
15/05/2025
ကဲ လာမယ့် 20.5.2025 ကတော့ တရုတ်ချစ်သူများနေ့လို့ ဒီဘက်ခေတ်မှာ သတ်မှတ်လိုက်တဲ့ 520 (我愛妳) နေ့ပဲ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ချစ်သူများနေ့ဆိုပြီး ၃ ကြိမ်ပြုလုပ်လေ့ရှိပါတယ်။ ပထမတစ်ခုက တရုတ်လပြက္ခဒိန် ၇ လပိုင်း ၇ ရက်နေ့မှာ ပြုလုပ်လေ့ရှိတဲ့ တရုတ်ရိုးရာချစ်သူများနေ့ 七夕節၊ ဒုတိယတစ်ခုက အခု 520 နေ့နဲ့ တတိယတစ်ခုကတော့ တစ်ကမ္ဘာလုံးကျင်းပကြတဲ့ ဗယ်လင်တိုင်းနေ့ပဲ ဖြစ်ပါတယ်။ တရုတ်မှာကျတော့ 七夕節 နဲ့ 520 ကိုပဲ အဓိကထားပြီး ကျင်းပကြပါတယ်။ ဗယ်လင်တိုင်းနေ့ကတော့ သာမန်လောက်ပဲ ကျင်းပကြပါတယ်။
ဘာလို့ ၅ လပိုင်း ၂၀ ရက်နေ့ကို ခေတ်သစ် တရုတ်ချစ်သူများနေ့လို့ သတ်မှတ်လိုက်တာလဲလို့ မေးစရာရှိလာတယ်။ ၅ လပိုင်း ၂၀ ရက်နေ့ 五月二十日 ကို တရုတ်လို 520 (ဝူအော့လင်) လို့ အသံထွက်ပါတယ်။ အဲ့ဒီ 五二零 520 ရဲ့ အသံထွက်ဟာ မင်းကို ငါချစ်တယ် (我愛你) နဲ့ အသံထွက်ချင်း ဆင်တူပါတယ်။ အဲ့ဒါကြောင့် 520 ခေတ်သစ်ချစ်သူများနေ့လို့ ဒီနေ့ခေတ် လူငယ်တွေက သတ်မှတ်ပြီး ပွဲတော်တစ်ခုအနေနဲ့ ပြုလုပ်လာကြတာပါ။ ဒါ့အပြင် 520 (၅ လပိုင်း ၂၀ရက်) နေ့ကို “表白節” “ကိုယ့်အချစ်တွေကို ကိုယ်ချစ်ရသူလေး သိစေဖို့ ဖွင့်ပြောတဲ့နေ့အဖြစ်လဲ ခေါ်ဆိုကြပါသေးတယ်။ ဒါ့ကြောင့် တရုတ်ပြည်မှာ “520表白節,再不告白就老了” ဒီနေ့ (၅ လပိုင်း ၂၀ ရက်နေ့) မှ ဖွင့်မပြောရင် နောက်ကျသွားလိမ့်မယ် လို့ ပြောကြပါတယ်။
520 days အတွက် ပန်းစည်း order လက်ခံပါပီနော် 🥰