Chillex - Tgi

Chillex - Tgi The first private chill area in TGI to create quality moments with your beloved ones…

Heart-touching dialogues from movies 📽️💌 -Tgi
02/09/2024

Heart-touching dialogues from movies 📽️💌

-Tgi

"ချစ်ခြင်းမေတ္တာဟာ ရောင်ပြန်ဖြစ်တည်မှု" လို့မျှော်လင့်ခြင်းတွေက ပြောကြတယ်ကိုယ့်အတွက်တော့ မင်းရဲ့ဥပေက္ခာတွေကြောင့် မေတ္တာ...
26/08/2024

"ချစ်ခြင်းမေတ္တာဟာ ရောင်ပြန်ဖြစ်တည်မှု" လို့
မျှော်လင့်ခြင်းတွေက ပြောကြတယ်

ကိုယ့်အတွက်တော့ မင်းရဲ့ဥပေက္ခာတွေကြောင့် မေတ္တာဆိုတာလည်း အလင်းပိတ်ခဲ့ရပါပြီကွယ်

🎥 Our Beloved Summer (2021)

-Tgi

- What do you really want in life? I want it less complicated. I want it quiet.To feel safe and comfortable, not hurt or...
19/08/2024

- What do you really want in life?

I want it less complicated. I want it quiet.
To feel safe and comfortable, not hurt or afraid..

I just want to live a simple, peaceful life.

🎬: Summer Strike(2022)

-Tgi

ကမ္ဘာမှာအသည်းကွဲဖူးတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး.....💬အခုဖော်ပြမယ့်moviesတွေကတော့ အသည်းကွဲနေသူတွေကို "ဒီလိုအဖြစ်အပျက်တွေ၊န...
15/08/2024

ကမ္ဘာမှာအသည်းကွဲဖူးတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး.....💬

အခုဖော်ပြမယ့်moviesတွေကတော့ အသည်းကွဲနေသူတွေကို "ဒီလိုအဖြစ်အပျက်တွေ၊နေ့ရက်တွေက ကိုယ်တစ်ယောက်တည်းခံစားဖူးတာမဟုတ်ဘူး" ဆိုတာremindလုပ်ပေးပြီး စိတ်သက်သာရာရစေမယ့် ဇာတ်ကားများဖြစ်ပါတယ်။

-tgi

ချစ်သူလေးနဲ့အတူတူကြည့်သင့်သော Movie Genres များ💗Romantic Comedy (Rom-Com)ချစ်ရသူလေးက ကိုယ့်ကို နှုတ်ခမ်းစူစိတ်ကောက်နေပြီ...
09/08/2024

ချစ်သူလေးနဲ့အတူတူကြည့်သင့်သော Movie Genres များ

💗Romantic Comedy (Rom-Com)

ချစ်ရသူလေးက ကိုယ့်ကို နှုတ်ခမ်းစူစိတ်ကောက်နေပြီဆိုရင်တော့ rom-com movie လေးကို အတူတူကြည့်လိုက်ပါ။ movieထဲက ချစ်ကြည်နူးတဲ့ ဇာတ်ဝင်ခန်းတွေက သူနဲ့ကိုယ်ကြားက အေးစက်မှုတွေကို ပြန်လည်နွေးထွေးစေနိုင်တယ်။ ချစ်သူနဲ့အတူတူ ရယ်မောလိုက်ခြင်းက မနက်ဖြန်တွေအတွက် ခွန်အားတွေဖြစ်စေပါလိမ့်မယ်။

💗 Action Adventure

ကိုယ်ဟာ ကိုယ့်ချစ်သူလေးအတွက် hero တစ်ယောက်လား??
ဒီလို movie လေးတွေကြည့်ရင်းနဲ့ ချစ်သူလေးက hero နေရာမှာ ကိုယ့်ကိုမြင်ယောင်ပြီး စိတ်ကူးယဉ်လိမ့်မယ်။ အဲ့ဒီအခါ ကိုယ်ကလည်း ချစ်သူလေး လိုအပ်ချိန်တိုင်း ယုံကြည်အားကိုးစွာ မှီတွယ်နိုင်မယ့် ပုခုံးတစ်စုံဖြစ်ကြောင်း သူလေးသိအောင် ပြောပြလိုက်ပါ။

💗 Horror

ကြောက်တယ်ဆိုတဲ့ ချစ်သူလေးကို အတင်းဖက်ထားပြီး ချစ်သူရဲ့ခေါင်းလေးကို ရင်ခွင်ထဲ ထည့်ထားပေးဖူးလား??
အဲ့အချိန်ဟာ ချစ်သူနှစ်ဦးရဲ့ ရင်ခုန်သံဟာ ပုံမှန်ထက် ပိုမြန်ဆန်‌နေပြီး စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်လေးဖြစ်နေမှာ သေချာပါတယ်။

💗 Animated Films

တစ်ခါတလေမှာ Disney နဲ့ Pixar ဟာ ချစ်သူနှစ်ယောက် အေးဆေးchillဖို့ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ထာဝရကလေးလေးနဲ့ ကာတွန်းကားလေးတွေ တူတူကြည့်ပေးဖို့လည်း မေ့လို့မရဘူးနော်။

💗 Science Fiction (Sci-Fi)

Real life ကို ပင်ပန်းငြီးငွေ့တဲ့အချိန်တွေဆိုရင်တော့ ချစ်သူနဲ့ sci-fi movie တွေကြည့်ရင်း အာကာသလမ်းမများပေါ် အတူပြေးထွက်သွားလိုက်ကြဗျာ

ချစ်သူနဲ့အတူကြည့်ခဲ့ဖူးတဲ့ အမှတ်ရဆုံး movie လေးရှိရင်လည်း comment မှာ ပြောပြပေးပါဦးနော် 🫶

-Tgi

If equal affection can not be,Let the more loving one be me.ချစ်ခြင်းမေတ္တာဟာ မတူညီနိုင်သော်မှဖြင့်ပိုချစ်ရတဲ့သူ ကိုယ်ဖြ...
04/08/2024

If equal affection can not be,
Let the more loving one be me.

ချစ်ခြင်းမေတ္တာဟာ မတူညီနိုင်သော်မှဖြင့်
ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ ❤️

🎥 Past lives (2023)

📌 ရုပ်ရှင်ရုံမှာကြည့်ရတာ ဘာလို့ပိုကောင်းတာလဲ?✅ အခုဆိုရင် ကျွန်တော်တို့ ရုပ်ရှင်ကားတစ်ကားကြည့်ချင်ရင် ဖုန်းထဲကနေ ရှာလို့ရ...
01/08/2024

📌 ရုပ်ရှင်ရုံမှာကြည့်ရတာ ဘာလို့ပိုကောင်းတာလဲ?

✅ အခုဆိုရင် ကျွန်တော်တို့ ရုပ်ရှင်ကားတစ်ကားကြည့်ချင်ရင် ဖုန်းထဲကနေ ရှာလို့ရနိုင်သလို Channel Myanmar, Netflix စတဲ့ websites တွေကနေလည်း အလွယ်တကူရှာဖွေကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းထဲကနေရှာပြီး တစ်ယောက်တည်းကြည့်ရတဲ့ ခံစားချက်နဲ့ ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့ခံစားချက်က တူနိုင်လား? 🤔

✅ ရုပ်ရှင်ရုံဆိုတာက ကျွန်တော်တို့အတွက် အပန်းဖြေရင်း ဇာတ်ကားကြည့်လို့ရအောင် ဖန်တီးပေးထားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ရတဲ့ Screen,Lighting,Sound စတာတွေကိုလည်းသေချာအသေးစိတ်စီစဉ်ပေးထားတဲ့အပြင် ထိုင်ခုံတွေကိုလည်း သေချာ သက်တောင့်သက်သာဖြစ်အောင်စီစဉ်ပေးထားတာမလို့ ကျွန်တော်တို့အတွက် အပန်းဖြေဖို့နေရာကောင်းတစ်ခုပါပဲ 🤗

✅ ဒါ့အပြင် ကျွန်တော်တို့ ရုပ်ရှင်ရုံမှာဆိုရင် လူအများနဲ့ရုပ်ရှင်ကြည့်ရတဲ့အတွက် အထီးကျန်စရာမလိုပါဘူး။အထူးသဖြင့် Horror Movie တွေဆိုရင် လူအများနဲ့အတူတူ အော်လိုက် ကြောက်လိုက် ကြည့်လိုက်နဲ့မလို့ ပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်တွေကို ချစ်သူနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အမှတ်တရပိုဖြစ်အောင် ဖန်တီးနိုင်ကြမှာပါ 😎

✅ အိမ်မှာဆို ရုပ်ရှင်ကြည့်နေရင် အမေကဆူလိုက်၊ ဟိုအလုပ်လေးခိုင်းလိုက်၊ ဖုန်းကနေ Notifications တက်လာလိုက်နဲ့ဆိုတော့ ဇာတ်ကားကြည့်ရတာအရှိန်လည်းပျက်သလို အနှောင့်အယှက်လည်းဖြစ်နိုင်ပါတယ်။ ရုပ်ရှင်ရုံမှာဆိုရင်တော့ ဒီလိုမျိုး စိတ်ရှုပ်စရာတွေ ဘာမှပူပင်စရာမလိုဘဲ အေးအေးဆေးဆေးကြည့်နိုင်ပါတယ် 😎

ဒါကြောင့်မလို့ ကျွန်တော်ကတော့ အိမ်မှာရုပ်ရှင်ကြည့်ရတာထက် ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရတာကို ပိုသဘောကျမိတာမျိုးပါ။ သင်တို့ရော ဘယ်နေရာမှာ ရုပ်ရှင်ကြည့်ရတာ ပိုကြိုက်လဲဆိုတာလေးကို Cmt မှာ ဖြေပေးသွားပါဦးဗျ 🫶

-Tgi

တင်းဂွေညရောက်ရင် မပျော်တော့ပါ 😓
28/07/2024

တင်းဂွေညရောက်ရင် မပျော်တော့ပါ 😓

The more people you let into your life, the more that can just walk right out.  - Lara Jean🎥 To all the boys I’ve loved ...
26/07/2024

The more people you let into your life, the more that can just walk right out. - Lara Jean

🎥 To all the boys I’ve loved before(2018)

"သူပျော်တာလေးပဲတွေ့ရင် ကျေနပ်တယ်"ဆိုတဲ့ထဲမှာ ကိုယ်မပါဘူး အချစ်ရေ ❤️မင်းဟာ ကိုယ်နဲ့မှ ပိုပျော်နိုင်တာမျိုးရော မဖြစ်နိုင်ဘ...
24/07/2024

"သူပျော်တာလေးပဲတွေ့ရင် ကျေနပ်တယ်"
ဆိုတဲ့ထဲမှာ ကိုယ်မပါဘူး အချစ်ရေ ❤️

မင်းဟာ ကိုယ်နဲ့မှ ပိုပျော်နိုင်တာမျိုးရော မဖြစ်နိုင်ဘူးလား?ကိုယ်ကတော့ ဘယ်ရထားမှာမှ မလွဲချင်ဘူးကွယ် 🫶

Movie name - Love, Rosie
-Tgi

anime🌸+raindrops🌧️+coffee☕= Chill Mode🔛Studio Ghibli ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ The Boy and the Heron ဆိုတဲ့ ဇာတ်ကားလေး ...
20/07/2024

anime🌸+raindrops🌧️+coffee☕= Chill Mode🔛

Studio Ghibli ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ The Boy and the Heron ဆိုတဲ့ ဇာတ်ကားလေး ကြည့်ပြီးကြပြီလား?

Legendary ဒါရိုက်တာ Hayao Miyazakiနဲ့ Studio Ghibli ဆိုတည်းက ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်နေပါပြီ။ trailer ကြည့်တုန်းက spirited away နဲ့ ဇာတ်ကွက်ဆင်တူမယ်ထင်ခဲ့ပေမယ့် တကယ်တမ်းက လုံးဝမတူပါဘူး။ ကြည့်ပြီးရင် all time favourite စာရင်းထဲ နောက်တစ်ကားထပ်တိုးသွားမယ်လို့ အာမခံပါတယ်။ Oscar ဆုအတွက် well deserved ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ✨

ဒီဇာတ်ကားလေးမှာတော့ မဟိတိုဆိုတဲ့ ကောင်လေးဟာ မိခင်သေဆုံးသွားပြီးတဲ့နောက် အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အတွက် တိုကျိုကနေ နယ်မြို့လေးကို ပြောင်းလာရတယ်။ အဲ့လိုပြောင်းလာပြီး နောက်ပိုင်းမှာတော့.....
- မဟိတိုဟာ ဒဏ္ဍာရီဆန်ဆန်ကမ္ဘာသစ်တစ်ခုကို ဘာကြောင့်ရောက်သွားမလဲ?
- အဲ့ကမ္ဘာမှာ ဘယ်လိုစွန့်စားမှုတွေလုပ်ရမလဲ?
- Heronငှက်ကြီးနဲ့ မဟိတိုတို့ရဲ့ ပတ်သက်ဆက်နွှယ်မှုအပြင်
- သူ့အမေရဲ့ သေဆုံးမှုနဲ့ သူ့မိထွေးတို့ ပျောက်ဆုံးသွားမှုဟာ ဘယ်လိုပတ်သက်နေလဲ?
- Heronငှက်ကြီးခေါ်ရာ လိုက်သွားမယ်ဆိုရင်ရော သူ့အမေကို ပြန်တွေ့နိုင်မလား???

မိုးအေးအေးလေးမှာ လူငယ်လေးတစ်ယောက်ရဲ့ ထူးဆန်းတဲ့ကမ္ဘာသစ်တစ်ခုမှာ ကြုံရမယ့် အတွေ့အကြုံ၊စွန့်စားမှုတွေကို Studio Ghibli ရဲ့ မျက်စိပသာဒဖြစ်စရာ scenes တွေနဲ့ စီးမျောလိုက်ကြရအောင်ဗျာ 🫶

Movie name - The boy and the Heron
-Tgi

📌 Movie Review ကိုဘယ်အချိန်မှာ ဖတ်ကြလဲ?✅ အခုဆိုရင် ရုပ်ရှင်ကားတွေကို ကြည့်တဲ့သူတွေ တော်တော်ပိုများလာကြပါတယ်။ ဒါကြောင့်မလ...
16/07/2024

📌 Movie Review ကိုဘယ်အချိန်မှာ ဖတ်ကြလဲ?

✅ အခုဆိုရင် ရုပ်ရှင်ကားတွေကို ကြည့်တဲ့သူတွေ တော်တော်ပိုများလာကြပါတယ်။ ဒါကြောင့်မလို့ ရုပ်ရှင်ကြည့်ပြီးတဲ့သူတွေကလည်း ဇာတ်ကားအကြောင်းကို အတိုချုပ်ဖြစ်ဖြစ် သေချာအရှည်ကြီးရေးပြီးတော့ပဲဖြစ်ဖြစ် Movie Review တွေကို ပြန်လည်မျှဝေတတ်ကြပါတယ် 😉

✅ ရုပ်ရှင်မကြည့်ခင် Movie Review ကိုအရင်ဖတ်တာ ကောင်းလား မကောင်းလားဆိုတာကတော့ ကျွန်တော်တို့ရဲ့အမူအကျင့်၊ အကြိုက်တွေနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါဆို ကျွန်တော်နည်းနည်းလောက်ပြောပြပါမယ်။

✅ ရုပ်ရှင်မကြည့်ခင် Movie Review ကိုဖတ်လိုက်ပြီဆိုရင် ကျွန်တော်တို့ဟာ ပထမဆုံးအနေနဲ့ spoiler မိပါတယ်။ ပြီးရင် စာဖတ်လိုက်ခြင်းအားဖြင့် စာရေးထားတဲ့သူရဲ့ ရုပ်ရှင်အပေါ် မြင်တဲ့အမြင်၊ စိတ်ခံစားချက် တွေက ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးမှုရှိသွားတတ်ပါတယ်။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် အကြိုက်ကလည်းမတူတာ ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ ရဲ့ ဇာတ်ကားအပေါ် စိတ်ဝင်စားမှုဟာ လျော့သွားတာမျိုးဖြစ်တတ်ကြပါတယ်။

✅ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ရုပ်ရှင်ကြည့်တယ်ဆိုတာ Excitement ရချင်လို့ ကြည့်ကြတာမျိုးလည်းရှိကြပါတယ်။ ဇာတ်ကားအကြောင်းအရာကို ကြိုသိနေရင် ကျွန်တော်တို့အတွက် ရင်ခုန်စရာမကောင်းတော့ဘဲ ရုပ်ရှင်ဟာ ဘယ်လောက်ကောင်းကောင်း ပျင်းစရာကောင်းလိုက်တာ ဆိုတဲ့ခံစားချက်မျိုးတွေဖြစ်လာနိုင်ပါတယ်။

✅ ဒါပေမဲ့ ကျွန်တော်တို့ရုပ်ရှင်ကြည့်ပြီးမှ ဇာတ်ကားကို စိတ်ဝင်စားလွန်းလို့ Movie Review ရှာဖတ်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ရုပ်ရှင်အပေါ် တွေးထားတဲ့ ခံယူမှု၊ ယူဆမှုတွေကို သူများတွေနဲ့ နှိုင်းယှဉ်ပြီး ဒီအချက်လေးကတော့တူတယ် မတူဘူး စသည်ဖြင့် ဝေဖန်သုံးသပ်နိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဇာတ်ကားထဲမှာ သတိမထားခဲ့မိတဲ့ အချက်တွေကိုပါ သိမြင်လာနိုင်ပါတယ်။

✅ ကျွန်တော်ကိုယ်တိုင်ကလည်း ဇာတ်ကားဆိုရင် Spoiler မိရင် သိပ်ပြီးစိတ်ဝင်စားစရာမကောင်းတော့ဘူးလို့ ခံစားရလို့ ကိုယ်ကြိုက်တဲ့ ဇာတ်ကားတစ်ကားဆိုရင် အမြဲတမ်း ကြည့်ပြီးမှ Review ကို ရှာဖတ်တတ်တဲ့သူမျိုးပါ။ ကိုယ်ရဲ့ထင်မြင်ယူဆချက်နဲ့ Review ရေးထားတဲ့သူရဲ့ အမြင်ကိုပေါင်းစပ်လိုက်ရင် ရုပ်ရှင်ရဲ့အရသာကိုပိုပြီး သိနိုင်မယ်ထင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့အကြိုက်ပေါ်မှာမူတည်ပြီး ကွဲပြားနိုင်တာမလို့ ကျွန်တော်တို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

✅ အကုန်လုံးကရော ဘယ်အချိန်မှာ ဖတ်ကြလဲဆိုတာ Cmt မှာမျှဝေပေးသွားပါဦးဗျ။

❗️ဒီလိုမျိုးအကြောင်းအရာလေးတွေတင်ပေးသွားဦးမှာဖြစ်လို့ Page ကို Like & Followလေးလည်း လုပ်ခဲ့ပေးပါဦးဗျ 🫶

-Tgi

Address

Taunggyi

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Chillex - Tgi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share