Aein Phyu

Aein Phyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aein Phyu, Digital creator, Khan Shiet, Taunggyi.

18/09/2026

Food=The simple is the better😀

18/09/2026
18/09/2026

🌿တန်ဆေးလွန်ဘေး

ဗီတာမင် ဘီ ကွန်ပလက် ကို မြန်မာမှာ ဘားပလက် Burplex ဆိုပြီး ထုတ်လုပ်ပါတယ်၊
ဟိုး BPI ခေတ်ကနေ ယနေ့ MPF ခေတ်ထိပါပဲ
အလွန်အခြေခံကျပြီး အလွန်အသုံးဝင်တဲ့ ဆေးတမျိုး ဖြစ်ပါတယ်၊
ဘီကွန်ပလက် ထိုးပေးပြီး ဘီကွန်ပလက်စားဆေး ပေးတာ ဆရာဝန်တွေရဲ့လက်စွဲ ကုထုံးပါပဲ၊
ဘီကွန်ပလက်ဆေးဟာ ကျန်းမာရေးအတွက် အခြေခံ အုပ်ချပ် ဖြစ်ပါတယ်၊
ခန္ဓာစွမ်းအင်အပေါ် တိုက်ရိုက် သက်ရောက်ပါတယ်၊
ဦးနှောက်လုပ်ငန်းများအတွက် , ဆဲလ်တို့ရဲ့ ဇီ၀ကမ္မလုပ်ငန်းအတွက် , ကူးစက်ရောဂါတွေ ကာကွယ်ဖို့အတွက် , သွေးနီဥတွေ ကြီးထွားဖို့အတွက် ဘီကွန်ပလက်ဟာ အရေးတကြီး လိုအပ်ပါတယ်။

ဗီတာမင် ဘီ ကွန်ပလက် Vitamin B complex မှာ -
B-1 (thiamine)
B-2 (riboflavin)
B-3 (niacin)
B-5 (pantothenic acid)
B-6 (pyridoxine)
B-7 (biotin)
B-9 (folic acid)
B-12 (cobalamin) ဆိုပြီး ၈ မျိုး ပါဝင်ပါတယ်။

ဘီတာမင် ဘီကွန်ပလက်က အခြေခံအနေနဲ့ အမြဲတွေ့နေရတော့ အချို့သောလူနာများက တန်ဖိုးရှိတယ် မထင်ကြပါဘူး၊
ဘီကွန်ပလက် ထိုးပေးရင် ဒါပဲ ထိုးပေးတာပဲလို့ မကျေမနပ် ပြောကြပါတယ်၊
ဘီကွန်ပလက် ဆေးပြားပေးရင် အပေါစားပေးတယ်လို့ ယူဆကြပါတယ်၊
အများစုက မာတီဗိုက်တာမင် လို့ အမည်တပ်ပြီး ဘူးလှလှနဲ့ ထည့်ထားတဲ့ ဆေးတောင့် ဝါဝါ ညိုညိုကြီးတွေကို ပိုနှစ်သက်ကြပါတယ်၊

ဘီကွန်ပလက်ဆေးပြား ပေးရင် ဘားပလက်နဲ့ မတည့်ဘူးလို့ ပြောပြီး ငြင်းပယ်တတ်ပါတယ်၊
အစာအိမ်ထဲမှာ အစာမရှိဘဲဖြစ်ဖြစ် , အစာ နည်းနည်းသာ စားထားရင်ဖြစ်ဖြစ် ဘီကွန်ပလက် မြိုမိရင် မျက်နှာကြီး နီလာပြီး နားရွက်တွေ ပူလာတတ်ပါတယ်၊
လက်ဖဝါး ခြေဖဝါးတွေ နီရဲလာပြီး ရွရွရွရွ ဖြစ်လာတတ်ပါတယ်၊
တခါတရံ ဗိုက်ထဲ စူးစူးဝါးဝါး အောင့်တက်လာတတ်ပါတယ်၊
အဲသလိုဖြစ်ရင် လူနာက ဆေးမတည့်တာလို့ မှတ်ယူသွားကြပါတယ်၊

ဆေးမတည့်လို့ဖြစ်တာလို့ ယူဆပြီး အလွန်အကျွံ ကြောက်လန့်တဲ့အတွက် အသားက ယားလာပါတယ်၊
ပိုဆိုးတာက အသားတွေ တရွရွ ဖြစ်လာတာကို ကြောက်အားလန့်အားနဲ့ ကုတ်ခြစ်ပစ်တော့ အရေးပြားယောင်ရမ်းလာပါတယ်၊
တသက်လုံးမှတ်သွားတာက ဘားပလက် နဲ့ မတည့်ဘူး လို့ပါပဲ၊

မတည့်တာ မဖြစ်ဘူးလို့တော့ မပြောနိုင်ပါဘူး၊
ဘီကွန်ပလက်ကို အကြောထဲ ထိုးတဲ့အခါမှာတော့ အချို့မှာ တကယ်မတည့်တာ ဖြစ်တတ်ပါတယ်၊
ဘယ်လောက်ထိဆိုးသလဲဆိုရင် ပင်နီဆလင် မတည့်သလို Anaphylactic reaction ဖြစ်ပြီး လူနာမှာ shock ခေါ် အသက်သေနိုင်သည်ထိ သွေးလန့်မေ့မြော သွားတတ်ပါတယ်။

ဒါပေမယ့် ဘားပလက်စားဆေးကြောင့်တော့ shock မဖြစ်ပါဘူး၊
ဘားပလက် အသားထဲထိုးလို့လည်း shock မဖြစ်ပါဘူး၊
Shock မဖြစ်ပါဘူးဆိုပြီး ဘယ်ဆရာဝန်မှလည်း အရဲမစွန့်ပါဘူး၊
လူနာက ဘားပလက်စားဆေးနဲ့ မတည့်ဘူးဆိုရင် ပြန်ထုတ်ထားလိုက်တာပါပဲ၊
လူနာနဲ့ ပြိုင်ပြီး ငြင်းမနေကြပါဘူး၊
ဘားပလက်မပေးဘဲ မာတီဗိုက်တာမင် Multivitamin ပြောင်းပေးကြတာပါပဲ၊
မာတီဗိုက်တာမင်မှာလည်း ဘီကွန်ပလက် ပါတာပါပဲ
ဘီကွန်ပလက်က အခြေခံကိုး
ပါတဲ့ ပမာဏ နည်းတော့ ရွရွစိစိ သိပ်မဖြစ်တတ်ဘူးပေါ့။

တနေ့က ထမင်းစားရင်း ကျနော်သောက်တဲ့အားဆေးတွေထဲ ပါးစပ်တွေ လျှာတွေ နာနေတာမို့ ဘားပလက်ဆေးပြား ၂ ပြားထည့်ပါတယ်၊
ကျနော်သောက်သလို ထမင်းအတူစားနေတဲ့ သမီးငယ်အတွက် သူသောက်မယ့်ဆေးခွက်ထဲ ဘားပလက် ၂ပြား ထည့်ပေးလိုက်ပါတယ်၊
သူ့မှာလည်း ပါးစပ်တွေ လျှာတွေ နာနေတာမိုလို့ပါ
ကိုဗစ်ကာလကိုး

စားနေရင်းကနေ ပါးပါး သမီး ဗိုက်အောင့်တယ် တဲ့
လက်တွေလည်း နီလာတယ် တဲ့ သမီးငယ်က အလန့်တကြား ပြောပါတယ်၊

အဲဒီတော့မှ မော့ကြည့်မိတယ်
လက်ဖဝါးနှစ်ဖက်လုံး နီရဲနေတယ်၊
မျက်နှာလည်း နီရဲနေတယ်၊
ခြေဖမိုးတွေလည်း နီရဲလာတယ်လို့ ပြတယ်၊

ကျနော် ထူပူသွားတယ် , ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်၊
သမီးငယ်က ရှုံ့မဲ့နေတာကိုး
စဉ်းစားတယ် … စားနေတဲ့အထဲမှာလည်း ထူးခြားတာ မပါပါဘူးပေါ့၊
သမီးက seafood allergy ရှိတယ် ငါးပိ ငါးခြောက် ငံပြာရည် ပါ မတည့်ဘူး။

ဆရာဝန်လေ … သူများတွေဖြစ်လာရင် စဉ်းစားပြီး ကုပေးတတ်တယ်၊
ခု သမီးဖြစ်တော့ ဆရာဝန်ဖြစ်ပေမယ့် ဘာမှ စဉ်းစားလို့ မထွက်တော့ဘူး၊

အဲဒီတုန်း သမီးက ပါးပါး ဘားပလက်က ဖြစ်တာလား လို့ ပြောတော့မှ
ဘားပလက်ကျွေးမိတာ ဖြုန်းကနဲ သတိရတယ်
မကြောက်နဲ့ မကြောက်နဲ့ သမီး
မကုတ်နဲ့ မကုတ်နဲ့
အဲဒါ allergy မဟုတ်ဘူး , မတည့်တာ မဟုတ်ဘူး
Niacin ကြောင့် ဗိုက်အောင့်တာ သမီး
အသားတွေ ရွစိရွစိနဲ့ နီရဲလာတာ niacin ကြောင့် သမီး
မကြောက်နဲ့ မကုတ်နဲ့
ခဏလေး ခဏလေး
ဂုဏ်တော်မှတ် … ဂုဏ်တော် အာရုံပြု
အသားနီတာ တရွရွဖြစ်တာ အာရုံမပြုနဲ့

အရင်ကတည်းက ဖျားရင် နာရင် မခံမရပ်နိုင်ဖြစ်ရင် ဝေဒနာကို မခံစားဖို့
ဝေဒနာကို လျစ်လျူရှုဖို့ … စိတ်ကို အာရုံပြောင်း ဖို့ အမြဲ သင်ပေးထားတာ
ဘုရားအာရုံနဲ့ အစားထိုး ခံစားဖို့

သင်ပေးထားတာရယ် … ကျနော့်ကို ယုံကြည်ကိုးစားတာရယ်ကြောင့်
သမီးငယ်က ကြောက်လန့်တာမဖြစ်ဘဲ ဝေဒနာကို သည်းခံရှာပါတယ်။

နာရီဝက်လောက် သည်းခံ သမီး , သက်သာသွားမှာ လို့ ပြောပေမယ့်
၁၅ မိနစ်လောက်မှာပဲ နီနေတာတွေ လျော့လာပါတယ်၊
ရွရွရွရွ ဖြစ်တာ လျော့သွားပါတယ်။

ထမင်းစားတာတော့ ရပ်သွားတာပေါ့ … ဒါပေမယ့် အမြတ်က
ဘားပလက်နဲ့ မတည့်ဘူးဆိုတဲ့အစွဲ သမီးမှာ ဝင်မသွားပါဘူး၊
ဟုတ်ပါတယ် … ဘားပလက်ပမာဏ များသွားလို့ ဒီလိုဖြစ်တာပါ
ကျနော်သောက်သလောက် ခလေးကို တိုက်လိုက်မိလို့ပါ၊

သူစိမ်းဆိုရင်တော့ ကျနော့်ကို အပြစ်တင် … ဆေးကို အပြစ်မြင်
ကျနော်ဘာပြောပြော နားဝင်မှာ မဟုတ်ပါဘူး၊
သူ့စိတ် ကျေနပ်အောင် placebo တခုခု ထိုးပေးရမှာ အမှန်ပါပဲ၊
( Placebo = ဆေးဝါးအာသိသင်မပါသော ဆေးဝါး )
ဘားပလက်နဲ့ မတည့်ဘူးလို့ မှတ်ယူသွားမှာလည်း မုချပါပဲ၊

ဘီကွန်ပလက် ပမာဏ များသွားရင်
အောက်ပါလက္ခဏာတွေ ဖြစ်တတ်ပါတယ်၊
-ရေအလွန်ငတ်ပါတယ် excessive thirst.
-အသားတွေ နီလာပြီး တရွရွ ဖြစ်လာပါတယ် skin conditions.
-အမြင်တွေ ဝေဝါးတတ်ပါတယ် blurry vision.
-ဗိုက်နာ ဗိုက်အောင့် ဖြစ်ပါတယ် abdominal cramps.
-ပျို့တတ်ပါတယ် nausea.
-အန်တတ်ပါတယ် vomiting.
-ဆီးလွန်တတ်ပါတယ် increased urination.
-ဝမ်းလျောတတ်ပါတယ် diarrhea.

တန်ဆေး လွန်ဘေး ဆိုတာ သူများကိုချည်း ဆရာလုပ်ဖို့ မဟုတ်ဘူးလို့
ကျနော် မှတ်သွားပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
*လေးစားစွာဖြင့်-

as p t

မနက်စာစားပြီးမှသတိတွေရတာ😀
18/09/2026

မနက်စာစားပြီးမှသတိတွေရတာ😀

18/09/2026

ကိုးရီးယားကြက်ကြော်၃မျိုးတဲ့အို့ပါးဝယ်လာသာ😀😃😄

17/09/2026

Address

Khan Shiet
Taunggyi

Telephone

+959796747624

Website

Alerts

Be the first to know and let us send you an email when Aein Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share