27/06/2026
ဝေးကွာနေခဲ့ရင်တောင်
ချစ်တဲ့လူက ချစ်တာပါပဲဗျာ
ဝေးနေရတာကို
အကြောင်းပြချက်တစ်ခုလိုမျိုး
မပြောစေချင်ပါဘူးဗျာ
ဝေးခြင်း၊နီးခြင်းဆိုတာကလည်း
သူ့အပေါ် မှာကိုယ့်ရဲ့တန်ဖိုးထားမှု
ဘယ်လောက်ထိရှိလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ် ။
ဝေးကွာတယ်ဆိုတာကလဲ
ကိုယ့်ရဲ့ ရှင်သန်နေထိုင်ရာဒေသ
မတူညီတဲ့ တိုင်းတာခြင်းတွေနဲ့
ကန့်သတ်မှု သက်သက်သာဖြစ်တယ်
နှလုံးသား တစ်ခုကနေ
တစ်ခုကိုသွားတဲ့လမ်းမှာတော့
မည်သည့်အကန့်အသတ်မှ မရှိပါဘူး ။
တကယ်လို့သာ
ချစ်ခြင်းမေတ္တာတွေ စစ်မှန်ခဲ့မယ်ဆိုရင်
အကွာအဝေးဟာ အတားအဆီးမဟုတ်ပါဘူး
အကြောင်းပြချက်တစ်ခုလည်း မဟုတ်ပါဘူး
ချစ်ခြင်းရဲ့ သက်သေတစ်ခုသာ ဖြစ်တယ်
ကိုယ်ကသူ့အပေါ်မှာ ဘယ်လောက်ထိ
ချစ်နိုင်သလဲဆိုတဲ့အပေါ်မှာ မှုတည်ပါတယ် ။
#ကောင်းထက်ပြည့်စုံ