Kanbawza Tai Broadcasting

Kanbawza Tai Broadcasting ရှမ်းပြည်နယ်နှင့် သက်ဆိုင်သည့် သတင်းနှင့် အကြောင်းအရာများကို တင်ဆက်ပေးနေပါသည်။

24/12/2022
24/12/2022

❏ တောင်ကြီးမြို့မဈေး နာရီစင်အနီး ရပ်တန့်ထားသည့်ဆိုင်ကယ် ခိုးယူခံရ
https://bit.ly/3FRzpPF
တောင်ကြီးမြို့၊ မြို့မဈေးကြီးတောင်ဘက် နာရီစင်ညဈေးအနီးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခိုးယူခံရသည့်ဆိုင်ကယ်မှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်းမှ ဆိုင်ကယ်ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၅ နာရီခန့်က နာရီစင်အနီးတွင် ရပ်တန့်ထားစဥ် ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ဆိုင်ကယ်က လိုင်စင်နဲ့ပါ။ အလုပ်ကိစ္စနဲ့ ဈေးနားသွားရင်း နာရီစင်နားမှာ ရပ်ထားတုန်း အခိုးခံလိုက်ရတာပါ။ တောင်ကြီးမှာ ဆိုင်ကယ်တွေ ခဏခဏအခိုးခံနေရတော့ ပြန်ရဖို့ သိပ်မလွယ်ဘူးထင်တယ်" ဟု ဆိုင်ကယ်ခိုးယူခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ခိုးဆိုးလုနှိုက်မှု များပြားလာနေပြီး မော်တော်ဆိုင်ကယ်ခိုးယူခံရမှုများ နေ့စဥ်လို ဖြစ်ပွားနေကာ ပျောက်ဆုံးသွားပါက ပြန်လည်ရရှိရန် အခွင့်အလမ်းနည်းပါးသည့်အတွက် သတိပြုရန်လိုအပ်နေကြောင်း ဒေသခံ များက ပြောဆိုကြသည်။
လွန်ခဲ့သည့်ရက်ပိုင်းကလည်း တောင်ကြီးမြို့ နယ်၊ နားဘောင်ကျေးရွာတွင် မြေကွက်လိုက်ပြသည့် အမျိုးသားတစ်ဦးအား ရိုက်နှက်၍ မော် တော်ယာဥ် လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

24/12/2022

❏ ဖရူဆိုမြို့နယ် မိုဆို​​ရွာ၌ အရပ်သားပြည်သူများ အစုအလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု တစ်နှစ် ပြည့်
http://bit.ly/3vc5cpF
ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာ၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် (ခရစ္စမတ် အကြို​နေ့) တွင် စစ်​ကောင်စီတပ်က အရပ်သားပြည်သူများအား အစုလ်ိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်စဥ်မှာ ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်​တွင် တစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာသို့ စစ်​ကြောင်းထိုးလာ​သော တပ်မ (၆၆) ​လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် စစ်​ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအား ဖမ်းဆီးပြီး က​လေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူများအား ​သွေး​အေး​အေးဖြင့် မီးရှို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အတူ အခင်းဖြစ်ပွားစဥ် လာ​ရောက် ဖြန်ဖြေတားဆီးရန်​ ရောက်လာ​သော နယ်ခြား​စောင့်တပ် တပ်ဖွဲ့ဝင် ၄ ဦး ကို​လည်း လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခဲ့သည်။
အဆိုပါ ဖြစ်စဥ်အတွင်း ​​မြေစာပင်ဖြစ်ခဲ့ရ​သော ပြည်သူများနှင့် နယ်ခြား​စောင့်တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူ ပူ​ဆွေး​ကြေကွဲရကြောင်းနှင့် မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင်ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။
အစုအလိုက်အပြုံလိုက် သတ်ဖြတ်ကာ လူမဆန်သော စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့သည့် အဓိကတရားခံ တပ်မ (၆၆) လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းအ ပါအဝင် စစ်​​ကောင်စီ တရပ်လုံးအား ဆန့်ကျင်တွန်းလှန်သွားမည် ဖြစ်ပြီး လွတ်လပ်၊ ငြိမ်းချမ်း၊ မျှတ​စွာ ​နေ​ထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​ ပေါ်ထွန်းသည်အထိ မဆုတ်မနှစ် ကြိုးပမ်းသွားရန် အဓိဌာန်ကို ကိုင်စွဲလျက်ရှိသည်ဟုလည်း KNDF က ဆိုသည်။
စစ်​ကောင်စီတပ်က အရှင်လတ်လတ် မီရှို့သတ်ဖြတ်ခဲ့​သော အရပ်သားပြည်သူ ၄၀ ကျော် နှင့် လက်ပြန်ကြိုးတုတ်ကာ ကွပ်မျက်ခံရ​သော (၁၀၀၄) တပ်ရင်းမှ နယ်ခြား​စောင့်တပ်သား ၄ ဦးသည် အပြစ်မဲ့ ကရင်နီပြည်သူပြည်သားများ ဖြစ်သဖြင့် အစဥ်အမြဲ ​အောက့်​မေ့ သတိရပြီး တရားမျှတမှု ရရှိသည်အထိ လုပ်​ဆောင်သွားမည် ဖြစ်​‌ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

24/12/2022

❏ မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲရာ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
http://bit.ly/3FT7rTv
မြိုင်မြို့နယ်၊ ဖောင်းကွဲရွာအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က Pakokku Thurain ၊ MRTF တိုနှင့် ပူးပေါင်းကာ ဒီဇင်ဘာလ ၂၃ ရက်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

24/12/2022

❏ မြန်မာ့အရေးကူညီရန် ပါဝင်သည့် NDAA ကို သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ် ရေးထိုး
http://bit.ly/3VmWbER
မြန်မာစစ်အုပ်စုကို ပိုမို ဖိအားပေးရန်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးရန် အချက်များ သီးသန့်ရေးဆွဲထားသော Burma Act ပါရှိသည့် အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA)ကို သမ္မတ ဂျိုးဘိုင်ဒန်က ယမန်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဟု အိမ်ဖြူတော်က ကြေညာသည်။
အမေရိကန်အောက်လွှတ်တော်တွင် စတင် အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အထက်လွှတ်တော်၏ ဆက်လက်အတည်ပြုချက်ရရှိခဲ့သော NDAA ကို သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ် ရေးထိုးလိုက်သဖြင့် ယင်းဥပဒေမှာ စတင်အသက်ဝင်လာပြီ ဖြစ်သည်။
NDAA ဥပဒေသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသော NUG၊ NUCC၊ CRPH၊ CDM နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ ရုန်းကန်မှုအတွက် အမေရိကန်၏ ကူညီထောက်ပံ့ရေး မူဝါဒများ ပါရှိသည့်အပြင် စစ်ကောင်စီ၊ ခရိုနီများနှင့် စွမ်းအင်ကဏ္ဍ၊ ယင်းနှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တိုးချဲ့ပြုလုပ်နိုင်မည့် အခွင့်အာဏာများလည်း ပါဝင်ကြောင်း သိရသည်။
“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာ မီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။
မြန်မာနိုင်ငံ၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေး လုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာစေရန် နည်းပညာနှင့် လက်နက် မဟုတ်သော အထောက်အပံ့များ ပေးရန် အချက်လည်း NDAA တွင် ထည့်သွင်းထားသည်။

23/12/2022

ပြည်သူ့စစ်သားဇနီးများရဲ့ စကားသံအစီအစဥ် အပိုင်း (၅၀)
" ဗေဒင်ယတြာတွေလိုက်နာနေကြသော်လည်းတပ်ပျက်နေသည့်အကြောင်း "

ဒီတစ်ပတ်မှာတော့ CDM ဗိုလ်မှူး ဇနီး များဖြစ်ကြတဲ့ မသူဇာလွင် ၊ မနန်းလေး တို့ကိုတွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ် ။

CDM ဗမ ဇနီးဖြစ်တဲ့ မနန်းလေးရဲ့ ပြည်သူ့ဘက်ရပ်တည်ဖြစ်ခဲ့တဲ့အကြောင်း ၊

စစ်တပ်အတွင်းနေထိုင်ခဲ့ရစဉ်မှာ ဗေဒင်ယတြာတွေနဲ့ ပက်သက်ပြီး သူတို့ကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေကို ‌မျှဝေပေးသွားမှာပဲဖြစ်ပါတယ် ။

အစီအစဥ် တင်ဆက်သူအဖြစ်မနွေဦးကဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ပြည်သူ့စစ်သားဇနီးများက စီစဥ်တဲ့ယခုစကားသံအစီအစဥ်ကို အပါတ်စဥ် သောကြာနေ့ ည7:00 မှာ

ပြည်သူ့စစ်သားဇနီးများ Page
Khit Thit
DVB
ပြည်သူ့ပန်းတိုင်

Action Committees for Democracy Development,
Thanlwin Times
Mae Khong News
ပိတောက်ဖူး - Blooming Padauk
Breaking Tatmadaw Brainwashed
Watermelon
Htet Myat
Page များမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
#ပြည်သူ့စစ်သားဇနီးများ

23/12/2022

❏ ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် စစ်ကောင်စီတပ်၏ လက်နက်/ခဲယမ်းများကို MNDAA သိမ်းဆည်း ရရှိ
http://bit.ly/3WjOWPn
ကိုးကန့်ဒေသ၊ ချင်းရွှေဟော်၊ နမ့်ဖာတောင်၌ တပ်စွဲထားသည့် ကိုးကန့် တပ်မတော် (MNDAA)သည် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်၏ လက်နက်/ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်သည်။
သိမ်းဆည်းရမိသော လက်နက်/ခဲယမ်းများမှာ ရိုင်ဖယ် ၁ လက်၊ (၆၀)မီလီမီတာ မော်တာကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ဘောက် ၉ ခု၊ (၆၉)ဒုံးပျံ ၃ လုံး၊ ဒုံးပျံပြွန် ၄ လုံး၊ ၅.၅၆ ကျည် ၆၂၃ တောင့်၊ ဂြိုလ်တုတည်နေရာနှင့် လမ်းညွှန်စက် ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်နှင့် စစ်ဝတ်စုံ တို့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်တွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ တာမုံးပေါ်ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်တပ်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။
[ Source | The Kokang ]

23/12/2022

❏ မုံရွာမြို့တွင် အာရုံဦးပြောက်ကျားသပိတ် ပြုလုပ်၍ ဆန္ဒပြ
http://bit.ly/3GeD8Ir
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မီးပွိုင့်၌ Monywa Road Information (MRI)၊ အညာပစ်တိုင်းထောင်လေးများ နှင့် မုံရွာတော်လှန်လူငယ်ကွန်ယက်များ ပူးပေါင်းကာ "စစ်ခွေးနိဂုံး2023" စာတန်းအား ကိုင်ဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် အရုဏ်ဦးပြောက်ကျားသပိတ် ပြုလုပ်၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။

23/12/2022

❏ ယင်းမာပင်မြို့နယ်တွင် တောင်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
http://bit.ly/3VdVkWU
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ တစ်ရွာ၌ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် တောင်သူများက လုပ်ငန်းခွင်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

23/12/2022

❏ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်မှာ မှန်ကန်မှု မရှိကြောင်း ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ထုတ်ပြန်
http://bit.ly/3HY8wMO
" နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်၊ တစ်ယောက်ကို သင်တန်းကြေး ဘယ်လောက် ပေးရမည်" ဆိုသည့် သတင်းများသည် လုံးဝ မှန်ကန်မှု မရှိကြောင်း ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်က ဒီဇင်ဘာလ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ကိုယ်ကျိုးကို အမြတ်ထုတ်ရန် ကြံစည်၍ မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေ၍ ငွေများ လိုက်လံကောက်ခံနေခြင်းသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်နှင့် သက်ဆိုင်မှု မရှိဘဲ မသမာသူတချို့၏ လုပ်ကြံမှုသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၈ ခုနှစ်မှ စ၍ ဗုဒ္ဓ၏ အဆုံးအမများကို ပါရဂူဘွဲ့(Ph.D)၊ မဟာဝိဇ္ဇာဒဿနဘွဲ့ (M.Phil) နှင့် မဟာဝိဇ္ဇာဘွဲ့ (M.A)တို့ကို သင်ကြားပေးနေပြီး ၂၀၂၀ ခုနှစ်တွင် ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma) ပါဠိနှင့် ဗုဒ္ဓစာပေလေ့လာခြင်းနှင့် ဝိဇ္ဇာဘွဲ့ (B.A) ရှမ်းဗုဒ္ဓဘာသာ၊ ပုရပိုက်စာပေလေ့လာခြင်းတို့ကို လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် စာကြည့်တိုက်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Library information and Management) အတန်းကို လည်းကောင်း အခမဲ့ တိုးချဲ့သင်ကြားပေးနေကြောင်း သိရသည်။

Address

Taunggyi

Telephone

+66950309321

Website

Alerts

Be the first to know and let us send you an email when Kanbawza Tai Broadcasting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kanbawza Tai Broadcasting:

Share

Kanbawza Tai Broadcasting

■ တောင်ကြီးမြို့တွင် အခြေစိုက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

■ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသား ထုတ်ဝေဖြန့်ချိခွင့် အရ စတုတ္ထမဏ္ဍိုင် အဖြစ် ပီပြင်စွာ ရပ်တည်၍ နိုင်ငံသားတိုင်း၏ သတင်း သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်အတွက် ရည်ရွယ်သည်။

🌐 website; www.kanbawzatainews.com

✉ Mail; [email protected]