Today Arakan

Today Arakan Independent Media in Arakan (Rakhine) လွတ်လပ်၊ မျှတ၊ TA သာ တ

ဘူးသီးတောင်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး မုဒိမ်းပြုကျင့်ခံရ ~~~~~~~ ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက် Today Arakan News ■ အာရ...
17/05/2026

ဘူးသီးတောင်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး မုဒိမ်းပြုကျင့်ခံရ
~~~~~~~

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်
Today Arakan News

■ အာရက္ခပြည် ဘူးသီးတောင်မြို့နယ် မြို့မစေတီတောင်ကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး မုဒိမ်းပြုကျင့်ခံရပြီး တရားခံကို အာရက္ခပြည်တရားဥပဒေစိုးမိုးရေး ဒီလပ်ဌာနက ဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက အသက် ၅၆ နှစ်အရွယ် ဦးရွှေသန်းမောင်ဟာ အမျိုးသမီးငယ်ကို မုဒိမ်းပြုကျင့်ခဲ့တာဖြစ်တာ ဖြစ်ပါတယ်။

မိန်းကလေးငယ်ရဲ့ မိသားစုဝင်တွေက တိုင်တန်းလာလို့ ဒီလပ်တပ်ဖွဲ့ဝင်တွေဟာ ဦးရွှေသန်းမောင်ကို မေလ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

ဦးရွှေသန်းမောင်မှာလည်း မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတဲ့အတွက် ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ဖို့ ဒီလပ်တပ်ဖွဲ့ဝင်တွေဟာ တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်အတွင်းမှာလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ အသက် ၁၅ နှစ်အောက် မိန်းကလေးငယ်နှစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

တရားခံမှာ ထွက်ပြေးလွတ်မြောက်နေတဲ့အတွက် ဒီလပ်တပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေသလို ကျောက်တော်လူငယ်တွေကလည်း တရားခံကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ တောင်းဆိုနေပါတယ်။

အာရက္ခပြည်မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ မုဒိမ်းပြုကျင့်ခံရမှု ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် တရားခံတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးဖို့ ဒေသခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။


#ဘူးသီးတောင်
#ကျောက်တော်
#မုဒိမ်းမှုဖြစ်ပွား
#ထိရောက်တဲ့အပြစ်ပေးမှု

အမျိုးသမီးငယ် နှစ်ဦး မုဒိမ်းမှု ကျူးလွန်ခံရမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး တရားခံအား အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေ...
17/05/2026

အမျိုးသမီးငယ် နှစ်ဦး မုဒိမ်းမှု ကျူးလွန်ခံရမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး တရားခံအား အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေးဖို့ ကျောက်တော်လူငယ်များ ထုတ်ပြန်
~~~~~~~

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်
Today Arakan News

■ အာရက္ခပြည် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအုပ်စုက အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး တို့မှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးရဲ့ မုဒိမ်းမှု ပြုကျင့်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်အတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မုဒိမ်းမှုကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်နှစ်ဦးမှာ ညီအစ်မအရင်းတွေ ဖြစ်ကြပါတယ်။

ကျူးလွန်သူ အသက် ၄၀ အရွယ် မောင်အေးလှမှာ ထွက်ပြေးလွတ်မြောက်နေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ရဲ့ တရားဥပဒေ စိုးမိုးရေးဌာန ဒီလပ်ဌာနက လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်နှစ်ဦးမှာ မိဘတွေနဲ့အတူ တရားခံ မောင်အေးလှ ယာခင်းမှာ အလုပ်လုပ်နေကြတာဖြစ်ပြီး အဲဒီမောင်အေးလှက အမျိုးသမီးငယ်နှစ်ဦးကို သွေးဆောင်ဖြားယောင်းပြီး မုဒိမ်းမှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

အပြစ်မဲ့တဲ့ ကလေးငယ်နှစ်ဦးကို သက်ငယ်မုဒိမ်းမှုကျူးလွန်တဲ့ ဖြစ်ရပ်အပေါ်မှာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ကျောက်တော်လူငယ်များအစည်းအရုံး KTYA က မနေ့က ထုတ်ပြန်ပါတယ်။

ကလေးသူငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာဟာ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ KTYA က ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျူးလွန်သူ တရားခံကို အမြန်ဆုံးဖမ်းဆီးပြီး ထိရောက်ပြင်းထန်တဲ့ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ပေးဖို့နဲ့ နစ်နာသူ ကလေးငယ် မိသားစုအတွက် ထိုက်တန်တဲ့ တရားမျှတမှု အပြည့်အဝ ဖော်ဆောင်ပေးဖို့ ကျောက်တော်လူငယ်တွေက တောင်းဆိုကြပါတယ်။

ကျောက်တော်လူငယ်များအစည်းအရုံး KTYA အနေနဲ့လည်း နစ်နာသူကလေးငယ်နဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်မှု ရရှိဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် လိုအပ်တဲ့ စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဝိုင်းဝန်းဆောင်ရွက် ရပ်တည်ပေးသွားမယ်လို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့လည်း နစ်နာသူ ကလေးငယ်ရဲ့ ကာကွယ်ပိုင်ခွင့်အတွက် ဖြစ်စဉ်အသေးစိတ်ကို စာဖြင့်သော်လည်းကောင်း၊ အချက်အလက်တွေနဲ့ ဓါတ်ပုံတွေ မျှဝေခြင်းကို သော်လည်းကောင်း ရှောင်ကြဉ်ပေးကြဖို့ ကျောက်တော်လူငယ်တွေက မေတ္တာရပ်ခံထားပါတယ်။

နစ်နာသူ ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ လူ့အဖွင့်အစည်းတစ်ခုဖြစ်အောင်လည်း ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကလေးသူငယ်တွေအပေါ်မှာ ဒီလို အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေရတာဟာ မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနစ်နဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေးယန္တရား ပိုမိုအားကောင်းလာစေဖို့ တွန်းအားပေးရမည်ကို ပြသနေတယ်လို့ ကျောက်တော်လူငယ်တွေက ထောက်ပြကြပါတယ်။

ဒါ့ကြောင့် ကျောက်တော်လူငယ်များအစည်းအရုံး KTYA အနေနဲ့ အာရက္ခပြည်မှာ ကလေးငယ်တွေကို အကာအကွယ်ပေးကြဖို့၊ အကြမ်းဖက်မှုတွေကို လက်မခံတဲ့ ယဉ်ကျေးမှုတစ်ရပ်တည်ဆောက်ကြဖို့နဲ့ စနစ်တကျကာကွယ်ရေးလုပ်ငန်းတွေမှာ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်တယ်လို့ ပြောပါတယ်။


#ကျောက်တော်လူငယ်များအစည်းအရုံး
#မုဒိမ်းမှုကျူးလွန်ခံရ
#သက်ငယ်မုဒိမ်းမှုဖြစ်ပွား
#တရားခံထွက်ပြေးနေ
#အမြင့်ဆုံးပြစ်ဒဏ်ပေးရန်
#အာရက္ခတပ်တော်

အာရက္ခပြည်မှာ မတရားမှုတွေ၊ မညီမျှမှုတွေကို ရဲရဲဝံ့ဝံ့တိုင်ကြားကြဖို့ ULA/AA တာဝန်ရှိသူတွေ တိုက်တွန်း ~~~~~~ ၂၀၂၆ ခုနှစ်၊...
17/05/2026

အာရက္ခပြည်မှာ မတရားမှုတွေ၊ မညီမျှမှုတွေကို ရဲရဲဝံ့ဝံ့တိုင်ကြားကြဖို့ ULA/AA တာဝန်ရှိသူတွေ တိုက်တွန်း
~~~~~~

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်
Today Arakan News

■ အာရက္ခပြည်မှာ မညီမျှမှုတွေ၊ အနိုင်ကျင့်ခံရမှုတွေကို ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ တိုင်ကြားကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA တာဝန်ရှိသူတွေက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မညီမျှမှုတွေအပေါ်မှာ အထောက်အထားတွေ သေချာစုပြီး သက်ဆိုင်ရာဌာနတွေမှာ မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့နဲ့ တိုင်ကြားကြဖို့ ULA ရဲ့ ဒုတိယ ဥက္ကဌ ၃ ဖြစ်တဲ့ ဗိုလ်မှူးထွန်းမင်းနိုင်က လူမှုကွန်ရက်စာမျက်နှာကနေ အသိပေး တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အခုဆို အာရက္ခပြည်မှာ အင်တာနက်တွေ အထိုက်အလျောက် ရသင့်သလောက် ရရှိထားပြီဖြစ်တဲ့အတွက် ပြည်သူအများစု အင်တာနက်ကို အသုံးပြုနိုင်ပြီဖြစ်လို့ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စတဲ့ အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေမှာ မညီမျှမှုတွေ တွေ့လို့ရှိရင် သတင်းပို့ရုံ သပ်သပ်မဟုတ်ဘဲ ရနိုင်သမျှ အထောက်အထားတွေကို စုပြီးတော့ တိုင်ကြားစေချင်တယ်လို့ ဗိုလ်မှူးထွန်းမင်းနိုင်က ဆိုပါတယ်။

အခုအချိန်ဟာ ဝန်ထမ်းတွေနဲ့ တချို့ ဌာနဆိုင်ရာ အကြီးအကဲတချို့တွေဟာ အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေကို မကျွမ်းကျင်တာက တစ်ကြောင်း၊ စနစ်ဟောင်းတွေက အကျင့်ဆိုးတွေကို ကျင့်သားရနေတာက တစ်ကြောင်းနဲ့ အားနည်းချက်တွေ အများကြီး ရှိနေတယ်လို့ ဗိုလ်မှူးက ပြောပါတယ်။

ဒါပေမယ့် ULA/AA ရဲ့ ခေါင်းဆောင်ကြီးတွေက အစိုးရအဖွဲ့လုပ်ငန်းတွေမှာ လူအင်အား အသစ်တွေ၊ အရည်အချင်းရှိသူတွေကို တာဝန်ပေးလို့ ရှိနေတဲ့အတွက် ဌာနတွေမှာ အကျင့်မကောင်းတဲ့ သူတွေရှိနေသလို အကျင့်ကောင်းပြီး သမာသမတ်ကျတဲ့သူတွေလည်း ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိတ်ရှည်သည်းခံ အားတင်းထားကြဖို့လည်း ဗိုလ်မှူးက ဆိုပါတယ်။

ဒါ့ကြောင့် တိုင်ကြားမယ်ဆိုရင် ကောလဟာလ သတင်းတွေမဟုတ်ဘဲ ရနိုင်သလောက် အချက်အလက်အမှန်တွေကို ကြိုးစားရှာဖွေပြီး တိုင်ကြားနိုင်သလို တစ်ယောက်တည်း တိုင်ကြားဖို့ အခက်အခဲဖြစ်နေရင် မတရားမှုတွေကို ခံနေရတဲ့ သူတွေအားလုံး လက်မှတ်တွေစုပြီး တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

တိုင်တန်းတဲ့အခါမှာလည်း အမှားအယွင်းတွေ မရှိရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ တရားဥပဒေရေးရာဌာနရဲ့ Justice for Arakan လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ တယ်လီဂရမ်အကောင့် (ချန်နယ်) ကို သေချာရှာဖွေပြီး တိုင်ကြားနိုင်တယ်လို့ ဗိုလ်မှူး ထွန်းမင်းနိုင်က တိုက်တွန်းနှိုးဆော်ထားပါတယ်။


#အာရက္ခပြည်
#တရားဥပဒေစိုးမိုးရေး
#မတရားမှုတွေကိုတိုင်တန်းနိုင်
#အချက်အလက်တွေခိုင်မာပါစေ

#တယ်လီဂရမ်အကောင့်

AA နှင့် CPU ရှေ့ဆက်လက်လုပ်ငန်းစဉ်များ ဆွေးနွေး ချမှတ် ~~~~~~~~ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်Today Arakan News ■ ရက္ခိုင်အမျ...
21/04/2026

AA နှင့် CPU ရှေ့ဆက်လက်လုပ်ငန်းစဉ်များ ဆွေးနွေး ချမှတ်
~~~~~~~~

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်
Today Arakan News

■ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် AA နဲ့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် CPU/CPA တို့ကြား တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အာရက္ခပြည်တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ ဖိတ်ကြားချက်အရ ချင်းပြည်သူ့အစည်းအရုံး CPU က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ အာရက္ခပြည်ကို ၂ ပတ်ကြာ ခရီးစဉ် သွားရောက်ခဲ့တယ််လို့ CPU ကနေ မနေ့က ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အာရက္ခပြည်သူတွေနဲ့ ချင်းပြည်သူတွေကြားမှာ ရေရှည် အပြန်အလှန်အကျိုးပြုရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့သလို ရှေ့ဆက် ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် AA နဲ့ CPU/CPA တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

CPU/CPA အဖွဲ့ဆိုတာ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ ချင်းညီနောင်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးခရီးဟာ ဘယ်လောက် ဖြစ်ပေါ်တိုးတက်မှုတွေ ရှိနေလဲဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

CPU/CPA အနေနဲ့လည်း အာရက္ခပြည်ခရီးစဉ်အတွင်းမှာ လေ့လာသင်ယူစရာတွေ အများကြီးရရှိခဲ့ပြီး အာရက္ခတပ်တော် AA ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။

https://www.youtube.com//posts


#အာရက္ခတပ်တော်
#ချင်းပြည်သူ့အစည်းအရုံး
#ချင်းပြည်သူ့တပ်မတော်

ရမ်းဗြဲ ကမ်းရိုးတန်းအနီးကို စစ်သင်္ဘောတွေ ဘာကြောင့် ချဉ်းကပ်လာကြသလဲ၊ အကြမ်းဖက်တပ် ဘယ်လိုဗျူဟာကို ခင်းနေသလဲ - စစ်ရေးအကဲခတ...
20/04/2026

ရမ်းဗြဲ ကမ်းရိုးတန်းအနီးကို စစ်သင်္ဘောတွေ ဘာကြောင့် ချဉ်းကပ်လာကြသလဲ၊ အကြမ်းဖက်တပ် ဘယ်လိုဗျူဟာကို ခင်းနေသလဲ - စစ်ရေးအကဲခတ်အမြင်
~~~~~~~~~
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်
Today Arakan News

■ အာရက္ခပြည် ရမ်းဗြဲမြို့ဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြို့ဖြစ်ပြီး အနီးအနားမှာ ကျောက်ဖြူမြို့ရှိပါတယ်။ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ် မြန်မာစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ တော်တော်များပြားနေပါတယ်။

ရမ်းဗြဲရဲ့ တစ်ဘက်ကမ်းမှာ မာန်အောင်မြို့ရှိပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ် မြန်မာစစ်တပ်က ထိန်းချုပ်ထားပါတယ်။ အခု မာန်အောင်ကမ်းခြေမှာပဲ တွေ့နေရတဲ့ အကြမ်းဖက် စစ်သင်္ဘောတွေဟာ ရမ်းဗြဲကမ်းရိုးတန်းအနီးကို ချဉ်းကပ်လာပြီး ဒေသခံပြည်သူတွေရဲ့ သွားလာမှုတွေကို နှောင့်ယှက်နေပါတယ်။

ရမ်းဗြဲဒေသခံတွေ ပြောဆိုချက်အရ ဒီရက်ပိုင်းမှာ စစ်သင်္ဘောနှစ်စီးဟာ ကမ်းခြေအနီးသို့ ချဉ်းကပ်ရပ်နားမှုတွေ ရှိတယ်လို့ ပြောပါတယ်။ ရမ်းဗြဲ-ကျောက်ဖြူ ကမ်းရိုးတန်းပင်လယ်ပြင်နဲ့ ရမ်းဗြဲ-တောင်ကုတ် ကမ်းရိုးတန်းပင်လယ်ပြင်တွေမှာ စစ်သင်္ဘော အနည်းဆုံး ၆ စီးနဲ့ သွားလာလှုပ်ရှားမှုတွေ ရှိနေပါတယ်။

အရင်က မာန်အောင်ကမ်းခြေနဲ့ ကျောက်ဖြူကမ်းခြေမှာပဲ တွေ့ရတဲ့ စစ်သင်္ဘောတွေဟာ တစ်ဖြည်းဖြည်းနဲ့ ရမ်းဗြဲ၊ တောင်ကုတ်ဘက်တွေကို ဘာကြောင့် ချဉ်းကပ်လာကြတာပါလဲ။ ဘယ်လို ရည်ရွယ်ချက်တွေရှိနေပါသလဲ။ အကြမ်းဖက်တပ်ဟာ ဘယ်လို ဗျူဟာတွေကို ခင်းနေသလဲဆိုတဲ့ သုံးသပ်ချက်အပေါ် ရခိုင်စစ်ရေးအကဲခတ်တစ်ဦးက အခုလိုပြောပါတယ်။

"တောင်ကုတ်ဘက်က ဝင်ပေါက်နဲ့ ဂွဘက်က ဝင်ပေါက်ကနေ ဝင်လာဖို့အတွက် ကြိုပြင်ဆင်နေတယ်လို့ သုံးသပ်ရပါတယ်။ တစ်ဖက်မှာ ကျောက်ဖြူတိုက်ပွဲကို ရေကြောင်းကနေ လက်နက်ကြီးပစ်ခတ်ကူတွေ တောက်လျှောက်ပေးနိုင်ဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အကြမ်းဖက်တပ်က ဒီလိုမျိုးကြိုးပမ်းနေတာက လ အတော်ချီနေပါပြီ။ အခု စပြီးတော့ အကောင်အထည်ဖော်လာပြီလို့ ပြောလို့ရပါတယ်။ ရမ်းဗြဲနဲ့ တောင်ကုတ်ဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး တိုက်ပွဲဖော်ဆောင်ပြီးတော့ ကျောက်ဖြူမှာ AA ဘက်က အားနည်းသွားရင် ကျောက်ဖြူတပ်တွေဟာ ရမ်းဗြဲဘက်ကို ကူးလာပြီးတော့ မြို့ပြန်သိမ်းမယ့် သဘောပေါ့။ ရမ်းဗြဲနဲ့ ကျောက်ဖြူကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဆိုရင် တောင်ကုတ်နဲ့ ဂွဘက်ကို လှမ်းပြီးတော့ တိုက်ပွဲတွေ ဖော်မယ်။ အဲလို တစ်ဖြည်းဖြည်းနဲ့ တောင်ကုတ်ဝင်ပေါက်နဲ့ ဂွဝင်ပေါက်တွေကို ရေကြောင်းအား၊ လေကြောင်းအားနဲ့ ပြန်ဖွင့်မယ်ဆိုတဲ့ သဘောပေါ့” လို့ ပြောပါတယ်။

ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်-ဂွကို ထိန်းချုပ်သွားနိုင်ပြီဆိုရင် သံတွဲမြို့ကို ရဖို့က အလွယ်ဖြစ်သွားတဲ့ သဘောလို့ အကြမ်းဖက်တပ်က တွေးဆထားပုံ ရပါတယ်။ အဲလိုမျိုး အာရက္ခပြည်တောင်ပိုင်းဒေသကို ရပြီဆိုရင် မြောက်ပိုင်းဘက်ကို ခြေဦးလှည့်မယ်ဆိုတဲ့သဘော တွေ့နေရပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်ဟာ အာရက္ခပြည်ကို မြေပြင်ကနေ ဝင်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ ရခိုင်ရိုးမတောင်တန်းကို မကျော်နိုင်ဘဲ မကွေး၊ ပဲခူးနဲ့ ဧရာဝတီအစပ်တွေမှာ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးဖိအားကို တော်တော်လေးကို ခံနေရတာပါ။

ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်စပ်နေတဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီအစပ်တွေမှာ အာရက္ခတပ်တော် AA ဟာ ဒေသခံမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် မြန်မာစစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အာရက္ခပြည်ဝင်ပေါက်တွေဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ ဂွဒေသတွေကို ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

မြေပြင်ကနေ အာရက္ခတပ်တော် AA ကို မနိုင်မှန်းသိလို့ ရခိုင်ရိုးမတောင်တန်းကို မကျော်နိုင်မှန်းသိလို့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ ပင်လယ်ပြင်ကနေ ထိုးဖောက်ပြီး ကျောက်ဖြူတိုက်ပွဲကို တည်ကာ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ ဂွမြို့တွေကို ပြန်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်လို့ စစ်ရေးအကဲခတ်က သုံးသပ်ပါတယ်။

"ရခိုင်ရိုးမတောင်တန်းအောက်က ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့တွေကို ၂၀၂၄ မကုန်ခင်လေးမှာ အာရက္ခတပ်တော် AA ဟာ အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခဲ့တယ်။ ရိုးတောင်ပေါ်မှာရှိတဲ့ စစ်စခန်းတွေကိုလည်း ဆက်ပြီးသိမ်းတယ်။ အဲအချိန်ကတည်းကနေ အကြမ်းဖက်တပ်ဟာ အာရက္ခပြည်ထဲကို ဝင်နိုင်ဖို့ မြေပြင်ကနေ အသေအလူး ထိုးစစ်ဆင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် AA ရဲ့ ခံစစ်၊ ထိုးစစ်တွေကို မကျော်နိုင်ဘူး။ တစ်နှစ်ကျော် ကြာလာတဲ့အချိန်မှာ မြေပြင်ကနေ ဝင်ဖို့ မဖြစ်နိုင်မှန်း သိသွားလို့ ထင်တယ်။ ရေတပ်အင်အားကိုယူပြီး ကမ်းရိုးတန်းမြို့တွေကို သိမ်းဖို့ လုပ်လာတာဖြစ်ပါတယ်” လို့ သုံးသပ်ပါတယ်။

အခု ရမ်းဗြဲကမ်းရိုးတန်းအနီးမှာ စစ်သင်္ဘောတွေ အများအပြား သွားလာလှုပ်ရှားတာ၊ သံတွဲကမ်းခြေအနီးမှာ စစ်သင်္ဘောတွေကို အထိုင်ချထားတာတွေက ကျောက်ဖြူက မြေပြင်တပ်တွေဟာ ရမ်းဗြဲဘက်ကို သွားရောက်နိုင်အောင် ဗျူဟာခင်းတာလို့ ဆိုပါတယ်။

ကျောက်ဖြူတိုက်ပွဲကို ရမ်းဗြဲအထိ စစ်မျက်နှာဖွင့်ပြီးတော့ နောက်တစ်ဖက်မှာ ဧရာဝတီက စစ်ကြောင်းတွေဟာ ဂွဘက်ကို ဝင်နိုင်ဖို့ ဂွဒေသကို စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်မယ်၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်မယ် ဂွဒေသမှာ တိုက်ပွဲတွေဖော်ပြီး ကြိုးပမ်းမဲ့ ဗျူဟာဖြစ်တယ်လို့ ပြောပါတယ်။

"ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ ဂွဒေသတွေမှာ တစ်ပြိုင်တည်း စစ်မျက်နှာဖွင့်ပြီးတော့ ကျောက်ဖြူမှာတိုက်ခိုက်နေတဲ့ AA တပ်တွေကို အားနည်းသွားအောင် လုပ်မယ်ဆိုတဲ့ သဘောပေါ့။ ရမ်းဗြဲနဲ့ တောင်ကုတ်မှာရှိိနေတဲ့ AA တပ်တွေဟာလည်း ဂွဘက်ကိုလည်း သွားရောက်ကူနိုင်သလို ကျောက်ဖြူဘက်မှာလည်း ကူနိုင်တာကြောင့် AA တပ်တွေကို နေရာကွဲအောင် လှုပ်ရှားမှုတွေ ကွဲအောင် အင်အားတွေ ပြန့်ကြဲသွားအောင် လုပ်မယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ အဲလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ လေကြောင်းက အဆက်မပြတ် ဗုံးကြဲမှုတွေ ပစ်ကူပေးမှာမို့လို့ ဒီဗျူဟာ အောင်မြင်မယ်လို့ အကြမ်းဖက်တပ်က ထင်နေပုံ ရပါတယ်” လို့ စစ်ရေးအကဲခတ်က ဆိုပါတယ်။

တကယ့် လက်ရှိအရှိတရားမှာတော့ အကြမ်းဖက်တပ်ရဲ့ ဗျူဟာက အောင်မြင်မှု ရာခိုင်နှုန်း အလွန်နည်းပါးပြီးတော့ အာရက္ခတပ်တော် AA ကလည်း အကြမ်းဖက်တပ်က ဒီလိုမျိုး ဗျူဟာခင်းလာလိမ့်မယ်ဆိုတာကို သိရှိထားမှာဖြစ်ပါတယ်။ ဒါတွေကို ဘယ်လို ပြန်ပြီး ခုခံမလဲ ပြန်တိုက်ခိုက်မလဲဆိုတဲ့ အစီအမံတွေက အာရက္ခတပ်တော် AA မှာ ရှိနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်လို့ စစ်ရေးအကဲခတ်က ပြောပါတယ်။

"အကြမ်းဖက်တပ် မြန်မာစစ်တပ်ထက် ဗျူဟာကောင်းလို့ အချိန်တိုအတွင်း တစ်နှစ်ကျော်အတွင်းမှာ ပလက်ဝအပါအဝင် မြို့ပေါင်း ၁၅ မြို့ကိုတောင် သိမ်းပိုက်ထားတာ။ ပြီးတော့ ရိုးမတောင်အလွန်မှာလည်း စစ်မျက်နှာဖွင့်ပြီးတော့ နေ့တိုင်း တိုက်ခိုက်နေတာဖြစ်တယ်။ အကြမ်းဖက်တပ်က အများဆုံးလုပ်နိုင်ရင် ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ လောက်နဲ့ပဲ ခြိမ်းခြောက်နိုင်မှာပါ။ ကမ်းပေါ်ထိ တက်ရောက်နိုင်ဖို့က မလွယ်ကူလှဘူး။ မြို့ကိုသိမ်းပိုက်ဖို့ဆိုတာ အဝေးကြီးပေါ့လေ။ AA ကို အချဉ်လို့မှတ်နေရင်တော့ သေဖို့သာ ပြင်ထားလို့ ပြောကြားချင်ပါတယ်” လို့ စစ်ရေးအကဲခတ်က ဆိုပါတယ်။

အကြမ်းဖက်တပ်ရဲ့ ဗျူဟာ ဖြစ်မဖြစ်၊ အောင်မြင်မမြင်တော့ မသိဘူး အာရက္ခတပ်တော် AA ကတော့ လာမယ့် ၂၀၂၇ ခုနှစ် မကုန်မီအချိန်အတွင်းမှာ ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို အပြီးသတ် သိမ်းပိုက်သွားမယ်၊ လတ်စသတ်သွားမယ်လို့ ရာဇသံ ပေးထားပါတယ်။

ဒီရာဇသံက အာရက္ခတပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင် ရဲဘော်တွေနဲ့ အာရက္ခပြည်သူတွေကို ကတိပေး ပြောဆိုထားတဲ့ အာရက္ခအိပ်မက်ဖြစ်ပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်တပ်ကလည်း ကမ်းရိုးတန်းကနေ အာရက္ခပြည်ထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ဗျူဟာနဲ့ အာရက္ခတပ်တော် AA ကလည်း ၂၀၂၇ ခုနှစ် မကုန်မီ လက်ကျန်မြို့တွေကို အပြီးသတ်သိမ်းပိုက်သွားမယ်ဆိုတဲ့ ကတိစကားအောက်မှာ ဗျူဟာတွေ ရှိနေတာကြောင့် အာရက္ခပြည်ထဲမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဦးမှာဖြစ်ပါတယ်။

ဘယ်သူနိုင်မလဲဆိုတဲ့ အဖြေကို မေးတာထက် လက်ရှိမှာတော့ အကြမ်းဖက်တပ်က စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်နေပြီးတော့ အာရက္ခတပ်တော် AA က မြို့အများစုကို သိမ်းပိုက်ထားကာ စစ်ရေးအသာစီး ရနေတာဖြစ်ပါတယ်။

အာရက္ခပြည်သူတွေ အထူးသဖြင့် ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြတဲ့ မြို့ရွာတွေက ပြည်သူတွေအနေနဲ့ကတော့ စစ်ရေးသတိ အထူးရှိကြဖို့ လိုအပ်သလို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း စတဲ့ အန္တရာယ်တွေကို အထူးဂရိုက်စိုက် အလေးထားကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းလိုက်ပါရစေ။ ။

(Today Arakan News ဝိုင်းတော်သားတွေက စုစည်းတင်ဆက်ထားတာဖြစ်ပါတယ်)

https://www.youtube.com//posts


#အာရက္ခပြည်
#စစ်ရေးအခြေအနေ
#အကြမ်းဖက်တပ်ဗျူဟာ
#ရမ်းဗြဲမြို့နယ်
#ပင်လယ်ကမ်းရိုးတန်းဗျူဟာ
#အာရက္ခတပ်တော်

အကြမ်းဖက်တပ် ဗုံးကြဲလို့ မြောက်ဦးမှာ မြိုလူမျိုး ၁၃ ဦး ပြင်းထန်ဒဏ်ရာရ ~~~~~~ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်Today Arakan News ...
20/04/2026

အကြမ်းဖက်တပ် ဗုံးကြဲလို့ မြောက်ဦးမှာ မြိုလူမျိုး ၁၃ ဦး ပြင်းထန်ဒဏ်ရာရ
~~~~~~

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်
Today Arakan News

■ အာရက္ခပြည် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာ (မြိုတိုင်းရင်းသားများနေထိုင်ရာ) ကို အကြမ်းဖက် ဖက်ဆစ် မြန်မာစစ်တပ်က မနေ့က ဧပြီလ ၁၉ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၇ ကြိမ်တိုင် ဗုံးကြဲခဲ့လို့ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။

အကြမ်းဖက်တပ် ဗုံးကြောင့် ဘုန်းတော်ကြီးကျောင်းမှာ စာသင်နေကြတဲ့ သံဃာတော်တွေ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ မြိုတိုင်းရင်းသား ၁၃ ဦးမှာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ထားပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ လုံးဝ ပျက်စီးသွားသလို လူနေအိမ်အချို့မှာလည်း မီးလောင်ကျွမ်းသွားတာကြောင့် မြိုတိုင်းရင်းသားတွေမှာ နေစရာအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးတော့ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ မြိုလူမျိုး ၁၃ ဦးမှာလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ အနည်းဆုံး ၃ ဦးရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က မနက်ပိုင်းမှာပဲ အကြမ်းဖက် ဖက်ဆစ်စစ်တပ် မြန်မာစစ်တပ်ဟာ မြောက်ဦးမြို့က ပြည်သူများနေထိုင်ရာရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့အပြင် ပုဏ္ဏားကျွန်းမြို့ပေါ်က လူနေရပ်ကွက်အချို့နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး မြို့ပေါ်တိုက်ခိုက်မှုအတွင်း နောက်ထပ် အရပ်သား ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။

အာရက္ခတပ်တော် AA ကတော့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဟာ အာရက္ခပြည်အတွင်းက ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ လူနေအိမ်တွေနဲ့ လမ်း၊ တံတားတွေကို ဗုံးကြဲတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကာလမှာ အထူးသတိထားကြဖို့နဲ့ အိမ်တိုင်းလိုလိုမှာ ဗုံးခိုကျင်းတွေ ထားရှိဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

https://www.youtube.com//posts


#အာရက္ခပြည်
#မြောက်ဦးမြို့နယ်
#ပုဏ္ဏားကျွန်းမြို့နယ်
#လေကြောင်းဗုံးကြဲခံရ

အသက်သေနိုင်လို့ ဝက်သက်ရောဂါကို ကာကွယ်ကြဖို့ အာရက္ခကျန်းမာရေး အထူး သတိပေး ~~~~~~~ (ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ ကူးစက်ပျ...
19/04/2026

အသက်သေနိုင်လို့ ဝက်သက်ရောဂါကို ကာကွယ်ကြဖို့ အာရက္ခကျန်းမာရေး အထူး သတိပေး
~~~~~~~
(ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ ကူးစက်ပျံ့ပွားနေပြီး သေဆုံးသူတွေရှိလာ)

၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက်
Today Arakan News

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါ ပျံ့ပွားနေပြီး အသက်သေဆုံးသူတွေ ရှိလာနေတဲ့အတွက် နယ်စပ်ချင်းထိစပ်နေတဲ့ အာရက္ခပြည်အတွင်းမှာလည်း ဝက်သက်ရောဂါကို ကြိုတင်ကာကွယ်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေး တိုက်တွန်းထားပါတယ်။

ဝက်သက်ရောဂါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကူးစက်ပျံ့ပွားနေတာ အချိန်တစ်ပတ်ကျော် ကြာမြင့်လာတဲ့အပြင် လက်ရှိအချိန်အထိလည်း ကူးစက်ပျံ့ပွားနေတုန်းဖြစ်တဲ့အတွက် အာရက္ခပြည်သူတွေ အထူးသတိထားပြုကြလို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မောင်တောခရိုင်ဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ တောင်ပြိုနဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ပလက်ဝခရိုင် စတဲ့ဒေသတွေမှာ အဓိကထား သတိပြုကြရမယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။

ဝက်သက်ရောဂါဆိုတာဟာ လေထဲကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး ကူးစက်မှုဟာ အလွန်မြန်ဆန်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ ချောင်းဆိုး၊ နှာချေတာကနေ ကူးစက်နိုင်ပြီး အသက်အရွယ် မရွေး ကူးစက်နိုင်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးသူငယ်တွေမှာ အသက်အန္တရာယ် ပေးနိုင်တဲ့အထိ ရောဂါဟာ ပြင်းထန်တတ်တာကြောင့် အာရက္ခပြည်သူတွေအနေနနဲ့ အလေးအနက်ထား ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။

ဝက်သက်ရောဂါ ဖြစ်ပွားမှုကို သိနိုင်တဲ့ ရောဂါလက္ခဏာတွေမှာ အဖျားကြီးတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ မျက်စိနာတာ၊ မျက်ရည်ပူကျတာ၊ ဖျားပြီး ၄ ရက်လောက်အကြာမှာ ခန္ဓာကိုယ်အနှံ့အပြား အနီစက်၊ အနီကွက်တွေနဲ့ အဖုအပိမ့်တွေ ထွက်ပေါ်လာတာမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် ပါးစပ်အတွင်းပိုင်း ပါးနံရံတွေနဲ့ လျှာတွေမှာ အဖြူရောင် အစက်အပြောက်တွေ ပေါ်ပေါက်တာကလည်း ဝက်သက်ရောဂါနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။

ဒီရောဂါကို ဘယ်လို ကာကွယ်နိုင်လဲဆိုတော့ ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတာကနေ ကာကွယ်နိုင်ပါတယ်။ နောက် ဝက်သက်ရောဂါပိုး ရှိသူ၊ ရောဂါလက္ခဏာတွေ့နေရသူ၊ သသံသယရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြည်မှုနဲ့ ကာကွယ်နိုင်ပါတယ်။

ဆက်ပြီးတော့ လူစုလူဝေးရှိရာသို့ မသွားတာ၊ လူထူထပ်တဲ့ နေရာတွေမှာ မနေထိုင်တာ၊ မသွားတာနဲ့ ဝက်သက်ရောဂါ မကူးစက်အောင် ရှောင်ကြည်နေထိုင်လို့ ရပါတယ်။

ထပ်ပြီး ကာကွယ်နိုင်တာက အပြင်ထွက်တိုင်း၊ သွားလာတိုင်းမှာ နှာခေါင်းစည်းတပ်ဆင်ခြင်း (Mask တပ်) ၊ အပြင်ကလာတိုင်းနဲ့ အစာမစားခင်တိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ စင်ကြယ်အောင် ဆေးကြောခြင်းအားဖြင့်လည်း ဝက်သက်ရောဂါကို ကာကွယ်နိုင်ပါတယ်။

တကယ်လို့ ဝက်သက်ရောဂါ ဖြစ်ပွားနိုင်တဲ့ လက္ခဏာတွေ၊ သံသယတွေ ရှိလာပြီဆိုရင် အမြန်ဆုံး ဆေးရုံဆေးခန်းသို့ သွားရောက်ပြီး ကုသမှုကို အမြန်ဆုံးခံယူရပါမယ်။

ဝက်သက်ရောဂါကို အိမ်မှာနေပြီး ဆေးမီးတိုတွေ၊ ရိုးရာကုသနည်းတွေနဲ့ ကုသလို့ မကောင်းနိုင်တဲ့အတွက် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံတွေကို အမြန်ဆုံး သွားရောက်ကုသခံယူမှသာ ရောဂါဟာ အမြန်ဆုံးပျောက်ကင်း သက်သာနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ ဝက်သက်ရောဂါ ဖြစ်ပွားနေပြီဆိုပါက နေအိမ်အတွင်းမှာ ရောဂါပိုးရှိသူနဲ့ မရှိသူတွေကို သီးသန့်ခွဲခြားထားရမှာဖြစ်ပြီး ရောဂါပိုးရှိသူနဲ့ အတတ်နိုင်ဆုံး မထိတွေ့အောင် နေထိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ရောဂါပိုးရှိသူကို လျစ်လျူရှုထားတာ မလုပ်ဘဲ ဆေးခန်း၊ ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်တာ၊ မပို့နိုင်သေးတဲ့အချိန်မှာ သေချာ စနစ်တကျ ထားပေးတာနဲ့ လက်အိတ်၊ နှာခေါင်းစည်းလိုမျိုး အကာအကွယ်ပစ္စည်းတွေနဲ့ ဂရုတစ်စိုက် ပြုစုစောင့်ရှောက်ပေးကြဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် အာရက္ခပြည်သူပြည်သားတွေအနေနဲ့ ဝက်သက်ရောဂါနဲ့ ပတ်သက်ပြီး မိမိပတ်ဝန်းကျင်တွေမှာ ထူးခြားတာ တစ်ခုခု တွေ့ရှိမြင်ရှိပါက နီးစပ်ရာ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသီးသီးနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် အမြန်ဆုံး သတိပေး အကြောင်းကြားဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေး တိုက်တွန်းထားပါတယ်။

https://www.youtube.com//posts


#ဝက်သက်ရောဂါ
#အာရက္ခပြည်
#ဘင်္ဂလားဒေ့ရှ်
#အသက်သေဆုံးနိုင်
#အမြန်ဆုံးကာကွယ်ကြရန်

မောင်တောခရိုင်က အကျဉ်းသား ၆၇ ဦးကို အာရက္ခတပ်တော် ပြန်လွှတ်ပေး ~~~~~ ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက်Today Arakan News ■ အာရက္ခပြ...
19/04/2026

မောင်တောခရိုင်က အကျဉ်းသား ၆၇ ဦးကို အာရက္ခတပ်တော် ပြန်လွှတ်ပေး
~~~~~
၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက်
Today Arakan News

■ အာရက္ခပြည် မောင်တောခရိုင်မှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်တွေကနေ အကျဉ်းသား ၆၇ ဦးကို ဧပြီလ ၁၇ ရက်နေ့မှာ အာရက္ခတပ်တော် AA က ပြန်လွှတ်ပေးလိုက်ပါတယ်။

ဧပြီလ ၁၇ ရက်နေ့ဟာ နှစ်ဆန်းတစ်ရက် ဖြစ်တာကြောင့် ပြည်သူတွေအေးချမ်းပျော်ရွှင်စေဖို့နဲ့ လူသားချင်းစာနာထောက်ထားလို့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာဖြစ်ပြီး လွတ်မြောက်လာသူတွေထဲမှာ ARSA နဲ့ ဆက်စပ်သူ ၃ ဦး၊ စစ်ကောင်စီနဲ့ ဆက်စပ်သူ ၃၅ ဦးနဲ့ လက်နက်ခဲယမ်း မှောင်ခိုပို့သူ ၄ ဦး တို့ဖြစ်ကြပါတယ်။

အကျဉ်းသားတွေကို ကတိခံဝန်ချက် လက်မှတ်ရေးထိုး လွှတ်ပေးလိုက်တာဖြစ်ပြီး နောက်တစ်ကြိမ် ပြစ်မှုတွေ ကျူးလွန်ရင်တော့ ပိုကြီးတဲ့ ပြစ်ဒဏ်တွေကို ခံရမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ အာရက္ခတပ်တော် AA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်မြောက်နေ့မှာ ပလက်ဝခရိုင်အတွင်းက အကျဉ်းသားတွေ အပါအဝင် စစ်သုံ့ပန်း ၂၁ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အာရက္ခတပ်တော် AA ဟာ တိုက်ပွဲအတွင်းမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ အပါအဝင် ရာဇဝတ်မှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်နဲ့ ပြန်လွှတ်ပေးနေပြီး လက်ရှိအချိန်အထိ အကျဉ်းသား ၃၀၀၀ ဦးထက်မနည်းကို လွှတ်ပေးထားပြီးပြီလို့ သိရပါတယ်။

https://www.youtube.com//posts


#မောင်တောခရိုင်
#ပလက်ဝခရိုင်
#စစ်သုံ့ပန်းများ
#အကျဉ်းသားများ
#ပြန်လွှတ်ပေးခြင်း
#အာရက္ခတပ်တော်

မြောက်ဦးနှင့် ပုဏ္ဏားကျွန်းကို အကြမ်းဖက်တပ် ဗုံးကြဲ၊ ထိခိုက်သူများရှိ~~~~~~၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်Today Arakan News ■ ...
19/04/2026

မြောက်ဦးနှင့် ပုဏ္ဏားကျွန်းကို အကြမ်းဖက်တပ် ဗုံးကြဲ၊ ထိခိုက်သူများရှိ
~~~~~~
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်
Today Arakan News

■ အာရက္ခပြည် မြောက်ဦးမြို့နယ်နဲ့ ပုဏ္ဏားကျွန်းဒေသတွေကို အကြမ်းဖက် မြန်မာစစ်တပ်ကနေ ဒီကနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်မှုတွေရှိပါတယ်။

ဒီနေ့ မနက် ၁၀ နာရီလောက်မှာ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ရွာနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဓာတ်အားခွဲစက်ရုံကို တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ် ကြဲချခဲ့တဲ့ ဗုံးမှာ ဓာတ်အားခွဲစက်ရုံကို ကျရောက်ခဲ့တဲ့အပြင် အနီးအနားရှိ လူနေအိမ်တွေလည်း ထိခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဆည်ပြင်ရွာမှာလည်း ထိခိုက်သူတွေရှိပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်ဟာ အာရက္ခပြည်ကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ အာရက္ခတပ်တော် AA က အသိပေးတိုက်တွန်းထားပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ စစ်သည်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေအတွက် ပြန်လည် လက်စားချေ တုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော်က အာရက္ခပြည်သူတွေကို ကတိပေး ပြောဆိုထားပါတယ်။

လာမယ့် ၂၀၂၇ ခုနှစ် မကုန်မီအချိန်အတွင်းမှာ ကျန်ရှိနေသေးတဲ့ မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို အပြီးသတ် သိမ်းပိုက်သွားမှာဖြစ်ပြီး အာရက္ခတစ်ပြည်လုံး အကြမ်းဖက်တပ် ကင်းစင်ရေး လက်စသတ်သွားမယ်လို့ ဆက်လက် ကတိပေး ထားပါတယ်။

ပုံစာ - ဗုံးကြဲခံရမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဓာတ်အားခွဲစက်ရုံ မီးလောင်နေစဉ်။

https://www.youtube.com//posts


#အာရက္ခပြည်
#မြောက်ဦး
#ပုဏ္ဏားကျွန်း
#လေကြောင်းအန္တရာယ်
#အကြမ်းဖက်မြန်မာစစ်တပ်

အာရက္ခပြည်မှာ နိုင်ငံခြားအရက်ဘီယာတွေကို ရောင်းချခွင့် ယာယီခွင့်ပြု ~~~~~ ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်Today Arakan News■ ကန့်သ...
02/04/2026

အာရက္ခပြည်မှာ နိုင်ငံခြားအရက်ဘီယာတွေကို ရောင်းချခွင့် ယာယီခွင့်ပြု
~~~~~
၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်
Today Arakan News

■ ကန့်သတ်ပိတ်ပင်ထားတဲ့ နိုင်ငံခြားအရက်ဘီယာ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သောက်သုံးခွင့်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖြေလျော့ပေးလိုက်ပြီး ယာယီခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။

ပြည်မကလာတဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အရက်ဘီယာတွေနဲ့ နိုင်ငံခြား အရက်ဘီယာတွေကို အာရက္ခပြည်မှာ ကန့်သတ်ထုတ်ကုန်အဖြစ် သတ်မှတ်ထားတာပါ။

အဲဒီထဲကမှ နိုင်ငံခြားအရက်ဘီယာတွေကို ပြန်လည်ရောင်းချ သောက်သုံးခွင့်အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းကန့်သတ်ချက်တွေနဲ့ ယာယီခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံခြားအရက်ဘီယာ တင်သွင်းခွင့်ကို ဒီကနေ့ ဧပြီလ ၂ ရက်ကနေ ၉ ရက်နေ့အတွင်း ခွင့်ပြုပေးထားပြီး ဖြန့်ဖြူးရောင်းခြင်းကိုတော့ မနေ့က ဧပြီလ ၁ ရက်ကနေ မေလ ၃၀ ရက်နေ့အထိ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားအရက်တွေကို တင်သွင်းကြမယ့် လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးတွေမှာ စာရင်းပေး အခွန်ဆောင်ထားရမှာဖြစ်သလို ရောင်းချမယ့်သူတွေအနေနဲ့လည်း စာရင်းပေး အခွန်ဆောင်ထားရမှာ ဖြစ်ပါတယ်။

ခွင့်ပြုချက်မရှိ၊ အခွန်ဆောင်ထားခြင်းမရှိတဲ့ အရက်ဘီယာတွေကို တင်သွင်းခွင့်၊ ရောင်းချခွင့် လုံးဝ ခွင့်ပြုပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ခွင့်ပြုပေးထားတဲ့ မေလ ၃၀ ရက်နေ့ နောက်ပိုင်း (ခွင့်ပြုကာလ ကုန်ဆုံးပြီးနောက်) ထပ်မံ တင်သွင်းခြင်း၊ ရောင်းချခြင်းတွေ ပြုလုပ်လိုပါက သက်ဆိုင်ရာ ဌာနတွေမှာ ပြန်လည်စာရင်းပေး၊ အခွန်ထမ်းဆောင်ပြီး လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။

အခွန်ဆောင်ထားတဲ့ အရက်ဘီယာတွေက လွဲပြီး တခြားအရက်ဘီယာတွေကို ရောင်းချခြင်းမရှိကြောင်းနဲ့ တကယ်လို့ တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။


#အာရက္ခပြည်
#အရက်ဘီယာရောင်းချခွင့်

အကြမ်းဖက်စစ်တပ် သံတွဲကို ဗုံးကြဲ စစ်ရှောင် ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ ~~~~~~~ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်Today Arakan News ■ အ...
02/04/2026

အကြမ်းဖက်စစ်တပ် သံတွဲကို ဗုံးကြဲ စစ်ရှောင် ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
~~~~~~~

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်
Today Arakan News

■ အာရက္ခပြည် သံတွဲမြို့နယ်ကို အကြမ်းဖက် မြန်မာစစ်တပ်က မနေ့က ဧပြီလ ၁ ရက် မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲခဲ့လို့ အပြစ်မဲ့ စစ်ဘေးရှောင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦးမှာ ပြင်းထန် ဒဏ်ရာ ရရှိသွားပါတယ်။

ငပလီကမ်းခြေမှာရှိတဲ့ ခလရ ၅၅ တပ်ရင်းဟောင်းအနီးကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနီးအနားရှိ စစ်ဘေးရှောင်ပြည်သူ မိသားစုတစ်စုလုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသူ ၄ ဦးစလုံးမှာ တစ်မိသားစုတည်းဖြစ်ပြီး ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ အာရက္ခတပ်တော် AA က ပြောပါတယ်။

ခလရ ၅၅ တပ်ရင်းဟောင်းကို အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဂျက်ဖိုက်တာ လေယာဉ် ၄ စီးနဲ့ လာရောက် ဗုံးကြဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ငပလီမှာ သေဆုံးသွားတဲ့ မိသားစုဟာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်သစ်ရဲ့ ပထမဆုံး ကျူးလွန်တဲ့ မိသားစုလိုက် သတ်ဖြတ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုဖြစ်တယ်လို့ AA က ပြောပါတယ်။

အာရက္ခတပ်တော် AA က သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်တာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်ဟာ အာရက္ခပြည်ကို တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု အရင်ကထက် ပိုမို ပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိရှိကြဖို့ AA က တိုက်တွန်းထားပါတယ်။


#အကြမ်းဖက်မြန်မာစစ်တပ်
#လေကြောင်းဗုံးကြဲ
#အာရက္ခပြည်
#သံတွဲမြို့နယ်ငပလီမြို့
#ပြည်သူတွေသေဆုံး

Address

Ngapli Main Road, Arakan (Rakhine) State
Thandwe
07172

Website

Alerts

Be the first to know and let us send you an email when Today Arakan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share