Thabeikkyin Revolution - TR

Thabeikkyin Revolution - TR အာဏာရှင်ကို တော်လှန်နေသူများနှင့်အဆုံးအထိ အတူ ရှိနေပါမည် ။
(1)

မိဘပြည်သူများခဗျာ.........
Thabeikkyin Revolution - TR Page သည် သပိတ်ကျင်းမြို့နယ်အတွင်း စခ ၊ရခ မြေပြင် လှုပ်ရှားမှု့သတင်းများနှင့် ထူးခြားဖြစ်စဥ် သတင်းများကို TR ပေ့တွင် အချိန်နဲ့တပြေးညီ တင်ပေးသွားမည်ဖြစ်သည်။

တာဝန်သိ ပြည်သူများအနေဖြင့်လည်း ကြားသိရသည့် သတင်းများအား အချိန် ၊နေရာ နှင့် မှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယိုများရနိုင်လျှင်လည်း ပေးပို့စေလိုပြီး သတင်းစီးဆင်းမှု့ မြန်ဆန်စေရန် မှန်ကန်သော သတင်းပေး

ခြင်းဖြင့် ပါဝင်ကူညီပေးကြဖို့ကို တိုက်တွန်းအပ်ပါသည်ခဗျာ ။

Page ခိုင်မာမှူ့ရှိစေရန်အတွက်.....
လေးတွေ ရေးပေးကြဖို့ကိုလည်း မေတ္တာရပ်ခံအပ်ပါသည် ခဗျာ ။ လေးစားစွာဖြင့်........

#အရေးတော်ပုံအောင်ရမည်

05/11/2025

ကျည်ကာကြီး ဝတ်ပြီး အကြောက်လွန်နေတဲ့ မင်းအောင်လှိုင်

Videoရိုက်တဲ့သူကလည်း တော်လိုက်တာ
"အဘ အဘ အဘ မသေသေးဘူးလား" တဲ့
တို့ပြည်သူတွေများ ညီချက်
ပြည်သူတွေ ဘယ်တော့မှာ သွေးမအေးဘူး...

"အနုပညာဆန်လှတဲ့ လှုပ်ရှားမှု"မျိုး
04/11/2025

"အနုပညာဆန်လှတဲ့ လှုပ်ရှားမှု"မျိုး

နိုင်ငံခြားမှာ လူချင်းတွေ့တဲ့အခါ "Hello, How are you?" "I am fine. and you?"  "Me too". လို့ အပြန်အလှန် နှုတ်ဆက်ကြတယ်။ မ...
30/10/2025

နိုင်ငံခြားမှာ လူချင်းတွေ့တဲ့အခါ "Hello, How are you?" "I am fine. and you?" "Me too". လို့ အပြန်အလှန် နှုတ်ဆက်ကြတယ်။

မြန်မာပြည်မှာ လူချင်းတွေ့တဲ့အခါ "ဘယ်သွားမလို့လဲ၊ စားပြီးပြီလား၊ ဝလာတယ်နော်" လို့ အပြန်အလှန် နှုတ်ဆက်ကြတယ်။

အဲ .... တော်လှန်ရေးနယ်မြေမှာ နှုတ်ဆက်ကြတာက တမျိုးလေးဗျ။

"မပြေးကြသေးဘူးလား" တဲ့။

-Credit to original owner
-Photo Credit

ကျွန်တော်တို့ မြို့နယ်အတွင်းမှာလဲပေါက်ကွဲစေတတ်‌သော စစ်ဘက်ဆိုင်ရာပစ္စည်းတွေကိုပြည်သူတွေအနေနဲ့ ရဲတင်းစွာ ကိုင်တွယ်အသုံးပြု...
13/01/2025

ကျွန်တော်တို့ မြို့နယ်အတွင်းမှာလဲ
ပေါက်ကွဲစေတတ်‌သော စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို
ပြည်သူတွေအနေနဲ့ ရဲတင်းစွာ ကိုင်တွယ်အသုံးပြုနေတာတွေ မြင်ရကြားရပါတယ်။
ဒီလိုကိစ္စမျိုးတွေကို ပြည်သူတွေ နားလည်သဘော‌ပေါက်စေဖို့ လက်ကမ်းစာစောင်တွေ ဝေခြင်းနဲ့ အသိပညာပေး ဟောပြောတာတွေ လုပ်ဆောင်ပေးသင့်တယ်လို့ ယူဆရင်းသက်ဆိုင်ရာအဖွဲ့အစည်းများကို အဆိုပြုတင်ပြလိုက်ပါတယ်ဗျ။

Jan-13-2025

11/01/2025

တံတားဦးလေဆိပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဟာ မတ္တရာနယ်ကိုဖြတ်ပြီး အရှေ့မြောက်အရပ်သို့ ပျံသန်းလာကြောင်း သတင်းရရှိပါတယ်ရှင့်။

ပျံသန်းချိန်ဟာ Jan 11 9:46Am ဖြစ်ပါတယ်ရှင့်။

ပြည်သူများ ဂရုစိုက်ကြပါရှင့်။

11.1.2025

8.1.2025 နေ့မှ 9.1.2025 နှစ်ရက်အတွင်း မိုးကုတ်၊သပိတ်ကျင်း၊စဉ့်ကူးမြို့နယ်များကို စကစမှလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေမျာ...
10/01/2025

8.1.2025 နေ့မှ 9.1.2025 နှစ်ရက်အတွင်း မိုးကုတ်၊သပိတ်ကျင်း၊စဉ့်ကူးမြို့နယ်များကို စကစမှလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု အပြုလုပ်ခံရမှု အများစုမှာ ရွှေလုပ်ကွက်နေရာများ ဖြစ်ပြီး အရပ်သားပြည်သူများ အပါအဝင် တော်လှန်ရေးရဲဘော်တစ်ချို့ အထိအခိုက်အကျအဆုံးများ ရှိကြောင်းလဲ သိရပါတယ်ရှင့်။

10.1 2025

10/01/2025

MDY PDFရဲ့ အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်များကို 10.1.2025 မှာ ထုတ်ပြန်လိုက်ပါတယ်။

10.1.2025

09/01/2025

သပိတ်ကျင်းမြို့နယ်အတွင်း
လေကြောင်းတိုက်ခိုက်မှုတွေ
အဆက်မပြတ် လုပ်နေကြပါတယ်ရှင့်။
ပြည်သူများ အနေဖြင့်
ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများကို
အိမ်တိုင်းစေ့ လုပ်ဆောင်ထားကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

9.1.2025

25/12/2024

#မန္တလေးတိုင်း
#သပိတ်ကျင်းတိုက်နယ် ပကဖ
#ဗိုလ်လင်းယုန်တပ်ဖွဲ့
#လမ်းဖောက်လုပ်မှု့

25/12/2024

အရှေ့မြောက်အရပ်မှ ပျံသန်းလာသော
ဂျက်ဖိုက်တာ တစ်စီးဟာ သပိတ်ကျင်းမြို့နယ်
သို့ဖြတ်၍ ပျံသန်းသွားကြောင်း သိရပါတယ်။
မိဘပြည်သူများ ဂရုစိုက်ကြပါရှင့်။

edit- ၁၃တပ်အနီးရှိ ရေညာဦးရွာသို့ ဗုံးနှစ်လုံးကျဲကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရပါတယ်ရှင့်။

Dec 25.2024

Address

Thabeikkyin

Website

Alerts

Be the first to know and let us send you an email when Thabeikkyin Revolution - TR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category