Kanbawza Tai News

Kanbawza Tai News ရှမ်းပြည်နယ်အတွင်းမှ သတင်းနှင့် အ​ကြောင်းအရာများကို ဖတ်ရှုနိုင်ပါမည်။
(863)

❏ မန္တ​လေးမှ ရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်းဝင်https://bit.ly/3BZ5XWOမန္တ​လေတိုင်းအတွင်းရှိ စစ်​ကောင်စီလက်​အောက်ခံ ရ...
24/12/2022

❏ မန္တ​လေးမှ ရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်းဝင်
https://bit.ly/3BZ5XWO
မန္တ​လေတိုင်းအတွင်းရှိ စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်းဝင်လာခဲ့​ကြောင်း CDF-Daai က ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
အလင်းဝင်လာသည့် ရဲတပ်သားမှာ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ​လေဆန်း ဖြစ်ပြီး ၎င်းသည် စစ်​ကောင်စီလက်​အောက်တွင် ဆက်လက်တာဝန်ထမ်း​ဆောင်လိုခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၉ ရက်က CDF-Daai ထံသို့ အလင်းဝင် လာခြင်းဖြစ်​ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
အလင်းဝင် ရဲတပ်သားအား CDF-Daai မှ ​​​နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
စစ်​ကောင်စီလက်​အောက်တွင် တာဝန်မထမ်း​ဆောင်လိုသဖြင့် အလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလိုသူ ပြည်သူ့ရဲများအား ​နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း CDF-Daai က ထုတ်ပြန်ထားသည်။

❏ PSLF/TNLA တရားစီရင်​ရေးဌာနက တစ်နှစ်တာအတွင်း အမှု​ပေါင်း ၁၃၀ ​ကျော် စီရင်နိုင်ခဲ့https://bit.ly/3WmheIXပ​လောင်ပြည်နယ် လ...
24/12/2022

❏ PSLF/TNLA တရားစီရင်​ရေးဌာနက တစ်နှစ်တာအတွင်း အမှု​ပေါင်း ၁၃၀ ​ကျော် စီရင်နိုင်ခဲ့
https://bit.ly/3WmheIX
ပ​လောင်ပြည်နယ် လွတ်​​မြောက်ရေးတပ်ဦး (PSLF/TNLA) တရားစီရင်ရေးဌာနက ၂၀၂၂ ခုနှစ်၊ တစ်နှစ်တာအတွင်း အမှု​ပေါင်း ၁၃၇ မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့​ကြောင်း PSLF သတင်းနှင့်ပြန်ကြား​ရေးက ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
၂၀၂၂ တစ်နှစ်တာအတွင်း လူထုမှ တိုင်ကြားလာသည့်အမှု​ပေါင်း ၁၆၁ မှုအနက် ၁၃၇ မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ပြီး ယင်း အမှုများတွင် လူသတ်မှုနှင့် အပြင်းအထန် နာကျင်စေမှု ၅ မှု၊ အဓမ္မပြုကျင့်မှုနှင့် ကာမလိမ်လည်မှု ၂၀ မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှု ၁၀၁ မှု၊ ခိုးဆိုးလုယက်မှု ၆ မှု၊ တရားမမှု ၃ မှု၊ ငွေကြေးလိမ်လည်မှု ၂ မှုတို့ ပါဝင်ကာ ကျူးလွန်သူ ၁၃၇ ဦးကို ပြစ်ဒဏ်ပေး အ​ရေးယူနိုင်ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
ထို့အပြင် လက်ရှိတွင် အမှု ၁၀ မှုကို ဝရမ်းထုတ်ထားပြီး ကျန်အမှုများမှာ တရားရင်ဆိုင်​နေဆဲဖြစ်​ကြောင်း သိရသည်။
ပ​လောင်ပြည်နယ် လွတ်​​မြောက်ရေးတပ်ဦး (PSLF/TNLA) တရားစီရင်ရေးဌာန အ​နေဖြင့် ဗဟိုတရားရုံးအပြင် ခရိုင် တရားရုံး ၅ ရုံး ဖွင့်လှစ်ထား​ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တစ်နှစ်တာတွင် အမှုပေါင်း ၉၀ အနက်မှ ၇၈ မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

❏ ကန့်ဘလူမြို့နယ်၊ ​ဂါးဂ​လော်ရွာအား စစ်​ကောင်စီတပ် ဒုတိယအကြိမ် ဝင်ရောက်မီးရှို့https://bit.ly/3vlzwOpစစ်ကိုင်းတိုင်း၊ ကန...
24/12/2022

❏ ကန့်ဘလူမြို့နယ်၊ ​ဂါးဂ​လော်ရွာအား စစ်​ကောင်စီတပ် ဒုတိယအကြိမ် ဝင်ရောက်မီးရှို့
https://bit.ly/3vlzwOp
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂါးဂလော်ရွာအား စစ်ကောင်စီတပ်များက ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်မြောက် ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်​ကောင်စီ၏ ခမရ (၃၆၈) နှင့် ပျူ​စောတီးများသည် ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၇ နာရီခွဲခန့်က ​ကျေးရွာအား ဒုတိယ အကြိမ်အဖြစ် ဝင်​ရောက်မီးရှို့ဖျက်ဆီး​နေခြင်းဖြစ်​ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်ကလည်း ယင်း စစ်​ကောင်စီတပ်များက ​ဂါးဂလော်ကျေးရွာအား ပထမအကြိမ် ဝင်​ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ကာ ယမန်​နေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ​ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး​နောက် ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ရွာအတွင်းသို့ ထပ်မံဝင်​ရောက်လာခြင်းဖြစ်​ကြောင်း သိရသည်။
လက်ရှိတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးနေမှုကြောင့် အပျက်အစီးနှင့် အထိအခိုက်စာရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကာ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။
စစ်​ကောင်စီတပ်များ ပထမအကြိမ် မီးရှို့ဖျက်ဆီးစဉ်က ရွာဦးဘုန်းကြီး​ကျောင်းနှင့် ​ကျေးလက်​ဆေး​ပေးခန်း အပြင် ပြည်သူပိုင်နေအိမ် ၂၃ လုံး မီး​လောင်ပျက်စီးခဲ့​ကြောင်း သိရသည်။
ထို့အပြင် ထိုစဉ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ​ဒေသခံ ၅ ဦးအနက် အမျိုးသား ၃ ဦးကို ရက်စက်စွာ နှိပ်စက်ညှဉ်းပန်း မီးရှို့သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ ​ပျောက်ဆုံး​နေဆဲဖြစ်​ကြောင်း သိရသည်။

❏ ရှမ်းတောင်ဒေသသို့ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးhttps://bit.ly/3jtAyoRဒီဇင်ဘာကျောင်းပိ...
24/12/2022

❏ ရှမ်းတောင်ဒေသသို့ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါး
https://bit.ly/3jtAyoR
ဒီဇင်ဘာကျောင်းပိတ်ရက် ကာလအတွင်း ရောက်ရှိနေသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၏ အထင်ကရနေရာများသို့ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု မရှိသလောက် နည်းပါးနေကြောင်း သိရသည်။
စစ်ကောင်စီ အာဏာမသိမ်းမီက ယခုလို ဒီဇင်ဘာကျောင်းပိတ်ရက် ကာလများတွင် ရှမ်းပြည်နယ်တောင်ပိုင်း၏ အထင်ကရ နေရာများဖြစ်သည့် အင်းလေးဖောင်တော်ဦးဘုရား၊ ကက္ကူမွေတော်ဘုရား၊ ထမ့်စမ်းလိုဏ်ဂူ၊ ပင်းတယရွှေဥမင် လိုဏ်ဂူဘုရားနှင့် အခြား ထင်ခြားသည့် နေရာများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်မှုရှိခဲ့ပြီး ယခုအခါ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု နည်းပါးနေကြောင်း သိရသည်။
"အရင်က ဒီလိုကျောင်းပိတ်ရက် ကာလတွေဆိုရင် ဧည့်သည်တွေ တော်တော်များများလာကြတယ်။ ဧည့်သည် အဝင်များတော့ ခရီးသွားလုပ်ငန်းကနေ ဒေသခံတွေ အကျိုးဖြစ်ထွန်းတာတွေရှိခဲ့တာပေါ့။ စစ်တပ် အာဏာသိမ်းလိုက်တော့ဧည့်သည်က မလာသလောက်ကို ဖြစ်သွားတယ်။ အာဏာသိမ်းလိုက်တာ ဒေသခံတွေရဲ့ စီးပွားရေးတွေ အများကြီး ထိခိုက်ကုန်တယ်" ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကမ္ဘာကျော် အထင်ကရနေရာတစ်ခုဖြစ်သည့် အင်လေးကန်ဒေသတွင်လည်း ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးနေသည့်အတွက် စက်လှေပြေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြု​နေသည့် ဒေသခံများလည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
"ဒီဇင်ဘာကျောင်းပိတ်ရက်မျိုးဆို အရင်က လာတဲ့ဧည့်သည်တွေ များတယ်။ အခုကျတော့ လမ်းခရီးမှာ အစစ်အဆေးတွေများတော့ ဧည့်သည်က သိပ်မလာကြတော့ဘူး။ မိသားစု စားဝတ်နေရေးတွေ ခက်ခဲ​နေကြတာလည်း ပါတာပေါ့" ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသသည် မြန်မာနိုင်ငံအတွင်း ထင်ရှားကျော်ကြားသည့် ခရီးသွားဒေသတစ်ခုဖြစ်ပြီး ယခုအခါ လာရောက်လည်ပတ်သည့် ဧည့်သည် နည်းပါးသွားသည့်အတွက် ခရီးသွားလုပ်ငန်းကို အမှီပြုထားသည့် လုပ်ငန်းများအားလုံး စီးပွားရေးရပ်တန့်သလောက် ဖြစ်ပေါ်နေကြောင်း သိရသည်။

❏ တောင်ကြီးမြို့မဈေး နာရီစင်အနီး ရပ်တန့်ထားသည့်ဆိုင်ကယ် ခိုးယူခံရhttps://bit.ly/3FRzpPFတောင်ကြီးမြို့၊ မြို့မဈေးကြီးတောင...
24/12/2022

❏ တောင်ကြီးမြို့မဈေး နာရီစင်အနီး ရပ်တန့်ထားသည့်ဆိုင်ကယ် ခိုးယူခံရ
https://bit.ly/3FRzpPF
တောင်ကြီးမြို့၊ မြို့မဈေးကြီးတောင်ဘက် နာရီစင်ညဈေးအနီးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခိုးယူခံရသည့်ဆိုင်ကယ်မှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်းမှ ဆိုင်ကယ်ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၅ နာရီခန့်က နာရီစင်အနီးတွင် ရပ်တန့်ထားစဥ် ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ဆိုင်ကယ်က လိုင်စင်နဲ့ပါ။ အလုပ်ကိစ္စနဲ့ ဈေးနားသွားရင်း နာရီစင်နားမှာ ရပ်ထားတုန်း အခိုးခံလိုက်ရတာပါ။ တောင်ကြီးမှာ ဆိုင်ကယ်တွေ ခဏခဏအခိုးခံနေရတော့ ပြန်ရဖို့ သိပ်မလွယ်ဘူးထင်တယ်" ဟု ဆိုင်ကယ်ခိုးယူခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ခိုးဆိုးလုနှိုက်မှု များပြားလာနေပြီး မော်တော်ဆိုင်ကယ်ခိုးယူခံရမှုများ နေ့စဥ်လို ဖြစ်ပွားနေကာ ပျောက်ဆုံးသွားပါက ပြန်လည်ရရှိရန် အခွင့်အလမ်းနည်းပါးသည့်အတွက် သတိပြုရန်လိုအပ်နေကြောင်း ဒေသခံ များက ပြောဆိုကြသည်။
လွန်ခဲ့သည့်ရက်ပိုင်းကလည်း တောင်ကြီးမြို့ နယ်၊ နားဘောင်ကျေးရွာတွင် မြေကွက်လိုက်ပြသည့် အမျိုးသားတစ်ဦးအား ရိုက်နှက်၍ မော် တော်ယာဥ် လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

❏ ဖရူဆိုမြို့နယ် မိုဆို​​ရွာ၌ အရပ်သားပြည်သူများ အစုအလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု တစ်နှစ် ပြည့်http://bit.ly/3v...
24/12/2022

❏ ဖရူဆိုမြို့နယ် မိုဆို​​ရွာ၌ အရပ်သားပြည်သူများ အစုအလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု တစ်နှစ် ပြည့်
http://bit.ly/3vc5cpF
ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာ၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် (ခရစ္စမတ် အကြို​နေ့) တွင် စစ်​ကောင်စီတပ်က အရပ်သားပြည်သူများအား အစုလ်ိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်စဥ်မှာ ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်​တွင် တစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာသို့ စစ်​ကြောင်းထိုးလာ​သော တပ်မ (၆၆) ​လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် စစ်​ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအား ဖမ်းဆီးပြီး က​လေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူများအား ​သွေး​အေး​အေးဖြင့် မီးရှို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အတူ အခင်းဖြစ်ပွားစဥ် လာ​ရောက် ဖြန်ဖြေတားဆီးရန်​ ရောက်လာ​သော နယ်ခြား​စောင့်တပ် တပ်ဖွဲ့ဝင် ၄ ဦး ကို​လည်း လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခဲ့သည်။
အဆိုပါ ဖြစ်စဥ်အတွင်း ​​မြေစာပင်ဖြစ်ခဲ့ရ​သော ပြည်သူများနှင့် နယ်ခြား​စောင့်တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူ ပူ​ဆွေး​ကြေကွဲရကြောင်းနှင့် မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင်ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။
အစုအလိုက်အပြုံလိုက် သတ်ဖြတ်ကာ လူမဆန်သော စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့သည့် အဓိကတရားခံ တပ်မ (၆၆) လက်​အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းအ ပါအဝင် စစ်​​ကောင်စီ တရပ်လုံးအား ဆန့်ကျင်တွန်းလှန်သွားမည် ဖြစ်ပြီး လွတ်လပ်၊ ငြိမ်းချမ်း၊ မျှတ​စွာ ​နေ​ထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​ ပေါ်ထွန်းသည်အထိ မဆုတ်မနှစ် ကြိုးပမ်းသွားရန် အဓိဌာန်ကို ကိုင်စွဲလျက်ရှိသည်ဟုလည်း KNDF က ဆိုသည်။
စစ်​ကောင်စီတပ်က အရှင်လတ်လတ် မီရှို့သတ်ဖြတ်ခဲ့​သော အရပ်သားပြည်သူ ၄၀ ကျော် နှင့် လက်ပြန်ကြိုးတုတ်ကာ ကွပ်မျက်ခံရ​သော (၁၀၀၄) တပ်ရင်းမှ နယ်ခြား​စောင့်တပ်သား ၄ ဦးသည် အပြစ်မဲ့ ကရင်နီပြည်သူပြည်သားများ ဖြစ်သဖြင့် အစဥ်အမြဲ ​အောက့်​မေ့ သတိရပြီး တရားမျှတမှု ရရှိသည်အထိ လုပ်​ဆောင်သွားမည် ဖြစ်​‌ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

24/12/2022
❏ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက်ခက်အောင် နှင့် ကိုမြတ်သူတို့ကို စစ်ကောင်စီက ...
24/12/2022

❏ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက်ခက်အောင် နှင့် ကိုမြတ်သူတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်
http://bit.ly/3HWcCVy
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူတို့ကို ဒီဇင်ဘာလ ၂၃ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ကျိုက်မရော ထောင် တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း သိရှိရသည်။
မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူ တို့ကို ပုဒ်မ - ၅၀ ည အတွက် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၅၁ (ဂ) အတွက် ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နှင့် မခက် ခက်အောင် ၊သားဖြစ်သူ ကိုမြတ်သူ တို့ကို စစ်ကောင်စီ တရားရုံးက ပုဒ်မ- ၅၀ (ည) နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁(ဂ) နဲ့ ထောင်ဒဏ် ၅ နှစ် စီ ဒီဇင် ဘာ ၂၃ ရက် နေ့ အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
"သူတို့ဟာ ကျန်းမာရေး မကောင်းလို့ ဘားအံမှာ ဆေးသွားကုရင်း ဧပြီလ ၂၆ ရက်နေ့က စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ၁၂ ရက်ကြာ စစ်ကြောရေး ခံခဲ့ရပါတယ်။ စစ်ကြောရေးကတဆင့် မော်လမြိုင် မြို့မရဲစခန်းကို ရောက်ရှိခဲ့ပြီး မော်လမြိုင် မြို့မရဲစခန်းမှူး ဦးလှထွန်းက တရားလို ပြုလုပ်ကာ ပုဒ်မ- ၅၀(ည) ၊ ၅၁(ဂ) တို့နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ " ဟု ၎င်းတို့၏ မိတ်ဆွေတစ်ဦးက ပြောသည်။
မနုနုအောင် သည် ခြေထောက် အရွတ်ပြဲ အကြောရောင်ရောဂါနှင့် လမ်း ကောင်းကောင်း မလျှောက်နိုင်သလို မခက်ခက်အောင် သည်လည်း အာရုံကြော အား နည်းရောဂါဖြင့် ခန္ဓာကိုယ် အောက်ပိုင်း ချိနဲ့နေခြင်း ဖြစ်သည်။
မခက်ခက်အောင် ၏သားဖြစ်သူ ကိုမြတ်သူမှာ မိခင် အား ဆေးခန်းပြရာတွက် အဖော်အဖြစ် လိုက်ပါစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

❏ မြန်မာ့အရေးကူညီရန် ပါဝင်သည့် NDAA ကို သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ် ရေးထိုးhttp://bit.ly/3VmWbERမြန်မာစစ်အုပ်စုကို ပိုမိ...
24/12/2022

❏ မြန်မာ့အရေးကူညီရန် ပါဝင်သည့် NDAA ကို သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ် ရေးထိုး
http://bit.ly/3VmWbER
မြန်မာစစ်အုပ်စုကို ပိုမို ဖိအားပေးရန်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးရန် အချက်များ သီးသန့်ရေးဆွဲထားသော Burma Act ပါရှိသည့် အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA)ကို သမ္မတ ဂျိုးဘိုင်ဒန်က ယမန်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဟု အိမ်ဖြူတော်က ကြေညာသည်။
အမေရိကန်အောက်လွှတ်တော်တွင် စတင် အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အထက်လွှတ်တော်၏ ဆက်လက်အတည်ပြုချက်ရရှိခဲ့သော NDAA ကို သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ် ရေးထိုးလိုက်သဖြင့် ယင်းဥပဒေမှာ စတင်အသက်ဝင်လာပြီ ဖြစ်သည်။
NDAA ဥပဒေသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသော NUG၊ NUCC၊ CRPH၊ CDM နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ ရုန်းကန်မှုအတွက် အမေရိကန်၏ ကူညီထောက်ပံ့ရေး မူဝါဒများ ပါရှိသည့်အပြင် စစ်ကောင်စီ၊ ခရိုနီများနှင့် စွမ်းအင်ကဏ္ဍ၊ ယင်းနှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တိုးချဲ့ပြုလုပ်နိုင်မည့် အခွင့်အာဏာများလည်း ပါဝင်ကြောင်း သိရသည်။
“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာ မီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။
မြန်မာနိုင်ငံ၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေး လုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာစေရန် နည်းပညာနှင့် လက်နက် မဟုတ်သော အထောက်အပံ့များ ပေးရန် အချက်လည်း NDAA တွင် ထည့်သွင်းထားသည်။

23/12/2022

ပြည်သူ့စစ်သားဇနီးများရဲ့ စကားသံအစီအစဥ် အပိုင်း (၅၀)
" ဗေဒင်ယတြာတွေလိုက်နာနေကြသော်လည်းတပ်ပျက်နေသည့်အကြောင်း "

ဒီတစ်ပတ်မှာတော့ CDM ဗိုလ်မှူး ဇနီး များဖြစ်ကြတဲ့ မသူဇာလွင် ၊ မနန်းလေး တို့ကိုတွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ် ။

CDM ဗမ ဇနီးဖြစ်တဲ့ မနန်းလေးရဲ့ ပြည်သူ့ဘက်ရပ်တည်ဖြစ်ခဲ့တဲ့အကြောင်း ၊

စစ်တပ်အတွင်းနေထိုင်ခဲ့ရစဉ်မှာ ဗေဒင်ယတြာတွေနဲ့ ပက်သက်ပြီး သူတို့ကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေကို ‌မျှဝေပေးသွားမှာပဲဖြစ်ပါတယ် ။

အစီအစဥ် တင်ဆက်သူအဖြစ်မနွေဦးကဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ပြည်သူ့စစ်သားဇနီးများက စီစဥ်တဲ့ယခုစကားသံအစီအစဥ်ကို အပါတ်စဥ် သောကြာနေ့ ည7:00 မှာ

ပြည်သူ့စစ်သားဇနီးများ Page
Khit Thit
DVB
ပြည်သူ့ပန်းတိုင်

Action Committees for Democracy Development,
Thanlwin Times
Mae Khong News
ပိတောက်ဖူး - Blooming Padauk
Breaking Tatmadaw Brainwashed
Watermelon
Htet Myat
Page များမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
#ပြည်သူ့စစ်သားဇနီးများ

❏ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည့် နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာသို့ PSLF/TNLA ထိပ်ပိုင်း ခေါင်းဆောင်မ...
23/12/2022

❏ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည့် နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာသို့ PSLF/TNLA ထိပ်ပိုင်း ခေါင်းဆောင်များ သွားရောက်
https://bit.ly/3GcgIaS
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့သည့် တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာသို့ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်က PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
PSLF/TNLA ဒုဥက္ကဌ(၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမောဝ်၊ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်၊ အုပ်ချုပ်ရေး ဒုဌာနမှူး တားကုင်ခြီရ်နှင့် စည်းရုံးလှုံ့ဆော်ရေးမှူး တားမိုးဟိန်းတို့ ကုန်းသာကျေးရွာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတွေနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း PSLF က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန် ထားသည်။
တွေ့ဆုံပွဲတွင် TNLA ခေါင်းဆောင်များက ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပြင် လူထုနေအိမ် များနှင့် ကျေးရွာ ပြန်လည်ထူထောင်နိုင်ရေး အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒေသခံများကို ကတိပေးခဲ့ပြီး ဒေသခံများမှလည်း လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် စစ်ဒဏ်ကြောင့် ပျက်ဆီးခဲ့သည့် ကျေးရွာနှင့် စစ်ဘေးသင့် လူထုများ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်ရန် ပြန်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ကော်မတီ ဥက္ကဌ ဒုဗိုလ်မှူးကြီး တားမိုးဟိန်း၊ ဒုဥက္ကဌ ဒုဗိုလ်မှူးကြီး တားညွံတ်မျံမ်နဲ့ အတွင်းရေးမှူး ဗိုလ်ကြီး/မှူး ဂူ;ရဲင်း တို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်းသာကျေးရွာတွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်တပ်ဘက်မှ Mi-17, Mi-35 ဂျက်လေယာဉ်များ၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် နမ့်ဆန်၊ မန်တုံမြို့ရှိ တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
[Photo - PSLF/TNLA ]

❏ ကန့်လူမြို့နယ်၊ ဂါးဂလော်ကျေးရွာတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းပါမကျန် မီးရှီု့ ဖျက်ဆီးhttps://bit...
23/12/2022

❏ ကန့်လူမြို့နယ်၊ ဂါးဂလော်ကျေးရွာတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းပါမကျန် မီးရှီု့ ဖျက်ဆီး
https://bit.ly/3hGXQHH
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂါးဂလော်ရွာတွင် စစ်ကောင်စီတပ်များက ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းအပြင် ဒေသခံပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ခမရ (၃၆၈) တပ်နှင့် ပျူစောထီးများ အင်အား ၁၂၀ ဦးခန့်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က ဂါးဂလော် ကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ဒေသခံပြည်သူပိုင်နေအိမ် ၂၃ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်များက ဒေသခံ အမျိုးသား ၃ ဦးအား သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၂ ဦးလည်း ဖမ်းဆီးခံရ ပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။
စစ်ကောင်စီတပ်များက အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် အမျိုးသား ၁ ဦးအား ရက်စက်စွာ ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရပြီး ကျန် အမျိုးသား ၂ ဦးကိုမူ မီးရှို့သတ်ဖြတ်ထားသည်ဟု ခန့်မှန်းရသည့် မီးလောင်ပြာကျ အရိုးစု ၂ ခုသာ ပြန်လည်တွေ့ရှိခဲ့ရ ခြင်းဖြစ်ကာ အမျိုးသမီး ၂ ဦးမှာမူ လက်ရှိအချိန်ထိ ပြန်လည်မတွေ့ရှိရသေးကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်များနှင့် ပျူစောထီးစစ်ကြောင်းသည် ကန့်ဘလူခရိုင်အတွင်း လွှဲဆိပ်၊ လက်ခုပ်ကုန်းနှင့် ဘောရွာတို့တွင်လည်း ဝင်ရောက်ဖျက်ဆီး မီးရှို့မှုများ ကျူးလွန်ထားသည့်စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

Address

Taunggyi

Telephone

+66950309321

Website

Alerts

Be the first to know and let us send you an email when Kanbawza Tai News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kanbawza Tai News:

Share

About Kanbawza Tai News

■ တောင်ကြီးမြို့တွင် အခြေစိုက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

■ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသား ထုတ်ဝေဖြန့်ချိခွင့် အရ စတုတ္ထမဏ္ဍိုင် အဖြစ် ပီပြင်စွာ ရပ်တည်၍ နိုင်ငံသားတိုင်း၏ သတင်း သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်အတွက် ရည်ရွယ်သည်။

🌐 website; www.kanbawzatainews.com

✉ Mail; [email protected]