31/01/2024
ကျောက်စိမ်းလုပ်ရင် အရေးအကြီးဆုံးအချက်က
အသားတန်းပိုင်ဖို့လိုပါတယ်။
အသားတန်းအဆင့်တွေ မသိသေးတဲ့သူတွေအတွက် ရေးသားပေးလိုက်ရပါတယ်။
Royal AK================Jade========
၁။ ခါးအောက်သား
ပိန်းသား
မောက်သား
ပဲသား
၂။ ခါးသား
ညက်ချောသား
ခါးသန်
ခါးသန်သန်
၃။ ခါးအထက်သား
အသားဆန်း
တိမ်ခိုးသား
ရေခဲသား
ပေါလိသား ခေါ် ဘော်ဒီသား
အသားတန်းအဆင့် ၇ မျိုးအကြမ်းဖျင်းသပ်မှတ်ချက်
၁။ ကျောက်သားရ
၂။ ခါးသား
၃။ ကျောက်သားအမြင့်
၄။ ကျောက်သားအမြင့်အထက်
၅။ ကျောက်သားအမြင့်အထက်အမြင့်
၆။ အသားဆန်း
၇။ဘော်ဒီသား
ကျောက်တစ်လုံးက မီးထိုးပေါက်ဖြစ်ရတဲ့
အကြောင်းအရင်း ၃ ချက်ရှိပါတယ်။
၁။ ကျောက်သားနုလို့ မျိုးတန်းနုလိုမီးထိုးပေါက်
ဖြစ်သွားတဲ့အတွက် နုလင်းလို့ခေါ်ပါတယ်။
၂။ ကျောက်သားကျဲလို့ မီးထိုးပေါက်သွားတဲ့အခါ
ကျဲလင်းလို့ခေါ်ပါတယ်။
၃။ ကျောက်အသားက အိစက်ပြီးကြည့်လင်နေလို့
မီးထိုပေါက်သွားတဲ့အခါ ကျောက်သားဆန်းတဲ့အတွက် ဆန်းလင်း လိုခေါ်ပါတယ်။
နုလင်းနှင့် ကျဲလင်း မကောင်းပါ
ဆန်းလင်းကောင်းပါတယ်။
"အသားလိုက ယမ်းကိုကြည့် "ဆိုတဲ့အတိုင်း
ကျောက်တစ်လုံးဝယ်ရင် အဓိကကြည့်ရမှာက
အခွံပေါ်က လက်ထ နေတဲ့ယမ်းကို အရင်ကြည့်ရမှာပါ။
ယမ်းကြမ်းရင် အသားကြမ်းပါမည်။
ယမ်းကျဲရင် အသားကျဲပါမည်။
ယမ်းဒါရိုက်ရှင် အသွားအလာမညီရင်
ကျောက်သားပျက်ပါမည်။
ယမ်းကြမ်း ယမ်းပြား ယမ်းချောင်း မဝယ်နှင့်
ယမ်းညီ ယမ်းညက် ယမ်းမူန် ယမ်းခေါင်းမဲညို့
နေတာဝယ်ပါ။
အခွံပေါ်က ယမ်းအတိုင်း
အတွင်းကျောက်သား ကောင်းမကောင်း
အဖြေထွက်ပါမည်။
ကျောက်၏ အထိုင်
===============
ကျောက်တစ်လုံးမှာ အထိုင်ကောင်းဖို့လည်းလိုအပ်ပါတယ်။
ကျောက်လုံး ကျောက်ပြား ရှောင်ပါ။
ထောင်အနား၃ခု နှင့်အထက်ပါသောကျောက်ကိုဝယ်ပါ။
အနားလုံးဝန်းသောကျောက်များသည်
၉၀%မကောင်းပါ။
ကျောက်၏ဝိတ်
============
ကျောက်တစ်လုံးမှာ ဝိတ်ကောင်းလေ
ကျောက်သားကောင်းလေလေပါ။
ဝိတ်ပေါ့လေ
မျိုးနုလေလေပါ။
ဝိတ်ကောင်းတာရွှေးဝယ်ပါ။
ချော်
====
ကျောက်ပေါ်မှာ ကပ်နေသော ချော်တွေက
ချော်စီး ချော်ကပ် အခွံတင်းကြပ်ပြီး
ဆေးရခက်လွန်းနေလျင် မကောင်းပါ။
ချော်ကြွေ ချော်ပွ လျင်ကောင်းပါသည်။
ခွံရောင် ညီညာမူ့မရှိသောကျောက်တို့သည်
အပျက်ဘက်ကို ဆောင်တတ်သည်။
ခွံရောင်ညီညာသော ကျောက်ကိုသာဝယ်ပါ။
ကျောက်မှာ အရေးကြီးတဲ့တချက်ရှိပါသေးသည်။
ကျောက်ဆီပါ။
ကျောက်ဆီပါသောကျောက်တို့သည်
အပွင့် ပုတီး အချပ် လက်ရာ စသည်အချောထည်
လုပ်သည့်အခါ မှတ်အရောင် တက်မ မတက်
ဆုံးဖြတ်ပေးပါသည်။
ကျောက်သားကောင်းပြီး မှတ်ရောင်မတက်ရင်
ကျောက်ဆီခမ်းနေ၍ ဖြစ်သည်။
ကျောက်ဆီပါသောကျောက်သည် အခွံ စိုနေသည်။
ကျောက်ဆီမပါသောကျောက်သည် ခွံရောင်မွဲ
ခြောက်ခြောက် ဖြစ်နေတတ်သည်။
အခွံရောင်ခြောက်သောကျောက်များအဝယ်မမှားဖို့ရန်ဖြစ်သည်။
မဂ်လာအောင်ကျောက်တွေပိုင်ဆိုင်နိုင်ကြပါစေ
# # # AK Jade
Credit