Marigold Real Estate

Marigold Real Estate “ပျော်ရွှင်မှုတွေ့ ဝင်ရောက်၊ အနာဂတ်ကို တည်ဆောက်—Marigold Real Estate မှာနောက်တစ်ခေါက်!”

ကျောက်တလုံးလမ်းမကြီးဘေး မြေကွက်ကျယ်ရောင်းမည်။ တောင်ကြီးမြို့ ကျောက်တလုံးကြီးမြို့နယ် ကက္ကူကျေးရွာအုပ်စု ကျောင်းထိုရွာဘေး...
05/10/2025

ကျောက်တလုံးလမ်းမကြီးဘေး မြေကွက်ကျယ်ရောင်းမည်။
တောင်ကြီးမြို့ ကျောက်တလုံးကြီးမြို့နယ် ကက္ကူကျေးရွာအုပ်စု ကျောင်းထိုရွာဘေးရှိမြေကွက်ကျယ် ရောင်းမည် ။ ကျောက်တလုံးလမ်းမကြီးဘေး မျက်နှာစာ (360)ပေရှိပြီး ခေးလူရွာဝင်လမ်းမကြီးဘေး မျက်နှာစာ (120)ပေရှိ တစ်ကွင်းလုံး မြေကွက်အကျယ် (4.26)ဧက
စျေးနှန်း (5500)သိန်း ညှိနိုင်း စျေးဖြင့်ရောင်းမည် ။
အမည် ဇော်ထွန်း
ဆက်သွယ်ရန်ဖုန်း 09788541082/
Viber phone 09428327466

ဘိုးဘပိုင်မြေဆိုသည်မှာ ဘယ်လိုမြေအမျိုးအစားလဲ? # # #ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ ဘိုးဘပ...
24/09/2025

ဘိုးဘပိုင်မြေဆိုသည်မှာ ဘယ်လိုမြေအမျိုးအစားလဲ?
# # #

ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ

ဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကို လက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင် ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့် အ၀ရှိပေမယ့် (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်း ခံရပါမယ်။

လက်ဝယ်ထားရှိပိုင်ခွင့်မြေ (ဘိုးဘပိုင်မြေနဲ့တူ)။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင် ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေ ကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်၀ယ်ထားရှိရတဲ့မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ် ထား ခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

ဘိုးဘပိုင်မြေဆိုတာ ဘယ်လိုမြေလဲဆိုတာ အခြေခံလေးသိရအောင် ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဟိုး အရင် ရှင်ဘုရင်ခေတ်ကနေ ခုချိန်ထိက မြေမှန်သမျှရဲ့ ပင်ရင်းပိုင်ရှင်ဟာ မင်း၊ အစိုးရပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း "ရေမြေသနင်း ပြည့်ရှင်မင်း"လို့ ခေါ်ခဲ့ကြတာပါ။ မြေအမျိုးအစားတွေကို..

(၁) အရာတော်မြေ (နိုင်ငံပိုင်မြေ) ( Royal Land)၊
(၂) ဘိုးဘပိုင်မြေ (ခ) အမှုထမ်းမြေ (Official Land)၊
(၃) လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်ရှိသောမြေ (Land holder right)၊
(၄) ဝတ္တကမြေ (သာသနာ့မြေ) ဆိုပြီး မြေ(၄)မျိုးပိုင်းခြားခဲ့ကြပါတယ်။

ဘိုးဘပိုင်မြေတွေရဲ့အစက ဓါးမဦးချ မြေတွေပါပဲ။ ဓါးမဦးချမြေလို့ ဘာလို့ခေါ်ကြတာလဲဆိုတော့ ရှေးတုန်း ကတည်းက တောကိုထွင်ပြီး လယ်တည်ခဲ့ကြပါတယ်။ ဓါးမနဲ့ တောကိုရှင်းပြီး စိုက်ပျိုးလို့ရအောင် မြေထွင် ရာမှာ ဓါးမရဲ့ဦးချွန်ဟာ မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်းလင်းထားရတာကို တင်စားပြီး "ဓါးမဦးချ" မြေလို့ ခေါ်ကြောင်း ကျနော်လည်း မှတ်သားမိပါတယ်။ အဘိုးလက် ထက်ကမြေကို အဘလက်ထက်မှာ ဆက်လက်လုပ်ကိုင်ခဲ့ကြတော့ အဲလိုမြေတွေကို "ဓါးမဦးချ ဘိုးဘပိုင်မြေ"လို့ ခေါ်ခဲ့ကြပါတယ်။

စိုက်ပျိုးမြေများ တိုင်းတာ၊ စီမံခန့်ခွဲတာကို ပုဂံခေတ်ကတည်းက ရှိခဲ့ကြောင်း သမိုင်းအထောက်အထားတွေ တွေ့ခဲ့ရပြီး၊ မြို့မြေများနဲ့ ပတ်သက်ပြီးတော့ မြို့စား၊ နယ်စား၊ ရွာစား၊ ပယ်စား အဖြစ် တိုက်ရိုက် အပိုင်စား ပေး တဲ့စနစ်တွေနဲ့ စီမံခန့်ခွဲခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း မြို့စားမင်း၊ နယ်စားမင်း ဆိုပြီးရှိကြပြီး ဆက်ခံခွင့် အဆက်အဆက်ပေးခဲ့လို့ "မင်းပေးမြေ " လို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီ မင်းပေးမြေ တွေကို တစ်ယောက်နဲ့တစ်ယောက် လွှဲပြောင်းရောင်းချပေါင်နှံကြလို့ "ငွေဝယ်ငွေပေါင်မြေ"လို့ ခေါ်ကြပါ သေးတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၈၂၄ မှာ ပထမအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ ရခိုင်နဲ့ တနင်္သာရီကို ပေး လိုက်ရတယ်။ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက် ၁၈၅၂ ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ မြန် မာနိုင်ငံအောက်ပိုင်းကို ပေးလိုက်ရတယ်။ သီပေါမင်းလက်ထက် ၁၈၈၅ မှာ တတိယ အင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ မြန်မာနိုင်ငံတစ်ခုလုံး ပေးလိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ ကုန်းဘောင် ခေတ် အလောင်းမင်းတရားကြီးလက်ထက် ဒဂုံကို ရန်အပေါင်းကုန်စင်လို့ ရန်ကုန်လို့ ပြောင်းဆိုတဲ့ ခေတ် ကတည်းက သားစဉ်မြေးဆက်နေထိုင်ခဲ့သော မြေများရှိခဲ့ရာ သူတို့နေထိုင်ပိုင်ဆိုင်သောမြေများမှာ "ဘိုးဘ ပိုင်မြေ"များ ဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်သိမ်းပိုက်ပြီး ပထမဆုံးမြို့ကွက်သစ်ရိုက်တာတော့ ရန်ကုန်မြို့လို့ လေ့လာသိရှိရပါတယ်။ ၁၈၅၂ ခုနှစ်မှာပဲ ရန်ကုန်မြို့သစ်တည်ရန်ဆိုပြီး ဗြိတိသျှစစ်တပ်မှ ဆရာဝန် ဒေါက်တာဝီလျံမောင်ဂိုမာရီ (Montgomery) က စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ အင်ဂျင်နီယာတပ် ဗိုလ်ဖရေဇာ(Frazer)က မြို့သစ်ပုံစံရေးဆွဲခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ အဲဒီမြေတွေကို အင်္ဂလိပ်အစိုးရက အကွက်ရိုက်ပြီး ဝယ် ယူလိုသူတွေကို အပိုင်ရောင်းချပေးခဲ့ပါတယ်။ ဒါကြောင့် "မြေပိုင်မြေ"လို့ ခေါ်ကြပါတယ်။ ဘိုးဘပိုင်မြေနဲ့ တစ်တန်းစားထဲဖြစ်လို့ မြေခွန်ပေးစရာမလိုပါဘူး။

မန္တလေးမြို့မှာတော့ ယခင်ကုန်းဘောင်ခေတ် နေပြည်တော်အဖြစ် မန္တလေး နန်းမြို့ အရှေ့ပြင်၊ တောင်ပြင်၊ အနောက်ပြင်၊ မြောက်ပြင်တို့သတ်မှတ်ပြီး မင်းဆွေမင်းမျိုး၊ အရာထမ်းအမှုထမ်းတွေကို စီမံခန့်ခွဲချထား ပေးခဲ့ပြီး အစဉ် အဆက် လွှဲပြောင်း ပိုင်ဆိုင်လာခဲ့ကြတဲ့မြေများဟာ ဘိုးဘပိုင်မြေကွက်များ ဖြစ်ပါတယ်။

ဘိုးဘပိုင်မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ်အက္ခရာ B (Bobabaing or Landholder's rights) နဲ့ပြပါတယ်။ ဘိုးဘပိုင်မြေဟာ ဂရန်မြေကဲ့သို့ သက်တမ်းကုန်တယ် ဆိုတာ မရှိတဲ့အတွက် သက်တမ်းလည်း တိုးစရာမလိုပါဘူး။ ဒါကြောင့် သက်တမ်းတိုးခလည်း မကုန် တော့ ပါဘူး။ အပိုင်ရထားတဲ့မြေဖြစ်လို့ ဂရန်မြေကဲ့သို့ မြေခွန်လည်း ဆောင်စရာမလိုပါဘူး။ ဂရန်မြေကဲ့သို့ ဂရန် စာရွက်မရှိပေမဲ့ မိမိပိုင်ဆိုင်ခဲ့ကြောင်း မှတ်ပုံတင်စာချုပ်အဆက်အဆက်နဲ့ မိမိအမည်ပေါက်သက်ဆိုင်ရာ (မြေစာရင်း)ရုံးမှာ စာရင်းဝင်နေရင် လုံလောက်ပါတယ်။

မန္တလေးမြို့မှာတော့ ပိုင်ဆိုင်မှုထိန်းသိမ်းရတာ လွယ်ကူစေရန် ဘိုးဘပိုင်မြေတွေကိုလည်း (၄-၄-၂၀၁၁) နောက်ပိုင်းလောက်ကတည်းက ဂရန်စာအုပ်ပေးသလိုပဲ အမည်ပေါက်မြေပုံများနဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို သားရေစာအုပ်နဲ့ ပြောင်းလဲထုတ်ပေးနေလို့ ယခုအချိန်မှာ ဘိုးဘစာအုပ်ဆိုပြီး တွေ့ရပါတယ်။
ဒီတော့ ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာတွေ ကျန်သေးလား၊ ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ်။ အင်္ဂလိပ်ခေတ်က ဘိုးဘပိုင်မြေမှာ မြို့မြေ တင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့်အရေးတွေ အခုဆက်လက် တည်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ လေ့လာကြည့်ပါမယ်။

ရှေးယခင်က ဘိုးဘပိုင်မြေတွေထဲက လယ်၊ ယာ၊ ဥယျာဉ် မြေမျိုးပေါက်နေတဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေအဖြစ် သတ် မှတ်ပြီး အခွင့်အရေး ရထားခဲ့တဲ့၊ မြေစာရင်းဌာနရဲ့ မြေပုံ စာရင်းတွေမှာ ယနေ့အထိ ဘိုးဘပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး လုပ် ကိုင်ခြင်း မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ/မရှိနဲ့ ဘိုးဘပိုင် လယ်ယာမြေတွေရဲ့ အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ်။

မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော်ဥပဒေတွေ ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေ ယာစနစ်ကို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ ဘိုးဘပိုင် မြေတွေ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ၊ ၁၂ နှစ် တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့မြေတွေ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက် တည်း လုပ် ကိုင်လာတဲ့ မြေတွေကို မြေပိုင် အခွင့်အရေး၊ ဘိုးဘပိုင် အခွင့်အရေးပေးပါတယ်။

ဘိုးဘပိုင်မြေရဲ့ ပိုင်ရှင်၊ LHR (Landholder's Right) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ မြေက နေစွန့်လွှတ်သွားတာလည်း နှစ်နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့မြေပိုင်ရှင် အခွင့်အရေး လက် လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် ပြောင်းလဲ သတ် မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ်။(LBTVL Section 11; UBLR Section 23:)။

မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ်။ Tenure ဟာသီးစား မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုပါ။ Tenancy ကမှ သီးစား ဖြစ်ပါတယ်။ မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်းမှာရှိတဲ့ လုပ်ကွက် တွေကို မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ်။ ဘယ်မြေကွက်တွေကို ဘယ်သူက ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ်။ ဦးပိုင် စုံစမ်းခြင်း (tenure enquiries) လို့ ခေါ်ပါတယ်။

ဒီနေရာမှာ ဦးပိုင် (holding) ဆိုတာ ရှင်းပြချင်ပါတယ်။ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၅၂၃) မှာ ဒီလို ဖွင့် ဆိုပါတယ်။ ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ မြေမျိုး တစ်ရပ်တည်းအတွက် တစ်ဦး တစ် ယောက် တည်းက နယ်နိမိတ် တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်သည်။
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။ ေရေးရာ

သမိုင်းဝင်မွေတော်ကက္ကူဘုရား အရှေ့ဘက်က ပုန်းအင်းဒေသရဲ့ အလှ❤
19/09/2025

သမိုင်းဝင်မွေတော်ကက္ကူဘုရား အရှေ့ဘက်က ပုန်းအင်းဒေသရဲ့ အလှ❤

တောင်ကြီးမြို့ရဲ့  ရှု့ခင်းပျောက်မြူတွေအုပ် နေ့ခင်း1:38⛈🌧🌨
14/09/2025

တောင်ကြီးမြို့ရဲ့ ရှု့ခင်းပျောက်
မြူတွေအုပ် နေ့ခင်း1:38⛈🌧🌨

ရွာမြေကွက်များအရစ်ကျရောင်းမည်⛳မြေကွက်တည်နေရာ တောင်ကြီးမြို့ကျောက်တလုံးကြီးမြို့နယ် ကက္ကူကျေးရွာအုပ်စု မွေတော်ကက္ကူလမ်းခွ...
14/09/2025

ရွာမြေကွက်များအရစ်ကျရောင်းမည်⛳

မြေကွက်တည်နေရာ တောင်ကြီးမြို့ကျောက်တလုံးကြီးမြို့နယ် ကက္ကူကျေးရွာအုပ်စု မွေတော်ကက္ကူလမ်းခွဲထိပ်မှာရှိတဲ့ ကျောင်ထိုရွာဘေးကပ်လျက်ကရွာမြေကွက်အရောင်းပါရှင့် မီးသွယ်လို့ရ တောင်ကြီးမြို့မှ မိနစ်40
နောင်ကားစျေးမှ မိနစ်20
မြေကွက်မှ မွေတော်ကက္ကူဘုရားသို့ 15မိနစ်

မြေကွက်စျေးနှုန်းများ
လိမ္မော် A1/ A2/ A3/A4 တစ်ကွက် သိန်း150
အဝါ B1/B2/B3/ B4 တစ်ကွက်သိန်း120
အစိမ်း C1/C2/C3/C4 တစ်ကွက် သိန်း100
အနီ D1/D2/D3/D4 တစ်ကွက် 85သိန်း
အပြာ E1/E2/E3/E4 တစ်ကွက် 75သိန်း

အသေးစိတ်ကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်

ဆက်သွယ်ရန်⛳
Daw Ei Ei Khin
Ph 09428330163(viber)
09788202146

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက ...
11/08/2025

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
=========================

၁။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။

၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။ အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။

[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။ ဓာတ်ပုံ - အင်တာနက်။

(Zawgyi)

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို
အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
=========================

၁။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။

၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။ အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။

[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။ ဓာတ်ပုံ - အင်တာနက်။

ေရေးရာ
#တောင်ကြီးအိမ်ခြံမြေအကျိုးဆောင် #ရှမ်းပြည်တောင်ပိုင်း

📝 အရစ်ကျစနစ်ဖြင့် မြေကွက်ရောင်းမည်📝သိန်း 50 မှ 980 သိန်းအထိရှိ နေရာအလိုက်မြေကွက်များ( 1 ) တောင်ကြီးမြို့ ၊ ကျောက်တလုံးကြ...
05/08/2025

📝 အရစ်ကျစနစ်ဖြင့် မြေကွက်ရောင်းမည်📝

သိန်း 50 မှ 980 သိန်းအထိရှိ နေရာအလိုက်မြေကွက်များ

( 1 ) တောင်ကြီးမြို့ ၊ ကျောက်တလုံးကြီးမြို့နယ် ၊ကက္ကူကျေးရွာအုပ်စု ၊ ကျောင်းထိုရွာ ၊ ကျောက်တလုံလမ်းမကြီးဘေး ၊ မီးသွယ်ယူနိုင်သည် ။မြေကွက်တည်နေရာ Google map👉
{https://maps.app.goo.gl/7saoCFzBbJ8HKask6}

ကျောင်းထိုရွာမြေကွက် ပေအကျယ်နှင့်စျေးနှုန်းများ
No.Z1 (ရှေ့ 120' x နောက် 100) - (တောင် 37' x မြောက် 128') စျေးနှုန်း (520သိန်း) တောင်ကြီး+ကျောက်တလုံးလမ်းမကြီးဘေး အကွက် အရှေ့လှည့် ။

No.Z2 (ရှေ့ 100' x နောက် 80')-(တောင် 128' x မြောက် 200') စျေးနှုန်း (730သိန်း)
တောင်ကြီး+ကျောက်တလုံးလမ်းမကြီးဘေး အကွက် အရှေ့လှည် ။

No.Z3 (ရှေ့ 100' x နောက် 80')-(တောင် 200' x မြောက် 280') စျေးနှုန်း (980သိန်း)
တောင်ကြီး+ကျောက်တလုံးလမ်းမကြီးဘေး အကွက် အရှေ့လှည့် ။

No.Z4 (ရှေ့ 118' x နောက် 100')-(တောင် 135' x မြောက် 130') စျေးနှုန်း (520သိန်း)

No.Z5 (ရှေ့ 130' x နောက်118')-(တောင် 135' x မြောက် 130') စျေးနှုန်း (630သိန်း)

No. Z6 (ရှေ့ 115' x နောက် 108')-(တောင် 130' x မြောက် 120') စျေးနှုန်း (550သိန်း)

No. Z7 (ရှေ့ 108' x နောက် 100')-(တောင် 130' x မြောက် 120') စျေးနှုန်း (480သိန်း)

No. Z8 (ရှေ့ 175' x နောက် 165')-(တောင် 105' x မြောက် 80') စျေးနှုန်း (370သိန်း)

No. Z9 (ရှေ့ 140' x နောက် 145')-(တောင် 86' x မြောက် 105') စျေးနှုန်း (370သိန်း)

No. Z10 (ရှေ့ 190' x နောက် 190')-(တောင် 50' x မြောက် 86') စျေးနှုန်း (400သိန်း)ခေးလူးရွာဝင်လမ်းမဘေး ။

( 2 )ထီရီးမြောက်ရွာအနီး ယာမြေ (15)ဧက ရောင်းမည် စျေးနှုန်း 1 ဧက (200) သိန်း ခွဲယူပါကနေရာပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမည်။ နေရာကောင်း ရင်ကောင်းသလို 1ဧက 350 သိန်းထိရှိ ရွာဝင်ကျောက်ချော လမ်းဘေးပါမည် အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/ucbDjnzovMX63Kwr9}

( 3 )နောင်ကား ဖက်ကွံ့ရွာဘေး ရွာမြေကွက် 3 ကွက်ရောင်းမည် ပေအကျယ် 50 ပတ်လည် တစ်ကွက်ချင်းစျေးနှုန်း 120 သိန်း အရစ်ကျရ မြေကွက်တည်နေရာ Google map👉{ https://maps.app.goo.gl/mKos1Rb6E5Z9BEWUA}

( 4 ) နောင်ကား နောင်ရွေးရွာအနီး ကတ္တရာလမ်းမကြီး တစ်ကွက်ငုတ်မှစ၍ ( 40x60 )10 ကွက်ရှိ ပေအပိုပါမည် စျေးနှုန်း သိန်း 70 မှ 85 သိန်းအထိရှိ အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/NP2BmvyKntEaq8my8}

( 5 ) ထီဟန်ဆွေး ရွာအရှေ့ဖက် နာမ့်ခုတ်သွား လမ်းမကြီး ပေ 200 ငုတ် 15 ကွက်ရောင်းမည် ပေ (40x60) တစ်ကွက်ကို သိန်း50 ပေအပိုမြေကွက် ပေပိုစျေးဖြင့်ရောင်းမည် အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/V42w77wHCiAXoQgw6}

( 6 ) နားဘောင် ရွာသစ်ဘေး ရှု့ခင်းလှ အပေါ်စီ view 6 ကွက်ရောင်းမည် ပေ 50 ပတ်လည် တစ်ကွက်ချင်းစျေးနှုန်း 100 သိန်း အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/ndf4FtM4fDtEcGUQA}

သူဌေးမင်းများရဲ့ လှပသောအနာဂတ်အတွက်သာမက၊ အမောတွေကို ပြေလျှော့စေပြီး အနားယူဖို့အကောင်းဆုံးနှင့် သာယာလှပသော ရှု့ခင်းများကြား၊ နွေရာသီအပူရှောင်ဖို့အတွက်ပါ လုံးဝကွက်တိ ဖြစ်စေမယ့်နေရာလေး။

👉 ( Name Daw Ei Ei Khin )
👉 ဆက်သွယ်ရန်-09428330163.09788202146
👉Viber/Messenger/Telegram WhatsApp/သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် ။
#တောင်ကြီးမြေကွက် #ရွာမြေ #မြေကွက်ရောင်းရန်

ရွာမှာနေထိုင်လာတာ အနှစ်(၂၀)လောက်ရှိပါပြီ ခြံကိုဂရန်လျှောက်လို့ရပါသလားကျေးရွာမြေဂရန်လျှောက်ထားခြင်း----------------------...
02/08/2025

ရွာမှာနေထိုင်လာတာ အနှစ်(၂၀)လောက်ရှိပါပြီ ခြံကိုဂရန်လျှောက်လို့ရပါသလား
ကျေးရွာမြေဂရန်လျှောက်ထားခြင်း
----------------------------
ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ မြေငှားဂရန်ထုတ်ပေးရန်အတွက် အောက်ပါ ပုဂ္ဂိုလ်များမှ မြေငှားဂရန်လျှောက်ထားခွင့်ရှိကြောင်း သတ်မှတ်ထားပါသည်-
(က) အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ရှိသူ
(ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း(ပုံစံ ၆၆/ ၆)ရှိသူ၊
(ဃ) အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း
(၁၂)နှစ်နေထိုင်မှုရှိသူ။
ကျေးရွာမြေဂရန်လျှောက်ထားရာ၌ ပါဝင်ရမည့်အချက်များ
(က) လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ် အကိုင်၊
(ခ) လျှောက်ထားမြေတည်ရှိရာ ကျေးရွာ၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊
(ဂ) လျှောက်ထားမြေ၏ အလား(၄)ရပ်၊
(ဃ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံအမျိုးအစား၊ အရွယ်အစား။
ကျေးရွာမြေဂရန်လျှောက်လွှာတွင် ပူးတွဲပါရှိရမည့်အချက်များ
(က) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်း ပုံစံ(၁၀၅/၁၀၆)၊
(ခ) အဆောက်အအုံ ဘေးမြင်/ ရှေ့မြင် ဓာတ်ပုံ(၂)ပုံ၊
(ဂ) လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား၊
(ဃ) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊
( င) မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်
ကျေးရွာမြေဂရန်ထုတ်ပေးမည့် ဌာနမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
--------------------------------
ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးရာတွင် အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်-
(က) (ယခင်)ပြည်ထဲရေးဝန်ကြီးဌာန
(ယခု)ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာ နယ်နိမိတ် ဧရိယာအတွင်းရှိ နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကျေးရွာနယ်နိမိတ် ဧရိယာအတွင်းတည်ရှိပြီး လယ်ယာမြေဥပဒေပုဒ်မ ၃(က)ပါ လယ်ယာမြေတွင် အကျုံးမဝင်သည့် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကိုစိစစ်၍ မြေငှားဂရန် ထုတ်ပေးမည်၊
(ခ) မြေတည်ရှိရာကျေးရွာပါဝင်သည့် ကျေးရွာအုပ်စုအတွင်း နေထိုင်မှုမရှိသူကို လူနေထိုင်ရန် အတွက် မြေငှားဂရန်ချခြင်းမပြုပါ၊ စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပါက အမှန်တကယ်လုပ်ကိုင်သည့် လုပ်ငန်းလိုင်စင်နှင့် အညီ စက်မှုမြေငှား ဂရန် ကိုသာ ထုတ်ပေးမည်၊
(ဂ) မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံခြားသားအဖြစ် သတ်မှတ်ခံရသူ၊ နိုင်ငံခြားသား ဖြစ်သူအား မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဃ) တရားမကြောင်းအရ သက်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် မြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(င) ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသောမြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(စ) ဧရိယာအကျယ်(၂၀×၆၀)ပေ၊ ဧကအားဖြင့် (၀.၀၂၇၅)ဧကထက် လျော့နည်းသည့် မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဆ) အနားလေးရပ်ခိုင်မာမှုမရှိသည့် ကျေးရွာမြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဇ) ဝင်လမ်း၊ ထွက်လမ်းမရှိသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဈ) အဆောက်အအုံ ဆောက်လုပ် အသုံးပြုထားခြင်း မရှိသောမြေများကို မြေငှားဂရန် ထုတ်ပေး ခြင်းမပြုပါ၊
(ည) မြစ်၊ ချောင်းနှင့် ရေကန်များကို ကျောခိုင်းဆောက်လုပ်ထားသည့် အဆောက်အအုံ မြေများကို မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဋ) မီးရထားလမ်း၊ ကားလမ်း နယ်နိမိတ်ဧရိယာအတွင်းရှိမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဌ) မဟာဓာတ်အားလိုင်းအတွင်း ကျရောက်လျက်ရှိသောမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဍ) မြေငှားဂရန်ထုတ်ပေးရန်မသင့်ကြောင်း သက်ဆိုင်ရာဌာနတစ်ခုခုမှ ဥပဒေနှင့်အညီ ကန့်ကွက်/ တားမြစ်ထားသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
``````````````````````````````````````````````````
အိမ် ခြံ မြေကွက် များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်။
Viber09428330163
Ph09788202146
Daw Ei Ei Khin


ေရေးရာ
#တောင်ကြီးအိမ်ခြံမြေ
#ရှမ်းပြည်တောင်ပိုင်း

ဘဝက အဲ့လိုပါဆို🤪     #တောင်ကြီးအိမ်ခြံမြေ  #ရှမ်းပြည်တောင်ပိုင်း
01/08/2025

ဘဝက အဲ့လိုပါဆို🤪

#တောင်ကြီးအိမ်ခြံမြေ #ရှမ်းပြည်တောင်ပိုင်း

“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈ...
31/07/2025

“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈေးနှုန်းမြင့်တက်မှုကို ရဖို့အတွက်ဖြစ်ပါတယ်။"

မြန်မာပြည်မှာ ကိုယ့်လက်ထဲငွေကြေးအရင်းအနှီးရှိလို့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ရင် ပထမဆုံးပြေးမြင်မိကြတာက အိမ်ခြံမြေ (Real Estate) ပါပဲ။ အဓိကကတော့ အိမ်ခြံမြေရဲ့အားသာချက်က ပိုင်ဆိုင်မှုခိုင်မာတာကြောင့်နဲ့ စီးပွားရေးအခွင့်အလမ်းကောင်းရှိခြင်းကြောင့်ပဲဖြစ်တယ်။ နောက်တစ်ချက်က မြေဝယ်မကျဆိုပြီး ညွှန်းကြတဲ့အတိုင်း အိမ်ခြံမြေစျေးက အတက်ဘက်ကိုသာဦးတည်တဲ့အချက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ပါတယ်။ ပြီးတော့ အငှားဝင်ငွေ(Rental Income) အပြင် Capital Gains အမြတ်ပါ ရရှိနိုင်တဲ့အားသာချက်လည်းရှိပြန်ပါတယ်။ အားသာချက်တွေရှိသလို မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ သတိပြုရမယ့်အချက်တွေလည်းရှိတယ်။

“အိမ်ခြံမြေဝယ်မယ်ဆိုရင် စိတ်ခံစားချက်က ဘယ်လောက်ပါနေတယ်ဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပထမဆုံးအတွေ့အကြုံမှာတင် ကွဲမှာပါပဲ။”

“ပိုင်ဆိုင်မှုတွေအားလုံးကို Asset တစ်ခုတည်းအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်တာဟာ သိပ်ကို Risk များတတ်လေ့ရှိပါတယ်။ အိမ်ခြံမြေမှာလည်း ကိုယ့်မှာ လက်ထဲ သိန်းငါးထောင်ရှိတဲ့အခါ သိန်းငါးထောင်တန် မြေတစ်ကွက်ဝယ်ပြီး ရင်းနှီးထားလိုက်တာနဲ့စာရင် သိန်းတစ်ထောင်တန်မြေငါးကွက် ဝယ်ထားတာက ပိုပြီး အဆင်ပြေတတ်လေ့ရှိပါတယ်။”

“အိမ်ခြံမြေမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိုက်သင့်တဲ့အမြတ် ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်း ကိုက်မကိုက်ဆိုတာ အချိန်ကာလအနည်းအများအပေါ် များစွာမူတည်နေပါတယ်။“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈေးနှုန်းမြင့်တက်မှုကို ရဖို့အတွက်ဖြစ်ပါတယ်။"

မြန်မာပြည်မှာ ကိုယ့်လက်ထဲငွေကြေးအရင်းအနှီးရှိလို့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ရင် ပထမဆုံးပြေးမြင်မိကြတာက အိမ်ခြံမြေ (Real Estate) ပါပဲ။ အဓိကကတော့ အိမ်ခြံမြေရဲ့အားသာချက်က ပိုင်ဆိုင်မှုခိုင်မာတာကြောင့်နဲ့ စီးပွားရေးအခွင့်အလမ်းကောင်းရှိခြင်းကြောင့်ပဲဖြစ်တယ်။ နောက်တစ်ချက်က မြေဝယ်မကျဆိုပြီး ညွှန်းကြတဲ့အတိုင်း အိမ်ခြံမြေစျေးက အတက်ဘက်ကိုသာဦးတည်တဲ့အချက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ပါတယ်။ ပြီးတော့ အငှားဝင်ငွေ(Rental Income) အပြင် Capital Gains အမြတ်ပါ ရရှိနိုင်တဲ့အားသာချက်လည်းရှိပြန်ပါတယ်။ အားသာချက်တွေရှိသလို မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ သတိပြုရမယ့်အချက်တွေလည်းရှိတယ်။

“အိမ်ခြံမြေဝယ်မယ်ဆိုရင် စိတ်ခံစားချက်က ဘယ်လောက်ပါနေတယ်ဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပထမဆုံးအတွေ့အကြုံမှာတင် ကွဲမှာပါပဲ။”

“ပိုင်ဆိုင်မှုတွေအားလုံးကို Asset တစ်ခုတည်းအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်တာဟာ သိပ်ကို Risk များတတ်လေ့ရှိပါတယ်။ အိမ်ခြံမြေမှာလည်း ကိုယ့်မှာ လက်ထဲ သိန်းငါးထောင်ရှိတဲ့အခါ သိန်းငါးထောင်တန် မြေတစ်ကွက်ဝယ်ပြီး ရင်းနှီးထားလိုက်တာနဲ့စာရင် သိန်းတစ်ထောင်တန်မြေငါးကွက် ဝယ်ထားတာက ပိုပြီး အဆင်ပြေတတ်လေ့ရှိပါတယ်။”

“အိမ်ခြံမြေမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိုက်သင့်တဲ့အမြတ် ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်း ကိုက်မကိုက်ဆိုတာ အချိန်ကာလအနည်းအများအပေါ် များစွာမူတည်နေပါတယ်။
ေရေးရာ #တောင်ကြီးအိမ်ခြံမြေ #ဥပဒေရေးရာ

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေငွေပေါပေါ ရှိ...
28/07/2025

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit :

Address

တောင်ကြီးမြို့ ဝါးပြားရပ်ကွက် ကျောင်းကြီးစု ရတနာလမ်း
Taunggyi
06101

Telephone

+959428330163

Website

Alerts

Be the first to know and let us send you an email when Marigold Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marigold Real Estate:

Share