Taunggyi Journal

Taunggyi Journal ရှမ်းပြည်နယ် အခြေစိုက် သတင်းဌာန

ရွှေညောင်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ရေဆက်လက်မြင့်တက်နေရွှေညောင်။။။ ။။။ရှမ်းပြည်နယ် တောင်ပိုင်း ရွှေညောင်မြ...
03/08/2020

ရွှေညောင်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ရေဆက်လက်မြင့်တက်နေ

ရွှေညောင်။။။ ။။။

ရှမ်းပြည်နယ် တောင်ပိုင်း ရွှေညောင်မြို့တွင် ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျက် ရှိနေကြောင်းသတင်းရရှိ သည်။

‌ညနေပိုင်းလောက်ကတည်းက ရေစတက်လာတာ ခု‌ဆို ဒူးလောက်မြုပ်နေပြီး ဘယ်အထိဆက်တက်မယ်မသိသေးဘူး။ အရေးပေါ် ထွက်သွားဖို့ ပြင်ဆင်ထားပါပြီဟု ရွှေညောင်မြို့ခံ ကိုအောင်ကြီး ကပြောပြပါတယ်။

အရေးပေါ်‌ကယ်ဆယ်ရေးလုပ်ငန်းကို ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ရွှေညောင် လူမူ့ကယ်‌ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

#တောင်ကြီးဂျာနယ်
နေလင်းသိုက်

ရိုးရာထုတ်ကုန် ဆေးပေါ့လိပ်နှင့် သတိမူရတော့မည့် ကျန်းမာရေးစိန်ခေါ်မှုများဆောင်းပါး။ မြန်မာနိုင်ငံတွင် ဆေးပေါ့လိပ်လုပ်ငန်း...
23/07/2020

ရိုးရာထုတ်ကုန် ဆေးပေါ့လိပ်နှင့် သတိမူရတော့မည့် ကျန်းမာရေးစိန်ခေါ်မှုများ

ဆောင်းပါး။

မြန်မာနိုင်ငံတွင် ဆေးပေါ့လိပ်လုပ်ငန်းသည် တစ်ပိုင်တစ်နိုင် ရိုးရာလုပ်ငန်းများအဖြစ် တည်ရှိပြီး ဆေးပေါ့လိပ် ဆေးပေါ့ လိပ်သည် မြန်မာ့ရိုးရာဖြစ်သည်ဟုယုံကြည်ပြီး ရှေးယခင်ကတည်းက ဆေးပေါ့လိပ်ကို အိမ်ကို လာသော ဧည့်သည်များအား ဧည့်ခံရန် အသုံးပြုခဲ့ခြင်းကြသည်။

ယခုအခါ ဆေးပေါ့လိပ်ကို အခြေခံလူတန်းစား အများအပြားနှင့် နယ်မြို့များ၊ ကျေးလက်ဒေသများတွင် စီးကရက်ထက် ပိုမိုနှစ်ခြိုက်စွာ သောက်သုံးနေ ကြကြောင်းကို တွေ့မြင် ရပါသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဗာဂျီးနီးယားနှင့် မြန်မာဆေးရွက်ကြီးနှစ်မျိုးကိုစိုက်ပျိုးကြပြီး ကွမ်းစားဆေးနှင့် ဆေးပေါ့လိပ်အဖြစ်အသုံးပြုမှုများရာ မြန်မာဆေးရွက်ကြီးသည် ဗာဂျီးနီးယားထက် လူ့ခန္ဓာကိုယ် အဓိက အန္တရာယ် ဖြစ်စေသော နီကိုတင်းဓာတ်ပိုမိုပါဝင်သည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ ရုတ်တရက်နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း၊ ခြေပုပ်၊ လက်ပုပ်ရောဂါဖြစ်ခြင်း စသော ဆိုးကျိုးများ ဖြစ်ပွား လျက်ရှိသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့်သေဆုံးမှုမှာ နှစ်စဥ် ၆၄,၀၀၀ခန့်ရှိကြောင်း FCTC ၏ သုတေသန ရလာဒ် အစီရင်ခံစာတွင်ဖော်ပြထားသည်။

အစိုးရအနေ နှင့် ပြည်သူများ ကျန်းမာရေးကိုဆိုးကျိုးများဖြစ်ပေါ်စေသည့် ဆေးရွက်ကြီးထုတ်ကုန် များကိုသုံးစွဲမှု လျော့ချနိုင်ရန် ထိရောက်သည့် မူဝါဒချမှတ်ရေးကြောင့် ဆေးရွက်ကြီးထုတ်ကုန်ပစ္စည်းများကို အထူးကုန်စည်ဟု သတ်မှတ်၍အခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် စီးကရက်များ ဈေးမြင့်တက်ပြီး သောက်သုံးသူ လျော့ကျလာရန်ရည်ရွယ်ခဲ့ သည်။

သို့သော် ဆေးပေါ့လိပ် သည် ဆေးရွက်ကြီး ထုတ်ကုန် ဈေးကွက်တွင် ၄၃ရာခိုင်နှုန်းခန့်ရှိပြီး ခိုင်မာသည့် ဈေးကွက်တစ်ခု အဖြစ် ရပ်တည်နေသော်လည်း အခွန်နှုန်းထား လျော့ချသတ်မှတ်ထားသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းများကိုအခွန်ကောက်ခံရာတွင်၂၀၂၀ ခုနှစ် အခွန်အကောက် ဉပဒေ ကြမ်း အရ ဆေးပေါ့လိပ်ကို အခွန်နှုန်း ၁ ကျပ်သာ ကောက်ခံစေရန် အဆိုပြုထားသည်ကို တွေ့ရပြီး စီးကရက် များကို အခွန်ကောက်ခံရာတွင် အလွှာ ၄ လွှာဖြင့် သတ်မှတ်ထားပြီး အနိမ့်ဆုံးအလွှာဖြစ်သည့် အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၆၀၀ ကျပ်အထိ အဆင့်ကိုမူ တစ်လိပ်လျှင် ၁၀ ကျပ်ထိ ကောက်ခံရန် ဆိုထား ပါသည်။

ဆိုလိုသည်မှာ ဈေးအနိမ့်ဆုံး စီးကရက်အလိပ် ၂၀ သည် အခွန် ၂၀၀ ကျပ်ပေးရမည် ဖြစ်ပြီး ဆေးပေါ့ လိပ် အလိပ် ၂၀ အတွက်မှာမူ အခွန် ၂၀ ကျပ်သာ ပေးရမည် ကိုတွေ့ရှိရသည်။
ဆေးလိပ်သောက်ခြင်းဟုဆိုရာတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တို့ကို သောက်သုံးခြင်း အားလုံး အကျုံး ဝင်ပါသည်။

ဆေးလိပ်သောက်သူတို့သည် ၎င်းတို့တစ်ဉီးချင်းစီ၏ နေ့စဥ်ဝင်ငွေအလိုက် သောက်သုံးသော ဆေးလိပ် အမျိုးအစားများ ကွဲပြားသွားပါသည်။ ဆေးပေါ့လိပ်သည် ဈေးနည်းသည့်အတွက် သာမန်အခြေခံ လူတန်းစားတို့ လက်လှမ်းမီက အများအပြားသောက်ကြခြင်းလည်း ဖြစ်သည်။

ကျေးလက်ဒေသများတွင် အမျိုးသမီးများ၏ အိမ်တွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော လုပ်ငန်းအဖြစ် ထုတ်လုပ် မှုအား တင်းကြပ်စွာ ထိန်းချုပ်မှုမရှိခြင်း၊ ကျန်းမာရေးသတိပေးရုပ်ပုံနှင့်စာသားမပါသည့် ဆေးပေါ့လိပ်များအား လွယ်ကူစွာ ဝယ်နိုင်ခြင်းတို့ကြောင့် ကျေး လက်ဒေသများ အတွင်း အသောက်များကြခြင်း လည်း ဖြစ်သည်။

ကျန်းမာရေးထိခိုက်မှုကို ထိန်းကျောင်းရန် ဆေးလိပ်များ သောက်သုံးမှုကို ထိန်းကျောင်းနေသူများအဖို့ သောက်သုံးမှုများသည့်အပြင် အခြေခံလူတန်းစား အလုပ်သမားများ သောက်သုံးသည့် ဆေးပေါ့လိပ်ကို အလေးထား ထိန်းသိမ်းနိုင်မှသာ ကျန်းမာရေး ရည်မှန်းချက်များ အောင်မြင်မည် ဖြစ်သည်။

ဆေးပေါ့လိပ်တွင် ပါဝင်သည့် ပစ္စည်းများကို ကျန်းမာရေးအန္တရာယ်ကင်းရှင်းစေရန် စစ်ဆေးသင့်သည်။ ထို့အပြင် ကင်ဆာအတွက် အန္တရာယ်ရှိသည့် ဆေးချေးပါဝင်မှုကိုလည်း ဖော်ပြစေသင့်သည်။ ဆေးပေါ့လိပ်များအား ဆိုရှယ်မီဒီယာမျာပေါ်တွင် ကြော်ြငာနေမှုများကိုလည်း ဥပဒေအရ တားမြစ်ကာ အဆိုပါ အန္တရာယ်များအား သောက်သုံးသူများကို ပွင့်လင်းမြင်သာစွာ အသိပေးသင့်သည်။

သို့မှသာ ဆေးရွက်ကြီးသုံးစွဲမှုကို ထိန်းကျောင်းနိုင်မည် ဖြစ်ပေသည်။
=====================
PS ...တောင်ကြီးဂျာနယ် သို့ ပေးပို့လာသည့် အခမဲ့ ဆောင်းပါးဖြစ်ပါသည်။ ယခုလိုဆောင်းပါးပေးပို့လိုပါက [email protected] သို့ ပေးပို့နိုင်ကြောင်း အသိပေးအပ်ပါသည်။

‌အယ်ဒီတာချုပ်

ရှမ်းပြည်နယ် NLD မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များစာရင်း။
23/07/2020

ရှမ်းပြည်နယ် NLD မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များစာရင်း။

covid-19 ရောဂါပိုး တွေ့ရှိသူ  တစ်ဦးအား ရန်ကုန် မှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့လွဲပြောင်းခဲ့ကြောင်း အစိုးရမှထုတ်ပြန်ခဲ့ပ...
11/04/2020

covid-19 ရောဂါပိုး တွေ့ရှိသူ တစ်ဦးအား ရန်ကုန် မှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့လွဲပြောင်းခဲ့ကြောင်း အစိုးရမှထုတ်ပြန်ခဲ့ပါသည်။

Source ကျမ်းမာရေးဝန်ကြီးဌာန

ဒေါ်အောင်ဆန်းစုကြည် တရားဝင်ဖေ့ဘွတ်အကောင့်ကို ဧပြီလ ၁ ရက်‌ နေ့ညနေ ပိုင်းတွင် စတင်အသုံးပြုခဲ့ပြီး အသုံးပြုသည့် နာရီဝက်အတွင...
01/04/2020

ဒေါ်အောင်ဆန်းစုကြည် တရားဝင်ဖေ့ဘွတ်အကောင့်ကို ဧပြီလ ၁ ရက်‌ နေ့ညနေ ပိုင်းတွင် စတင်အသုံးပြုခဲ့ပြီး အသုံးပြုသည့် နာရီဝက်အတွင်း Blue mark လည်း ရရှိခဲ့သည်။

ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ကာကွယ်ရန်အတွက် တောင်ကြီးမြို့ လူစည်ကားရာနေရာများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  မတ်လ ၃၀ ရက်နေ...
31/03/2020

ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ကာကွယ်ရန်အတွက် တောင်ကြီးမြို့ လူစည်ကားရာနေရာများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ပိုးသတ်ဆေးဖြန်းခြင်း များ ပြုလုပ်ခဲ့သည်။ မြို့မစျေးအတွင်း နှင့် ည ၁၀ နာရီတွင် မိန်းလမ်းမကြီး အပါအဝင် အရှေ့မြို့ပတ်လမ်း နှင့် အနောက်မြို့ပတ်လမ်းတို့အား မီးသတ်ကားများ ပက်ဖြန်းခဲ့သည်။

photo

ရှမ်းပြည်တောင်ပိုင်းရှိပြည်သူလူထုအပေါင်းခင်ဗျားမနေ့ကရောဂါပိုးတွေ့ရှိသူ၃ဦးအနက်တဦးကဧည့်လမ်းညွှန်ဖြစ်ပြီးသူ့တာဝန်အရလိုက်ပါပ...
28/03/2020

ရှမ်းပြည်တောင်ပိုင်းရှိပြည်သူလူထုအပေါင်းခင်ဗျား
မနေ့ကရောဂါပိုးတွေ့ရှိသူ၃ဦးအနက်တဦးကဧည့်လမ်းညွှန်ဖြစ်ပြီး
သူ့တာဝန်အရလိုက်ပါပို့ဆောင်ခဲ့သောရှမ်းပြည်နယ်တောင်ပိုင်းနေရာ
များကိုအတိအကျရက်စွဲဖြင့်ဖော်ပေးပါမယ်
၎င်းဧည့်လမ်းညွှန်လိုက်ပါတဲ့အဖွဲ့ကပြင်သစ်လူမျိုးခရီးသွားဧည့်သည်
(11)ဦးပါအဖွဲ့ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းကိုရောက်ရှိလာတာကတော့19-3-2020
ရက်နေ့ပုဂံ ပုပ္ပါးကတဆင့် ကလောမြို့ကိုညနေပိုင်းရောက်ရှိပြီး
hill top villa hotel မှာညအိပ်ပါတယ်
20-3-2020ရက်နေ့မှာကလောမှ အောင်ပန်းလမ်းအတိုင်းပင်းတယ
ပင်းတယမှာရွှေဦးမင်ဂူမှာဘုရားဖူး၊ထီးလုပ်ငန်းနေရာကြည့် ပြီးgreenteaဆိုင်မှာနေ့လည်
စာစားသုံးပါတယ် ပြီးတော့ပင်းတယမှညောင်ရွှေကိုကားဖြင့်သွား
ပါတယ်ညောင်ရွှေမှာသုခလှေဆိပ်မှာကားမှဆင်းပြီးစက်လှေ၃စီးဖြင့်
GIC Hotel1ကိုညအိပ်တည်းဖို့ဆက်ထွက်ရောက်ရှိတည်းခိုခဲ့ပါ
တယ်၊21-3-2020မှာGic hotelမှ စက်လှေဖြင့်တာခေါင်ဘုရား
စံကားရွာများသွားပြီးလည်ခဲ့ပါတယ်အပြန်မှာအင်းပေါခုံရှိသန်းလှိုင်ယက်ကန်း
ရုံဝင်လည်ပြီး ကေလာရွာအားစက်လှေဖြင့်ပတ်မောင်းခါgic
မှာညအိပ်ခဲ့ပါတယ်။
22-3-2020မှာGIC Hotelမှမနက်စောစော၇နာရီခန့်ထွက်ခွာပြီး
ညောင်ရွှေမှတဆင့် ဟဲဟိုးလေဆိပ်ရောက်ရှိခဲ့ပါတယ်
ဟဲဟိုးလေဆိပ်မှထွက်ခွါမူအနေဖြင့်
ဧည့်လမ်းညွှန်+၄ဦး HH-Ygn 10:15 GMAခရီးစဥ်အမှတ်Y5-101ဖြင့်၎င်း
ကျန်ဧည့်သည်၇ဦး ဟဲဟိုး-သံတွဲ09:15 မန်းရတနာပုံခရီးစဥ်အမှတ်7Y -161
ဖြင့်၎င်း22-3-2020ရက်နံနက်ပိုင်းမှပြန်လည်ထွက်ခွါသွားကြပြီးဖြစ်ပါသည်
၎င်းဧည့်လမ်းညွှန်ပါခရီးသည်များအားလိုက်ပါပို့ဆောင်ခဲ့သောမော်
တော်ယာဥ်မောင်းများ စက်လှေမောင်သူများအားquarantine လုပ်ခြင်း၊တည်းခိုခဲ့သည့်ဟိုတယ် နှင့်စားသောက်ဆိုင်များအား
lockdownလုပ်၍ ဝန်ထမ်းများအားquarantineလုပ်ခြင်း၊စက်လှေများကားများအားဆေးဖြန်းခြင်း
များခရီးစဥ်မှာဆက်စပ်မူရှိနိူင်သူများအားလုံးကိုquarantineလုပ်ခြင်းများအား၊ရှမ်းပြည်နယ်အစိုးရမှအနီးကပ်လမ်းညွှန်ဆောင်ရွက်လျက်
ရှိပါကြောင်းအသိပေးတင်ပြအပ်ပါတယ်ခင်ဗျား။
ထူးခြားမူရှိခဲ့ရင်လည်းနောက်ဆက်တွဲသတင်းအနေနဲ့ဆက်လက်တင်ပြသွားပါမယ်ခင်ဗျား။ယခုဤစာပါအကြောင်းအရာများသည်အမှန်အတိုင်းထုတ်ပြန်ပေးရန်
ညွှန်ကြားချက်အရရေးသားခဲ့ခြင်းဖြစ်ပါတယ်မည်သူကိုမှနစ်နာလိုသော
ဆန္ဒမပါရှိပါ။covid19နဲ့ပါတ်သက်၍အများပြည်သူသတိပြုဆင်
ခြင်နိူင်ပါရန်ထုတ်ပြန်ပေးခြင်းဖြစ်ပါတယ်ခင်ဗျား။မြန်မာတနိူင်ငံလုံး
ကပ်ရောဂါဘေးဆိုးကြီးမှကင်းဝေးကြပါစေ။

Crd ဦထင်အောင်နိုင်

Covid-19 အတွက် ကျေးရွာတွေလှည့်ပြီး ကျန်းမာရေးအသိပေးနေရရှာတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ❤
26/03/2020

Covid-19 အတွက် ကျေးရွာတွေလှည့်ပြီး ကျန်းမာရေးအသိပေးနေရရှာတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ❤

ကုန်စျေးနှုန်းအဆမတန်တင်ရောင်းပါက တိုင်ကြားနိုင်သော ပြည်နယ်နှင့် တိုင်းအလိုက်  ဖုန်းနံပတ်များ ဖြစ်ပါသည်။
26/03/2020

ကုန်စျေးနှုန်းအဆမတန်တင်ရောင်းပါက တိုင်ကြားနိုင်သော ပြည်နယ်နှင့် တိုင်းအလိုက် ဖုန်းနံပတ်များ ဖြစ်ပါသည်။

Address

၇/၃၆ နီလာလမ်း ရတနာသီရိပိ တောင်​ကြီး
Taunggyi
140101

Website

Alerts

Be the first to know and let us send you an email when Taunggyi Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share