28/09/2025
"ကျွန်တော်တို့အဖွဲ့တွေ ရာအိမ်မှူး မြင့်အောင်အိမ်ထဲကို ဝင်သွားတော့ စခတွေထင်ပြီး ဆရာတို့ကဘယ်တပ်စိပ်ကလဲလို့ မေးပါတယ်။ ဆရာတို့ထိုင်အုံးနော် လက်ဖက်သုတ်အုံးမယ်ပြောပြီးထရော သေနတ်နဲ့ရင်ဘတ်ကို ၄ချက်ပစ်ထည့်လိုက်တယ်။ ၄ချက်ပစ်တာ ကျည်၃ချက်ထွက်ပြီး မြင့်အောင်နေရာတင်သေတယ်။ သူ့အိမ်နဲ့ ခမရ(၆)က ကပ်နေတော့ စခတွေရောက်မလာခင် အမြန်ဆုတ်ခဲ့ရလို့ သူ့ဆီမှာ စခတွေပေးထားတဲ့ လက်ပစ်ဗုံးရှိတာ မရှာလိုက်နိုင်ဘူး"ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေ က Tharyarwaddy 8 City ကို ရှင်းပြသည်။
အုတ်ဖိုမှာ စစ်မှုထမ်းကြေးငွေ မပေးသူများအား စစ်တပ်ခေါ်ဖမ်းခိုင်းတဲ့ ရာအိမ်မှူးမှ PDFတွေကို စစ်သားတွေထင်ကာ ဧည့်ခံနေစဥ် ပစ်သတ်ခံရ
Tharyarwaddy 8 City / စက်တင်ဘာ၂၈၊ ၂၀၂၅
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာ ရာအိမ်မှူး မြင့်အောင် အား စက်တင်ဘာလ ၂၇ရက် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၅မိနစ် အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ မှ ၄င်း၏ နေအိမ်ထဲကို ရှင်းလင်းရန် သွားရောက်ခဲ့ရာ PDFရဲဘော်များကို စစ်သားများထင်ကာ ဧည့်ခံရန် လုပ်ဆောင်နေစဥ် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
"ကျွန်တော်တို့အဖွဲ့တွေ ရာအိမ်မှူး မြင့်အောင်အိမ်ထဲကို ဝင်သွားတော့ စခတွေထင်ပြီး ဆရာတို့ကဘယ်တပ်စိပ်ကလဲလို့ မေးပါတယ်။ ဆရာတို့ထိုင်အုံးနော် လက်ဖက်သုတ်အုံးမယ်ပြောပြီးထရော သေနတ်နဲ့ရင်ဘတ်ကို ၄ချက်ပစ်ထည့်လိုက်တယ်။ ၄ချက်ပစ်တာ ကျည်၃ချက်ထွက်ပြီး မြင့်အောင်နေရာတင်သေတယ်။ သူ့အိမ်နဲ့ ခမရ(၆)က ကပ်နေတော့ စခတွေရောက်မလာခင် အမြန်ဆုတ်ခဲ့ရလို့ သူ့ဆီမှာ စခတွေပေးထားတဲ့ လက်ပစ်ဗုံးရှိတာ မရှာလိုက်နိုင်ဘူး"ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေ က Tharyarwaddy 8 City ကို ရှင်းပြသည်။
သေဆုံးသွားသည့် ရာအိမ်မှူး မြင့်အောင် ဟာ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သလို အကြမ်းဖက်စစ်တပ် အမာခံထောက်တိုင်ဖြစ်ပြီး စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း သိရပါသည်။
ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီကိုသာမက စစ်ကောင်စီထောက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေနဲ့ ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေးထားသည်။
ဓာတ်ပုံ - ပစ်ခတ်ခံရပြီး သေဆုံးနေသော ရာအိမ်မှူး မြင့်အောင်
သတင်း - တက်တိုးအောင်
စာတည်း - ရာမန်
#အုတ်ဖိုမြို့နယ်