်တို့ ရည်မှန်းချက်မြင့်မားဖို့ လိုအပ်တယ်။

#ကျားယောင်ဆောင်သော သမင်
---------------------------------
သူယုတ်မာအကျင့်တွေကျင့်ပြီး သူတော်ကောင်းယောင်ဆောင်နေမယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်ဟာ ကျားယောင်ဆောင်နေတဲ့ သမင်လို ဖြစ်နေမယ်။ သမင်တစ်ကောင်ဟာ ကျား၏အရေကို စွပ်ပြီး ကျားယောင်ဆောင်ကာ လူတွေရဲ့ လယ်တွေကို ဖျက်ဆီးပစ်တယ်။ အသိဉာဏ်ရှိသော လူတချို့က ကျားတို့မည်သည် မြက်နုကိုမစား၊ အသားကိုသာ စား၏။
မြက်နုကို စားသော ဤကျားသည် ကျားအစစ်မဖြစ်နိုင်၊ ကျားယောင်ဆောင်သော သမင်သာ ဖြစ်ချေမည်ဟု ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်လိုက်လေ၏။ အရှင်ဘုရားတို့လည်း သူယုတ်မာအကျင့် ကျင့်ပြီး သူတော်ကောင်းယောင် ဆောင်နေလျှင် အသိဉာဏ်ရှိသူတို့ အဖျက်ဆီးခံရလ်ိမ့်မယ်။ သတိထားကြပါ။

#မစိုးရိမ်တိုက်သစ်ကြီး၏ အာဒိကမ္မိကပဓာနနာယက
#အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု
#နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆရာတော်
#ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ
(ဆရာဂုဏ်ရည် စာပန်းချီ ရာပြည့်မောကွန်း - မှ)
#မင်းနန္ဒာ

ၶၢဝ်ႇငဝ်းလီ​​ပီ(2025) ပေႃးထိုင်မႃးလိူၼ်(4)လွင်ႈတီႈၵျွင်း လူင်ဢွင်ႇမင်ႇၵလႃႇ ဝဵင်းတၢင်ႉယၢၼ်းႁဝ်းၶႃႈ​​တေမီးပွႆးၶၢမ်ႇသၢင်ႇ၊ၶ...
30/01/2025

ၶၢဝ်ႇငဝ်းလီ
​​ပီ(2025) ပေႃးထိုင်မႃးလိူၼ်(4)လွင်ႈ
တီႈၵျွင်း လူင်ဢွင်ႇမင်ႇၵလႃႇ ဝဵင်းတၢင်ႉယၢၼ်းႁဝ်းၶႃႈ
​​တေမီးပွႆးၶၢမ်ႇသၢင်ႇ၊ၶၢမ်ႇၸၢင်းလွင်းၼႆၶႃႈလႄႈ ပွင်ႇလႅင်းထိုင်တၵ်ႉၵႃႇၶၢမ်ႇတိၼ်းၵျွင်း ႁွင်ႈဝတ်ႉတင်းသဵင်ႈ ​​ပေႃးၶႂ်ႈဢဝ်လုၵ်ႈ လၢၼ် ၶၢမ်ႇၸွမ်းၼႆ ၵပ်းသိုပ်ႇတွင်ႈထၢမ်လႆႈတီႈသြႃႇၸဝ်ႈယူႇၶႃႈ။
-09447295763
-09943584521

စာသင်တိုက်အသစ်တွေ များပြားလာရခြင်းအကြောင်း (၂)ချက် (အတ္တနော မတိ)----------------------------------- ၁။ ကျောင်းထိုင်ဆရာတေ...
27/01/2025

စာသင်တိုက်အသစ်တွေ
များပြားလာရခြင်းအကြောင်း (၂)ချက် (အတ္တနော မတိ)
-----------------------------------

၁။ ကျောင်းထိုင်ဆရာတော်ရဲ့လိုအပ်ချက်
၂။စာချဘုန်းကြီးရဲ့လိုအပ်ချက်

✅ ကျောင်းထိုင်ဆရာတော်ရဲ့လိုအပ်ချက်ကား

(က) အမျိုးတပည့်တွေကို ဦးစားပေးခြင်း
(ခ) အကျင့်သီလပျက်ဆီးသူကို နေရာပေးခြင်း
(ဂ) အရည်အချင်းရှိသူ မရှိသူ တန်းတူထားခြင်း
(ဃ)စာချဘုန်းကြီးတွေကို နေရာမပေးခြင်း

ကျောင်းထိုင်ဆရာတော်တွေဟာ အမျိုးတပည့်တွေကို ဦးစားပေးလာတယ် ၊ အကျင့်သီလ
ကောင်း မကောင်းမကြည့်တော့ဘူး ၊အရည်အချင်းရှိ မရှိ မကြည့်တော့ဘူး ၊အမျိုးတပည့်ဆိုရင် လုပ်ပိုင်ခွင့် အပြည့်ပေးလာတယ် ၊ ပျံလွန်တော်မူရင်တောင် ကျောင်းတိုက်ကို အမျိုးတပည့်လက်ထဲအပ်ဖို့ အစီစဥ်ဆွဲထားကြတယ် ၊

အမျိုးတပည့်က အကျင့်သီလကောင်းတယ် အရည်အချင်းရှိတယ်ဆိုရင် ပြသနာမရှိဘူး ၊
အမျိုးတပည့်က အကျင့်သီလမကောင်းဘူးဆိုရင် / အရည်အချင်းမရှိဘူးဆိုရင် အကျင့်သီလမကောင်းတဲ့သူ အရည်အချင်းမရှိတဲ့သူရဲ့လက်
အောက်မှာ မနေချင်တဲ့အတွက် အရည်အချင်းရှိသူတွေက ကိုယ်ပိုင်စာသင်တိုက်အသစ် တည်
ထောင်ကုန်တယ် ၊

အရည်အချင်းရှိသူ မရှိသူ တန်းတူဆက်ဆံခံရတာကို မနှစ်သက်တဲ့အတွက်လည်း စွမ်းနိုင်သူတွေက ကိုယ်ပိုင်စာသင်တိုက်အသစ် တည်
ထောင်ကုန်တယ်၊

ကျောင်းတိုက်ရဲ့ကိစ္စအဝဝမှာ စာချဘုန်းကြီးတွေနဲ့တိုင်ပင်တာမျိုး မရှိခြင်း / အကြံဉာဏ်တောင်းတာမျိုး မရှိခြင်း / စာချဘုန်းကြီးတွေရဲ့သဘောဆန္ဒကို အသိအမှတ်ပြုတာမျိုး မရှိခြင်း /အသိပေးတာမျိုး မရှိခြင်းကို " စာချဘုန်းကြီးတွေကို နေရာမပေးခြင်း "လို့ ခေါ်တယ်၊
ဒါ့ကြောင့်လည်း စာချဘုန်းကြီးတွေဟာ စာသင်တိုက်အသစ် တည်ထောင်ကုန်တယ် ၊

✅ စာချဘုန်းကြီးရဲ့လိုအပ်ချက်ကား

(က) သီးခံနိုင်မှုအားနည်းခြင်း
(ခ) ပညာမာန်ရှိခြင်း
(ဂ) အနာဂတ်အတွက် စဥ်းစားလာခြင်း
(ဃ) ဘုန်းကံကြီးမားခြင်း

စာချဘုန်းကြီးတွေဟာ သီးခံနိုင်မှု အားနည်းလာတယ်၊ကျောင်းထိုင်ဘုန်းကြီးနဲ့အဆင်မပြေတဲ့အခါဖြစ်ဖြစ် စာချဘုန်းကြီးချင်း အဆင်မပြေတဲ့အခါဖြစ်ဖြစ် သီးခံမနေပဲ ကိုယ်ပိုင်ကျောင်းသစ် တည်ထောင်နိုင်ဖို့ကြိုးစားလာတယ် ၊

ပညာမာန်ရှိတဲ့အတွက် သူများရဲ့လက်အောက်မှာနေရတာထက် ကိုယ်ပိုင်ကျောင်းနဲ့နေချင်လာကြတယ် ၊

တချို့စာသင်တိုက်တွေမှာက စာချဘုန်းကြီးတွေအတွက် အနာဂတ်အာမခံချက် မရှိဘူး၊ကျောင်းထိုင်ဘုန်းကြီးတွေက လိုအပ်ချိန် အသုံးချတယ် ၊မလိုအပ်ချိန် ကန်ထုတ်တယ် ၊အဲ့တော့ စာချဘုန်းကြီးတွေဟာ အနာဂတ်အာမခံချက်ရှိအောင် ကိုယ်ပိုင်ကျောင်းအသစ် တည်ထောင်ကြတယ်၊

တချို့စာချဘုန်းကြီးတွေက ဘုန်းကံကြီးမားတယ်၊ဘုန်းကံကြီးမားတဲ့အခါ ကိုယ်ပိုင်ကျောင်းအသစ် တည်ထောင်ကြတယ်၊ ဘယ်သူမဆို အမတ်လုပ်တာထက် ရှင်ဘုရင်လုပ်ချင်ကြသည်သာ ၊

👉 ဒါကတော့ " စာသင်တိုက်အသစ်တွေ များပြားလာရခြင်းအကြောင်း "ပဲ

ကျောင်းထိုင်ဆရာတော်နဲ့ စာချဘုန်းကြီးမှာ
ေကျာင်းထိုင်ဆရာတော်က အဓိကကျမည်ဟုထင်၏ ၊
စည်းနဲ့ကမ်းနဲ့ သူ့အရည်အချင်းနဲ့သူ စနစ်တကျ ဖွဲ့စည်းသတ်မှတ်ထားမယ်ဆိုရင် " ရေရှည်တည်တဲ့မည့် စာသင်တိုက်တစ်တိုက် "ဖြစ်ပါလိမ့်မယ် ၊

စာသင်တိုက်တွေ များပြားလာခြင်းရဲ့အားနည်း
ချက် (၃)ချက် (အားသာချက်လဲရှိနိုင်သည်သာ)
==============================

(၁) စာသင်သားတွေ အစုကွဲသွားခြင်း
(၂) စာသင်သားတွေ စည်းကမ်းလိုက်နာမှု အားနည်းလာခြင်း
(၃) နောင်တချိန် ဧည်ကျောင်းတွေ ပေါများလာနိုင်ခြင်း

စာသင်တိုက်တွေ များပြားလာတဲ့အတွက် စာသင်သားတွေဟာ ဟိုစာသင်တိုက်မှာလည်း အရေအတွက်က နည်းနည်း ၊ဒီစာသင်တိုက်မှာလည်း အရေအတွက်က နည်းနည်း ၊ အဲ့လိုမျိုး ဟိုနည်းနည်း ဒီနည်းနည်း အစုကွဲသွားတယ် ၊

စည်းကမ်းရှိတဲ့ကျောင်းက အဆင်မပြေရင် စည်းကမ်းမရှိတဲ့ကျောင်းကို ပြောင်းတယ် ၊စည်းကမ်းမလိုက်နာလို့ နှင်ထုတ်လိုက်ရင်လည်း လက်ခံမဲ့ကျောင်းက အဆင်သင့် ၊အဲ့တော့ စည်းကမ်းတွေ အရမ်းလုပ်မရဘူး ၊စည်းကမ်းများရင်လည်း စာသင်သားက မနေတော့ဘူး ၊
ကျောင်းပေါများတဲ့အတွက် စည်းကမ်းသိပ်မလိုက်နာတော့ဘူး ၊

စာသင်သားတွေ ရှားပါးလာတဲ့အခါ အရေ
အတွက်နည်းသွားတဲ့အခါ ကျောင်းအဆောက်အဦးတွေက ဧည့်သည်နေတဲ့ကျောင်းတွေ / လူနေတဲ့ကျောင်းတွေ ဖြစ်ကုန်လိမ့်မယ် ၊
ယခုတောင် ဧည့်ကျောင်းတွေ တော်တော်များနေပြီ မဟုတ်ပါလား ၊

👉👉 ဒါကတော့ " စာသင်တိုက်များပြားလာရခြင်းရဲ့ အားနည်းချက် "ပဲ ၊

👉👉စကားချပ် = ဒကာ ဒကာမ အများစုကလည်း စာသင်သားအရေအတွက်များရင် အဲ့ကျောင်းက အောင်မြင်တယ်လို့ထင်ကြတယ် ၊အဲ့တော့ ကျောင်းတွေကလည်း အရေအတွက်များအောင် " စာသင်သားများရင် ပြီးရော "ဆိုတဲ့စိတ်နဲ့ လာသမျှအကုန်လက်ခံတယ် စည်းနဲ့ကမ်းနဲ့ မထားတော့ဘူး ၊

တကယ်တော့ အရေအတွက်များတိုင်း အောင်
မြင်တာမဟုတ်ပါဘူး ၊ စာသင်သားတွေရဲ့
" သွားပုံ လာပုံ ပြောပုံ ဆိုပုံ စားပုံ သောက်ပုံ " တွေကို မြင်လိုက်တာနဲ့ မိမိတို့သန္တာန်မှာ ကြည်ညိုစိတ်ဖြစ်သွားတယ် ကုသိုလ်စိတ်ဖြစ်သွားတယ်ဆိုရင် အဲ့စာသင်တိုက်ကို အောင်မြင်တယ်လို့မှတ်ရမယ် ၊

မြတ်စွာဘုရားကလည်း " အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = သံဃာတွေဟာ (စာသင်သားတွေဟာ)ကုသိုလ်ဖြစ်ရာလယ်နဲ့တူတယ်"လို့ ဟောထားတယ် ၊အဲ့တော့ သံဃာအကြောင်းပြုပြီး ကြည်ညိုစိတ် ကုသိုလ်စိတ်ဖြစ်တယ်ဆိုရင် ကိုးကွယ်ရမယ်လို့မှတ် ၊

အရေအတွက်တော့များပါရဲ့ ၊ ကို့ရို့ကားယားတွေဆိုရင် ကြည်ညိုစိတ်ဖြစ်နိုင်ပါ့မလား ၊အရေအတွက်ကိုသာမညထားကာ အရည်
အချင်းကို အဓိကထားပြီး ကိုးကွယ်နိုင်ရင် အကောင်းဆုံးပဲ ၊

🙏🙏🙏 ကျောင်းထိုင်ဆရာတော်တွေကိုလည်း" အနာဂတ်သာသနာကို ဦးစားပေးတော်မူပါ ၊အနာဂတ်အမျိုးကို ဦးစားပေးတော်မမူပါနဲ့ "လို့ တောင်းပန်ပါရစေဘုရား 🙏🙏🙏

🙏🙏🙏မြေနေရာအသစ်မှာ စာသင်တိုက်အ
သစ် တည်ထောင်မဲ့ နောင်တော် ညီတော်များကိုလည်း စဥ်းစားဆင်ခြင်ကာ တည်ထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဘုရား 🙏🙏🙏

Address

Tangyan

Website

Alerts

Be the first to know and let us send you an email when AUNG MIN GALA Monastery TY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category