01/01/2026
အင်္ဂလိပ်စာ လေ့လာခါစ Beginner များအတွက် နားလည်ရလွယ်ကူပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Podcast ၁၀ ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
English Learning Podcasts for Beginners
၁။ 6 Minute English (BBC Learning English)
အင်္ဂလိပ်စာ သင်ယူသူတွေအတွက် အထူးထုတ်လုပ်ထားပြီး စကားလုံးအသစ်တွေနဲ့ ဗဟုသုတတွေကို ၆ မိနစ်အတွင်း ရိုးရိုးရှင်းရှင်း တင်ဆက်ထားပါတယ်။
BBC Learning English YouTube
၂။ The English We Speak
နေ့စဉ်သုံး အင်္ဂလိပ်စကားပြော (Idioms/Phrases) တွေကို ၃ မိနစ်အတွင်း ရှင်းပြပေးတဲ့ Podcast ဖြစ်ပါတယ်။
Listen on BBC Website
၃။ EnglishClass101
စတင်လေ့လာသူတွေအတွက် အခြေခံစကားပြောကနေ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေအထိ အဆင့်လိုက် သင်ကြားပေးပါတယ်။
EnglishClass101 YouTube
၄။ Learning English Broadcast (Voice of America)
သတင်းတွေကို ပုံမှန်ထက် နှေးကွေးပြီး ရှင်းလင်းတဲ့ လေသံနဲ့ ပြောကြားပေးတာကြောင့် Beginner တွေအတွက် အကောင်းဆုံးပါ။
VOA Learning English YouTube
✨English နဲ့ Professional English အတွက် အထိရောက်ဆုံး သင်ယူလိုပါက Limitless Academy မှာ ဆရာနှင့် တစ်ယောက်ချင်းသီးသန့်သင်ယူနိုင်လို့ ✅လက်ရှိရောက်နေတဲ့ Level ကိုစစ်ဆေးပေးပြီး ✅မိမိကြိုက်နှစ်သက်ရာရက်နှင့်အချိန်ကို ရွေးချယ်ပြီးတက်ရောက်နိုင်ပါပြီရှင့်✨
၅။ Plain English
ကမ္ဘာ့သတင်းနဲ့ ဖြစ်ရပ်တွေကို သာမန်နှုန်းထက် နှေးနှေးပြောပေးပြီး စကားလုံးအသစ်တွေကို သေချာရှင်းပြပေးပါတယ်။
Plain English Website
၆။ Espresso English
သင်ခန်းစာတိုတိုလေးတွေ ဖြစ်တာကြောင့် အချိန်အများကြီး မပေးနိုင်သူတွေအတွက် သင့်တော်ပါတယ်။
Espresso English YouTube
၇။ Culips Everyday English Podcast
လက်တွေ့ဘဝမှာ တကယ်ပြောနေတဲ့ အင်္ဂလိပ်စကားပြောပုံစံတွေကို အဆင့်အမျိုးမျိုးနဲ့ တင်ဆက်ပေးပါတယ်။
Culips YouTube Channel
၈။ All Ears English
"Connection NOT Perfection" ဆိုတဲ့အတိုင်း အမှားအယွင်းထက် လူတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ပေါ့ပေါ့ပါးပါး တင်ဆက်ပေးပါတယ်။
All Ears English YouTube
၉။ Luke’s English Podcast
ဟာသနှောပြီး ပြောတတ်တဲ့ အင်္ဂလိပ်စာ ဆရာတစ်ယောက်ရဲ့ Podcast ဖြစ်လို့ နားထောင်ရတာ မပျင်းရပါဘူး။
Luke's English Podcast YouTube
၁၀။ English Learning for Curious Minds
သမိုင်း၊ သိပ္ပံနဲ့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်စာ လေ့လာသူတွေ နားလည်အောင် စနစ်တကျ တင်ဆက်ပေးပါတယ်။
Leonardo English Website
Tip: ပထမဆုံး နားထောင်တဲ့အခါ အကုန်နားမလည်ရင် စိတ်မပျက်ပါနဲ့။ Subtitles ဖွင့်ပြီး နားထောင်တာ ဒါမှမဟုတ် အကြိမ်ကြိမ် ပြန်နားထောင်ပေးခြင်းဖြင့် Listening Skill ကို မြှင့်တင်နိုင်ပါတယ်။