ONEX2 Myanmar

ONEX2 Myanmar ဘောလုံးနှင့်သက်ဆိုင်သော သုတ ရသ သတင်း များကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင့်

10/06/2026

pogba & his teammates

မတူရင် မတုနဲ့ ရှင်းလား😎
09/06/2026

မတူရင် မတုနဲ့ ရှင်းလား😎

အရင်တစ်ခေါက်လိုပဲ အခုလည်း ခြေစွမ်းပွဲအဖြစ် ယူကရိန်းနဲ့ ကစားနေချိန်မှာပဲ အဲရစ်ဆန်က ကွင်းထဲမှာ ရုတ်တရက် လဲကျသွားခဲ့ပါတယ် အ...
08/06/2026

အရင်တစ်ခေါက်လိုပဲ အခုလည်း ခြေစွမ်းပွဲအဖြစ် ယူကရိန်းနဲ့ ကစားနေချိန်မှာပဲ အဲရစ်ဆန်က ကွင်းထဲမှာ ရုတ်တရက် လဲကျသွားခဲ့ပါတယ်
အဲရစ်ဆန် လဲကျသွားချိန်မှာတော့ ဒိန်းမတ်နဲ့ ယူကရိန်းကစားသမားတွေဟာ တစ်စုတစ်ဝေးတည်း စုရုံးပေးခဲ့ကြပါတယ်
အဲရစ်ဆန် ပြန်သတိရလာပေမယ့်လည်း ပွဲကို ဆက်မကစားကြဖို့ ၂ သင်းက သဘောတူပြီး ဖျက်သိမ်းလိုက်ကြပါပြီ

အသင်းလိုက်အောင်မြင်မှုနည်းခြင်းနှင့် အသက်အရွယ်ကြောင့် ဈေးကွက်တန်ဖိုး ကျဆင်းသွားရတဲ့ အမ်ဘာပေနာမည်ကြီး ဘောလုံးဝဘ်ဆိုက်ဖြစ်...
06/06/2026

အသင်းလိုက်အောင်မြင်မှုနည်းခြင်းနှင့် အသက်အရွယ်ကြောင့် ဈေးကွက်တန်ဖိုး ကျဆင်းသွားရတဲ့ အမ်ဘာပေ
နာမည်ကြီး ဘောလုံးဝဘ်ဆိုက်ဖြစ်တဲ့ Transfermarkt ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေရဲ့ ဈေးကွက်တန်ဖိုးဟာ ယူရို သန်း ၂၀ အထိ ကျဆင်းသွားပြီး လက်ရှိမှာ ယူရို ၁၈၀ သန်းသာ ရှိတော့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ခြိမ်းခြောက်နေတဲ့ ထိပ်သီးအသင်းကြီးတွေရဲ့ ရှေ့တန်းတိုက်စစ်အတွဲတွေကတော့ ပြိုင...
02/06/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ခြိမ်းခြောက်နေတဲ့ ထိပ်သီးအသင်းကြီးတွေရဲ့ ရှေ့တန်းတိုက်စစ်အတွဲတွေကတော့ ပြိုင်ဘက်ခံစစ်မှူးတွေကို အိပ်မက်ဆိုးတွေပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တစ်သင်းချင်းစီရဲ့ တိုက်စစ်အင်အားက တကယ့်ကို ထိတ်လန့်စရာကောင်းလှပါတယ်။
အာဂျင်တီးနား 🇦🇷 ဂန္ထဝင် မက်ဆီ ရဲ့အတွေ့အကြုံတွေနဲ့အတူ လော်တာရို ၊ အယ်လ်ဗာရက်ဇ် တို့လို သွေးသစ်စက်ပွားတွေ ပေါင်းစပ်ထားတဲ့ လက်ရှိချန်ပီယံတို့ရဲ့ သေနတ်သုံးပြောင်းတိုက်စစ်တန်း။
ပေါ်တူဂီ 🇵🇹 (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားကို စံချိန်တင်ဆင်နွှဲမယ့် ဂိုးသွင်းဘုရင် ရော်နယ်ဒို ကို အထိုင်ထားပြီး ဉာဏ်ကြီးရှင် ဘာနာဒို နဲ့ ဂျိုအာဖီးလစ် တို့ ဝန်းရံထားတဲ့ နည်းဗျူဟာမြောက် တိုက်စစ်။
ဘရာဇီး 🇧🇷 ဆမ်ဘာအကအလှတွေနဲ့အတူ လျှပ်စီးလိုမြန်တဲ့ ဗီနီစီယပ်စ် ၊ ကူညာ နဲ့ ရီဖင်ညာ တို့ရဲ့ ထိန်းမနိုင်သိမ်းမရ အဖျက်စွမ်းအားပြင်း ရှေ့တန်းအတွဲ။
ပြင်သစ် 🇫🇷 ကမ္ဘာ့အန္တရာယ်အရှိဆုံး တိုက်စစ်မှူး ဘာပေ ရဲ့ ဦးဆောင်မှုအောက်မှာ အမြန်နှုန်းမြင့် ဒမ်ဘီလီ နဲ့ လူငယ်ကြယ်ပွင့် ဒူယေး တို့ ပါဝင်တဲ့ တားဆီးရခက်ခဲမယ့် တိုက်စစ်အင်ပါယာ။
အင်္ဂလန် 🏴󠁧󠁢󠁥󠁮󠁧󠁿 ဂိုးသွင်းစက်ကြီး ဟာရီကိန်း ၊ သမိုင်းဝင်မှတ်တိုင်တွေ ချိုးဖျက်ထားတဲ့ ဆာကာ နဲ့ အားကိုးရတဲ့ ဝတ်ကင်စ် တို့ရဲ့ ပရီးမီးယားလိဂ်အဆင့်အတန်းမြင့် တိုက်စစ်စွမ်းပကား။
ဒီလို နာမည်ကြီးပြီး ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲတွေထဲမှာ ဘယ်နိုင်ငံရဲ့ တိုက်စစ်က ဂိုးအများဆုံး သွင်းယူပြီး ပြိုင်ဘက်တွေကို အမှုန့်ကြိတ်နိုင်မယ်လို့ ထင်သလဲဗျ? 👀💥

01/06/2026

အာဆင်နယ်ဖန်များလက်ရှိအခြေအနေ 🤣

31/05/2026

ညထဲက ပျော်လွန်းလို့ အိပ်လို့တောင်မရ 🤭

#အာဆင်နယ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ - အုပ်စုအဆင့် ပွဲစဉ်အချိန်ဇယားဇွန်လ ၁၂ ရက်နေ့မှာ စတင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတခုချင...
30/05/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ - အုပ်စုအဆင့် ပွဲစဉ်အချိန်ဇယား

ဇွန်လ ၁၂ ရက်နေ့မှာ စတင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတခုချင်းစီရဲ့ ပွဲရက်နဲ့ အချိန်တွေကို မြန်မာစံတော်ချိန်ဖြင့် ဖော်ပြပေးလိုက်ပါတယ်။

■ အုပ်စု A

ဇွန် ၁၂၊ ၁:၃၀ မက္ကဆီကို 🆚 တောင်အာဖရိက
ဇွန် ၁၂၊ ၈:၃၀ တောင်ကိုရီးယား 🆚 ချက်သမ္မတနိုင်ငံ
ဇွန် ၁၈၊ ၂၂:၃၀ ချက်သမ္မတနိုင်ငံ 🆚 တောင်အာဖရိက
ဇွန် ၁၉၊ ၇:၃၀ မက္ကဆီကို 🆚 တောင်ကိုရီးယား
ဇွန် ၂၅၊ ၇:၃၀ ချက်သမ္မတနိုင်ငံ 🆚 မက္ကဆီကို
ဇွန် ၂၅၊ ၇:၃၀ တောင်အာဖရိက 🆚 တောင်ကိုရီးယား

■ အုပ်စု B
ဇွန် ၁၃၊ ၁:၃၀ ကနေဒါ 🆚 ဘော့စနီးယား
ဇွန် ၁၄၊ ၁:၃၀ ကာတာ 🆚 ဆွစ်ဇာလန်
ဇွန် ၁၉၊ ၁:၃၀ ဆွစ်ဇာလန် 🆚 ဘော့စနီးယား
ဇွန် ၁၉၊ ၄:၃၀ ကနေဒါ 🆚 ကာတာ
ဇွန် ၂၅၊ ၁:၃၀ ဘော့စနီးယား 🆚 ကာတာ
ဇွန် ၂၅၊ ၁:၃၀ ဆွစ်ဇာလန် 🆚 ကနေဒါ

■ အုပ်စု C
ဇွန် ၁၄၊ ၄:၃၀ ဘရာဇီး 🆚 မော်ရိုကို
ဇွန် ၁၄၊ ၇:၃၀ ဟေတီ 🆚 စကော့တလန်
ဇွန် ၂၀၊ ၄:၃၀ စကော့တလန် 🆚 မော်ရိုကို
ဇွန် ၂၀၊ ၇:၃၀ ဘရာဇီး 🆚 ဟေတီ
ဇွန် ၂၅၊ ၄:၃၀ မော်ရိုကို 🆚 ဟေတီ
ဇွန် ၂၅၊ ၄:၃၀ စကော့တလန် 🆚 ဘရာဇီး

■ အုပ်စု D
ဇွန် ၁၃၊ ၇:၃၀ အမေရိကန် 🆚 ပါရာဂွေး
ဇွန် ၁၄၊ ၁၀:၃၀ သြစတြေးလျ 🆚 တူရကီ
ဇွန် ၂၀၊ ၁:၃၀ အမေရိကန် 🆚 သြစတြေးလျ
ဇွန် ၂၀၊ ၉:၃၀ တူရကီ 🆚 ပါရာဂွေး
ဇွန် ၂၆၊ ၈:၃၀ ပါရာဂွေး 🆚 သြစတြေးလျ
ဇွန် ၂၆၊ ၈:၃၀ တူရကီ 🆚 အမေရိကန်

■ အုပ်စု E
ဇွန် ၁၄၊ ၂၃:၃၀ ဂျာမနီ 🆚 ကျူရာဆောင်း
ဇွန် ၁၅၊ ၅:၃၀ အိုင်ဗရီကို့စ် 🆚 အီကွေဒေါ
ဇွန် ၂၁၊ ၂:၃၀ ဂျာမနီ 🆚 အိုင်ဗရီကို့စ်
ဇွန် ၂၁၊ ၆:၃၀ အီကွေဒေါ 🆚 ကျူရာဆောင်း
ဇွန် ၂၆၊ ၂:၃၀ ကျူရာဆောင်း 🆚 အိုင်ဗရီကို့စ်
ဇွန် ၂၆၊ ၂:၃၀ အီကွေဒေါ 🆚 ဂျာမနီ

■ အုပ်စု F
ဇွန် ၁၅၊ ၂:၃၀ နယ်သာလန် 🆚 ဂျပန်
ဇွန် ၁၅၊ ၈:၃၀ ဆွီဒင် 🆚 တူနီးရှား
ဇွန် ၂၀၊ ၂၃:၃၀ နယ်သာလန် 🆚 ဆွီဒင်
ဇွန် ၂၁၊ ၁၀:၃၀ တူနီးရှား 🆚 ဂျပန်
ဇွန် ၂၆၊ ၅:၃၀ ဂျပန် 🆚 ဆွီဒင်
ဇွန် ၂၆၊ ၅:၃၀ တူနီးရှား 🆚 နယ်သာလန်

■ အုပ်စု G
ဇွန် ၁၆၊ ၁:၃၀ ဘယ်လ်ဂျီယံ 🆚 အီဂျစ်
ဇွန် ၁၆၊ ၇:၃၀ အီရန် 🆚 နယူးဇီလန်
ဇွန် ၂၂၊ ၁:၃၀ ဘယ်လ်ဂျီယံ 🆚 အီရန်
ဇွန် ၂၂၊ ၇:၃၀ နယူးဇီလန် 🆚 အီဂျစ်
ဇွန် ၂၇၊ ၉:၃၀ အီဂျစ် 🆚 အီရန်
ဇွန် ၂၇၊ ၉:၃၀ နယူးဇီလန် 🆚 ဘယ်လ်ဂျီယံ

■ အုပ်စု H
ဇွန် ၁၅၊ ၂၂:၃၀ စပိန် 🆚 ကိပ်ဗာဒီ
ဇွန် ၁၆၊ ၄:၃၀ ဆော်ဒီအာရေဗျ 🆚 ဥရုဂွေး
ဇွန် ၂၁၊ ၂၂:၃၀ စပိန် 🆚 ဆော်ဒီအာရေဗျ
ဇွန် ၂၂၊ ၄:၃၀ ဥရုဂွေး 🆚 ကိပ်ဗာဒီ
ဇွန် ၂၇၊ ၆:၃၀ ကိပ်ဗာဒီ 🆚 ဆော်ဒီအာရေဗျ
ဇွန် ၂၇၊ ၆:၃၀ ဥရုဂွေး 🆚 စပိန်

■ အုပ်စု I
ဇွန် ၁၇၊ ၁:၃၀ ပြင်သစ် 🆚 ဆီနီဂေါ
ဇွန် ၁၇၊ ၄:၃၀ အီရတ် 🆚 နော်ဝေ
ဇွန် ၂၃၊ ၃:၃၀ ပြင်သစ် 🆚 အီရတ်
ဇွန် ၂၃၊ ၆:၃၀ နော်ဝေ 🆚 ဆီနီဂေါ
ဇွန် ၂၇၊ ၁:၃၀ နော်ဝေ 🆚 ပြင်သစ်
ဇွန် ၂၇၊ ၁:၃၀ ဆီနီဂေါ 🆚 အီရတ်

■ အုပ်စု J
ဇွန် ၁၇၊ ၇:၃၀ အာဂျင်တီးနား 🆚 အယ်လ်ဂျီးရီးယား
ဇွန် ၁၇၊ ၁၀:၃၀ သြစတြီးယား 🆚 ဂျော်ဒန်
ဇွန် ၂၂၊ ၂၃:၃၀ အာဂျင်တီးနား 🆚 သြစတြီးယား
ဇွန် ၂၃၊ ၉:၃၀ ဂျော်ဒန် 🆚 အယ်လ်ဂျီးရီးယား
ဇွန် ၂၈၊ ၈:၃၀ အယ်လ်ဂျီးရီးယား 🆚 သြစတြီးယား
ဇွန် ၂၈၊ ၈:၃ ဂျော်ဒန် 🆚 အာဂျင်တီးနား

■ အုပ်စု K
ဇွန် ၁၇၊ ၂၃:၃၀ ပေါ်တူဂီ 🆚 ကွန်ဂို
ဇွန် ၁၈၊ ၈:၃၀ ဥဇဘက်ကစ္စတန် 🆚 ကိုလံဘီယာ
ဇွန် ၂၃၊ ၂၃:၃၀ ပေါ်တူဂီ 🆚 ဥဇဘက်ကစ္စတန်
ဇွန် ၂၄၊ ၈:၃၀ ကိုလံဘီယာ 🆚 ကွန်ဂို
ဇွန် ၂၈၊ ၆:၀၀ ကိုလံဘီယာ 🆚 ပေါ်တူဂီ
ဇွန် ၂၈၊ ၆:၀၀ ကွန်ဂို 🆚 ဥဇဘက်ကစ္စတန်

■ အုပ်စု L
ဇွန် ၁၈၊ ၂:၃၀ အင်္ဂလန် 🆚 ခရိုအေးရှား
ဇွန် ၁၈၊ ၅:၃၀ ဂါနာ 🆚 ပနားမား
ဇွန် ၂၄၊ ၂:၃၀ အင်္ဂလန် 🆚 ဂါနာ
ဇွန် ၂၄၊ ၅:၃၀ ပနားမား 🆚 ခရိုအေးရှား
ဇွန် ၂၈၊ ၃:၃၀ ခရိုအေးရှား 🆚 ဂါနာ
ဇွန် ၂၈၊ ၃:၃၀ ပနားမား 🆚 အင်္ဂလန်

#ကမ္ဘာ့ဖလား

၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုကို ဆွတ်ခူးနိုင်မယ့် စကာတင်ကစားသမားစာရင်း ထွက်ပေါ်လာခဲ့ရာမှာတော့ ကလပ်အသင်း...
29/05/2026

၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုကို ဆွတ်ခူးနိုင်မယ့် စကာတင်ကစားသမားစာရင်း ထွက်ပေါ်လာခဲ့ရာမှာတော့ ကလပ်အသင်းအသီးသီးက ခြေစွမ်းပြနေတဲ့ ကြယ်ပွင့်တွေ အပြိုင်အဆိုင် ပါဝင်နေပါတယ်
ချဲလ်ဆီးရဲ့ ပက်ဒရို မန်စီးတီးရဲ့ ရိုင်ယန်ချာကီနဲ့ အန်တိုနီ ဆီမီညို ဘုန်းမောက်ရဲ့ အက်ဒရီယန် တက်ဖက် အာဆင်နယ်ရဲ့ ယော်ကရက်ဇ် ဆန်းဒါးလန်းရဲ့ ဂရန်းနစ်ရှာကာ လိဒ်ယူနိုက်တက်ရဲ့ ကယ်လ်ဗက်လီဝင်နဲ့ ယူနိုက်တက်ရဲ့ လန်းမန်းစ်တို့က အသီးသီး ရေပန်းစားနေကြတာပါ
လက်ရှိခြေစွမ်းနဲ့ အသင်းအပေါ် အကျိုးပြုနိုင်မှု အပိုင်းတွေကို ခြုံငုံသုံးသပ်ရရင်တော့ ဂိုးသွင်းနှုန်း မြင့်မားပြီး အာဆင်နယ်ရဲ့ တိုက်စစ်ကို တစ်ဦးတည်း ရုန်းကန်ပေးခဲ့တဲ့ ယော်ကရက်ဇ်နဲ့ မန်စီးတီးရဲ့ ကစားကွက်ထဲမှာ ပါရမီပြနိုင်ခဲ့တဲ့ ရိုင်ယန်ချာကီတို့ နှစ်ဦးထဲက တစ်ဦးဦးကပဲ ယခုရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုဆုကို အမိအရ ဆွတ်ခူးသွားဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်

မော်ရင်ညို ရီးရဲမက်ဒရစ်ကို ပထမအကြိမ်နည်းပြခဲ့တဲ့ ၃ နှစ်အတွင်းမှာ -လာလီဂါချန်ပီယံ ၁ ကြိမ်ဖြစ်ခဲ့တယ် ၁၈ နှစ်ကြာဝေးကွာနေတဲ့...
27/05/2026

မော်ရင်ညို ရီးရဲမက်ဒရစ်ကို ပထမအကြိမ်နည်းပြခဲ့တဲ့ ၃ နှစ်အတွင်းမှာ -
လာလီဂါချန်ပီယံ ၁ ကြိမ်ဖြစ်ခဲ့တယ်
၁၈ နှစ်ကြာဝေးကွာနေတဲ့ ကိုပါဒယ်ရေးရှုံးထွက်ဖလားကို ရယူပေးခဲ့တယ်
စပိန်စူပါဖလားချန်ပီယံဖြစ်ခဲ့တယ်
ရမှတ် ၁၀၀ ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့တယ် ၊ ဒီနေ့အထိ ၂ ကြိမ်သာရှိခဲ့ဖူးသေးတယ်
အမှတ်ပေးပြိုင်ပွဲမှာ ၁၂၁ ဂိုးသွင်းခဲ့ပြီး ဒီနေ့အထိ ဘယ်လာလီဂါအသင်းမှာ ဒီစံချိန်ကို မကျော်နိုင်ခဲ့ပါဘူး
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ၃ နှစ်ဆက်တက်ရောက်နိုင်စေခဲ့တယ် ၊ သူမရောက်လာခင်တုန်းက ၁၆ သင်းအဆင့်မကျော်တာ ကြာခဲ့ပြီ
အခု ရီးရဲမက်ဒရစ်ကို မော်ရင်ညို နောက်တကြိမ်ပြန်ရောက်လာပါတော့မယ် ။ ဒီတကြိမ်မှာရော ဘယ်လိုအောင်မြင်မှုတွေ ရယူသွားနိုင်မလဲ . . .

Address

Yangon
Thanlyin
11013

Website

Alerts

Be the first to know and let us send you an email when ONEX2 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share