Shwe Myintar Media

Shwe Myintar Media Local and international relations, news and messages

ကန်၏ ယူကရိန်းအရေး အဆိုပြုချက်အား ကုလ လုံခြုံရေးကောင်စီ အတည်ပြုအမေရိကန်ရဲ့ ယူကရိန်းအရေး အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေ...
26/02/2025

ကန်၏ ယူကရိန်းအရေး အဆိုပြုချက်အား ကုလ လုံခြုံရေးကောင်စီ အတည်ပြု
အမေရိကန်ရဲ့ ယူကရိန်းအရေး အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ
တနင်္လာနေ့က အတည်ပြုလိုက်ပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် (၃)နှစ်ပြည့်ချိန်မှာ တင်သွင်းလိုက်တဲ့ အမေရိကန်ရဲ့
ငြိမ်းချမ်းရေး အတွက် လမ်းအဆိုပြုချက်ကို ဗြိတိန်နဲ့ ဥရောပမဟာမိတ်တွေက သံသယရှိကြောင်း
ပြောဆိုထားကြတာပါ။ ဒီအဆိုပြုချက်က အားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်
တင်ပေးလိုက်တာဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီး Dorothy Shea က ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။ ဒါက ပထမ ခြေလှမ်းဖြစ်ပေမယ့်
အရေးကြီးကြောင်း၊ အားလုံး ဂုဏ်ယူရမှာဖြစ်ကြောင်း၊ ယူကရိန်း၊ ရုရှားနဲ့ နိုင်ငံတကာ
အသိုင်းအဝိုင်းအတွက် ငြိမ်းချမ်းတဲ့ အနာဂတ်ကို တည်ဆောက်တဲ့နေရာမှာ အသုံးပြုရမှာ
ဖြစ်တယ်လို့ သူမက ပြောပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ
ထောက်ခံမဲ (၁၀)မဲ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုနဲ့အတူ ရုရှား၊
တရုတ်တို့ကလည်း ထောက်ခံမဲပေးခဲ့တာပါ။ ဗြိတိန်နဲ့ တခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်
(၄)နိုင်ငံတို့ကတော့ မဲမပေးဘဲ နေခဲ့ကြ ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်တို့က မဲခွဲမှုကို ရွှေ့ဆိုင်းဖို့
ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
credit

“အသိဉာဏ်တု” ဆိုသည့် ခေါင်းစဉ်နှင့် တင်ပြထားသည့် “ဟဟ ပါပဲ” အစီအစဉ်အား တင်ပြချက် သောတရှင်များခင်ဗျာ၊  ပြင်ပဆောင်းပါးရှင် မ...
26/02/2025

“အသိဉာဏ်တု” ဆိုသည့် ခေါင်းစဉ်နှင့် တင်ပြထားသည့် “ဟဟ ပါပဲ” အစီအစဉ်အား တင်ပြချက်
သောတရှင်များခင်ဗျာ၊
ပြင်ပဆောင်းပါးရှင် မောင်သံဒိုး နှစ်ပတ်တစ်ကြိမ် တင်ဆက်နေတဲ့ “ဟဟ ပါပဲ” အစီအစဉ်ပါ။ ဒီတစ်ပတ်မှာတော့ “အသိဉာဏ်တု” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြထားပါတယ်။
လွတ်မြောက်နယ်မြေက Starlink အင်တာနက်ဆိုင်လေးရဲ့ရှေ့မှာ ကိုသောင်းတန် တစ်ယောက် ဖုန်းလေးကို ကြည့်ပြီးတော့ မျက်ရည်တွေ ကျဆင်းနေပါတယ်။ ကိုသောင်းတန် ငိုရတဲ့အကြောင်းရင်းက ရွာထိပ် ညောင်ညိုပင်ကြီးအောက်က ဘကြီးမိုးဆီက Message တစ်ခု ဝင်လာလို့ပါ။ ဘကြီးမိုး ပို့လိုက်တဲ့ Message က ထွေးညိုလေးကို ယောကျ်ား ပေးစားလိုက်ပြီတဲ့။ ထွေးညိုလေးမှာ ကိုယ်ဝန်တောင် တော်တော် ရင့်နေပြီဆိုပဲ။ ကိုသောင်းတန်တစ်ယောက် ထွေးညိုလေးနဲ့ ဒီတစ်သက်ဝေးရပါပြီ။ ဒီလို ဝေးရတာက ငွေရှင် ကြေးရှင် ဓနရှင်ဖြစ်တဲ့ အာဏာရှင်ခေါင်းဆောင်ကြီးနဲ့ အပေါင်းပါတွေကြောင့်ပါ။ ငါတို့တော့ အာဏာရရင် ပိုထောပြီဆိုပြီးတော့ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း (၄)နှစ်တာကာလအတွင်းမှာ အဘက်ဘက်က စစ်ရှုံးလာတဲ့ စစ်ကောင်စီဟာ စစ်မှုမထမ်း မနေရဥပဒေကို ပြဋ္ဌာန်းပြီးတော့ လူတွေကို လိုက်ဖမ်းပါတော့ တယ်။ အိမ်မှာတွေ့ရင်လည်း ဝင်ဖမ်း၊ လမ်းမှာတွေ့ရင်လည်း ဝင်ဆွဲ၊ စစ်တပ်က ဆွဲလိုက်၊ လူဆိုးသူခိုးတွေက ဆွဲလိုက်နဲ့ ပြည်တွင်းမှာ ပြန်ပေးဆွဲနေသလို ပြည်ပက လူတွေကိုလည်း နယ်စပ်က ကျားဖြန့်အဖွဲ့တွေက ပြန်ပေးဆွဲနေတာမို့ ပြန်ပေးဆွဲနိုင်ငံတော်ကြီး ဖြစ်လာပါတော့တယ်။ လူငယ်လူရွယ်တွေ ပြန်ပေးဆွဲခံရပြီး ပါတဲ့သူကပါသွား၊ ပြေးတဲ့သူက ပြေးလို့ မရှိသလောက် ဖြစ်လာတဲ့အခါမှာကျတော့ စကစ ဟာ တစ်မျိုးကြံ ပါတော့တယ်။ ငါတို့ကို ကာကွယ်ပေးဖို့ ကျား/မ မခွဲခြားဘူး။ ယောကျ်ားလေးတွေ မရှိရင် မိန်းကလေးတွေပါ ဆွဲမယ်ဆိုပြီးတော့ ကြေညာပါတော့တယ်။ သူတို့ ဆွဲချင်တာက အိမ်ထောင်သည်နဲ့ ကိုယ်ဝန်သည်တွေ မပါပါဘူး။ အပျိုလေးတွေကိုပဲ ပြန်ပေးဆွဲချင်တာပါ။ အဲဒီနောက်ပိုင်း ရပ်ရွာထဲမှာရှိတဲ့ အပျိုလေးတွေကို မိဘတွေ၊ ရပ်မိရပ်ဖတွေက အိမ်ထောင်ချပေးဖို့ အသည်းအသန် စီစဉ်ပါတော့တယ်။
အဲဒီမှာ ကိုသောင်းတန် ချစ်တဲ့ ထွေးညိုလေး တစ်ယောက် ပါသွားပါပြီ။ ဘကြီးမိုးနဲ့ပါတဲ့။ စစ်သမီး တွေ ရရင်ရ၊ စစ်သမီး မရရင် လူဦးရေ တိုးပွားတာပေါ့ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် စစ်ဆင်ရေးကြီးကို အာဏာရှင်ခေါင်းဆောင်ကြီးကတော့ သဘောကျနေပါတော့တယ်။ ကိုသောင်းတန် တစ်ယောက်ကတော့ အဝေးကို ငေးကြည့်ရင်း မေးကြောကြီးတွေ တင်းလာအောင် အံကြိတ်ပြီးသကာလ တစ်ခုခုကို ဆုံးဖြတ်ပြီး တော့ အဝေးကြီးကို ထွက်သွားပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ ကိုသောင်းတန်ကို လွတ်မြောက် နယ်မြေမှာ မတွေ့ရတော့ပါဘူး။
သိပ်မကြာပါဘူး၊ နေပြည်တော်မှာရှိတဲ့ ခေါင်းဆောင်ကြီးရဲ့ မိန့်ခွန်း အပြောအဆို စကေးတွေ၊ ခေါင်းဆောင်မှုစကေးတွေဟာ အရင်ကနဲ့မတူ ထူးထူးခြားခြား တိုးတက်ပြောင်းလဲတာကို နိုင်ငံတကာက ပညာရှင်တွေက သတိထားမိလာပါတော့တယ်။ အရင်လို လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေ ထုတ်မယ် ဆိုပြီးတော့ ပြောတာကနေ ပိုပြီးတော့ လက်တွေ့ကျတဲ့ အကြောင်းအရာတွေပါ ပြောလာပါတော့တယ်။ တိုးတက်ရေးသင်တန်းတွေမှာ နိုင်ငံတစ်ခုကို တိုးတက်ဖို့ဆိုရင် နံပါတ်(၁) လျှပ်စစ်မီး မှန်ရမယ်၊ နံပါတ်(၂) လမ်းပန်းဆက်သွယ်ရေး မှန်ရမယ်ဆိုပြီး အချက်အလက်တွေနဲ့တကွ သင်တန်းပို့ချလာပါတော့တယ်။ နံပါတ်(၂) လမ်းပန်းဆက်သွယ်ရေး မှန်ရမယ်ဆိုတဲ့ ပို့ချချက်ကိုတော့ မီးပျက်သွားလို့ အမှောင်ထဲကနေ လှမ်းပြောလိုက်ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်ကြီး မသိတာ ဘာမှ မရှိတော့ပါဘူး။ ရုပ်မြင် သံကြား ထုတ်လုပ်တဲ့နေရာကို ခေါင်းဆောင်ကြီး ရောက်သွားရင်လည်း ရုပ်မြင်သံကြား ထုတ်လုပ်ရာမှာ အသံနဲ့ အရုပ်(၂)မျိုး ရှိတဲ့အကြောင်း၊ ဒါမှ အသံကြားရပြီး အရုပ်ကို မြင်ရမှာဖြစ်တဲ့အကြောင်း၊ အသံမှန်ဖို့ လိုသလို၊ တည်ကြည်တဲ့အနေအထားနဲ့ ပျော့ပျော့ပျောင်းပျောင်း သတင်းကြေညာရမှာဖြစ်တဲ့အကြောင်း မိန့်ခွန်းချွေပါတော့တယ်။ သင်္ဘောဆောက်တဲ့နေရာ ရောက်သွားပြန်ရင်လည်း မီးသင်္ဘော၊ ဒီဇယ်သင်္ဘော စသည်ဖြင့် သင်္ဘောဘယ်နှမျိုး ရှိတဲ့အကြောင်း၊ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ သင်္ဘောတေွကို ဓာတ်ခဲထည့်မောင်းလို့ ရနိုင်တဲ့အကြောင်း၊ သင်္ဘောဟာ နေပူထဲမှာသွားတဲ့အတွက်ကြောင့် Solar တပ်လိုက်ရင် ပိုပြီးတော့ ကောင်းတဲ့အကြောင်း ပြောပြပါတော့တယ်။ ခေါင်းဆောင်ကြီး အခုလို အရာရာ တတ်မြောက်လာတာ ဘာကြောင့်လဲဆိုတာ နိုင်ငံတကာပညာရှင်တွေ ခေါင်းခြောက်နေတုန်းပါပဲ။ ခေါင်းဆောင်ကြီးတစ်ယောက် ဗိုလ်လောင်းသင်တန်းတစ်ခုမှာ မိန့်ခွန်းပြောကြားပါတော့တယ်။ တပ်မတော် ရဲ့ အနာဂတ်ကို ဆက်ခံမယ့် ဗိုလ်လောင်းတွေအနေနဲ့ ဉာဏ်ရည်တု နည်းပညာကို တီထွင်ကြဖို့လိုကြောင်း ပြောလိုက်ပါတော့တယ်။ အဲဒီအခါကျမှ နိုင်ငံတကာ ပညာရှင်တွေဟာ ခေါင်းဆောင်ကြီးတစ်ယောက် ဉာဏ်ရည်တုဆိုတဲ့ AI နည်းပညာကို အသုံးချပြီး အရာရာ တတ်မြောက်နေ တာကို သိသွားကြပါတော့တယ်။ ရုပ်မြင်သံကြားမှာ အရုပ်နဲ့အသံ(၂)မျိုး ရှိတယ်ဆိုတာကို ခေါင်းဆောင်ကြီး တစ်ယောက် AI ကနေတစ်ဆင့် သိလာတာပါ။ ဒီလိုနဲ့ ခေါင်းဆောင်ကြီးဟာ AI ပြောသမျှတွေကို အလွတ်ကျက်ပြီးတော့ ဆရာကြီး ပြန်လုပ် နေတာပါ။ ဟိုကိစ္စဆိုရင်လည်း AI ကို မေးပြီးတော့ အလွတ်ကျက် ပြီးရင်ပြန်ပြော၊ ဒီကိစ္စဆိုရင်လည်း AI မပါရင် မပြီးပါဘူး။ ခေါင်းဆောင်ကြီးကို ဉာဏ်ရည်တု နည်းပညာ သုံးဖို့ သင်ပေးလိုက်တာကတော့ အခြားလူမဟုတ်ပါဘူး။ လက်စားချေဖို့ လွတ်မြောက်နယ်မြေထဲက ထွက်ခွာသွားတဲ့ ကိုသောင်းတန်ပါပဲ။ အခုတော့ ဉာဏ်မရှိတဲ့သူတွေအတွက် ဉာဏ်ရည်တုနည်းပညာ အသုံးချရေးပညာရှင် ဒေါက်တာ သောင်းတန် ဖြစ်သွားပါပြီ။ ဒေါက်တာ သောင်းတန်ရဲ့ ဉာဏ်ရည်တုမှာ စစ်နိုင်အောင် တိုက်နည်းလည်းမပါသလို၊ တခြား အရာတွေ အောင်မြင်အောင် လုပ်နည်းလည်း မပါပါဘူး။ ခေါင်းဆောင်ကြီးကတော့ ဒေါက်တာသောင်းတန် သင်ပေးလိုက်တဲ့အတိုင်း မနက်ဖြန် ဘဲမွေးမြူရေးခြံကို သွားတဲ့အခါမှာ ဘယ်လို မိန့်ခွန်းပြောရမလဲဆို တာကို ဉာဏ်ရည်တုဖြစ်တဲ့ AI ကို မေးပြီးသကာလ ဘဲသည် ဘဲငန်းထက် လည်ပင်းတိုပြီး ပိုမို သေးငယ်ပါ သည်ဆိုပြီးတော့ မိန့်ခွန်းကျက်နေပါတော့တယ်။

တရုတ်နိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သွားလုပ်မည့် မြန်မာ(၅၀၀၀)ကျော် မူဆယ်မြို့တွင် ပိတ်မိနေ ကြောင်း တင်ပြချက်သောတရှင်များ...
26/02/2025

တရုတ်နိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သွားလုပ်မည့် မြန်မာ(၅၀၀၀)ကျော် မူဆယ်မြို့တွင် ပိတ်မိနေ ကြောင်း တင်ပြချက်
သောတရှင်များရှင်၊
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အလုပ်သွားလုပ်မယ့် မြန်မာနိုင်ငံသား (၅၀၀၀)ကျော်ဟာ တရုတ်ဘက်က တာဝန်ခံ လာမခေါ်သေးတဲ့အတွက် မူဆယ်မြို့မှာ ပိတ်မိနေတာ (၅)လ လောက်ရှိပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် မယဉ်မျိုးသူက တင်ပြပေးမှာ ဖြစ်ပါတယ်။
သူတို့ဟာ အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အကြား လူငယ်တွေဖြစ်ပြီး အမျိုးသားတွေများတယ်လို့ ပြောကြပါတယ်။ အားလုံးဟာ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး တရုတ်နိုင်ငံက အထည်ချုပ်စက်ရုံတွေနဲ့ အထွေထွေလုပ်သားလုပ်ဖို့ မူဆယ်ကို ရောက်လာပေမယ့် အခုထိ တရုတ်ဘက်ကို ဝင်လို့မရသေးဘဲ ဒုက္ခရောက်နေရတာပါ။ အရင်က (၁၅)ရက်ခန့်သာ ကြာပေမယ့် အခု (၅)လခန့် ရှိပြီဖြစ်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ တရုတ်ဘက်ကိုသွားဖို့ စောင့်နေတဲ့ မူဆယ်မြို့မှာ ရောက်နေသူတစ်ဦးက RFA ကို ပြောပါတယ်-
“လူက အများကြီး ပိတ်မိနေတာဗျ။ ကျွန်တော်တို့ (၈)လပိုင်းကတည်းက တရုတ်ပြည်ထဲကို ဝင်ဖို့၊ ဝင်လို့ မရတာ။ ပွဲစားက ကျွန်တော်တို့ကို သွင်းမပေးနိုင်ဘူး။ စက်ရုံက စရိတ်ငြိမ်းဖြစ်တယ်ဆိုပြီး ခေါ်လာ တယ်၊ ခေါ်လာပြီးတော့ အခု အဆောင်မှာထားတယ်။ အဆောင်မှာ ဘယ်လိုထားသလဲဆိုတော့ အလွန်ဆုံး (၂)ပတ်၊ (၂)ပတ်နေလို့ရှိရင် တရုတ်ကို ဝင်ရမယ်လို့ပြောတယ်။ အခု (၂)ပတ်ကနေ (၅)လရှိပြီ။ အခု (၁)ရက်ကို (၃၀)နှုန်းနဲ့တွက်ရင် ကျွန်တော်တို့ အကြွေးက တရုတ်ငွေ (၅၀၀၀)နား ကပ်သွားပြီ။ ရွာကနေပြီး တော့လည်း လာလို့ရှိရင် အကြွေးတွေ ယူလာရတယ်လေ။ ရွာက အကြွေးသမားတွေကလည်း မနေတော့ဘူး။ အခုက ပို့ပေးဆိုလည်း ပို့မပေးနိုင်ဘူး၊ ပြန်လွှတ်ပေးဆိုရင်လည်း လွှတ်မပေးဘူး၊ မှတ်ပုံတင် သိမ်းထားတာ လည်း မပေးဘူး”
လက်ရှိ ဂိုဒေါင်တွေလိုအခန်းမှာ နေထိုင်ရသလို တရုတ်ကိုမသွားရဘဲ နေရပ်ပြန်ရမယ်ဆိုရင်လည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံတွေဟာ လိုအပ်တဲ့ ကုန်ကြမ်းမရတာကြောင့် ယူနန်ပြည်နယ်ထဲကို ပြောင်းရွှေ့သွားကြတာဖြစ်ပြီး အဲဒီစက်ရုံတွေမှာ သွားရောက်အလုပ်လုပ်ဖို့ မြန်မာနိုင်ငံသားတွေ ကြိုးစားနေ ကြတာပါ။ ယူနန်ပြည်နယ်မှာ မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ် နှစ်ဆန်း ပိုင်းမှာ နှစ်နိုင်ငံ နားလည်မှုစာချုပ်(MoU) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိမ်းရောင်ကတ်လို့ခေါ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP)လက်မှတ်နဲ့ တရုတ်ဘက်မှာ အလုပ်သွားလုပ်သူ များပြားလာတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်-
“စောင့်နေရင်းနဲ့ အကြွေးတင်နေတဲ့အတွက် ပြန်မယ်ဆိုရင်လည်း လျော်ကြေးတောင်းနေတယ်လို့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်-
“(၅)လလည်း ကျော်သွားပြီ၊ အကြွေးကလည်း (၅၀၀၀)ကျော်သွားပြီ။ သူတို့ပြောတာတော့ ပြန်ချင် တယ်ဆိုရင် လျော်ကြေးပေးပြီး ပြန်ရမယ်ဆိုတာပဲ။ အခု တော်တော်များများက မိန်းကလေးနဲ့ ယောက်ျား လေးဆိုရင် အဆောင်တော်တော်များများမှာ မိန်းကလေးကနည်းပြီး ယောက်ျားလေးက အများကြီးရှိတယ်”
စောင့်ရတာကြာလာတာကြောင့် အချို့လူငယ်တွေ ကြုံရာကျပန်းအလုပ်တွေ လုပ်လာကြသလို အမျိုးသမီးတွေလည်း KTV လို အလုပ်တွေမှာပါ အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။ တကယ်လို့ တရုတ်နိုင်ငံဘက် သွားခွင့်ရရင်တောင် မူဆယ်မှာနေချိန် နေထိုင်၊ စားသောက်စရိတ်အကြွေးနဲ့ ပွဲစားခ တရုတ်ငွေ (၇၀၀၀)လောက်ကို အကြွးပြန်ဆပ်ရဖို့ ရှိနေတယ်လို့လည်း ပိတ်မိနေသူတွေက ပြောပါတယ်။ လက်ရှိ တရုတ်ငွေ(၁)ယွမ်ကို မြန်မာကျပ်ငွေ (၆၀၀)ဝန်းကျင်ရှိနေတာကြောင့် ကျပ်ငွေ သိန်း (၄၀)ကျော် အကြွေးဆပ်ရမယ့်သဘော ဖြစ်နေတာပါ။ လက်ရှိ မူဆယ်မြို့က သိန်းသန်းချီကားဝင်းထဲမှာ တရုတ်နိုင်ငံဘက် အလုပ်သွားလုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ထောင်ချီရှိနေတယ်လို့ အမည်မဖော်လိုသူ မူဆယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်-
“ပိတ်မိနေတဲ့သူတွေက တော်တော်များများက မူဆယ် သိန်းသန်းချီကားဝင်းမှာပေါ့။ မူဆယ် သိန်းသန်းချီ ကားဝင်းက တိုက်တန်းတွေမှာ (၁)ခန်းဆိုရင် လူ (၁၀)ဦး၊ (၁၅)ဦး အဲဒီလိုအိပ်ကြတာ။ အချို့ဆိုရင်လည်း ကြုံရာအလုပ် ဝင်လုပ်နေရပြီ မူဆယ်မှာ။ သူတို့လာတာက လနဲ့ချီလာပြီဆိုတော့ နေ့တိုင်း စားတာနဲ့ သောက်တာနဲ့ အကုန် ထွက်ငွေတွေကြီးပဲပေါ့နော် အဲဒီလိုဖြစ်နေကြတာ”
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီကနေ့ နေ့လယ်ပိုင်းမှာ Email ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် ဒီကနေ့ညနေအထိ အကြောင်းပြန်စာ မရသေးပါဘူး။ Covid ကပ်ရောဂါ စဖြစ်ချိန်ကတည်းက တရုတ်ဘက်ကို နယ်စပ်ပေါက်ကနေတစ်ဆင့် လူ အဝင်အထွက်ကို ပိတ်ထားခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ အရင်က မူဆယ်မြို့ကိုရောက်ပြီး အစိမ်းရောင်ကတ်နဲ့ တရုတ်ဘက်ဝင်သွားရင် အဆင်ပြေပေမယ့် အခု နောက်ပိုင်း စနစ်ပြောင်းသွားတာကြောင့် ခက်ခဲသွားတာလို့ နယ်စပ်အလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်-
“ပိတ်မိတယ်ဆိုတာ ဒီလိုဗျ။ စနစ်ပြောင်းသွားတာပေါ့ အရင်တုန်းက မူဆယ်ကိုရောက်တယ် တစ်ခါသုံးကတ် လုပ်ပြီးလို့ရှိရင် တရုတ်ပြည်ထဲကိုသွားမယ် တရုတ်ပြည် စက်ရုံရောက်ပြီး အလုပ်လုပ်မယ်။ အခုနောက်ပိုင်းက အဲဒီလို မဟုတ်တော့ဘူး။ အလုပ်လာလုပ်မယ်ဆိုလို့ရှိရင် သူက တစ်ခါသုံးကတ် လုပ်ပြီးလည်း ဝင်လို့မရဘူး။ တရုတ်ပြည် စက်ရုံကနေ အလုပ်လုပ်ဖို့အတွက် လက်ခံထားပါတယ်ဆိုတဲ့ ခွင့်ပြချက်လိုတယ်။ ခွင့်ပြုချက်ရှိမှ ဒီဘက်ကလည်း တစ်ခါသုံးကတ်ကျမှ ဝင်လို့ရတယ်။ စက်ရုံခေါ်စာလိုမျိုး မရှိဘူးဆိုလို့ရှိရင် ဝင်လို့မရဘူး”
မူဆယ်မြို့မှာ လူပေါင်း (၁၀၀၀၀)ကျော် တရုတ်ဘက်ကို ဝင်ရောက်အလုပ်လုပ်ဖို့ စောင့်ဆိုင်းနေခဲ့ရာ ကနေ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ တချို့ဝင်ခွင့်ရခဲ့တာကြောင့် အခု (၅၀၀၀)ကျော် ကျန်နေတာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာလည်း သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်နေရပြီး နားချိန်လည်းမရကြဘူးလို့ ယူနန်ပြည်နယ်ထဲက အထည်ချုပ် စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်-
“ဒီမှာက မနက် (၈)နာရီကနေပြီးတော့ ည (၈)နာရီအထိ အလုပ်ဆင်းရတယ်။ ည (၈)နာရီမှာ မှန်းထားသလောက် မပြည့်လို့ရှိရင် အချိန်ပို ထပ်ဆင်းပေးရတယ်။ အဲဒါလည်း အလကား ဆင်းပေးရ တယ်ဗျ။ ကျွမ်းကျင်တဲ့ သူတွေတောင် မရနိုင်တဲ့အနေအထားကို တောင်းတာဗျာ အရေအတွက် အဲဒီလို တောင်းတာ။ တစ်နေ့ကို အထည် (၄၅၀) အနေအထားလောက်ပဲရနိုင်တဲ့ အနေအထားကို သူက (၅၀၀)၊ (၆၀၀) တောင်းတယ်ဗျာ အဲဒီလိုမျိုး ဖြစ်နေတယ်”
လုပ်အားခအနေနဲ့လည်း တရုတ်ကိုမသွားခင် လစာ တရုတ်ယွမ် (၁၈၀၀)၊ (၂၀၀၀) ရမယ်လို့ ပြောဆိုခဲ့ပေမယ့် အခုက အများဆုံး တရုတ်ငွေ (၁၅၀၀)ဝန်းကျင်သာရတယ်လို့ ဆိုပါတယ်။ မြန်မာ နိုင်ငံသားတွေဟာ ရွေးချယ်ခွင့်မရှိလို့သာ တရုတ်ဘက် အလုပ်သွားလုပ်နေကြရတာဖြစ်ပြီး အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (NLF-Myanmar) တွဲဖက် ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေက RFA ကို ပြောပါတယ်-
“မြန်မာနိုင်ငံမှာ လက်ရှိရနေတဲ့ လုပ်ခလစာက မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက်က နေထိုင်မှုနဲ့ စားသောက်မှုအတွက်က လုပ်ခလစာနဲ့ လုံးဝမျှတမှုမရှိဘူး။ နောက်တစ်ချက်ကတော့ စစ်မှုထမ်း ဥပဒေကြောင့် လက်ရှိမှာဆိုရင် စစ်မှုထမ်းဥပဒေ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတယ်။ ဒီစစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံက လူငယ်တွေ၊ အလုပ်သမားတွေက စစ်မှုထမ်းဖို့အတွက် မဖြစ်နိုင်ဘူးပေါ့နော် ဒါကြောင့် တခြားနိုင်ငံကိုပဲ ရွှေ့ပြောင်း အလုပ်သမားလုပ်ဖို့ သွားကြတာ”
တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာပြည်မှာရော၊ တရုတ်ပြည်တွင်းမှာပါ မြန်မာအလုပ်သမားတွေ အပေါ် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတာလို့ ဆိုပါတယ်။ ပိတ်ရက်တွေမှာ အပြင်ထွက်ခွင့် မပေးတဲ့အပြင် အလုပ်ဖိအားတွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာပဲ မြန်မာအလုပ်သမား အမျိုးသမီး (၃)ဦး တိုက်ပေါ်ကနေ ခုန်ချခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ (၁၇)ရက်နေ့က ယူနန်ပြည်နယ်မှာ အလုပ်သမားအခွင့်အရေးပေးဖို့ မြန်မာအလုပ်သမား (၂၀၀)ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီအလုပ်သမားတွေ အလုပ်ထုတ်ခံရပြီး မြန်မာနိုင်ငံဘက်ကို ပြန်အပို့ခံခဲ့ရပါတယ်။ တရုတ် နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက် နှစ်နိုင်ငံအာဏာပိုင်တွေ ထုတ်ပြန်တာ မရှိသေး ပါဘူး။ ဒါပေမယ့် မြန်မာအလုပ်သမား သိန်းနဲ့ချီ ရှိနေနိုင်တယ်လို့ အလုပ်သမားတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။
မယဉ်မျိုးသူ တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။
credit

ကျားဖြန့်လုပ်ငန်းတချို့ ဘုရားသုံးဆူနှင့် တခြားနေရာများသို့ ပြောင်းရွှေ့နေကြကြောင်း တင်ပြချက်သောတရှင်များခင်ဗျာ၊မဲခေါင်ဒေ...
26/02/2025

ကျားဖြန့်လုပ်ငန်းတချို့ ဘုရားသုံးဆူနှင့် တခြားနေရာများသို့ ပြောင်းရွှေ့နေကြကြောင်း တင်ပြချက်
သောတရှင်များခင်ဗျာ၊
မဲခေါင်ဒေသတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ရာဇဝတ်မှုတွေကို ဇင်ယော် အထူး စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် တရုတ်နိုင်ငံက နှိမ်နင်းမယ်လို့ ကြေညာပြီးနောက် ကျားဖြန့်လုပ်ငန်း တချို့ဟာ ဘုရားသုံးဆူနဲ့ တခြားနေရာတွေကို ပြောင်းရွှေ့နေကြပါတယ်။
မဲခေါင်ဒေသတွင်း (၆)နိုင်ငံမှာ အွန်လိုင်းငွေလိမ်မှု ကျားဖြန့်လုပ်ငန်းနဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ဒီနှစ်အတွင်း သင့်လျော်တဲ့အချိန်မှာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဇင်ယော် စစ်ဆင်ရေး ဒုတိယပိုင်းကို ပြုလုပ်သွားမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ ရွှေကုက္ကိုမြို့သစ်နဲ့ KK Park အနီး နယ်စပ်တစ်လျှောက်ကို တရုတ်နိုင်ငံက ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လာရောက်ကာ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ကြည့်ရှုလေ့လာခဲ့ပါတယ်။ လက်ရှိ အချိန်အထိ ရွှေကုက္ကို အပါအဝင် KK Park ၊ မြဝတီ၊ ကျောက်ခက် စတဲ့ နေရာတွေမှာ ကျားဖြန့်အလုပ်တွေ ဆက်ရှိနေပြီး ကျားဖြန့်လုပ်ငန်းတချို့က မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူဘက်ကို ပြောင်းရွှေ့နေကြ တယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးတိုက်ဖျက်ရေး ကူညီပေးသူတွေဆီက သိရပါတယ်။ ထိုင်း-မြန်မာ လူကုန်ကူးတိုက်ဖျက်ရေး ကူညီပေးနေသူတစ်ယောက်က-
“ဒီကျားဖြန့်တွေနဲ့ ပတ်သက်လို့ ပြောချင်တာက တကယ်လုပ်မယ်ဆိုရင် လုပ်လို့ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ BGF တို့၊ ဗိုလ်မှူး ချစ်သူတို့က တရုတ်တွေအပေါ် Cover လုပ်မယ်ဆိုရင် ဒီလူကို ဖမ်းဆီး အရေးယူဖို့ လိုအပ်လိမ့်မယ်။ ဘာလို့လဲဆို‌တော့ ဒီလူတွေကပဲ သူတို့မြေပေါ်မှာ ဖိတ်ခေါ်ပြီးတော့ စာချုပ် ချုပ်ပြီး သူတို့ကိုယ်တိုင် ပေးငှားပြီး ဒီအလုပ်တွေ၊ ဂိုဏ်းအဖွဲ့တွေ၊ Scam Center အားလုံးကို BGF ကနေမှ Operate လုပ်တာ ဖြစ်တယ်။ ဒါကို သူတို့က ထဲထဲဝင်ဝင် မပါဝင်ဘူး။ တရုတ်အစိုးရ၊ ထိုင်းအစိုးရနဲ့လည်း မပူးပေါင်းဘူးဆိုရင် နေရာတွေရွှေ့တာတို့၊ ဘုရားသုံးဆူဘက် နေရာရွှေ့တာတို့၊ ပစ္စည်းတွေ၊ စက်တွေ အကုန်ရွှေ့ပြီး အဆင်သင့် ဖြစ်ထားပြီးသား ဖြစ်တယ်။ လုံးလုံးကြီးတော့ ပျောက်သွားမယ် မထင်ဘူး။ အောက်လက်ငယ်သားတွေပဲ ဖမ်းမိမယ်လို့ ကျွန်တော်ထင်တယ်”လို့ ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးတာတွေကို နှိမ်နင်းနိုင်ဖို့ ထိုင်းနိုင်ငံဘက်ခြမ်းကလည်း မြန်မာ-ထိုင်း နယ်စပ် မဲဆောက်၊ မယ်လမနဲ့ ဖုတ်ဖမြို့တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ပြီး တရားမဝင် ရွှေ့ပြောင်းသွားလာတာတွေကိုပါ ပိုက်စိပ်တိုက် စစ်ဆေးဖမ်းဆီးနေပါတယ်။ ကရင်ပြည်နယ်အတွင်းက ကျားဖြန့်တွေ အပါအဝင် လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)တို့က ပြောဆိုထားပါတယ်။ ကရင် BGF ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က-
“ကျွန်တော်တို့ အဓိက တိုက်ဖျက်တာကတော့ ကျွန်တော်တို့ ဒေသမှာက လူရောင်းစားတာတို့၊ လူမှောင်ခို လုပ်တာတို့ အဲဒီလိုမျိုးတွေ မလုပ်ရဘူး။ မသမာမှုနဲ့ မလုပ်ရဘူး။ နောက်ပြီး သက်ငယ်တွေကို အသက်မပြည့်သေးသူတွေကို မခိုင်းစားရဘူး။ ဒါကတော့ ကျွန်တော်တို့ စရောက်လာကတည်းက သဘောတူညီမှုနဲ့ သွားနေခဲ့တာ။ ဒါပေမယ့် သူတို့အနေနဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ လက်လှမ်းမမီနိုင်တဲ့ နေရာတွေ အများကြီး ရှိတယ်။ ရှိတဲ့အခါ အောက်ခြေမှာဖြစ်ပေါ်နေတဲ့အရာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ ဆိုတော့ ဒီကိစ္စကို ကျွန်တော်တို့ ကိုင်တွယ်၊ ရှေ့မှာလည်း အရေးယူခဲ့ တာတွေ အများကြီး ရှိပါတယ်။ သက်ဆိုင်ရာ နိုင်ငံအသီးသီး ပြန်ပို့ခဲ့တာတွေလည်း ရှိတယ်။ စာရင်းဇယား မှတ်တမ်းမှတ်ရာတွေတော့ ရုံးထဲမှာ ရှိပါတယ်”လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ်မှု ကျားဖြန့်လုပ်ငန်းတွေမှာ နိုင်ငံပေါင်း (၂၁)နိုင်ငံက လူပေါင်း (၆၀၀၀)ကျော် ထိန်းသိမ်းခံထားရပြီး အဓမ္မခိုင်းစေခံနေရတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက ထိုင်းလူ့အခွင့်ရေးကော်မရှင်ကို တင်ပြထားပါတယ်။ မြဝတီတစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်က နယ်ခြားမျဉ်းတစ်လျှောက်မှာ ထိုင်းအစိုးရက လူကုန်ကူးမှု အသိပေးဆိုင်းဘုတ်တွေကို ထိုင်း၊ တရုတ်၊ အင်္ဂလိပ် (၃)ဘာသာနဲ့ အသိပေး စိုက်ထူထားပါတယ်။ ကျားဖြန့်နဲ့ ကွင်းဆက်ရာဇဝတ်မှု တွေကို တိုက်ဖျက်ဖို့ အာဏာသိမ်း စစ်ကောင်စီကရော၊ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကပါ ပူးပေါင်းဆောင်ရွက်မယ်လို့ အသီးသီးထုတ်ပြန်ထားပါတယ်။
ဇွဲသစ် တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မဲပလီဗျူဟာစခန်းသိမ်းပိုက်ခဲ့မှုတွင် တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် (၂၉)ဦး ဖမ်းဆီးရမိဟု ဘီဘီ...
26/02/2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မဲပလီဗျူဟာစခန်းသိမ်းပိုက်ခဲ့မှုတွင် တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် (၂၉)ဦး ဖမ်းဆီးရမိဟု ဘီဘီစီ သတင်းတွင် ဖော်ပြ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်က စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို ဖေ‌ဖော်ဝါရီ (၁)ရက် နေ့တုန်းက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်(၂၉)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Force for Federal Democracy(FFD)တပ်ဖွဲ့ကနေ သိရပါတယ်။
“KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ BPLA ၊ PDF နဲ့ FFD တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ပြီး စစ်တပ် ဘက်က တပ်ရင်းမှူးအပါ (၂၉)ဦးကို အရှင်ဖမ်းဆီးရရှိခဲ့တယ်”လို့ FFD ရဲ့ ဒုတိယတာဝန်ခံ၊ ကိုအောင်အောင်က ပြောပါတယ်။ (၁၂၂)မမ ဟောင်ဝစ်ဇာတစ်လက် (၁၂၀)မမ လက်နက်ကြီး (၂)လက် အပါအဝင် လက်နက်နဲ့ ကျည်မျိုးစုံကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီသတင်းမှန် ပြန်ကြားရေးဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ (၃)ရက်နေ့ နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
credit

ကန် အစိုးရ ရန်ပုံငွေစီးဆင်းမှုကို ထိန်းချုပ်သည့် ဖက်ဒရယ်ပေးချေမှုစနစ်အား Elon Musk ၏ ဌာနသစ် ဝင်ရောက်ကိုင်တွယ်မည်နှစ်စဉ် ...
26/02/2025

ကန် အစိုးရ ရန်ပုံငွေစီးဆင်းမှုကို ထိန်းချုပ်သည့် ဖက်ဒရယ်ပေးချေမှုစနစ်အား Elon Musk ၏ ဌာနသစ် ဝင်ရောက်ကိုင်တွယ်မည်
နှစ်စဉ် ဒေါ်လာ ထရီလီယံချီတဲ့ အစိုးရရန်ပုံငွေတွေ စီးဆင်းမှုကို ထိန်းချုပ်တဲ့ ဖက်ဒရယ်ပေးချေမှု စနစ်ကို Elon Musk ရဲ့ ဌာနသစ်က ဝင်ရောက်ကိုင်တွယ်ဖို့ Trump အစိုးရက ခွင့်ပြုပေးထားတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြထားပါတယ်။
Musk ဦးဆောင်တဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE)ဟာ ဌာနဆိုပေမယ့် အစိုးရဌာနတစ်ခုလို လည်ပတ်နေတာမဟုတ်ဘဲ Team အဖွဲ့တစ်ခုလို လည်ပတ်နေတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ DOGE ဟာ အမေရိကန်ပြည်သူတွေရဲ့ အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေကိုရော ပြည်ထောင်စုပေးချေမှု စနစ်ကိုပါ ဝင်ရောက်ကိုင်တွယ်ခွင့်ရသွားပြီလို့ သိရပါတယ်။ ဒီလိုဝင်ရောက်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)ရဲ့ အကြီးအကဲ (၂)ယောက်ကို လစာနဲ့ ခွင့် ခံစားခွင့်ပေးပြီး တာဝန်က ဆိုင်းငံ့လိုက်ပါတယ်။ ဖက်ဒရယ်အစိုးရအသုံးစရိတ် လျှော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်အောက်မှာ Musk ရဲ့ DOGE ဌာနဟာ အစိုးရအေဂျင်စီအများအပြားကို ဝင်ရောက်စီးနင်း တာတွေ၊ အချက်အလက်စနစ်တွေ ထိန်းချုပ်တာတွေ လုပ်ဆောင်နေပါတယ်။ Musk ရဲ့အဖွဲ့မှာ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဆီလီကွန်တောင်ကြားက သူ့မဟာမိတ်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေးဌာနနဲ့ နိုင်ငံတကာ အကူအညီပေးရေးတာဝန်ယူရတဲ့ USAID ကို ပစ်မှတ်ထား ထိန်းချုပ်တာ ဖြစ်ပါတယ်။ Musk က သူပိုင်တဲ့ X လူမှုကွန်ရက်မှာ USAID ကို မကောင်းဆိုးဝါးလို့ ခေါ်ဝေါ်ခဲ့ပြီး ဘဏ္ဍာရေး ဌာနက ဝန်ထမ်းတွေဟာ နာရီတိုင်း ဥပဒေချိုးဖောက်နေကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။ DOGE က ဝင်ရောက် ကိုင်တွယ်တဲ့ ဘဏ္ဍာရေးဌာနခွဲဟာ လူမှုဖူလုံရေး၊ အစိုးရလစာ၊ လွှတ်တော်က ခွဲဝေ ချထားပေးတဲ့ ငွေကြေး တွေလို Program တွေအတွက် ဒေါ်လာ (၆)ထရီလီယံနီးပါး ပေးချေမှုကို ကိုင်တွယ်နေရတာ ဖြစ်ပါတယ်။ Trump ရဲ့ ဘဏ္ဍာရေးဝန်ကြီးသစ်က ဒီလိုမျိုးထိန်းချုပ်ခွင့်ကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ဌာနက အဓိက တာဝန်ရှိသူလည်း ချက်ချင်းအငြိမ်းစားယူသွားပါတယ်။ ကမ္ဘာတစ်ဝန်း အကူအညီတွေ ဒေါ်လာ ဘီလီယံချီ ပေးနေတဲ့ USAID ကိုလည်း Musk ရဲ့အဖွဲ့က ထိန်းချုပ်ထားတယ်လို့ ယူဆရပြီး ပြီးခဲ့တဲ့ စနေနေ့ကတည်းက အေဂျင်စီ Website အလုပ်မလုပ်တော့ပါဘူး။ USAID ရဲ့ X လူမှုကွန်ရက် Account လည်း ပိတ်သွားတာ တွေ့ရပါတယ်။
credit:

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နှင့် ရေကြည်မြို့နယ်တွင် အရာရှိအချို့ အပါအဝင် တပ်သား (၃၁)ဦး ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်...
26/02/2025

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နှင့် ရေကြည်မြို့နယ်တွင် အရာရှိအချို့ အပါအဝင် တပ်သား (၃၁)ဦး ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရ🥲🧐
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နဲ့ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အရာရှိတွေ အပါအဝင် တပ်သား (၃၁)ယောက် ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဇန်နဝါရီလ (၃၁)ရက်နေ့နဲ့ ဖေဖော်ဝါရီလ (၂)ရက်နေ့တို့မှာ ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၁)က အရာရှိ အပါအဝင် တပ်သား (၁၄)ယောက်၊ ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄)အမြောက် တပ်ရင်းက တပ်ကြပ် အပါအဝင် တပ်သား (၁၂)ယောက်နဲ့ ပုသိမ်မြို့ရှိ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်က တပ်သားသစ် (၅)ယောက်ဟာ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။ အဲဒီ ထွက်ပြေးသွားတဲ့ တပ်သားတွေကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေတာ မလုပ်ဘဲ မြို့အထွက်ဂိတ် တွေကိုသာ သတင်းပို့ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးခိုင်းထားတယ်လို့ ဆိုပါတယ်။
credit: original

Address

Tavoy

Website

Alerts

Be the first to know and let us send you an email when Shwe Myintar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share