Mahaw Thahtar

Mahaw Thahtar BURMA BRANDING By Burma Lulin

လူသုံးကုန်ပစ္စည်းများကိုစျေးနှုံးချိုသာသောကံစမ်းမဲလက်မှတ်များဖြင့်ရောင်းချပေးနေသော Burma Branding Project. တန်ဖိုးကြီးပစ္စည်းများကိုလူတိုင်းစျေးသက်သာစွာဖြင့်ပိုင်ဆိုင်နိုင်စေရန်ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ Page Messenger မှတဆင့် လက်မှတ်များဆက်သွယ်ဝယ်ယူနိုင်ပါသည်။

မိဘက သင်ပေးလိို့ပညာတတ်ဖြစ်သွားတဲ့ မင်းက"ခင်ဗျားဘာသိလို့လဲ" ဆိုပြီးအဖေနဲ့အမေကို ပြန်မပြောမိစေနဲ့ #မင်းစလာကတည်းက_ငိုပဲငိုတ...
01/01/2025

မိဘက သင်ပေးလိို့
ပညာတတ်ဖြစ်သွားတဲ့ မင်းက
"ခင်ဗျားဘာသိလို့လဲ" ဆိုပြီး

အဖေနဲ့အမေကို ပြန်မပြောမိစေနဲ့
#မင်းစလာကတည်းက_ငိုပဲငိုတတ်တာ

မင်း ပညာတတ်ကြီး ဖြစ်လာတဲ့အထိ အကောင်း/အဆိုး အကြောင်းအကျိုးတွေသိလာတဲ့အချိန်ထိ ဒုက္ခခံပြီး သင်ပေးခဲ့တာ
ဒီအဖေနဲ့အမေ

တချိန်ချိန် ဘဝမှာ အောင်မြင်မှု အထွဋ်အထိပ် ရောက်လာခဲ့ရင် ဒီ ကျေးဇူးရှင်တွေကို ဘယ်တော့မှ မမေ့ပါစေနဲ့ ။
မေတ္တာဖြင့်~

ငါးတစ်ကောင်ဟာ ငါ့မှာ ဘာလို့လမ်းလျှောက်ဖို့ ခြေထောက်မပါတာလည်းလို့ဘယ်တော့မှ မတွေးသလို၊ မျောက်တစ်ကောင်ဟာလည်း ငါဘာလို့ လေမှာ...
01/01/2025

ငါးတစ်ကောင်ဟာ ငါ့မှာ ဘာလို့
လမ်းလျှောက်ဖို့ ခြေထောက်မပါတာလည်းလို့
ဘယ်တော့မှ မတွေးသလို၊

မျောက်တစ်ကောင်ဟာလည်း
ငါဘာလို့ လေမှာ မပျံနိုင်ရသလဲလို့ မတွေးပါဘူး။

အရာရာတိုင်းမှာ လောကကြီးက
သူ့နေရာနဲ့သူ အားနည်းချက် ၊
အားသာချက် တွေနဲ့ ဖန်တီးထားလို့ပဲဖြစ်တယ်။

မင်းကားမောင်းတဲ့နေရာမှာ ဆရာတစ်ဆူ
ဖြစ်ချင်ဖြစ်လိမ့်မယ်။

လူတင်ပြီး နင်းရတဲ့ ဆိုက်ကားမှာတော့
ဆိုက်ကားဆရာကို မှီမှာ မဟုတ်ဘူး။

တက္ကသိုလ်မှာ မင်းဟာ ပါမောက္ခတစ်ယောက် ဖြစ်ချင် ဖြစ်လိမ့်မယ် ။

ဒါပေမဲ့ ပင်လယ်ပြင်ကို ခရီးနှင်တဲ့အခါ
လေးထိုးသားလောက် မင်းဟာ အရေးမပါနိုင်ဘူး။

လောကမှာ ဘယ်သူ့ကိုမှ အထင်သေးလို့မရသလို
ဘယ်သူ့ကိုမှ အသလွတ် အထင်ကြီးနေလို့ မရဘူး။

ဘာလို့ဆို ကိုယ့် မှာ မရှိတဲ့အရာ
တစ်ပါးသူမှာ ရှိနေနိုင်လို့ပဲ ဖြစ်တယ်။

မူရင်း Credit

🔳 လူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရတော့မယ်ဆိုရင် "သူက ဘာအလုပ်လုပ်လဲ" ဆိုတာထက် "သူက ဘယ်လိုလူလဲ" ဆိုတာကို ကြည့်ဖို့က ပိုအရေးက...
31/12/2024

🔳 လူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရတော့မယ်ဆိုရင် "သူက ဘာအလုပ်လုပ်လဲ" ဆိုတာထက် "သူက ဘယ်လိုလူလဲ" ဆိုတာကို ကြည့်ဖို့က ပိုအရေးကြီးတယ်လို့ ဉာဏအမြဲတမ်း ယုံကြည်ခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် စတင်တွေ့ဆုံတဲ့အခါ "ဘာအလုပ်လုပ်တာလဲ" လို့ မေးကြပေမယ့် တကယ်တမ်း အလုပ်အကိုင်ထက် ပိုအရေးကြီးတာက အဲဒီလူရဲ့ "ဖြစ်တည်မှု"ပါ။ တစ်နည်းအားဖြင့် "သူ ဘယ်လိုလူစားလဲ" ဆိုတာပေါ့။

ကိုယ်တစ်သက်လုံး တွေ့ဆုံခဲ့ဖူးတဲ့ "မမေ့နိုင်ဆုံးလူ" တွေကို စဉ်းစားကြည့်ပါ။ သူတို့ "ဘာအလုပ်လုပ်တယ်" ဆိုတာထက် "ဘယ်လိုလူစားလဲ" ဆိုတာကိုသာ အရင်မှတ်မိနေမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ "ဖြစ်တည်မှု" က သူတို့ရဲ့ "အလုပ်အကိုင်" ထက် ပိုပြီးထင်ရှားနေပါလိမ့်မယ်။

"ဖြစ်တည်မှု"ဆိုတာ ပိုက်ဆံနဲ့ဝယ်လို့ မရတဲ့အရာ၊ သူတစ်ပါးဆီကနေ ချေးငှားလို့မရတဲ့အရာ၊ ကိုယ်တိုင်တည်ဆောက်ရတဲ့အရာ ဖြစ်ပါတယ်။

📌 စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဆိုပါစို့ ..

လုပ်ငန်းကို ရိုးရိုးသားသား လုပ်မလား၊ လိမ်လည်လှည့်ဖျားပြီး လုပ်မလား။ တာဝန်သိသိနဲ့ လုပ်မလား၊ တာဝန်မဲ့စွာ လုပ်မလား။ အများအကျိုးပါ ထည့်စဉ်းစားမလား၊ ကိုယ့်အကျိုးပဲ ကြည့်မလား။ ဒါတွေက သိပ်အရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့ သူ့စီးပွားရေး အောင်မြင်သွားရင်တောင် သူ့ရဲ့ "ဖြစ်တည်မှု" က သူ့ဝန်းကျင်တစ်ခုလုံးကို သက်ရောက်မှု ရှိနေမှာမို့ပါ။

◾ဒါဆိုရင် ကိုယ်ကရော "ဘယ်လိုလူ" ဖြစ်မလဲ။

လူတိုင်းမှာ ရွေးချယ်စရာလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် လမ်းမှန်က တစ်ခုတည်းပဲ ရှိတယ်။ "ကောင်းတဲ့လူ" ဖြစ်ဖို့လမ်းပါပဲ။

"ကောင်းတဲ့လူ" ဆိုတာ

- အခြားသူတွေကို မနာကျင်စေချင်တဲ့သူ
- ကိုယ်ချင်းစာတတ်တဲ့သူ
- ရိုးသားတဲ့သူ
- အများအကျိုးကို ထည့်တွက်တတ်တဲ့သူ
- တာဝန်သိတတ်တဲ့သူ

🔳 ဒီနေရာမှာ မေးခွန်းတစ်ခု တွေးစရာပေါ်လာတယ်။

"ကောင်းတဲ့လူ ဖြစ်တာနဲ့ အောင်မြင်တဲ့လူ ဖြစ်တာ တစ်ပြိုင်နက် ဖြစ်လို့ရလား..?။

ရပါတယ်။ ဒါပေမယ့် ပိုခက်ပါတယ်။
လမ်းကြောင်းက ပိုရှည်ပါတယ်။ အချိန်ပိုကြာပါတယ်။

ဘာလို့လဲဆိုတော့ ..

- မရိုးသားတဲ့လူတွေ အမြတ်ထုတ်နေတဲ့ကြားထဲမှာ
ရိုးရိုးသားသား ရပ်တည်ရမှာမို့ပါ။
- တာဝန်မဲ့တဲ့လူတွေ အလွယ်တကူ ရှောင်သွားတဲ့ကြားထဲမှာ တာဝန်ယူရမှာမို့ပါ။
- ကိုယ်ကျိုးကြည့်တဲ့လူတွေကြားထဲမှာ အများအကျိုးပါ ထည့်စဉ်းစားရမှာမို့ပါ။

📌 အဖြေက ရှင်းပါတယ်။ အချိန်တိုအတွင်း အမြတ်အစွန်း အများကြီးရချင်ရင် မရိုးသားတဲ့နည်းက ပိုလွယ်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ တည်တံ့ခိုင်မြဲတဲ့ အောင်မြင်မှု လိုချင်ရင် ရိုးသားတဲ့နည်းက ပိုမှန်ပါတယ်။

ကိုယ်ကျိုးတစ်ခုတည်း ကြည့်မယ်ဆိုရင် တာဝန်မဲ့တာက ပိုသက်သာပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းစားစေချင်ရင် တာဝန်သိတာက ပိုကောင်းပါတယ်။

အလုပ်ကို ရိုးရိုးသားသား လုပ်တဲ့သူက ရှုံးနေတာ
အလိမ်အညာ လုပ်တဲ့သူက နိုင်နေတာ
မှန်မှန်ကန်ကန် လုပ်တဲ့သူက နစ်နာနေတာ
မတရားလုပ်တဲ့သူက အဆင်ပြေနေတာမျိုးတွေ

မြင်လာရပါလိမ့်မယ်။ အဲဒီလို မြင်ရတိုင်းမှာ စိတ်ဓါတ်ကျစရာ မဟုတ်ပါဘူး။ ရေတိမ်မှာ ငါးသေးတွေပဲ ကူးနိုင်တာပါ။ ငါးကြီးတွေကတော့ ရေနက်ထဲမှာပဲ ရှိနေပါတယ်။

◾သူများညစ်သလို မညစ်ချင်လို့ သည်းခံပေးလိုက်ရတာတွေ။ အခွင့်အရေးကောင်းတွေကို မတရားလို့ လက်လွှတ်လိုက်ရတာတွေ။ ငွေကြေးတွေ ဆုံးရှုံးရပေမယ့် အကျင့်ပျက်မှုကို ရှောင်လိုက်ရတာတွေ တော်တော်များများ တွေ့ကြုံခံစားဖူးကြပါလိမ့်မယ်။

တကယ်တော့ ဒါတွေဟာ အရှုံး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ "ဖြစ်တည်မှု" ကို ရွေးချယ်လိုက်တာပါ။ အဲဒါကြောင့် ပြောတာပါ။ ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်က "ဘယ်လိုလူ ဖြစ်မလဲ" ဆိုတာ။

ဒီဆုံးဖြတ်ချက်သာ မှန်နေရင်.. ကျန်တဲ့ဆုံးဖြတ်ချက်တွေ လွယ်သွားပါလိမ့်မယ်။ ဘာကိုလုပ်ရမယ်၊ ဘာကို မလုပ်ရဘူးဆိုတာ ရှင်းသွားပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်သာ မှားခဲ့ရင်.. ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ တစ်နေ့ကျရင် "ငါက ဘယ်လိုလူ ဖြစ်နေခဲ့တာလဲ" ဆိုတဲ့ မေးခွန်းနဲ့ လိပ်ပြာမလုံဖြစ်နေရမှာပါ။

📌 အရာရာက ရွေးချယ်မှုတွေပါ။ ဒါပေမယ့် "ကောင်းတဲ့လူ" ဖြစ်ဖို့ကတော့ မရွေးချယ်ပဲ နေလို့ မရပါဘူး။ လမ်းကြောင်းတွေက ပိုရှည်လျားမယ်၊ အချိန်တွေ ပိုကြာမယ်၊ ပိုခက်မယ်။ ဒါပေမယ့် နောက်ဆုံးမှာ "ငါဘာဖြစ်ချင်လို့လဲ" မဟုတ်ဘဲ "ငါဘယ်လိုလူ ဖြစ်ချင်လို့လဲ" ဆိုတဲ့ မေးခွန်းက ကိုယ့်ကိုယ်ကိုယ် အသိဝင်ပြီး ခွန်အားဖြစ်လာစေပါလိမ့်မယ်။

#စာပေ

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို  လူတွေသိတယ်  ဒါပေမယ့်  လူတိုင်းက မင်း ကောင်းကြောင်းကို  ပြောချင်ကြမှာ မဟုတ်ပါဘူး ...  ဘာ...
23/12/2024

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...
ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။
မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထနိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

🅲🆁🅴🅳🅸🆃
#စာပေဥယျာဉ်

18/12/2024

🏅🏅🏅🏅🏅🏅🏅🏅
Transporter Network ရဲ့ Christmas Charity Project လေးပြီးဆုံးဖို့ ၁၂ရက်သာလိုတော့တဲ့အချိန်မှာ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နဲ့ ပါဝင်ပြီးသူ အယောက် ၃၀ ပါဝင်ပြီးဖြစ်ပါတယ်။
👤👥👤👥👤👥👤👥
လူဦးရေ ၅၀၀၀ သာသတ်မှတ်ထားတာမို့ ပြည့်မီတာနဲ့ Project ကိုရပ်ပြီး လှူဒါန်းမှုကို စလုပ်တော့မှာဖြစ်တာကြောင့် အမြန် 👥 လူဦးရေ ၅၀၀၀ 👥 ပြည့်အောင် ယခုပဲပါဝင်ပြီး
ဂုဏ်ပြုလွှာ လှလှလေးတွေ လက်ခံရယူလိုက်ပါနော်🏆🏆🏆🏆🏆🏆🏆

မရှိချိန်မှာချွေတာသလိုရှိလာချိန်မှာအညုာမလွယ်နဲ့...သူများလက်ဝယ် ငွေတစ်ဆယ်လက်ဝယ်တစ်ကျပ် အမြဲမှတ်တဲ့အချိန်ကြာလာလေလေအသက်ကြီး...
15/12/2024

မရှိချိန်မှာချွေတာသလိုရှိလာချိန်မှာအညုာမလွယ်နဲ့...

သူများလက်ဝယ် ငွေတစ်ဆယ်
လက်ဝယ်တစ်ကျပ် အမြဲမှတ်တဲ့

အချိန်ကြာလာလေလေ
အသက်ကြီးလာလေလေ
လောကကြီးအကြောင်း
လူတွေအကြောင်း
သင်ပိုသိလာပါလိမ့်မယ်။

သင်က ဘာမှမဟုတ်ရင်
သင့်ကို ဘယ်သူကမှ ဂရုစိုက်မှာ
မဟုတ်သလိုသင့်လက်ထဲမှာ ဘာမှမရှိရင်သင့်ဘေးနားမှာလဲ ဘယ်သူမှမရှိဘူး...

ကြိုက်လွန်းလို့..အကြိမ်ကြိမ်ပြန်ဖတ်ပါတယ်..ဖတ်ပြီးတိုင်းလဲပြန်မျှဝေပေးချင်တဲ့စိတ်ကြောင့်......မဖတ်ရသေးတဲ့သူငယ်ချင်းတွေအတွ...
15/12/2024

ကြိုက်လွန်းလို့..အကြိမ်ကြိမ်ပြန်
ဖတ်ပါတယ်..ဖတ်ပြီးတိုင်းလဲပြန်
မျှဝေပေးချင်တဲ့စိတ်ကြောင့်......

မဖတ်ရသေးတဲ့သူငယ်ချင်းတွေ
အတွက်ပါ.........

ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်
ဆတ်တဲ့ကောင်လေး တစ်ယောက်ရှိ
သတဲ့။

တစ်နေ့ကျတော့ သူ့အဖေကကောင်လေး
ကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး
ပြောပါတော့တယ်။

မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို
နောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်
ချေကွာတဲ့။

အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေး
လိုက်တယ်တဲ့။

ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်
မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်
သွားတယ်။

အဲဒီလိုနဲ့.....

သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ
ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်
သူ ထိန်းနိုင်လာသတဲ့။

သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်
တစ်နေ့ ကျဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေး
ရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို
ထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာ
တော့တယ်

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ
နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေး
က ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်….

အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွား
ပြီဗျ။

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်း
ပြန်ရော…....

မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေ
ကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နုတ်ဦးကွာ။

တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်း
နှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။

ရက်တွေကြာလာတော့ ကောင်လေး က
သူ့အဖေကို ပြောနိုင်သွားတယ်။

အဖေရေ သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို
နှုတ်ပြီးသွားပြီ......

တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါ အဖေလုပ်တဲ့သူကသားရဲ့လက်
ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို
ခေါ်သွားတယ်

"တော်တယ်… ငါ့သား" လို့လည်း ဆိုပါတယ်။

ဒါပေမယ့် သား…သေချာကြည့်စမ်း....

၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့
တယ်နော်.....

ဒီ၀င်းထရံတိုင်တွေက အရင်တုန်းက လို
ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ
သားမြင်တယ် မဟုတ်လား။

အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချ
လိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံ
တိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့
တတ်တယ် သားရယ်။

အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုး
လိုက်တယ်

ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်
ဆိုပါစို့...

သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ
ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ
ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆို
တာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။

သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မော
စေတယ် အားပေးကူညီတယ် ဒုက္ခ၊ သုခ
တွေကို လည်း မျှဝေခံစားကြတယ်။
ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။

ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ
မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့
၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။

ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က
ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း
သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ
အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့
သူတွေဆီကို လက်ဆင့်ကမ်းပါ။


12/12/2024

မအိုတဲ့ "ဆေး"================လူတစ်ယောက်ကို ချစ်ဖို့ဆိုတာလွယ်ပါလိမ့်မယ်အဲ့ဒီအချစ်တွေကို ရေရှည်တည်တံ့အောင်ထိမ်းသိမ်းဖို့သာ...
12/12/2024

မအိုတဲ့ "ဆေး"
================

လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ
လွယ်ပါလိမ့်မယ်
အဲ့ဒီအချစ်တွေကို ရေရှည်တည်တံ့အောင်
ထိမ်းသိမ်းဖို့သာ ခက်ခဲတာပါ။

ချစ်ခဲ့မိတဲ့ အချစ်တွေ ရေရှည်တည်တံ့အောင်
ထိမ်သိမ်းဖို့ဆိုတာ နှစ်ဦးစလုံး နဲ့ ဆိုင်တယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ ထိမ်းသိမ်းကြမလဲ....?
၁)အတ္တတွေလျော့ပါ
သူကလည်း သူမှန်တယ် ငါကလည်း ငါမှန်တယ်
ငါသက်သာရင်ပီးရော၊ ငါ အသာရဖို့လိုတယ်
သူက သူ့ဘက်ပဲ သူကြည့်တာ ငါ့ဘက်ကိုတော့ တွေးမပေးဘူး
စသော "ငါအတ္တ "တွေလျော့ချပါ။

၂)ကိုယ်ချင်းစာပါ
သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်မွေးမြူ ပါ
ငါ့ကို ဒီလို ပြောတာ မခံနိူင်ဘူးဆိုရင် သူ့ကိုလည်း
အဲ့ဒီလို စကားတွေမပြောမိအောင် သတိထားပါ။
ကိုယ်ချင်းစာစိတ်ဆိုတာ မေတ္တာတရားခိုင်မာဖို့အတွက်
အဓိက ရေသောက်မြစ်ပါ။

၃)ယုံကြည်ပါ
လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ ယုံကြည်ပေးပါ
နေရာတကာမှာ သံသယစိတ်ထားပြီး အမြဲတန်းလိုလို
မယုံသင်္ကာ ဖြစ်နေရင်တော့ အချစ်စိတ်တွေ ကုန်သွားပြီး
စိတ်ကုန်ခြင်းဆိုတာ ဖြစ်လာနိူင်ပါတယ်။

၄)လေးစားပါ
လူတစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်သွားကြပီဆိုတာနဲ့
ရင်းနှီးမှူက သာမန်ထက် လွန်ကဲလာတယ်။ ရင်းနှီးလွန်းသောကြောင့်
တစ်ချို့စကားတွေက ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေပြီး
စိတ်ဒဏ်ရာရစေတတ်ပါတယ်။

၅)အမှတ်အတေး မထားပါနဲ့
ချစ်သူဆိုတာ တစ်ချိန်ချိန်မှာ ဘဝလက်တွဲဖော်လောင်းတွေပါ
ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ရင်ထဲမှာ မှတ်ထားပြီး
ကြိတ်လုံးတွေ များလာရင် ပေါက်ကွဲချိန်မှာ အဆမတန်ပြင်းထန်
ပါလိမ့်မယ်။

၆)ပွင့်လင်းပါ
ပွင့်လင်းမှူဆိုတာက အချိန်အခါတော့လိုပါလိမ့်မယ်
လူကြားထဲမှာ ပွင့်ပွင့်လင်းလင်း ပြောလို့ရတဲ့စကားရှိသလို
စိတ်ရူပ်နေချိန်မှာ သတိထားပြောရမယ့်စကားတွေရှိပါတယ်။
အခြေအနေနဲ့ အချိန်အခါကြည့်ပြီး ပွင့်လင်းပါ။

၇)တန်ဖိုးထားပါ
တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားဆက်ဆံခြင်းက
စိတ်အခန့်မသန့်ချိန်မှာ ဒေါသကြောင့် စကားမှားခဲ့လည်းပဲ
အဆိုးဆုံးသော ဆုံးဖြတ်ချက်များကို ကာကွယ်ပေးပါတယ်။
(သူ...ငါ့ အပေါ် ဘယ်လိုကောင်းခဲ့တာ
ဒီအမှားလေးကြောင့်တော့ သူနဲ့ငါ လမ်းမခွဲသင့်ဘူး )စသော
အကောင်းမြင်စိတ်နှင့် ဖြေတွေးများကို ပေါက်ဖွားစေပါတယ်။

၈)မအော်မငေါက်ပါနဲ့
မိန်းကလေးဖြစ်ဖြစ် ၊ ယောက်ျားကလေးဖြစ်ဖြစ် အော်ငေါက်ပီး
ပြောတာထက် ချော့ပြောတာကို ကြိုက်နှစ်သက်ကြပါတယ်
စိတ်ဆိုးနေတဲ့ အချိန်မှာ စကားကို အော်ငေါက်ပြောမနေသင့်ဘဲ
ထိထိရောက်ရောက်နဲ့ ချိုချိုသာသာဖြစ်အောင် ပြောတတ်ဖို့လိုပါတယ်
စိတ်အခန့်မသင့်တိုင်း အော်ငေါက်နေရင် အချစ်တွေက နာကျင်မှူတွေ
ပြည့်နှက်လာပြီး မာနတွေခေါင်းထောင်လာတတ်ပါတယ်။

၉)နားလည်မှူပေးပါ
တစ်ယောက်အပေါ်တစ်ယောက် အတတ်နိူင်ဆုံးနားလည်ပေးခြင်းက
သံယောဇဉ်ကြိုးကို ခိုင်မာစေပြီး ဘဝတက်လမ်းတွေကို
ချောမွေ့စေပါတယ်။မိသားစုအတွင်းပြည်တွင်းစစ်ဖြစ်နေရင်
စိးပွားရေးကို ထိခိုက်စေပြီး ယုံကြည်မှူကို ပျက်စေတတ်ပါတယ်
ချစ်ခြင်းမေတ္တာကို ရင့်ကျက်လာစေပြီး ခိုင်မာစေသော အားဆေးမှာ
နားလည်မှူဆိုတဲ့ မအိုတဲ့ဆေးပါ။
နားလည်မှူရှိသော ချစ်သူတိုင်းသည် အသက်တွေအိုမင်းလာရင်တောင်
အချစ်တွေက အမြဲလတ်ဆတ်နေမှာပါ။

အထက်ဖော်ပြပါ နည်းလမ်းများသည် အချစ်ဆိုတဲ့ အရာကို
ရေရှည်ထိမ်းကျောင်းပေးနိူင်ပြီး သေသွားရင်တောင်
တမ်းတစေသော မအိုဆေးများဖြစ်ပါတယ်
အသုံးချတတ်ပါစေနော်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်......
🤍
#ဧရာဝတီ

"လူ ချင်းတူပေမယ်.အသိတရားရှိတာချင်း မတူပါဘူး"တခါတလေငါ လူကဲခတ် မှား သွားတာကငါ ကန်းနေလို့ မဟုတ်ပါဘူးငါ ရိုးသား ကြင်နာ တတ်လိ...
11/12/2024

"လူ ချင်းတူပေမယ်.
အသိတရားရှိတာချင်း မတူပါဘူး"
တခါတလေ
ငါ လူကဲခတ် မှား သွားတာက
ငါ ကန်းနေလို့ မဟုတ်ပါဘူး
ငါ ရိုးသား ကြင်နာ တတ်လို့ပါ။
တခါတလေ
ငါ လူ ချစ်မှား သွားတာက
ငါ တုန်း အ လို့မဟုတ်ပါဘူး။
ဒီသံယောဇဉ်တွေကို
ငါ အလေးနက်ထားလို့ပါ။
တခါတလေ
ငါငိုကြွေးနေတာတွေက
ငါ ဝမ်းနည်းလို့ မဟုတ်ပါဘူး
ငါ မတရားခံရလို့ပါ။
တခါတလေ
ငါသည်းခံတာတွေက
ငါ့ မှာ အကြောင်းပြချက်
မရှိလို့မဟုတ်ပါဘူး
ငါ လုယက် ငြင်းခုန်မူကို မကြိုက်လို့ပါ။
တခါတလေမှာ
ငါ့ဘက်ကမကောင်းလို့မဟုတ်ပါဘူး။
လူ့စိတ်ဆိုတာ
ထို-းထွင်း မြင်ရတာမျိုးမှ မဟုတ်တာ။
ဒါပေမဲ့
ငါ နဂိုရှိတဲ့ စိတ်ကောင်းနှလုံးကောင်းကိုပဲ
ငါက အမြဲထာဝရ ထိန်းသိမ်းထားမှာပါ။
စိတ်ကောင်းထားရင်
လောကကြီးက
သိပ့်လှပ တယ်ဆိုတာ လေးလေးနက်နက်
ငါ ယုံကြည်ထားပါတယ်။ အဆွေ တို့
ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြရတဲ့
သူ တွေကို ချစ်တဲ့ စိတ်နဲ့ ကြည့်ခဲ့လို့
သူတို့အားလုံးက
ချစ်စရာကောင်းပါတယ်"
လောကကြီးမှာ ချစ်ရသူရဲ့ အပြင်မှာ ဘယ်သူမှ မရှိပါဘူး
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။ #တရားစကား #တန်ဖိုး #စာပေ

လူတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေအောင်မြင်အောင် ကူညီပေးခဲ့သူတွေကိုအလွယ်တကူ မေ့သွားနိုင်ပါတယ်...!!!
10/12/2024

လူတွေဟာ
သူတို့ရဲ့ ရည်မှန်းချက်တွေ
အောင်မြင်အောင် ကူညီပေးခဲ့သူတွေကို
အလွယ်တကူ မေ့သွားနိုင်ပါတယ်...!!!

Address

Taunggyi
50230

Telephone

+959763764725

Website

Alerts

Be the first to know and let us send you an email when Mahaw Thahtar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahaw Thahtar:

Share