03/05/2020
ထပ်တိုး #၄ဦး
စုစုပေါင်း - ၁၅၅
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ (၃-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၆၃) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၆၀) ခု၊ စုစုပေါင်း (၁၂၃) ခုတွင် -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး တွေ့ရှိခဲ့ပါသည်။
၂။ (၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၅) ဦးရှိပြီဖြစ်ပါသည်။
၃။ (၃-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၃) ဦးရှိပြီဖြစ်ပါသည်။ ၎င်းတို့အနက် (၂၉) ဦးမှာ ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်ကာ ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦးရှိပါသည်။
၅။ ကျန်ရှိ ဓာတ်ခွဲအတည်ပြုလူနာ (၁၂၀) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှု ပေး လျက်ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိပါသည်။
၆။ (၂-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၇၂)ဦး ရှိပါသည်။