Taze Civil Revolution Force - TCRF - PLA

Taze Civil Revolution Force - TCRF - PLA Taze Civil Revolution Force-TCRF (PLA)

21/04/2026
21/04/2026
07/04/2026

သက်ငယ်မုဒိန်း ကျူးလွန် သတ်ဖြတ်ခဲ့သူကို NUG ရဲ့ မြို့နယ် တရားရုံး သေဒဏ်စီရင်

ဧပြီ ၆၊ ၂၀၂၆ ခုနှစ်
ကိုဇေယျာ / Think Media

အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူကို NUG ရဲ့ မြို့နယ်တရားရုံးက သေဒဏ်စီရင်လိုက်ပါတယ်။

မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုး ဆိုသူကို ဆောမြို့နယ် ပလဖ ကဖမ်းဆီးခဲ့ပြီးနောက် NUG ရဲ့ မြို့နယ် တရားရုံးက ဧပြီလ ၂ ရက်နေ့မှာ သေဒဏ် ချခဲ့တာလို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မိန်းကလေးကို သူ့ရဲ့ မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးက လာရောက် ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၅ ရက် အကြာ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတော့ ဆောမြို့ပြည်သူ့ဆေးရုံဝန်းအတွင်းက ဝန်ထမ်းအိမ်ရာ အခန်းတခုမှာ သေဆုံးသူ မိန်းကလေးရဲ့ ပုပ်ပွနေတဲ့အလောင်းကို ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က တရားခံ မင်းမင်းစိုး ကို ဖမ်းဆီးပြီး မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၀၂၊ ၂၀၁ တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခဲ့တာနဲ့ အလောင်းဖျောက်ဖျက် ခဲ့တာတို့ကို တရားခံဖြစ်တဲ့ မင်းမင်းစိုးကလည်း ဝန်ခံခဲ့တာကြောင့် တရားရုံးက စစ်ဆေးပြီး ၅လ အကြာမှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းကလည်း ဆောမြို့က ပြည်သူတွေ စုဝေးပြီးသက်ငယ်မုဒိန်း၊ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်ခဲ့တဲ့ တရားခံကို သေဒဏ်ချမှတ်ပေးဖို့ လှည့်လည် ဆန္ဒပြခဲ့ကြပါသေးတယ်။

ဒီအမှုဟာ NUG လက်အောက်ခံ တရားရုံးတွေထဲ ပထမဆုံး အကြိမ် အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

YouTube Channel
https://www.youtube.com/
Tiktok လိပ်စာ
https://www.tiktok.com/

02/04/2026
30/03/2026
30/03/2026
25/03/2026

မုံရွာ-မန္တလေး လမ်းပိုင်းတနေရာတွင် ဆက်ကြေးကောက်ရန် ထွက်လာသော စစ်ကောင်စီတပ်ကို PLA နှင့် မဟာမိတ်များက တို-က်ခိုက်

မတ် ၂၄၊ ၂၀၂၆

မုံရွာ-မန္တလေး လမ်းပိုင်းတနေရာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာနှင့် ဘိုးမင်းကြီးကင်းရွာကြားတွင် အင်အား (၃၀) ခန့်ပါ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ ၂၃ ရက်၊ နံနက် ၇ နာရီခွဲ အချိန်တွင် စောင့်ကြိုတို-က်ခိုက်ရာ ရန်သူ အရာရှိ (ဗိုလ်) တဦးအပါအဝင် (၈) ဦး ကျဆုံးပြီး ‌ေ-သနတ် (၁) လက် သိမ်းဆည်းရမိခဲ့သည်။

ထိတွေ့မှုဖြစ်ပွားနေစဉ် ရန််သူ့နောက်ချန်စစ်ကြောင်းမှ စစ်ကူလိုက်လာခဲ့ပြီး မိမိတို့ရဲဘော်များနှင့် တို-က်ပွဲ ဖြစ်ပွားခဲ့သည်။ ဂွေးပင်တောရွာရှိ ရန်သူ့အထိုင်စခန်းမှလည်း ၆၀ မမဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူ (၅) ဦး ကျဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး မြင်းမူဆေးရုံတွင် အရာရှိတဦး အပါအဝင် (၃) ဦး ထပ်မံ ‌ကျဆုံးကြောင်း သိရသည်။ ရန်သူထိခိုက်ဒဏ်ရာရစာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေ မဟုတ်ပါ။

အဆိုပါစစ်ကောင်စီတပ်သည် မုံရွာ-မန္တလေးလမ်းပိုင်းပေါ်တွင် ကုန်ကားကြီးများအား ဆက်ကြေးကောက်ရန် ဂွေးပင်တောရွာမှ ထွက်လာရာ PLA နှင့် မဟာမိတ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆက်တွဲ အနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်များက ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

ယခုတို-က်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ နွေဦးလူငယ် LPDF၊ Myinmu Local Defence Force LPDF၊ Youth Vigor Revolution Force LPDF၊ Pentagram LPDF၊ အညာကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကိုင်းခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

"ရန်သူတကာကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်းရွှင်လန်းအားတက်ပါစေ”

"ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ခြေတလှမ်းတိုင်းသည် အဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွားမှတပါး အခြားမရှိ”

#ပြည်သူ့လွတ်မြောက်ရေးတပ်မတော်

21/03/2026

တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း
_________________________

◉ မြိတ်မြို့နယ် မှ တနင်္သာရီဖက်သို့ တက်လာသည့် စစ်ကောင်စီ စစ်ကား (၂) စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ (၁၈) ရက်နေ့ နံနက် ၁၁ နာရီ ၀န်းကျင်ခန့်က မိုင်းဆွဲ တို-က်ခိုက်ခဲ့သည်။

ထိုနေ့ညနေပိုင်းတွင်ပင် တနင်္သာရီမှ မြိတ်သို့ စစ်ကောင်စီ စစ်ကား (၇) စီးပါသည့် ကားတန်းပြန်ဆင်းလာရာ အဆိုပါ ကားတန်းကိုလည်း အသင့်စောင့်ဆိုင်းသည့် မိမိတို့ တပ်ဖွဲ့များက ပ-စ်ခတ် တို-က်ခိုက်ခဲ့သည်။

စစ်ကောင်စီဘက်ကလည်း အပြန်အလှန် ပစ်ခ- တ်မှုများ ရှိခဲ့ပြီး တိုက်ပွဲကြာချိန် မိနစ် (၃၀) ခန့် ရှိခဲ့သည်။

အဆိုပါ ကြားဖြတ်တို-က်ခိုက်မှုအတွင်း စစ်ကောင်စီ ကား (၂) စီး ပျက်စီးခဲ့ပြီး ရန်သူ့ထိခိုက်ကျဆုံးမှုစာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တို-က်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သော ဗိုလ်ခရင်းတပ်ဖွဲ့၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ တနင်္သာရီစစ်ဒေသ အမှတ် (၈) တပ်ဖွဲ့ ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ (ပုံဟောင်း)

#ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော်

21/03/2026
တော်လှန်​ရေးအတွက် လိုအပ်သည့်​နေရာတွင် အသုံးပြုနိုင်ရန် လှူဒါန်းပေးပါသော ဂျပန်ရောက် တော်လှန်ရေး မောင်နှမများ အား ရဲ​ဘော်မ...
09/03/2025

တော်လှန်​ရေးအတွက် လိုအပ်သည့်​နေရာတွင် အသုံးပြုနိုင်ရန် လှူဒါန်းပေးပါသော ဂျပန်ရောက် တော်လှန်ရေး မောင်နှမများ အား ရဲ​ဘော်များမှ အထူး​ကျေးဇူးတင်ရှိပါ​ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ထို​ထောက်ပံ့​မှုများကို စစ်အာဏာရှင် အမြစ်ပြတ်ကျရှုံး​ရေး လုပ်ငန်းစဥ်များတွင် အကျိုးရှိရှိ အသုံးပြုသွားပါမည်ဟု ကတိပြုပါသည်။
(PLA)

Address

Taze

Website

Alerts

Be the first to know and let us send you an email when Taze Civil Revolution Force - TCRF - PLA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share