20/01/2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ စစ်ဆေးရေးဂိတ်တွင် တရားမဝင် စာသင်ကျောင်းတွင် စာသင်ကြားနေသော CDM ဆရာမ ၁ ဦးအား ဖမ်းဆီးရမိ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်
ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ရွှေဘိုမြို့၊ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက်ခြင်းများ စစ်ဆေးနေစဉ် ကောလင်း-မန္တလေး ပြေးဆွဲသည့် နန်းမြင့် ခရီသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် မလင်းလဲ့လဲ့လွင် (၂၅) နှစ် CDM ကျောင်းဆရာမအား တရားမဝင် NUG စာသင်ကျောင်းတွင် သင်ကြားခဲ့သည့် အထောက်အထားများနှင့်တကွ တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရပါသည်။