East Yangon University Students' Union - EYUSU

East Yangon University Students' Union - EYUSU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from East Yangon University Students' Union - EYUSU, Media, Corner of Myay Ni Street & Canteen Street, Shwe Thanlyin Hall, University of East Yangon, Thanlyin.
(234)

ဗကသများအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှုပြုလုပ်၊မေလ (၁)ရက်နေ့...
01/05/2025

ဗကသများအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ်
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှုပြုလုပ်၊

မေလ (၁)ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တနေရာမှာ "လုပ်အားစိုက်ထုတ်သူများ၊ တိုက်ပွဲအတွင်းသို့လာကြ" စာတန်းပါ ဘန်နာတခုကို ချိတ်ဆွဲခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ကို ဂုဏ်ပြုခြင်းဖြစ်တဲ့အပြင် နိုင်ငံတဝှမ်းမှာရှိတဲ့ အဖိနှိပ်ခံအလုပ်သမားထုနှင့်အတူ လူထုတရပ်လုံးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြဖို့လှုံ့ဆော်ခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်တည်မြဲနေသ၍ အလုပ်သမားအခွင့်အရေး၊ကျောင်းသားအခွင့်အရေး၊လူ့အခွင့်အရေးဆိုတာ မရှိနိုင်တာဖြစ်လို့ စစ်သုံးစစ် အမြစ်ပြတ်သည်အထိ ကျောင်းသားထု၊လုပ်သားထုအပြင် ပြည်သူလူထုတရပ်လုံး လက်တွဲညီညီနဲ့ ဆက်လက်ဆန့်ကျင်တော်လှန်သွားကြဖို့လိုအပ်ပါတယ်။

#မေဒေး #ဗကသ
#ရရတကသ

◾️ (၃၆)နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန်သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေ...
06/08/2024

◾️ (၃၆)နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန်သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)အမြစ်ဖြတ်ရေး လူထု လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဩဂုတ် ၆၊ ရရတကသ။

ရန်ကုန်သပိတ်အင်အားစုများက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ တွင် "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"၊ "The Future of Our Nation is in Our hand"၊ "ရပ်တန့်၍မရ" စာသားပါ ဘန်နာများ ကိုင်စွဲပြီး ရန်သူ့ဖိနှိပ်မှုများ တင်းကျပ်ထားသည့်ကြားမှ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ပြန်ကြားရေး
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(ရရတကသ)
#8888

ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်အင်အားစုများက ရန်ကုန်မြို့တွင် စစ်အာဏာရ...
31/07/2024

ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်အင်အားစုများက ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၃၁၊ ရရတကသ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရရတကသ) နဲ့ Yangon Revolution Force တို့ပူးပေါင်းပြီး ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ ၅၃ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ရန်ကုန်မြို့တွင် “ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

ပြန်ကြားရေး
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)

◾အာဇာနည်မျိုး သေရိုးမရှိယနေ့ ဇူလိုင်လ ၁၉ရက်နေ့သည် (၇၇)ကြိမ်မြောက် ကျရောက်သော အာဇာနည်နေ့ ဖြစ်ပေသည်။ လွတ်လပ်ရေးအတွက် တိုက်...
19/07/2024

◾အာဇာနည်မျိုး သေရိုးမရှိ

ယနေ့ ဇူလိုင်လ ၁၉ရက်နေ့သည် (၇၇)ကြိမ်မြောက် ကျရောက်သော အာဇာနည်နေ့ ဖြစ်ပေသည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း၊ ခေတ်ဆိုး စနစ်ဆိုးများအောက်တွင် အာဏာရှင်ကို အန်တုတော်လှန်ရင်းဖြင့် ဤမြေတွင် ၉ဦးမကသော အာဇာနည်များစွာ ကျဆုံးခဲ့ရသည်။

၃နှစ်ကျော်တော်လှန်ရေး ခရီးကြမ်းကို ဖြတ်သန်းလာသည့် နွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသော အာဇာနည်မြောက်မြားစွာ ပေါ်ထွက်ခဲ့သည်။ ခေတ်အဆက်ဆက် တော်လှန်ရေးအထပ်ထပ်ဖြတ်၍ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော အာဇာနည်ခေါင်းဆောင်များအား အလေးပြုရင်း တကသများ- ရန်ကုန်၏ ကျောင်းသားအာဇာနည်များအား ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြလိုက်ရပါသည်။

၁။ ကိုထွန်းအောင်ဝေ (ဒဂုံတက္ကသိုလ်)
၂။ ကိုသက်နောင်ဆွေ (ဒဂုံတက္ကသိုလ်)
၃။ ကိုဟန်ထက်အောင် (ဒဂုံတက္ကသိုလ်)
၄။ ကိုအောင်ကောင်းမိုး (ဒဂုံတက္ကသိုလ်)
၅။ ကိုနန္ဒဖြိုးအောင် (ဒဂုံတက္ကသိုလ်)
၆။ ကိုဟိန်းဇော်ထွန်း(သန်လျင်နည်းပညာတက္ကသိုလ်၊ မက္ကထရောနစ်မေဂျာ)
၇။ ကိုထက်မြတ်အောင်(မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်)
၈။ ကိုThomas (မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်)
၉။ ကိုဟန်ဖြိုး (မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်)

07/07/2024

၆၂ မြောက် ဆဲဗင်းဂျူလိုင်နှစ်ပတ်လည်နေ့တွင် ကျောင်းသားပြည်သူများထံပေးပို့သော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုမင်းရတုထက်၏ သတင်းစကား။

အားလုံးပဲ မင်္ဂလာပါ။

ဒီကနေ့က ဆဲဗင်းဂျူလိုင်ပါ။ ဆဲဗင်းဂျူလိုင်လို့ ပြောတဲ့အခါကျရင် ကျွန်တော်တို့ ကျောင်းသားပြည်သူအားလုံးရဲ့ ရင်ထဲမှာ စွဲစွဲမြဲမြဲနဲ့ ခံပြင်းနေကြမယ်ဆိုတာ သိပါတယ်။ အာဏာရှင်ရဲ့ တိုင်းပြည်နဲ့ ပြည်သူလူထု တိုင်းရင်းသားတွေအပေါ်ကို စစ်ကြေညာတဲ့နေ့ဆိုလည်း မမှားပါဘူး။

အာဏာရှင်အဆက်ဆက် ဒီဖက်ဆစ်သွေးတွေဟာ ကျနော်တို့ရဲ့ တိုင်းပြည်ထဲမှာ သက်ဆိုးရှည်ပြီး စီးဆင်းနေခဲ့တာ အချိန်ကြာပါပြီ။ ဒါကို ကျွန်တော်တို့က သားကြောဖြတ်သလိုမျိုး (နည်းနာနဲ့) ဘယ်တော့မှ အာဏာရှင်တွေကို ပြန်လည်မွေးဖွားခွင့် မပေးတော့ပါဘူး။ ဒါကြောင့်မို့လို့ (လက်ရှိ) နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

လက်ရှိတော်လှန်ရေးက အချိန်ကာလတခုကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတွေလည်း စစ်ဒဏ်ကို ခံနေကြရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မျိုးဆက်ဟာ နောက်ဆုံးမျိူးဆက် အနေနဲ့ အာဏာရှင်ကို တိုက်ထုတ်မယ့် မျိုးဆက်ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ နောက်မျိူးဆက်တွေအတွက် တိုက်ပွဲဝင်နေကြတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲဆိုတာကတော့ ကြမ်းတမ်းတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့လည်းပဲ ကျွန်တော်တို့ရဲဘော်တွေဟာ တိုက်ပွဲထဲမှာ ကြမ်းတမ်းစွာနဲ့ပဲ အသက်ပေး(ပြီး) တိုက်ပွဲဝင်နေကြပါတယ်။ ပြည်သူတွေဟာလည်းပဲ တာဝန်ကျေစွာနဲ့ပဲ တိုက်ပွဲဝင်နေကြပါတယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ အိမ်မှာနေနေကြတဲ့ ပြည်သူတွေကအစ တော်လှန်ရေးရဲဘော်တွေအကုန်လုံး အထွေထွေကြပ်တည်းမှုဆိုတဲ့ အခြေအနေကို ရောက်ရှိလို့လာပါပြီ။ ငါနဲ့မဆိုင်ဘူးဆိုပြီး နေလို့မရတော့ဘူး။ ကျွန်တော်တို့ရဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြီးက အိမ်တံခါးကို လာခေါက်နေပါပြီ။ ဒါကို အားလုံးလည်း သိကြပါလိမ့်မယ်။

ဒီပြဿနာတွေအားလုံးရဲ့ အဖြေက တော်လှန်ရေးပဲ ဖြစ်တယ်။ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ ဒီအာဏာရှင်ဆိုးတွေ ၊ ဖက်ဆစ်သန္ဓေတည်နေတဲ့ ကောင်တွေကို ကျွန်တော်တို့ တိုက်ဖျက်ဖို့လိုအပ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူတရပ်လုံး ဆဲဗင်းဂျူလိုင်မှ စပြီးတော့ နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ သွားရင်းနဲ့ အတူတူတွန်းလှန်ကြရအောင်။

||| အရေးတော်ပုံအောင်ရမည်။

07/07/2024

ရန်ကုန်မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ရရတကသ။

ပြည်သူ့တော်လှန်ရေး အင်အားစုများက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “အထွေထွေ အကျပ်အတည်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ”၊ “ဘုန်းကြီးသတ်တဲ့ စကစ ရဟန်းရှင်လူ တိုက်ဖျက်ကြ” ဘန်နာတွေကို ကိုင်စွဲပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

ပြန်ကြားရေး
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(ရရတကသ)

#ရရတကသ #ဆဲဗင်းဂျူလိုင် #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်...
07/07/2024

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုများပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇ရက်၊ ရရတကသ။

ပြည်သူ့တော်လှန်ရေး အင်အားစုများ က ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ “တိုင်းဖျက်ပြည်ဖျက်ဖက်ဆစ်တပ် ပြည်သူအားနဲ့တိုက်ဖျက်" စာသားပါ ဘန်နာအား ကိုင်ဆွဲပြီး "ကျောင်းသားရာချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဇူလိုင်" ပန်းဖလက်များအားဖြန့်ဝေကာ ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မူရင်းဖိုင်အား အောက်ပါလင်ခ့်မှ ဒေါင်းလုတ်ပြီး လွတ်လပ်စွာဖြန့်ဝေနိုင်ပါတယ်။

To Download - https://drive.google.com/file/d/1EcZHinnfSMfcr2z8_J2QrbO3Kn-yZ9Mc/view?usp=drivesdk

ပြန်ကြားရေး
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(ရရတကသ)


#ဆဲဗင်းဂျူလိုင်

#လှုပ်ရှားမှု
#စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
#အထွေထွေအကျပ်အတည်းဖြေရှင်းရေး

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး၊ မတရားစစ်...
07/07/2024

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုများပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇ရက်

ပြည်သူ့တော်လှန်ရေး အင်အားစုများ က “ကျောင်းသားရာချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဂျူလိုင် ” ပန်းဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မူရင်းဖိုင်အား အောက်ပါလင်ခ့်မှ ဒေါင်းလုတ်ပြီး လွတ်လပ်စွာဖြန့်ဝေနိုင်ပါတယ်။

To Download -
https://drive.google.com/file/d/1EcZHinnfSMfcr2z8_J2QrbO3Kn-yZ9Mc/view?usp=drivesdk


#ဆဲဗင်းဂျူလိုင်

#လှုပ်ရှားမှု
#အထွေထွေအကျပ်အတည်းဖြေရှင်းရေး

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အ...
07/07/2024

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး ဓာတ်ပုံလှုပ်ရှားမှုတရပ်ပြုလုပ်။

၂၀၂၄၊ ဇူလိုင် ၇

ပြည်သူ့တော်လှန်ရေး အင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “၇.၇.၆၂ မမေ့ကြနဲ့"၊ "ဆင်းရဲကျပ်တည်းမှုရဲ့ တရားခံ စစ်အုပ်စုသာလျှင် တရားခံ"၊ "ကျည်နဲ့ပေးရင် သွေးနဲ့ရေးတဲ့သမိုင်း ဆဲဗင်းဂျူလိုင်မှသည် ထာဝစဉ်အဓွန့်ရှည်ပါစေ"စာသားများ နှင့် ဆဲဗင်းဂျူလိုင်ကာလမှဓာတ်ပုံများကိုင်စွဲပြီး ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်တက္ကသိုလ်အတွင်း အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။


#ဆဲဗင်းဂျူလိုင်

#လှုပ်ရှားမှု
#အထွေထွေအကျပ်အတည်းဖြေရှင်းရေး
#စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်...
07/07/2024

⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇ရက်၊ ရရတကသ။

ပြည်သူ့တော်လှန်ရေး အင်အားစုများ က ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ “အထွေထွေ အကြပ်အတည်းဖြေရှင်းဖို့ ရဟန်းရှင်လူ ပုန်ကန်စို့” စာသားပါဘန်နာအား ချိတ်ဆွဲပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

ပြန်ကြားရေး(ရရတကသ)


#ဆဲဗင်းဂျူလိုင်

Address

Corner Of Myay Ni Street & Canteen Street, Shwe Thanlyin Hall, University Of East Yangon
Thanlyin

Alerts

Be the first to know and let us send you an email when East Yangon University Students' Union - EYUSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category