All about English with Angela

All about English with Angela Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from All about English with Angela, Podcast, Taunggyi.

11/06/2025

Idioms part - 4

27/05/2025

Idiom part - 3

21/01/2025
02/01/2025

Part 1 - How many foreign languages do I speak??🤔

12/11/2024
29/10/2024

Idiom part (1)
Idioms တွေ အပတ်တိုင်း video တစ်ခုစီ တင်သွားပေးပါမယ်နော်
Idioms တွေလေ့လာချင်တဲ့သူများ အပတ်တိုင်းစောင့်ကြည့်ပေးပါနော်😉
Idioms တွေဘာကြောင့်လေ့လာသင့်လဲ?👇👇
https://www.facebook.com/share/p/7dNut3AHYhPZyAiQ/?mibextid=WC7FNe

06/10/2024

What is idiom? Why do we need to learn idiom?
👉Idiom ဆိုတာဘာလဲ?
Idioms ဆိုတာက ပုံမှန်စကားစုကို တိုက်ရိုက်ဘာသာပြန်လို့မရဘဲ သီးခြားအဓိပ္ပာယ်ရှိနေတဲ့ စကားစုကိုပြောတာဖြစ်ပါတယ်။ Idiom ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အင်္ဂလိပ်ဝေါဟာရနဲ့ ယေဘုယအားဖြင့် ကွဲပြားပါတယ်။ ဥပမာပြောရမယ်ဆိုရင် “Don’t bite off more than you can chew!” ကိုတိုက်ရိုက် အဓိပ္ပါယ်ပြန်မယ်ဆိုရင် "သင်ဝါးနိုင်တာထက် ပိုမကိုက်ပါနဲ့" လို့အဓိပ္ပါယ်သက်ရောက်ပေမယ့် အမှန်တော့ သူ့ရဲ့ဆိုလိုရင်းက (ခက်ခဲလွန်း/ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အလုပ်တွေကို မလုပ်နဲ့) လို့ပြောတာဖြစ်ပါတယ်။ တနည်းပြောမယ်ဆိုရင် (အမှန်တကယ်လုပ်နိုင်တဲ့၊ ပြီးမြောက်နိုင်တဲ့ အလုပ်မျိုးကို လုပ်ဖို့) ပြောတာဖြစ်ပါတယ်။

ဆိုတော့ ဘာလို့ Idiom တွေကို လေ့လာဖို့အရေးကြီးလဲဆိုတာ နဲနဲတော့ ခန့်မှန်းမိပြီထင်ပါတယ်။ အသေးစိပ်ပြောရမယ်ဆိုရင်...

👉Why do we need to learn idioms??
• Native speaker တွေက ပေါ့ပေါ့ပါးပါး စကားစမြည်းပြောတဲ့အခါမှာ Idiom တွေကို တွင်တွင်ကျယ်ကျယ်သုံးတဲ့အတွက်ကြောင့် သူတို့ပြောချင်တဲ့ဆိုလိုရင်းကို နားလည်ဖို့လိုတာဖြစ်တဲ့အတွက် idiom တွေကို လေ့လာဖို့လိုအပ်ပါတယ်။
• အင်တာဗျူးတွေ၊ အစည်းအဝေးတွေစတဲ့ လုပ်ငန်းခွင်အခြေအနေ၊ နေ့စဉ်ဘဝမှာ Idioms တွေက မပါမဖြစ် ဖြစ်တဲ့အတွက် internationally/ professionally အလုပ်လုပ်တဲ့အခါ မဖြစ်မနေလေ့လာဖို့လိုပါတယ်။
• Communicate လုပ်တဲ့အခါမှာ နားလည်ဖို့သာမက ကိုယ့်ရဲ့ အသုံးအနှုန်းလေးတွေကလည်း အရေးကြီးပါတယ်။ သဘာဝဆန်တဲ့ Communication ဖြစ်ဖို့အတွက် idiom တွေကိုလေ့လာဖို့ လိုအပ်ပါတယ်။
• ကိုယ့်ရဲ့ communication level အဆင့်မြင့်တင်ဖို့ good impression တည်ဆောက်နိုင်ဖို့ idiom တွေကို သေချာပေါက်လေ့လာကြည့်ပါ။

✅Idiom တွေက လေ့လာရလွယ်ကူပါတယ်။
👉Step – 1 သူများသုံးတဲ့အခါ ဘာကိုဆိုလိုလဲ နားလည်နိုင်တဲ့အဆင့်ဖြစ်ပြီး
👉Step – 2 ကတော့ ကိုယ်ကိုတိုင် ကောင်းကောင်းသုံးနိုင်တဲ့အဆင့်ဖြစ်ပါတယ်။
တစ်ဆင့်ပြီးတစ်ဆင့် လေ့လာလေ့ကျင့်သွားရင် နောက်ပိုင်းမှာသေချာပေါက် လွယ်ကူလာမှာပါ။😉😉

မကြာခင်မှာ Angela က idiom တွေကိုသင်ကြားပေးမယ့် video တိုလေးတွေကို တင်ပေးသွားမှာမလို့ Idiom တွေကိုသေချာ လေ့လာချင်ရင် page ကို တစ်ချက်စောင့်ကြည့်ဖို့ပြောချင်ပါတယ်😉
All about English with Angela

28/09/2024

If you are nature lover 🍀☘️🌿🌱

07/09/2024

How to think in English?
English လိုဘယ်လိုတွေးမလဲ?
Q - ဘာလို့ English လိုတွေးဖို့လိုအပ်တာလဲ?
A - English လိုပြောတဲ့အချိန် ခေါင်းထဲမှာ ကိုယ့်ရဲ့ language ကနေ English ကို translate လုပ်တဲ့အခါ Speaking နှေးကွေးစေပါတယ်။ English လိုတိုက်ရိုက်တွေးပြီးပြောတဲ့ အခါမှာတော့ ခေါင်းထဲမှာ Translate လုပ်စရာမလိုတော့ပါဘူး။ အဲ့တာကြောင့် English လိုတွေးဖို့လိုအပ်တာဖြစ်ပါတယ်။
Angela tips အချို့ကိုပြောပြချင်ပါတယ်
Tip 1 - နေ့စဉ်လှုပ်ရှားမှုများကို English လိုတွေးပါ၊ ဘေးပတ်ပတ်လည်က လှုပ်ရှားမှုတွေ ပစ္စည်းတွေကို English လိုတွေးပါ
(Example - ပန်းကန်ဆေးနေရင် I am washing the dishes, စာလုပ်တော့မယ်ဆို I am going to study)
Tip 2 - native speakers တွေရဲ့ video/ podcast/radio/song တွေကို များများနားထောင်ပါ၊ English newspapers တွေဖတ်ပေးပါ
Tip 3 - Simple Vocabularies တွေ၊ သုံးနေကျ vocabularies လေးတွေဘဲသုံးပြီး communicate လုပ်ပါ ( Exception - IELTS တို့လို Fluency test ဖြေဖို့လေ့ကျင့်နေတဲ့သူတွေတော့ မပါပါဘူး😥)
Tip 4 - English Speaking များများလေ့ကျင့်ပါ
(အဖော်နဲ့လေ့ကျင့်ပါ၊ အဖော်မရှိရင် တစ်ယောက်တည်းလဲ speaking လေ့ကျင့်လို့ရတဲ့ နည်းလမ်းများလည်းရှိပါတယ်)
Tip 5 - Monolingual dictionary(English to English dictionary) ကိုသုံးပါ
(ခက်ခဲမှုရှိနိုင်ပေမယ့် ထိရောက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်)
ဒီtips လေးတွေသုံးပြီးတော့ ကြိုးစားကြည့်ကြမယ် 😉
ခေါင်းထဲမှာ translate မလုပ်ဘဲပြောဖို့က အရမ်းခက်ပါမယ်။ အချိန်တွေအများကြီးပေးလေ့ကျင့်မှသာရနိုင်ပါမယ်နော်။ ဘယ်လိုဘဲဖြစ်ဖြစ် သေးငယ်တဲ့ ခြေလှမ်းတွေက ရပ်နေတာထက် အများကြီးကောင်းပါတယ်။ Fighting!😉

26/08/2024

How to prepare job interview in English?
English လို အလုပ်အင်တာဗျူးဖြေဖို့ ပြင်ဆင်နေသူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
Video duration : 10 mins
about English with Angela

21/08/2024

Cat and a cup cat cafe'

Address

Taunggyi

Telephone

+959407862032

Website

Alerts

Be the first to know and let us send you an email when All about English with Angela posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to All about English with Angela:

Share

Category