𝙁𝙖𝙫𝙤𝙧𝙞𝙩𝙚 𝙋𝙚𝙧𝙨𝙤𝙣

𝙁𝙖𝙫𝙤𝙧𝙞𝙩𝙚 𝙋𝙚𝙧𝙨𝙤𝙣 Welcome to Favorite Person

09/05/2025

လောကကြီးကို အကောင်းအတိုင်းပဲ မြင်ချင်တယ် ။
မနက်ဖြန်မှာ ပန်းတွေပိုပွင့်စေချင်တယ်။
ချစ်ရတဲ့သူကို ချစ်ရတဲ့အကြောင်းတွေ
တယုတယ ပြောပြချင်တယ် ။
ပြီးတော့ နွေးထွေးစေချင်တယ် ။

🌻🤍
#ခက်နှောင်

09/05/2025

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ်...။

အသိပေးချင်တယ်...
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်...
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။

အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။ ။

#ခက်နှောင်

07/05/2025

မရေရာ မသေချာမှုတွေ
များပြားလာတဲ့ ကာလကြီးမှာ
မင်းဟာ ကိုယ်ထပ်တလဲလဲ
သီဆိုချင်တဲ့ သီချင်းလေးပဲ
ထပ်ခါထပ်ခါ တွယ်ငြိချင်တဲ့ သက်ရှိလေးပဲ
ဒီကမ္ဘာမှာပေါ့ ဒီကမ္ဘာမှာ ။

#ခက်နှောင်

04/05/2025

ဒီလောက်တောင်ချစ်တာလား ဆိုရင်
မဟုတ်ဘူး အချစ်ရဲ့
ဒီထက်မက ချစ်တာ ။
မင်းထင်ထားတာထက် တောင်ပိုချင်ပိုနေအုံးမှာ ။
ချစ်တဲ့ စိတ်လေးကိုလည်း မကြာမကြာ
အသိပေးနေဦးမှာ ။

🌻🤍
#ခက်နှောင်

01/05/2025

ပိုင်ဆိုင်ရသည် ဖြစ်စေ၊ မပိုင်ဆိုင်ရသည် ဖြစ်စေ ကိုယ်ဟာ အဲ့ဒီလူသားလေးကို
သေချာပေါက် သဘောကျနေဦးမှာ ...

ရယူခြင်းတွေ၊ ပိုင်ဆိုင်ခြင်း‌တွေ၊ စွန့်လွှတ်ခြင်းတွေမပါတဲ့ အဝါရောင် ချစ်ခြင်းမေတ္တာလေးပေါ့ အချစ်ရယ် ... 💛

#ခက်နှောင်

22/04/2025

❤️‍🩹❤️‍🩹

22/04/2025

ဘဝမှာ ဘာဖြစ်ချင်သလဲဆိုရင်
ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့လူတွေရဲ့
First priority ပဲဖြစ်ချင်တယ်

ဥပမာ.. ဘယ်လိုရွေးချယ်မှုမျိုးမှာမဆို
ကိုယ့်ကိုအရင်ဆုံးသတိရပြီး ကိုယ့်လက်ကိုအရင်ဖမ်းဆွဲပြီး
ကောင်းကောင်း ဆိုးဆိုးကိုယ့်ကိုအရင်အသိပေးပြီး
ကိုယ်ဘက်ပဲရှိပေးနေချင်တာမျိုးပေါ့ ။

🌻🤍

21/04/2025

မနက်ဖြန်ဆိုတာ မသေချာတဲ့ရက်စွဲပဲလေ။
ဒါကြောင့် ဒီနေ့တော့ မင်းအပေါ် မနေ့ကထက်ပိုပြီး
ပျော်ပျော်ကြီးရူးသွပ်ပစ်မယ်။ 🤎

-𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒

21/04/2025

ဝေးသွားမလိုလိုနဲ့ အတူတူရှိနေခဲ့ကြတာ နှစ်အပိုင်းအခြားတစ်ခုရှိခဲ့ပြီ။
ဘာတွေပြောင်းလဲခဲ့ကြလဲဆို အဝေးကြီးကို ရောက်သွားကြမယ်လို့ထင်ခဲ့ပြီး
တစ်ယောက်ကို တစ်ယောက်က လွှတ်ချမလိုနဲ့
ပြန်ဆွဲယူခဲ့ကြပြီး အတူတူရှိနေကြတာပဲ။
အတူတူ ထပ်ပြီး ဖြ၊တ်ကျော်ရမယ့် နွေဦးပါပဲ အချစ်ရေ

🌻💚
#နိုရှီ

20/04/2025

မပျော်ရတာတွေ
အများကြီးထဲကမှ
တော်သေးတာပေါ့
မင်းကြောင့်ဆိုတဲ့
ပျော်စရာလေး ရှိနေသေးတာ ။

မင်းပြုံးနေရင်
လိုက်ပြုံးဖြစ်ပြီး
မင်းနဲ့အတူ
ပေါက်တက်ကရတွေပြောလိုက်
ရီလိုက်မောလိုက်
အချိန်တွေ ကုန်ရတာ သဘောကျတယ်

ပြီးတော့လေ ...
မင်းကို ချစ်တယ် ❤
#ကျေးကို

17/04/2025

မျှဝေလိုက်ရင်.......
ပျော်စရာဆိုနှစ်ဆတိုးပြီး
ဝမ်းနည်းစရာဆိုတစ်ဝက်လျော့တယ် တဲ့

ကျနော်တို့မှာ ဘယ်ခံစားမှုတစ်ခုခုအတွက်ဖြစ်ဖြစ်
တစ်စုံတစ်ယောက်ဟာ ရှိကိုရှိသင့်တယ် 🤍

🌻🤍
#ရိပ်ငြိမ်

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when 𝙁𝙖𝙫𝙤𝙧𝙞𝙩𝙚 𝙋𝙚𝙧𝙨𝙤𝙣 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share