Cherry's Heaven Media

Cherry's Heaven Media Media Presentation Page Up To Dates News and Be Entertainment

 #လူလိမ်တွေသတိထား  Bill တွေ လိုက်လိမ်နေတယ်။ # အမှန်အလိမ်ခံရတာပါ။မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလို့ သူ့ကိုယ်စား အားလုံးသိအ...
18/09/2022

#လူလိမ်တွေသတိထား

Bill တွေ လိုက်လိမ်နေတယ်။

# အမှန်အလိမ်ခံရတာပါ။

မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလို့ သူ့ကိုယ်စား အားလုံးသိအောင် ပြောပြပါရစေ။

သူကိုင်တဲ့ Mytel Phone No ကို
အောက်ပါ ဖုန်းနံပါတ်ထဲက
09-665985032 နဲ့ဖုန်းဝင်လာပြီး
Mytel Company ကပါ။
ဖုန်းဘေလ် ၅၀၀၀ ပေါက်လို့
အခုကျလာတဲ့ ID Password ကို
ပြောပြပေးပါလားဗျ။ ဆိုပြီး
ဖုန်းခေါ်လာတယ်။ သူကလည်း
နားမလည်သူဆိုတော့ ပြောပြမိလိုက်တယ်။ အဲဒါသူဆီက ဖုန်းဘေလ်တွေ
အကုန်ကို ယူသွားပါတယ်။
ဒါကြောင့် အခုပြောပြထားတဲ့
mytel ph အပြင် အခြားနည်းနဲ့ ထပ်လိမ်တာ မခံရအောင် သတိပေးတာပါ။
အလို့ခံရတယ်ပဲပြောပြော အပြောခံနိုင်ပါတယ်တဲ့။ သူ့လိုအခြားသူတွေမခံရအောင် ပြောပြပေးပါဆိုလို့ အခုတင်ပေးလိုက်တာပါ။

09-664667228 ကိုဖုန်းဆက်တော့ကိုင်တယ်။ အဲဒီဖုန်းက internet bill 1000MB
ယူသွားတာပါ။ သူ့ကိုယ်သူ ရဟန်းတဲ့။
ငါက ဝယ်သုံးတာတဲ့။ နေရာမေးတော့
မပြောဘူး။ လူလိမ်တွေကိုး။မကြေနပ်ရင် block လိုက်တဲ့။ တိုင်ချင်တဲ့နေရာတိုင်တဲ့။

09-665907631
09-664667228
09-665985032

လူလိမ်ဖုန်းနံပါတ်တွေဖြစ်ပါတယ်။
ဖုန်းဘေလ်တောင် ၈၀၀ချီးသွားလိုက်သေးတယ်။ အားလုံးသတိထားကြစေဖို့
နဲ့ အခုလို မခံရအောင် အသိပေးတာဖြစ်ပါတယ်။

Mytell Company ကိုလည်း အဲဒီ ဖုန်းနံပါတ်တွေ အသိပေးထားပါပြီ။

များများ share ပေးကြပါ။

Happy Birthday....ချစ်သော ရှမ်းပြည်(တောင်ကြီး)မိုင်ဆုန်ခ ယနေ့ (15.9.2022) မှာကျရောက်တဲ့ 128 နှစ်ပြည့် ရှမ်းပြည်နယ်(တောင်...
16/09/2022

Happy Birthday....ချစ်သော ရှမ်းပြည်(တောင်ကြီး)

မိုင်ဆုန်ခ ယနေ့ (15.9.2022) မှာကျရောက်တဲ့ 128 နှစ်ပြည့် ရှမ်းပြည်နယ်(တောင်ကြီးမြို့) အားကြိုဆိုဂုဏ်ပြု့ပါ၏...

မိုင်ဆွန်ခ 128 ပီတိမ်ဝမ်းမိန်းတိုင်း ဟူမ်းစူမ်းစွမ်းယူခ

ရှမ်းပြည်နယ်၏မြို့တော်မြို့တည်နှစ်(၁၂၈)နှစ်ပြည့်ပြီ ဖြစ်သောတောင်ကြီးမြို့တော်အားလေးစားစွာဂုဏ်ပြုပါသည်။

(၁၂၈ နှစ်)ပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် အောင်ဖွံ့ဖြိုးတိုး​တက်သော၊သာယာလှပသောမြို့ တော်အဖြစ်အဓွန့်ရှည်တည်တံ့ပါစေ။

အေးချမ်းသာယာပြီး ကျက်သရေမင်္ဂလာရှိသော
မြို့တော်ကြီးအဖြစ်ထာဝရထွန်းလင်းတောက်ပနိုင်ပစေ။

တောင်တန်းကြီးတွေ...မြူနှင်းေငွ့တွေ
ချစ်သောရှမ်းပြည်...

မြက်ခင်း‌စိမ်းတွေ စိမ့်စမ်းလေး‌ေတွ
ချစ်သောရှမ်းပြည်...

တို့သွေးချင်းတွေ တို့သားချင်း‌ေတွ
ချစ်သောရှမ်းပြည်...


🌸🌸🌸TAUNGGYI 🌸🌸🌸

လေးစားစွာဖြင့်

#တောင်ကြီးချစ်သူရှမ်းပြည်သား # Credit With respect to Original Own Creater

21/03/2022
21/03/2022

ဒီလိုဗျူရိုကရေစီမျိုးက မ ထားသမျှသာယာနေကြတဲ့
အစိုးရမျိုးတွေဘဲကျနော်တို့ရနေကြပါတယ်
*******

အစိုးရရုံးတွင် မီးလုံးတစ်လုံး ကျွမ်းသွားသည်။ 😳

Day (1) မီးလုံးအသစ်လဲလှယ် တပ်ဆင်ပေးပါရန် လေးစားစွာ အစီရင်ခံအပ်ပါသည်။
အောက်တန်းစာရေးက ရေးတင်သည်။

Day (2) အောက်တန်းစာရေး ရေးတင်သည့် စာကို
စာဝင်စာထွက်တွင် တံဆိပ်တုံးထုပြီး စာနံပါတ်တပ်သည်။

Day (3) စာနံပါတ်တပ်ပြီးသားစာကို ဌာနခွဲ စာရေးကြီး စားပွဲမှာ တင်သည်။

Day (4) ဌာနခွဲ စာရေးကြီးက မီးလုံးကျွမ်း သွားသည်မှာ မှန်ကန်ကြောင်း မှတ်ချက် ရေးသည်။

Day (5) ဌာနမှူးရုံးခန်းရှေ့ရှိ စာရေးထံ ထိုစာရောက်လာသည်။
ဌာနမှူး တိုင်းရုံးတွင် အစည်းအဝေး သွားနေသဖြင့်နောက်နေ့မှ လက်မှတ်ထိုးနိုင်မည်။

Day (6) ဌာနမှူးမှမှတ်ချက်ရေးသည်။
" မီးလုံး" ကိုစာလုံးပေါင်းရာ " မီးလုန်း " ဖြစ်နေသဖြင့်
စာအသစ် ရေးတင်ပါ။

Day (7) to Day (12) ထိုစာကို စာလုံးပေါင်းပြင်ပြီး အဆင့်ဆင့် ပြန်တင်သည်။

Day (13) မီးလုံး အသစ်လဲလှယ်ရန် ခွင့်ပြုကြောင်း ဌာနမှုးမှ မှတ်ချက်ပေးသည်။

Day (14) ဌာနမှူး ခွင့်ပြုမိန့်ပါသည့် စာနှင့်တွဲပြီး
မီးလုံးသစ် ဝယ်ယူရန် ခွင့်ပြုချက်ရပြီ ဖြစ်ပါသဖြင့် လိုအပ်သည့် ငွေထုပ်ပေးပါရန်
အောက်တန်းစာရေးက ငွေစာရင်းဌာနကို လိပ်မူပြီး စာရေးတင်သည်။

Day (15) တံဆိပ်တုံးနိုပ်ပြီး စာနံပါတ် တပ်သည်။

Day (16) ငွေစာရင်းမှ ဌာနခွဲ စာရေးက မှတ်ချက်ရေးပြီး ငွေစာရင်းအရာရှိထံ ရေးတင်သည်။

Day (17) ငွေစာရင်းအရာရှိမှ မီးလုံး ဝယ်ယူရန်
ငွေထုပ်ယူခွင့်ပြုကြောင်း လက်မှတ်ထိုးသည်။

Day (18) ငွေစာရင်းအရာရှိ၏ လက်မှတ်ကို ပြပြီး ငွေကိုင် စာရေးထံတွင် ငွေထုပ်လွာ ပုံစံဖြည့်ပြီး
ငွေထုပ်ယူသည်။

၁၉ ရက်မြောက်နေ့တွင် ကျွမ်းသွားသော မီးလုံးအား အောင်မြင်စွာ အစားထိုး တပ်ဆင်ပြီးသွားပါတယ်။

မီးလုံးတစ်လုံး တပ်ဆင်ရန် စာရွက် ၈ ရွက်ကုန်ပြီး
လူ ၁၁ ယောက်ခန့် ပါဝင် အလုပ် လုပ်ရပါတယ်။

ဤသို့သော လုပ်ငန်းများကို မြန်မာနိုင်ငံဆိုသည့်
နိုင်ငံတွင် လုပ်ကိုင်နေကြပြီး 🙄

အလွန် အလုပ်များလျှက် ရှိကြပါသည်။

မယုံရင် ဌာနဆိုင်ရာများတွင်လေ့လာပါ။
Enjoy paper work.

Credit: Thein Tun Aung

21/03/2022

#အကြွေး
********
ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါ
သူတစ်ပါးဆီက တစ်ကျပ်ယူထားရင်
တစ်ကျပ်ပြန်ပေးပါ။

မရှိသေးဘူးဆိုရင်
ရှိအောင်လုပ်ပါ...။
မပေးနိုင်သေးဘူးဆိုရင်
ပေးနိုင်အောင်လုပ်ပါ။

အများကြီး ယူထားပြီး
အားလုံးကိုပြန်မဆပ်နိုင်လျှင်တောင်
နည်းနည်းချင်း ခွဲဆပ်ပါ။

ကိုယ်ယူထားတာ
ပေးရမယ့် အချိန်ရောက်ရင်
တောင်းစရာ မလိုဘဲ ပေးပါ ။
အဆင်မပြေဘူးဆိုတဲ့ တစ်ခုထဲ
အဆင်မပြေတဲ့ အကြောင်းပြချက်
ခဏ...ခဏ.....မပြောမိစေနဲ့။

ဘာဖြစ်လို့ အခုလိုပြောနေရတာလဲ
အကြောင်းရှိပါတယ်...
အရမ်းလည်း အဓိပ်ပါယျရှိပါတယျ။

ကိုယ်ယူထားတဲ့ငွေဟာ
သူတစ်ပါး အနေနဲ့
သူ့ရဲ့ကြိုးစားမှုနဲ့ ရထားတာပါ ။
သူ့ရဲ့ ကိုယ်စွမ်း/ဥာဏ်စွမ်းနဲ့
ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။

သင် သူတစ်ပါးဆီက
ယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့
ရှာထားတာလည်း ဖြစ်နိုင်ပါတယ်
မအိပ်မနေ ညနက်သန်းခေါင်အထိ
ရှာဖွေထားတာလည်း ဖြစ်နိုင်တယ်။

သူ့ကိုယ်ကျိုးအတွက် မသုံးစွဲရက်ဘဲ
ယုံကြည်မှုနဲ့ ကိုယ့်ကိုပေးခဲ့ခြင်းဖြစ်တယ်
အဲဒီယုံကြည်မှုကို ဘယ်တော့မှ
လွယ်လွယ်လေး မချိုးဖျက်မိပါစေနဲ့။

ကိုယ်ပိုက်ဆံချေးထားတဲ့သူက
ချမ်းသာနေလို့ အဆင်ပြေနေလို့
ပြန်မပေးဘဲနေလို့ မရပါဘူး ။
သူချမ်းသာတာက
သူ့ကြိုးစားမှုနဲ့ သူ့အပိုင်း...
ကိုယ်ယူထားတာက ကိုယ့်အပိုင်းပါ။

ပိုင်းရှင်မတောင်းသေးလို့ မပေးသေးဘူးဆိုပြီး
မနေပါနဲ့ ကိုယ့်မှာရှိနေရင် ပြန်ပေးလိုက်ပါ
ယခုဘဝအကြွေးက နောင်ဘဝ ဝဋ်ကြွေးဆပ်ရမယ်

ငွေအပေါ်သစ္စာရှိဖို့ လိုပါတယ်...
ငွေအပေါ်သစ္စာရှိမှ ငွေကလည်း
ကိုယ့်အပေါ်သစ္စာရှိမှာပါ။

သူးများ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒမရှိတဲ့
နေ့ကစ၍ သင်ဘာလုပ်လုပ်
အဆင်မပြေတော့ဘူးဆိုတာ
သိတားလိုက်ပါ

သူတစ်ပါးငွေကြေး ပစ္စည်းဥစ္စာကို
ချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာ
ယခုဘဝရော လာမည့်ဘဝတွေ အထိပါ
ပြောင်ပြောင်ရောင်ရောင် မရှိဘဲ
ဆင်းရဲနေမှာပဲ......။

21/03/2022

. #နံ့သာခိုးသောဘုရားအလောင်း


တစ်ခါတုန်းက ဘုရားအလောင်းဟာ ရသေ့ရဟန်း၀တ်
ပြီး တောမှာ နေနေပါတယ်.တစ်နေ့ တော့ ဆွမ်းခံကပြန်အလာရေကန်တစ်ကန်ထဲဆင်းပြီးရေချိုးရင်း ကန်ထဲက ပဒုမ္မာကြာကို နမ်းလိုက်ပါတယ်။l. ဒါကိုရေကန်စောင့်
နေတဲ့ နတ်သမီးကတွေ့ပြီး စိတ်ထဲမှာ မသက်မသာဖြစ်သွားပါတယ်. ရဟန်းကိုလည်း အပြစ်စကားဆိုလိုက်ပါတယ်.

●ရဟန်း … ပိုင်ရှင်မပေးဘဲ ကြာပန်းကိုနမ်းတာဟာ “ခိုးခြင်း” အင်္ဂါတွေထဲက တစ်ခုပဲ.ဒါကြောင့် သင့်ရဟန်း
ဟာ “နံ့သာသူခိုးပဲ”.အစောင့်နတ်သမီးရဲ့ပြစ်တင်စွပ်စွဲ
သံကြားတော့ ရဟန်းကလည်း ပြန်ချေပပါတယ်.

●နတ်သမီး …ငါဟာကြာပန်းကိုယူလည်းမယူ.ချိုးလည်း
မချိုး.အဝေးကပဲနမ်းတာပါ.ဘာဖြစ်လို့ ငါ့ကို “နံ့သာသူခိုး”လို့ စွပ်စွဲတာလဲ.စောစောက ငါ့ရှေ့က ယောက်ျားတစ်ယောက်ဟာ ရေကန်ထဲဆင်းပြီး ကြာစွယ်တွေကိုလည်းခူးတယ်.ကြာပန်းတွေကိုလည်း ချိုးဖျက်ယူတယ်
အဲဒီပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ “ကြာပန်းသူခိုး”လို့ မပြောတာလဲ.နတ်သမီးက သူပြောမယ်စကားကို ရဟန်း
မကြားမှာစိုးလို့ထင်တယ်.ရှေ့ကို ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း မျက်နှာထားတည်တည်နဲ့ ပြောလာပါတယ်.

●“ရဟန်း….မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေ
ရှိတယ် အဲဒီပုဂ္ဂိုလ်တွေဟာ အညစ်အကြေးတွေအထပ်
ထပ်ပေကျံနေတဲ့ “လက်နှီးစုတ်”လိုပဲ.အဲဒီ လက်နှီးစုတ်ဟာ အညစ်အကြေးတစ်ခုခုထပ်ပေကျံပေမယ့် ထူးပြီးမသိသာတော့ဘူး.ဒီအတိုင်းပဲ “အကုသိုလ်အညစ်အကြေး” မျိုးစုံကပ်နေတဲ့ ပုဂ္ဂိုလ်မှာ နောက်ထပ်အညစ်အကျေးတစ်ခုထပ်ကပ်လို့လည်း ထူးပြီးမသိသာတော့ဘူး.

အဲဒီ ပုဂ္ဂိုလ်မျိုးကိုတော့ ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး.
သင်ရဟန်းကိုသာ ပြောချင်တာ.စင်ကြယ်မှုကိုပဲ ရှာမှီး
နေတဲ့ ယောက်ျားမြတ်ဟာ သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း တိမ်တိုက်လောက်သဘောထားရတယ်..သိရဲ့လား ရဟန်းရဲ့”

ရဟန်းက နတ်သမီး ဥပမာနဲ့ပြောလိုက်တဲ့စကားကို တော်တော်လေး သဘောကျသွားပါတယ်.ဒါကြောင့်
မျက်နှာချိုချိုလေးနဲ့ ပြန်ပြောပါတယ်.

နတ်သမီး …သင့်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်
ပြုတယ်.ပြီးတော့ ငါ့ကို သတိပေးစောင့်ရှောက်တယ်.
တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ အမြင်
မတော်တာရှိခဲ့ရင် အခုလို့ပြောဆိုပေးပါ.

ရဟန်း...ငါ့တို့ဟာ သင့်ကိုအမှီပြုပြီး အသက်မွေးနေတာမဟုတ်ဘူး.သင့်ရဲ့အခစားလည်း မဟုတ်ဘူး.ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်းဆိုတာ သင်သိတယ်.သိတဲ့ အ
တိုင်း ကိုယ်တိုင်းပဲသွားပါ. ငါ့ကိုအားမကိုးပါနဲ့.

ရဟန်းက နတ်သမီးရဲ့ စကားရင့်ရင့်ကို လက်ခံသဘော
တူတဲ့ အနေနဲ့ ကျေးဇူးစကားပြန်ပြောတယ်. “ကျေးဇူး
တင်ပါတယ် နတ်သမီး အခုလို သတိပေးတာကိုပဲ ”
နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေးပြောလိုက်မိ
ပေမဲ့

ပြောလွယ်ဆိုလွယ်ရှိတဲ့ ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်.ဘုရားအလောင်းဟာ နတ်သမီးရဲ့ ဆုံးမစကားကို အခြေခံပြီး တရားကို ကြိုးကြိုးစားစား အား
ထုတ်လိုက်တာ ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကိုလားရောက်ခဲ့ရပါတယ်.

(ငါးရာ့ငါးဆယ့်ဇာတ်၀တ္ထု၊ သိင်္ဃပုပ္ဖဇာတ် )

■မြောင်းထဲမှာ မြောင်းဖေါ်နေတဲ့သူတစ်ယောက် ရွှံ့
တစ်စက်ပေသွားလို့ ဘာမှဖြစ်မသွားပါဘူး.
မြောင်းဘေးကရပ်ကြည့်နေတဲ့သူရွှံံ့တစ်စက်ပေသွား
ရင် သိပ်သိသာပါတယ်.

■မကောင်းမှုမျိုးစုံပြုနေတဲ့ လူတစ်ယောက် မကောင်း
မှုတစ်ခုကို ကျူးလွန်လိုက်လိုလည်း ထူးပြီးမသိသာသွားသလို ပတ်၀န်းကျင်ကလည်း ထူးပြီးစိတ်မ၀င်စားပါဘူး.
စင်စင်ကြယ်ကြယ်နေတဲ့လူတစ်ယောက် မသင့်လျှော်
တာ တစ်ခုခုလုပ်လိုက်ရင် သိပ်ပြီး သိသာနေတတ်ပါတယ်.

နောက်ဥပမာတစ်ခုကတော့

လက်နှီးစုတ်မှာ အိုးမဲတစ်ကွက် ထပ်ပေလို့ ထူးပြီး မသိ
သာပါဘူး.အ၀တ်ဖြူဖြူမှာ အိုးမဲတစ်ကွက် ပေကျံလိုက်ရင်တော့ သိပ်ပြီး သိသာနေတတ်ပါတယ်.

ကိုယ်က ကိုယ်..သူက သူ..ကိုယ် နဲ့ သူ နှိုင်းယှဉ်ပြီး
မနေကောင်းပါဘူး.

သော၀စဿတာ မင်္ဂလာရေးမယ်လုပ်တော့ ငယ်ငယ် ဆရာသမားတွေ ဆုံးမခဲ့တဲ့ ဒီဥပမာလေး ခေါင်းထဲကို အလိုလို၀င်လာခဲ့ပါတယ်.ဒါ့ကြောင့်လည်း ဒီဥပမာ
လေးနဲ့ နွယ်နေတဲ့ သိင်္ဃပုပ္ဖဇာတ်ကလေးကိုပဲရေးပြ
လိုက်တာပါ.

အသောက ကျောက်စာမှာ … ကာယာနံမေ၀ ဒေခတိ…-

“လူတွေဟာ ကိုယ်လုပ်တဲ့ဟာဆိုရင် အကောင်းချည်း ထင်ကြတယ်” လို့ ဆိုပါတယ်.ဒီတော့ ကိုယ်ရဲ့အပြစ်
ကိုယ့်ရဲ့အားနည်းချက်ကို မမြင်နိုင်တော့ပါဘူး.အဲဒီ
လို အခါမျိုးမှာ ကိုယ့်ရဲ့အပြစ်.ကိုယ့်ရဲ့ အားနည်း
ချက်ကို ပြောပြနိုင်မယ့်သူ တစ်ယောက်ယောက်ကို
တော့ ကိုယ့်၀န်းကျင်းမှာ ရှိထားသင့်ပါတယ်. ပြောပြ
နိုင်မယ်သူရှိမှလည်း ကိုယ့်အားနည်းချက်ကို ကိုယ်
သိပြီး ပြုပြင်ခွင့် သာမှာပါ.

ပုထုဇဉ်တွေဆိုတာ အပြစ်တို့.အားနည်းချက်တို့တော့
ရှိနေကြမှာပါ.ကိုယ်က သိခွင့်ရဖို့ပဲအရေးကြီးပါတယ်

■တစ်ခုတော့ရှိပါတယ်.ကိုယ်က ပြောဆိုဆုံးမ,လွယ်
သူတော့ ဖြစ်နေဖို့လိုပါတယ်.ဒါမှလည်း အပြစ်ပြော သူက ပြောချင်စိတ်ရှိမှာပါ.ဓမ္မပဒမှာ အပြစ်ပြဆုံးမ
သူကို “ရွှေအိုးပေးသူ”လို့ သဘောထားရမယ်လို့ ဆို
ထားပါတယ်.ပြီးတော့ ရှင်ရာဟုလာဆိုတဲ့ ကိုရင်လေး
က သဲကို လက်နဲ့ဆုပ်ပြီး “ဤသဲလုံးနဲ့အမျှ ငါ့ကိုဆုံးမ
မည့်သူ ရလျှင်ကောင်လေစွ ”လို့ လည်း ဆုတောင်း
လေ့ရှိပါတယ်.

ကိုယ့်အပြစ်.ကိုယ်အားနည်းချက်ကို သိချင်စိတ်ရယ်
သိပြီး ပြင်ချင်တဲ့စိတ်ရယ်.ပြင်ပစ်တဲ့စိတ်ရယ်.အဲဒါ
တွေဟာစိတ်ဓာတ်အရည်အသွေးမြင့်မားဖို့အတွက် အထောက်အပံ့တွေပါ.

ကိုယ့်ရဲ့စိတ်ဓာတ်အရည်အသွေးဟာ တစ်နှစ်ထက်
တစ်နှစ် မြင့်သထက်မြင့်လာပါမှ အဓိပ္ပါယ်ရှိပါတယ်
မြင့်မြင့်လာအောင်လည်း ကိုယ်ကအားထုတ်ရပါမယ် ဆိုဆုံးမလွယ်တာ.ကိုယ့်အားနည်းချက်ကို သိချင်တာ
သိပြီးပြင်ချင်တာတွေဟာ စိတ်ဓာတ်အရည်အသွေး
မြင့်မားရာ မြင့်မားကြောင်းတွေပါ.

ဒါပေမယ့် တစ်ခုတော့ရှိပါတယ်.လူတော်တော် များ
များမှာ လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါ ရှိတတ်ကြပါတယ်.လူငယ်စကားနဲ့ပြောရရင်တော့ “ဆရာကြီးလုပ်ချင်တဲ့ရောဂါ”ပါ.အဲဒီရောဂါရှိသူတွေရဲ့ဆုံးမမှုမျိုးကိုတော့ သတိထားရပါမယ်.ရောဂါကို အခြေခံပြီး ဆုံးမလာတဲ့ ဆုံးမမှုမျိုးကတော့ ကိုယ့်စိတ်ဓာတ် အရည်အ
သွေး မြင့်မလားတဲ့အပြင် တစ်ခါတလေနိမ့်တောင်
သွားဦးမှာပါ.

လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါဟာ ကုရ တော်
တော်လေးခက်ပါတယ်.အဲဒီလူမျိုးကိုတော့ ဘယ်သူမှ မနှစ်မြို့သလို သူရဲ့ဆုံးမမှုမျိုးကိုလည်း မခံယူချင်ကြ
ပါဘူး.ဒါသဘာ၀ပါ.ဒါကြောင့် ကိုယ်ကိုယ်တိုင်ကလည်း ရောဂါတစ်ခုလို လူတစ်ဖက်သားကို ဆုံးမချင်တဲ့စိတ်
ရှိမနေဖို့လိုပါတယ်.

ကိုယ်ကိုယ်တိုင် ဆုံးမလွယ်သူဖြစ်ရမှာဖြစ်သလို ရော
ဂါ တစ်ခု အနေနဲ့မဟုတ်ဘဲ ကိုယ့်၀န်းကျင်မှာပြောပြဖို့
ဆုံးမဖို့ အမှန်တကယ် လိုအပ်လာရင် တာ၀န်တစ်ခု
အနေနဲ့ကို ပြောပြပေးရမှာပါ. ဆုံးမပေးရမှာပါ.

အဲဒီလိုပြောပြပေးဖို့ ဆုံးမပေးဖို့ အခွင့်ကြုံလာခဲ့ရင်
တော့ အောက်ပါ “အင်္ဂါ(၅)ပါး”ကို သတိထားရမယ်လို့
စာမှာဆိုထားပါတယ်.

(၁) မသင့်လျော်မလျောက်ပတ်တဲ့အခါ မပြောပြသေး
ဘဲ မဆုံးမသေးဘဲ. သင့်လျော်လျောက်ပတ်တဲ့ အခါ
ကျမှ ပြောပြပေးခြင်း. ဆုံးမပေးခြင်း.

(၂) မဟုတ်မမှန်သောစကားကို ဖယ်ရှားပြီး ဟုတ်မှန်
တဲ့စကားနဲ့သာ ဆုံးမခြင်း.

(၃) ကြမ်းတမ်းခက်ထန် နားမခံနိုင်ဘွယ်စကားကို ဖယ်ရှားပြီး သိမ့်မွေ့နူးညံ့တဲ့ စကားနဲ့သာ ဆုံးမခြင်း

(၄) အကျိုးမရှိတဲ့စကားကိုဖယ်ရှားပြီး အကျိုးရှိတဲ့
စကားနဲ့သာ ဆုံးမခြင်း.

(၅) အမျက်ဒေါသမပါစေဘဲ မေတ္တာနဲ့သာ ဆုံးမခြင်း

ဒီအင်္ဂါ (၅) ချက်ကို ချိန်ပြီး ပြောဆိုပါ. ဆုံးမပါတဲ့.

ဘ၀ခရီးမှာ ဆုံးမတတ်သူ. ဆုံးမအပ်သူဆိုပြီး အပြန်
အလှန်တော့ တစ်လှည့်စီ ရှိနေကြမှာပါ.ကြုံလာတဲ့
အလှည့်မှာ တာ၀န်ကျေဖို့နဲ့ သတိလေးရှိနေဖို့ပါ.

ဘာပဲပြောပြော ဆိုဆုံးမလွယ်သူတဲ့သူကို လူတိုင်းက
ချစ်ကြပါတယ်.လူတိုင်းရဲ့ အချစ်ကို ခံချင်တယ်ဆိုရင်တော့…

-【စာရိုက်ပူဇော်သူ - Admin Team of Young
Buddhist's Association 】
အပ်ပမာဒနေ သမ္မာဒေထ
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-】

သောတုဇန

21/03/2022

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
==============================
(၂၀၂၂ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၊ ထုတ်ပြန်ချက်)
===========================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၄၀)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၂၉၅)မိုင်ခန့်၊ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၂၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၈၀)မိုင်ခန့်နှင့် ပို့ပလဲယား (Port Blair)၏ အရှေ့‌မြောက်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
--------------------------------------------------------------------------------

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၂၅-၃၀)မိုင်၊ တစ်ခါတစ်ရံ (၄၅)မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၁၀)ပေမှ (၁၄)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
---------------------------------------------------------------------------

မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၂၀-၂၅)မိုင်၊ တစ်ခါတစ်ရံ (၄၅)မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၁၀)ပေမှ (၁၄)ပေခန့်။

21/03/2022

ခရိုင်းမီးယားက
ဒုတိယထပ်ပစ်လိုက်တဲ့
Kinzhal ဟိုက်ပါဆောနစ်
ပစ်မှတ်ကို တည့်တည့်ထိမှန်သွားတယ်၊

Kinzhal missile ဆိုတာ
ဒုတိယတန်းစား ဟိုက်ပါဆောနစ်ဖြစ်သည့်တိုင်
အနောက်အုပ်စုက ကြားဖြတ်ပစ်မချနိုင်သေးပါလို့
ဆိုထားပါတယ်၊

ရုရှားက ပထမတန်းစား Zircon ကို
ထုတ်မသုံးသေးပါဘူး။

. (20.3.22 )

Address

East Myoe Part Road
Taunggyi

Website

Alerts

Be the first to know and let us send you an email when Cherry's Heaven Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cherry's Heaven Media:

Shortcuts

Share